၂၀၁၆ အခင်းအကျင်းများ

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် နိုင်ငံရေးနှင့်လုံးဝဆက်နွယ်နေသည်ဖြစ်ရာ . . .

- ထိုင်ဝမ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် ရွေးကောက်ခံသမ္မတဖြစ်သည့် Tsai Ing-wen တက်လာပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲကာလတွင် မဲဆွယ်ခဲ့သည့်အတိုင်း လုပ်ဆောင်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တိုးရစ်များလည်ပတ်မှုကို ထိန်းချုပ်လိုက်သည်။ ထို့ကြောင့် အနည်းနှင့်အများ စီးပွားရေးထိခိုက်သဖြင့် ပြည်သူများ၏ကန့်ကွက်ခြင်းကို ကြုံတွေ့နေရပါသည်။

- ၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်တွင် ရွေးကောက်ခံဖိလစ်ပိုင်သမ္မတ Rodrigo Duterte တက်လာပြီးနောက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့ကို အမေရိကန်နိုင်ငံကို လုံးဝမှီခိုနေရာမှ ခွဲထွက်ရန် ကြိုးစားနေပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသိပေးကြေညာခဲ့သည်။ စီးပွားရေးကို အဓိကအခြေခံသည့် ဆုံးဖြတ်ချက်ဖြစ်ပါသည်။

- တောင်ကိုရီးယားသမ္မတ Park Geun-hye သည်လည်း ကက်ဘိနက်ဝန်ကြီးအဖွဲ့ဝင်လည်းမဟုတ်၊ မိမိ၏ ပါတီကလည်းမဟုတ်သည့် အရင်းနှီးဆုံးသူငယ်ချင်းကို နိုင်ငံတော်၏လျှို့ဝှက်ချက်များကို အသိပေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းများလုပ်သဖြင့် ရာထူးမှ နုတ်ထွက်ရန် ပြည်သူများ၏ လတ်တလောတောင်းဆိုမှု ခံနေရသည်။

- ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ရီပတ်ဘလစ်ကန် Donald Trump မှာ အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ် အနိုင်ရအရွေးခံရပြီဖြစ်ပါသည်။ ရွေးကောက်ပွဲကာလတွင် လက်လွတ်စပယ် ပြောဆိုမဲဆွယ်ခဲ့သဖြင့် သမ္မတဖြစ်နိုင်ခြေနည်းသော်လည်း စီးပွားရေးကျဆင်းမှု၊ အလုပ်လက်မဲ့အခြေအနေ၊ လူမျိုးကြီးဝါဒတို့ကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ပါသည်။ လတ်တလောတွင် အမေရိကန်ပြည်နယ်တချို့တွင် ယင်းကို သမ္မတအဖြစ် လက်မခံနိုင်သည့်ဆန္ဒပြပွဲများ တွေ့မြင်နေရသကဲ့သို့ နိုင်ငံတကာစတော့ရှယ်ယာဈေးကွက်များ အပြောင်းအလဲများစွာ တွေ့မြင်နေရပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး၏သြဇာတိက္ကမနှင့် အမြော်အမြင်ကြီးမားမှုတို့သည် သက်ဆိုင်ရာနိုင်ငံပေါ် လွန်စွာသက်ရောက်မှုရှိကြောင်း တွေ့မြင်နိုင်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကြောင့် အမေရိကန်နိုင်ငံမှ တားမြစ်ချက်များ ရုပ်သိမ်းပေးခြင်း၊ ဂျပန်အပါအဝင် နိုင်ငံကြီးများက စီးပွားရေး၊ ငွေကြေးနှင့် နည်းပညာအချက်အလက်များအကူအညီပေးရန် ကတိသစ္စာပြုခြင်းများ ဖြစ်ပါသည်။ ထို့ပြင် မြန်မာရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ထွက်ရှိလာပြီးဖြစ်ရာ မကြာမီကာလတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖွယ်ရှိရာ မြန်မာတို့ ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း .....။

မောင်သာ

Ref: The Economist