မင်းငါ့ကို ဘာထင်လဲ

ynn2017feb2

ဌာနခွဲတွေ အလွန်များတဲ့ အမျိုးသားကုမ္ပဏီကြီးတစ်ခုကို လူတစ်ယောက်က အလုပ်သင်အဖြစ် ရောက်လာပါသတဲ့။ ပထမနေ့မှာပဲ သူဟာ မီးဖိုခန်းဖုန်း နံပါတ်ကိုနှိပ်လိုက်ပြီး ဖုန်းထဲမှာ ''ကော်ဖီတစ်ခွက် ဖျော်ပေးစမ်းပါ၊ ခပ်မြန်မြန်လေးလုပ်နော်'' လို့ အော်ပြောလိုက်ပါသတဲ့။ ဒီအချိန်မှာ ဖုန်းထဲမှာ တစ်ဖက်က အသံက''ဟေ့ကောင်၊ သောက်ရူး၊ မင်းဖုန်းမှားနေပြီ၊ မင်းအခုပြောနေတာ မင်းငါ့ကိုဘာကောင်မှတ်နေလဲ'' လို့ ဟောက်သံပေါ်လာပါသတဲ့။ ဒီတော့ သူကမသိတဲ့အကြောင်း တုံ့ပြန်လိုက်တော့ တစ်ဖက်က ''ငါက ကုမ္ပဏီရဲ့အမ်ဒီကွ၊ နလပိန်းတုံး ငတုံးကောင်ရဲ့'' လို့ ဒေါသနဲ့ထပ်ပြောသံ ကြားလိုက်ရပါသတဲ့။ ဒီတော့ အလုပ်သင် သင်တန်းသားကလည်း ''အေး၊ မင်း အခုပြောနေတာကော ဘယ်သူလဲဆိုတာ မင်းသိရဲ့လား ခွေးတိရစ္ဆာန်ရဲ့''လို့ ခပ်တည်တည် ပြန်ဟောက်လိုက်သတဲ့။ ဒီတော့ အမ်ဒီကလည်း ''ဒါတော့ ငါဘယ်သိမလဲကွ''လို့ အဖြေပေးလိုက်သတဲ့။ ဒီတော့ သင်တန်းသားက ''အေး၊ ဒါဆိုရင်တော့ ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရမှာပေါ့နော်'' လို့ ပြောပြီး ဖုန်းကို အသာလေး ပြန်ချထားလိုက်ပါသတဲ့။ ဟိုဘက်က အမ်ဒီကြီးတော့ ဘယ်လောက်ဒေါခီးလိုက်မလဲနော်။

ဥပဒေသ ။ ။ အမြင့်ဆုံးစီမံခန့်ခွဲမှုရာထူးကို ရယူထားသူများအနေဖြင့် အောက်ခြေအဆင့် ဝန်ထမ်းတစ်ဦးဦး၏ ရိုးရိုးသားသားဖြင့် မဖြစ်စလောက် ကျူးလွန်မိသောအမှားမျိုးကို နားလည်ခွင့်လွှတ်ပေးတတ်ဖို့ လိုအပ်ပါသည်။ သို့မဟုတ်ပါလျှင် ဆိုးဝါးသော တုံ့ပြန်ချက်မျိုးခံရတတ်ပါသည်။

အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်