အလုပ်ရှင်က အလုပ်လျှောက်သူကို အင်တာဗျူးမှာ သူ့ကုမ္ပဏီစည်းကမ်းကို ပြောပြပြီး မေးခွန်းထုတ်ပါတယ်။ ''တို့ကုမ္ပဏီမှာ အလုပ်ခန့်ဖို့က အဓိက စံသတ်မှတ်ချက်နှစ်ခုနဲ့ စိစစ်တယ်။ အဲဒီထဲက ဒုတိယအချက်ကတော့ သန့်သန့်ရှင်းရှင်း နေထိုင်တတ်မှုပဲ။ ဒါထက် မင်းဒီအခန်းထဲကို ဝင်လာချိန်မှာ တံခါးနားမှာချထားတဲ့ ခြေသုတ်ဖုံမှာ မင်းခြေထောက်ကို အသေအချာ သုတ်ပြီးမှဝင်တာ ဟုတ်ရဲ့လား'' လို့ဆိုတော့ အလုပ်လျှောက်ထားသူက ''သုတ်ပါတယ်ဆရာ၊ အသေအချာ သုတ်ပြီးမှ ဝင်လာခဲ့တာပါ''လို့ တိတိကျကျ ဖြေလိုက်ပါသတဲ့။ ဒီတော့ အလုပ်ရှင်က ''အေး၊ ကောင်းပြီ၊ ငါတို့ရဲ့ အရေးကြီးဆုံး ပထမစံသတ်မှတ်ချက်ကတော့ ရိုးသားဖြောင့်မှန်မှုပဲ၊ မင်းကိုပြောရဦးမယ်၊ ငါတို့တံခါးဝမှာ ဘာခြေသုတ်ဖုံမှ မထားဘူးကွ'' လို့ ဆိုလိုက်ပါသတဲ့။
ဥပဒေသ ။ ။ တစ်ခါတစ်ရံ၌ ဘဝတွင် အရေးမကြီးလှဟု ထင်ရသော မုသားအသေးအဖွဲကြောင့် ကြီးမားသော ထိခိုက်ဆုံးရှုံးမှု ကြုံရတတ်ပါသည်။
အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်