Professional ဝန်ထမ်းနှင့် ကိုယ်ပိုင်လုပ်ငန်း ဘာကိုရွေးချယ်မလဲ

တချို့က ကုမ္ပဏီတွင် Professional ဝန်ထမ်းအဖြစ် အချိန်ယူလုပ်ကိုင်နေပြီးမှ ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်သည်။ တချို့က ကိုယ်ပိုင်လုပ်ငန်းဖြင့်အစပြုပြီး နောက်ပိုင်း၌ ကုမ္ပဏီတွင် Professional ဝန်ထမ်းအဖြစ် ပြောင်းလဲလုပ်ကိုင်သည်။

တချို့က ကုမ္ပဏီကြီး၏ Professional ဝန်ထမ်းဘဝထက် ကိုယ်ပိုင်လုပ်ငန်းငယ်ကလေး၏ ပိုင်ရှင်ဘဝကို ပိုမိုမက်မောသည်။

တချို့က ကိုယ်ပိုင်လုပ်ငန်းငယ်ကို ဦးစီးလုပ်ကိုင်နေရခြင်းထက် ကုမ္ပဏီကြီးကြီး၏ Professional ဝန်ထမ်းဘဝကို ပိုမိုနှစ်သက်သည်။

မည်သို့ဆိုစေ သူ့နေရာနှင့်သူ ကောင်းခြင်းဆိုးခြင်းများက ဒွန်တွဲလျက်ရှိနေသည်သာ။ မည်သည့်အလုပ်က ပိုကောင်းသည်၊ မည်သည့်အလုပ်က ပိုဆိုးသည်ဟု ယတိပြတ်ပြောရန် မဖြစ်နိုင်ပါ။

အားလုံးသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှုသာပင်။

မိမိ၏ ရွေးချယ်မှုသည် ပျော်ရွှင်ကျေနပ်မှုကို ပေးစွမ်းနိုင်သည်ဆိုလျှင် မှန်ကန်သော ရွေးချယ်မှုဟုသာ ဆိုရပေလိမ့်မည်။

အယ်ဒီတာ