နိုဝင်ဘာလ ၂၉ ရက်၊ ရန်ကုန် - တူဒေးစာအုပ်တိုက်က ထုတ်ဝေလျက်ရှိတဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကနေ စီစဉ်ပြုလုပ်တဲ့ 2015 Focus Panel Discussion ကို ယနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ Chatrium Hotel မှာ ပြုလုပ်လျက်ရှိပါတယ်။
မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးရဲ့ ရှေ့အလားအလာများအကြောင်းကို ဆွေးနွေးကြတဲ့ ဒီအစီအစဉ်မှာ TODAY Group of Companies ရဲ့ CEO ဒေါက်တာ သာထွန်းဦးက အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Moderator အဖြစ် ဆွေးနွေးဟောပြောခဲ့ပြီး ဒေါက်တာမောင်မောင်လေး (Vice President, UMFCCI) ၊ ဦးထွန်းထွန်းနိုင် (Chairman, Blue Ocean Operating Management Co Ltd) ၊ ဦးသူရကိုကို (Managing Director, YGA Capital Limited) ၊ ဦးဖြိုးဝေရာဇာ (Joint Secretary General, Myanmar Tourism Federation) နဲ့ ဒေါ်ဝင်းဝင်းတင့် (Managing Director, City Mart Holdings Co Ltd) တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ပွဲကို CEO မဂ္ဂဇင်းစာဖတ်ပရိသတ်တွေ၊ လုပ်ငန်းဦးဆောင်သူတွေ၊ စီမံခန့်ခွဲမှုပိုင်းမှ ဦးဆောင်သူ မန်နေဂျာတွေနဲ့ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် CEO မဂ္ဂဇင်းနှင့်အတူ AMPS Constructions ၊ OSC Hospital နှင့် JJ Express တို့က ပူးပေါင်းကူညီပံ့ပိုးခဲ့ကြတာဖြစ်ပါတယ်။