Google Chrome မှာ Extension တွေ အများကြီးရှိတဲ့အထဲကမှ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး Extension တွေ ထွက်ပေါ်လာခဲ့ပါပြီ။ Productivity-Boosting Timer တွေကနေစလို့ Ad Blocker တွေအထိ လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြင့်မားစေဖို့ Google Chrome Extension ၆ ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
1. Accompany for Gmail
Accompany for Gmail က ကိုယ့်ဆီ Email ပို့လာတဲ့ သူတွေရဲ့နာမည်၊ ကိုယ်ရေးအကျဉ်းအပြင် Twitter ၊ LinkedIn ၊ Facebook စတဲ့ Social Media တွေက Profile တွေကိုပါ သွားကြည့်လို့ရအောင် Link တွေ ဖော်ပြပေးပါလိမ့်မယ်။ Email history ကို Link ပြန်ချိတ်ပေးထားပြီး အစည်းအဝေးတွေ၊ ချိန်းဆိုမှုတွေကို ညာဘက်က Sidebar မှာ ဖော်ပြပေးမယ့် Feature လည်း ပါဝင်ပါတယ်။
2. Strict Workflow
Strict Workflow က Pomodoro လို့ခေါ်တဲ့ Time Management နည်းစနစ်ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ Strict Workflow နဲ့ Timer စပေးတော့မယ်ဆိုရင် Chrome Menu က ခရမ်းချဉ်သီးပုံ Icon ကို နှိပ်လိုက်ပါ။ နှိပ်ပြီးတဲ့နောက် ၂၅ မိနစ်ကြာတဲ့အခါမှာ ကိုယ်အသုံးပြုနေတဲ့ Facebook ၊ YouTube ၊ Pinterest ၊ Reddit ၊ Hulu စတဲ့ Site တွေကို ငါးမိနစ်ကြာ ပိတ်ထားပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဖွင့်ထားတဲ့ Site ကို ဘယ်နှမိနစ်ကြာရင် ပိတ်စေချင်သလဲဆိုတာကို သတ်မှတ်ထားနိုင်သလို ပိတ်စေချင်တဲ့ Site တွေကိုလည်း ရွေးချယ်ပေးထားနိုင်ပါတယ်။
3. Adguard AdBlocker
ဒီ Extension က Facebook ၊ YouTube နဲ့ တခြား Website တွေ အကုန်လုံးက ကြော်ငြာအမျိုးအစားတွေအားလုံးကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ Browser ရဲ့ စွမ်းဆောင်ရည်ကို မလျော့ကျစေဘဲ ကြော်ငြာတွေသာမက Spyware နဲ့ Adware တွေကိုပါ ဖယ်ရှားပေးပါတယ်။ Anti-ad-blocking Scripts သုံးထားတဲ့ Website တွေမှာတောင်မှ Adguard က ကောင်းကောင်းအလုပ်လုပ်တယ်လို့ Developer က အခိုင်အမာ ပြောဆိုထားပါတယ်။
4.Click & Clean
Online Privacy ကိုကာကွယ်ရာမှာ အကူညီပေးမယ့် Tool Suit တစ်ခု ဖြစ်ပါတယ်။ Chrome Menu က Click & Clean Extension Icon ကို တစ်ချက်နှိပ်ပြီး ကျလာတဲ့ Tool တွေကိုအသုံးပြုပြီး PC ကို Malware Scan ဖတ်တာ၊ Browsing History နဲ့ Download History ဖျက်တာ၊ Temporary file တွေ၊ Cookie တွေ ရှင်းလင်းပေးတာ၊ Hard Drive ကို ရှင်းလင်းပေးပြီး Disk Space များများ ရအောင်ပြုလုပ်တာ စတာတွေပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
5. Evernote Web Clipper
Evernote က Google Keep နဲ့ Microsoft ရဲ့ OneNote တို့နဲ့ အပြင်းအထန်ပြိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း Evernote က လူကြိုက်အများဆုံးတစ်ခုအဖြစ် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ Web Page တွေကို Bookmark လုပ်ထားစရာမလိုတော့ဘဲ Evernote မှာ သိမ်းထားလိုက်မယ်ဆိုရင် ဘယ် Device ကနေမဆို အလွယ်တကူပြန်ရှာနိုင်မှာ ဖြစ်ပါတယ်။
6. Session Buddy
Browser အမျိုးမျိုးကနေ ဒါဇင်နဲ့ချီပြီးဖွင့်ထားတဲ့ Tab တွေကို တစ်နေရာတည်းမှာ စုစည်းပေးမယ့် Session Manager နဲ့ Bookmark Manager တစ်ခုဖြစ်ပါတယ်။ ကိုယ်ဖွင့်ထားတဲ့ Tab တွေ အကြောင်းတစ်ခုခုကြောင့် ပိတ်သွားတာ၊ ဒါမှမဟုတ် Computer ကို Restart ချလိုက်မိတဲ့အခါမျိုးမှာတောင် Tab တွေကို Recover ပြန်လုပ်နိုင်ပါတယ်။