နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပညာရှင်[/caption] ကုမ္ပဏီတွေအတွက်ရော၊ ပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ရော၊ နိုင်ငံအတွက်ပါ ၂၀၁၅ ကိုမစဉ်းစားခင် ၂၀၁၄ ကို Reflect လုပ်မှရမယ်။ တစ်နှစ်ပတ်လုံး ဘာတွေအောင်မြင်ခဲ့တယ်။ ဘာတွေမအောင်မြင်ခဲ့ဘူးဆိုတာနဲ့ ဘာတွေ လုပ်စရာကျန်တယ်ဆိုတာ စဉ်းစားရမယ်။ အားမရဘူးဆိုတာတွေ ရှိခဲ့မှာပဲ။ Reflection က အရေးကြီးပါတယ်။ လူတစ်ဦးချင်းစီ၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီ Reflect လုပ်ကြဖို့ လိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ အခွင့်အရေးတွေ အများကြီး ရှိသလို တစ်ဖက်ကလည်း စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ၂၀၁၅ ခုနှစ် နဲ့ပတ်သက်ပြီးအရေးကြီးတဲ့ အချက်သုံးချက်ရှိပါတယ်။ အဲဒီအချက်က- (၁) General Election (အထွေထွေရွေးကောက်ပွဲ) (၂) AEC(ASEAN Economic Community) ၃) The Millennium Development Goals for 2015 တွေပါ။
General Election (အထွေထွေရွေးကောက်ပွဲ)
၂၀၁၅ ခုနှစ်ရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် ၂၀၁၅ ခုနှစ် အလွန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အင်မတန် မှ အရေးကြီးတဲ့သမိုင်းမှတ်တိုင်တစ်ခု ဖြစ်မှာပါ။ ပြည် သူလူထုအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ချောချော မွေ့မွေ့နဲ့ အောင်အောင်မြင်မြင်ဖြစ်ပါစေလို့ လူတိုင်း ဆုတောင်းနေကြမှာ အမှန်ပဲဖြစ်ပါတယ်။AEC(ASEAN Economic Community)
၂၀၁၅ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပြောနေကြတဲ့ AEC ဆိုတာ ဖြစ်ပေါ်လာတော့မှာပါ။ Asean Economic Community ကိုကိုယ့်နိုင်ငံအနေနဲ့ ဘယ်လောက်ပြင်ဆင် ပြီးပြီလဲ၊ ဘာတွေပြင်ဆင်ဖို့လိုသေးလဲဆိုတာကို ကြည့် ရပါမယ်။ အရေးကြီးတာကတော့ ၂၀၁၅ AEC ကိုကြည့် တဲ့နေရာမှာ စီးပွားရေးအနေနဲ့ကြည့်တယ်ဆိုရင် Market ကို ကြည့်မှရမယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ဈေးကွက်က ၅၁ သန်းကနေ ၂၀၁၅ AEC ဖြစ်လာရင် ချက်ချင်း လက်ငင်း သန်းခြောက်ရာ Market ဖြစ်သွားပါပြီ။ ဒါ ကြောင့်မို့ ပြည်တွင်းလုပ်ငန်းရှင်တွေကို အားပေးချင် တာက AEC ကိုကြည့်တဲ့အခါ ပြိုင်ဘက်တွေများမှာကို စိတ်ပူသလို ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း ၂၀၁၅ ခုနှစ်ဟာ ကိုယ်တွေအတွက် အခွင့်အရေးဖြစ် တယ်လို့စဉ်းစားရင်း ပြည်တွင်းမှာ ပြင်ဆင်ရုံသာမကဘဲ ဒေသအတွင်းမှာ ပြိုင်ဆိုင်နိုင်အောင်လုပ်ကြပါလို့ တိုက် တွန်းချင်ပါတယ်။The Millennium Development Goals for 2015
တတိယအချက်ဖြစ်တဲ့ ၂၀၁၅ နဲ့ပတ်သက်ပြီးဖွံ့ဖြိုးမှုကို စိတ်ဝင်စားရင် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်တုန်းက တစ် ကမ္ဘာလုံးမှာရှိတဲ့ ၁၉၃ နိုင်ငံက အင်မတန်ထူးခြားတဲ့ သဘောတူညီချက်တစ်ခုဖြစ်တဲ့ ထောင်စုနှစ်ရည်မှန်း ချက် (Millennium Development Goals-MDG) ကို ဆောင်ရွက်ကြမယ်လို့ ပြောပါတယ်။ နိုင်ငံတိုင်းနိုင်ငံ တိုင်းက ဒီထောင်စုနှစ်ရည်မှန်းချက်တွေကို လုပ်မယ်လို့ ကတိပေးပါတယ်။ အဲဒါတွေက ၂၀၁၅ မှာတည်ရတော့ မှာပါ။ စုစုပေါင်းရှစ်ခု ပါပါတယ်။ အဲဒါတွေက- (1) Eradicate extreme poverty and hunger (2) Achieve universal primary education (3) Promote gender equality and empower women (4) Reduce child mortality (5) Improve maternal health (6) Combat HIV/AIDS, malaria and other diseases (7) Ensure environmental sustainability (8) Develop a global partnership for development တွေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီ MDG ရှိဖို့ကို စဉ်းစားသုံးသပ်ဖို့လိုသလို ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း မှာ Beyond 2015 ကို စဉ်းစားဖို့ လိုပါတယ်။ Beyond MDG စဉ်းစားတော့ 2015 Focus နဲ့ပတ်သက်ပြီး လူ သားတွေအားလုံး စဉ်းစားရမှာကတော SDG လို့ခေါ် တဲ့ Sustainable Development Goals ပါ။ ကျန်းမာရေး၊ ပညာရေးနဲ့ အမျိုးသမီးရေးရာ အစရှိတာတွေအပြင် ၂၀၁၅ မှာ SDG ကို အပြီးသတ်ရွေးချယ်မှာ ဖြစ်ပါတယ်။ အဲဒီကနေစပြီးတော့ ကိုယ့်နိုင်ငံမှာလည်း ၂၀၁၅ AEC လည်းပြီးသွားပြီ၊ MDG လည်းပြီးသွားတဲ့အခါမှာ SDG ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားဖို့ရှိ ပါတယ်။ ၂၀၁၅ ကိုကြည့်တဲ့အခါ ရွေးကောက်ပွဲ၊ AEC တင်မဟုတ်ဘဲ MDG လည်း ကြည့်ရမှာဖြစ်သလို တိုင်း ပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကလည်း အရေးကြီး ပါတယ်။ လက်တွေ့ကျကျဖြစ်ဖို့ လိုပါတယ်။ အခု အချိန်မှာ အားလုံးနဲ့ဆိုင်တဲ့ Protectionism လို့ခေါ်တဲ့ ပြည်တွင်းလုပ်ငန်းတွေကို ကာကွယ်ပေးဖို့အသံတွေက ပိုကျယ်လာပါပြီ။ AEC ကျရင် Protectionism ကို လက် ခံနိုင်တဲ့အနေအထားမရှိပါဘူး။ နိုင်ငံတော်အစိုးရအနေ နဲ့လုပ်နိုင်တာက Promotion ပါ။ အားနည်းတဲ့ SME တွေ ကိုအားပေးမယ်၊ ကူညီပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ နောက်ကျကျန်ခဲ့သူအနေနဲ့ အကျိုးအမြတ်လည်း အများ ကြီးရှိနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအလားအလာထဲမှာ အဖြစ်နိုင်ဆုံးအလားအလာက Tourism ပါ။ Tourism နဲ့ပတ်သက်လို့ မှန်းထားတာက သုံးသန်းဆိုပေ မယ့် တကယ်က ငါးသန်းပါ။ Tourism တွေလာရင် ှ သုံးလုံးကို ကြည့်ပါတယ်။ ဥရောပခရီးသည်တွေ၊ အမေ ရိကခရီးသည်တွေလာရင်The Sun ၊ The Sea ၊ The Sand ကိုပါ ရှာပါတယ်။ ဆရာတို့နိုင်ငံက အဲဒါတွေ အပြင် Snow လည်းရှိပါတယ်။ Tourism နဲ့ပတ်သက်လို့ မြန်မာပြည်ဟာ အာဆီယံဆယ်နိုင်ငံထဲမှာ ကျန်တဲ့ကိုး နိုင်ငံမှာ မရှိတဲ့ S လေးလုံး ရှိပါတယ်။ [caption id="attachment_19318" align="alignnone" width="370"] ဒေါက်တာမောင်မောင်လေးVice President
UMFCCI[/caption] ကျွန်တော့်အနေနဲ့ လက်တွေ့ကျပြီး လောလောဆယ် ဖြစ်ပျက်နေတာကို ပြောချင်ပါတယ်။ ကျွန်တော်တို့က အမှန်ကိုအမှန်တိုင်း ပြောသွားမှာပါ။ အမှန်ကိုအမှန် အတိုင်းပြောမှ Solution ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်သည်/စက်မှု အသင်းချုပ်က လိုင်းပေါင်းစုံလုပ်ကိုင် နေရတာပါ။ ပြည်ပနိုင်ငံတွေကလာကြတဲ့ လုပ်ငန်းရှင် တွေအားလုံး တော်တော်များများက စီးပွားရှာနေကြတာ ဖြစ်ပြီး အမြတ်ရဖို့အတွက် ကျွန်တော်တို့ဆီကို လာကြ တာပါ။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေကလည်း ဒီအတိုင်းပဲအလုပ်လုပ်ဖို့ မြတ်ဖို့၊ အောင်မြင်ဖို့လုပ်နေ ကြတာပါ။ သူတို့တွေလာကြတော့ မြန်မာပြည်အ ကြောင်းပြောတဲ့အချိန်မှာ ပထမဆုံးပြောတာက ၂၀၁၅ ရဲ့ Polictical Sector အကြောင်းပါ။ အဲဒါတွေပြောပြီး သူတို့ဝင်လာဖို့ သင့်မသင့်ကို Analyze လုပ်ပါတယ်။ ပြီး ရင် ဆုံးဖြတ်ဖို့ Managment အဆင့်ဆင့်ကို တင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့အတော်လေး အကောင်းမြင်ဝါဒ ရှိတဲ့သူတွေကျတော့ Last Frontier လို့ ပြောပါတယ်။ တချို့ကတော့ စောင့်ကြည့်ဦးမယ်လို့ပြောပါတယ်။ ဒါ ပေမဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေက လာဖို့စိုင်းပြင်းနေ ပါတယ်။ သူတို့စိုင်းပြင်းနေတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ကလည်း ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းအပြင် လောလောဆယ်မှာ စိန် ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ မြန်မာ တွေအများစုက Talent ရှိသလို Creative လည်း ဖြစ်ပါ တယ်။ Pick up လည်း ကောင်းပါတယ်။ ဒါတွေကို Advantage ယူပြီးတော့ ဆက်လက်ကြိုးစားသွားမယ် လို့ မျော်လင့်ပါတယ်။
ပြင်ဆင်ထားဖို့လို
သာမန်ကြည့်ရင်တော့ Panel Discussion ခေါင်းစဉ်ဖြစ် တဲ့ 2015 Focus ရိုးရှင်းပေမဲ့ တော်တော်လေးကောင်း တဲ့ Topic ပါ။ ဒီ၂၀၁၅ ကနေ တကယ့်ကို နိုင်ငံရေး Platform တစ်ခုဖြစ်နိုင်ပါတယ်။ ဘယ်နိုင်ငံရေးပါတီက ဖြစ်ဖြစ် ဒါကိုယူပြီးတော့ သူတို့လိုချင်တဲ့ဘက်ကို ဆွဲ သွားလို့ ရပါတယ်။ ကံကောင်းတာက ၂၀၁၅ နှစ်ကုန် လောက်မှ အကောင်အထည်ပေါ်တော့မှာ ဖြစ်တဲ့အတွက် နောက်ပိုင်း ပိုပြီး Debate တွေဖြစ်လာမယ်။ ကျွန်တော် တို့က အရန်သင့်ရှိနေရမယ်။ ဒါဟာအဆုံးရဲ့ အစလည်း ဖြစ်နိုင်ပါတယ်။ တချို့အတွက်က အစရဲ့အဆုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ မပြင်ဆင်ထားရင် အစမှာတင်အဆုံးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန် တော်တို့ Survival ဖြစ်ဖို့အတွက် Struggle လုပ်မှရမှာ ပါ။ ဒါကိုလည်း အကောင်းဘက်ကနေ မြင်သင့်ပါတယ်။ ကျွန်တော်တို့အိပ်မက်တွေက အိပ်မက်ဆိုးမဖြစ်အောင် လုပ်ငန်းရှင်တွေကိုအသိပေးချင်တဲ့အတွက် Sector တိုင်း ကို ကျွန်တော်ပြုစုထားတာလေးတွေနဲ့ ပြောသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတော်တော် များများဟာ ပစ္စုပ္ပန်တည့်တည့်ပဲ ကြည့်တာများပါတယ်။ လက်ရှိအခြေအနေလေးကိုပဲဖြေရှင်းပြီး Proactive မဖြစ် ပါဘူး။ အရင်တုန်းက ဘဝက အေးဆေးလေးပဲ။ အရင့် အရင်ကရတဲ့ Attitude တွေ၊ Mentality တွေက ခွင်တို့၊ ရိုက်စားတို့နဲ့အချိန်ကို ပျော်မွေ့နေတဲ့အပိုင်းတွေ၊ မကြိုး စားချင်တဲ့အပိုင်းတွေ၊ သိချင်တတ်ချင်တာတွေမရှိတာ တွေ၊ အလွယ်လမ်းလိုက်ချင်တာလေးတွေ ရှိတာကိုတွေ့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ၂၀၁၅ AEC မှာ Free Flow of Goods and Services ၊ Labour ၊ Capital and Investment တွေလာကြတော့မယ့် အချိန်မှာ ဒါတွေကိုသတိ မပြုမိသူ တော်တော်များများရှိနေတာကို တွေ့ရပါတယ်။ အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေတာပါ။ ကုမ္ပဏီ အကြီးကြီးတွေက Financial တောင့်တင်းတဲ့အတွက် လောလောဆယ်ရှိတဲ့ Good Corporate Governance တွေ၊ Structure တွေ Regional Standard တွေနဲ့မီအောင် လုပ်သွားတဲ့အတွက်ကြောင့် သူတို့အဆင်သင့်စောင့်နေ ရုံပဲ။ သူတို့မှာ Capital တွေရှိတဲ့အတွက် ပြည်ပကုမ္ပဏီ တွေနဲ့ Joint Venture လုပ်ရင်လည်း ချက်ချင်းလက်ခံနိုင် တဲ့အရည်အချင်း ရှိပါတယ်။SME တွေအတွက် စိန်ခေါ်ချက်
ကျွန်တော်တို့ UMFCCI ကိုလာတဲ့ အတွေ့အကြုံတွေ အရပြောရရင် နိုင်ငံခြားသားတွေက မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး တော်တော်လေး Optimistic ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူတို့အတွက်လုပ်ငန်းတွေ အများကြီး ပါ။ ကျွန်တော်တို့နိုင်ငံက နောက်မှာကျန်နေခဲ့တဲ့အပိုင်း တွေ အများကြီးရှိပါတယ်။ ဒါတွေကို Catch up လုပ်ဖို့၊ Leapfrog လုပ်ဖို့ လိုပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် လည်း အသင့်ပြင်ဆင်ဖို့လိုပါတယ်။ Regional Standard တွေကို ကုမ္ပဏီကြီးတွေကလုပ်ပြီးတော့ ကုမ္ပဏီငယ်တွေ က Joint Venture (JV) လုပ်ဖို့အတွက် ပြင်ဆင်ထားဖို့လိုပါ တယ်။ ဒါပေမဲ့ အဓိကစိန်ခေါ်မှုတစ်ခုက SME တွေပါ။ သူတို့မှာအဓိက Capital ၊ Technology လည်းမရှိကြပါ ဘူး။ Market လည်းမရှိကြတဲ့အခါ ထုတ်လုပ်လိုက် တဲ့ ပစ္စည်းတွေက အာဆီယံနိုင်ငံတွေက ထုတ်တဲ့ပစ္စည်း တွေကို မယှဉ်နိုင်တဲ့အပြင် Economy of Scale အရ အရေအတွက်အများကြီးမထုတ်နိုင်တဲ့အတွက် သူတို့က ပိုပြီး ဈေးကြီးတာကို တွေ့ရတယ်လို့ စောဒကတက်ပါ တယ်။ ဒါကြောင့် အရင်တုန်းက Protectionism ကို ကျင့်သုံးခဲ့ပါတယ်။ အရင်တုန်းက စက်ဘီးမရောင်းရရင် စက်ဘီးမသွင်းရတာ၊ အပ်ချုပ်စက် မရောင်းရရင် အပ် ချုပ်စက်မသွင်းရတာတို့လိုမျိုးပုံစံတွေကနေ ဆင်းသက် လာတဲ့အတွက်ကြောင့် Protectionism လုပ်ပြန်တော့ လည်း ကျွန်တော်တို့ Industry တွေက တိုးတက်မလာ နိုင်ပါဘူး။ Competitive လည်းမဖြစ်ကြတော့ဘူး။ AEC မှာလည်း Protectionism မလုပ်နိုင်ကြပါဘူး။ကုန်သွယ်ရေး
အဓိကပြဿနာက Trading ပါ။ ွှမေိငညါ ကလည်း ကျွန်တော်တို့ရဲ့Trading တွေကို FDI Law က အထိုက် အလျောက် Protect လုပ်ပေးပါတယ်။ FDI Law က လုပ်ပေးတာလည်း အခိုက်အတန့်ပဲ လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ကအခုမှစပြီး လုပ်ကိုင်ရတဲ့အတွက်ကြောင့် Trading က ပြည်ပနဲ့ယှဉ်လို့မရတဲ့အပိုင်းတွေ ရှိပါတယ်။ ပစ္စည်းတွေ တော်တော်များများကို ကျွန်တော်တို့နိုင်ငံ သားတွေထက် သူတို့နိုင်ငံသားတွေကိုပဲ ပေးချင်တဲ့အ ပိုင်းရှိပါတယ်။ အဓိကဖြစ်တဲ့ Capital လည်း မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံသားတွေက အကောင်းဆုံးအလေ့ အကျင့်တွေကို လေ့လာထားဖို့ လိုပါတယ်။ စာဖတ်တဲ့ ဝါသနာရှိဖို့ လိုပါတယ်။ Capital နဲ့ Knowledge က အဓိကစိန်ခေါ်မှုတစ်ခုပါ။ ဒါတွေမရှိတဲ့အတွက် စိန်ခေါ် မှုတွေက တော်တော်လေးများပါတယ်။ တော်တော်များ များက လက်ပူတိုက်တာတွေရယ်၊ Subject Matter ကို မတတ်တဲ့အခါကျတော့ Proactive မဖြစ်တဲ့အတွက် ကြောင့် မယှဉ်နိုင်တဲ့အပိုင်းလေးတွေရှိပါတယ်။ Export လုပ်တဲ့အခါ ဈေးကွက်ကUS Sanction ၊ EU Sanction တွေကြောင့် ပျောက်သွားပါတယ်။ ဒီဈေးကွက်ပြန်ရဖို့ တော်တော်လေး လုပ်ရပါတယ်။ ဒါအပြင် US ကလည်း GSP ကို ပြန်မပေးတဲ့အတွက် ဈေးကွက်က မရပါဘူး။ ဒီလိုမရတဲ့အခါ အခက်အခဲတွေ များပါတယ်။ ဒါကို လည်း ကျော်လွှားနိုင်အောင်လုပ်ဖို့ လုပ်ငန်းရှင်ကိုယ်စီ က အသိပညာရှိဖို့၊ ဖြည့်ဖို့ လိုပါတယ်။ ဒါက Trading ပိုင်းပါ။ဝန်ဆောင်မှုကဏ္ဍ
Services ကလည်း အဓိကစိန်ခေါ်မှုတစ်ခုပါပဲ။ UK ရဲ့ Chamber of Commerce ကလည်း သူတို့တွေအနေနဲ့ Service Industry ကို အားကိုးတဲ့အတွက် ကျသွားတယ် လို့လည်း ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ Manu-facturing နဲ့ Labour အပိုင်းမှာလည်း Skills Attitude ပါဖြည့်ထားဖို့ လိုပါတယ်။ Middle Managment ပိုင်း မှာလည်း ပြဿနာလေးတွေ ရှိပါတယ်။ အသင်းအဖွဲ့ တွေကတစ်ဆင့် Training တွေ ပေးနေတယ်။ Business Matching တွေကိုလုပ်ပေးတယ်။ အစိုးရနဲ့တွဲပြီး Public Private Patnership လုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ညံ့တဲ့နိုင်ငံ မဟုတ်ပါဘူး။ လူငယ်တွေက တော်ကြပါ တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ကုမ္ပဏီတွေကို Res-tructuring လုပ်ပြီး ထိန်းသိမ်းသွားကြမယ်ဆိုရင် ယှဉ် ပြိုင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံမှာ Change ရှိ နေပါပြီ။ တစ်ဖက်ကလည်း အခွင့်အရေးတွေအများကြီး ရှိသလို တစ်ဖက်ကလည်းစိန်ခေါ်မှုတွေ အများကြီးရှိ နိုင်ပါတယ်။ စီးပွားရေးလုပ်တဲ့အခါမှာ စထွက်ကတည်း က Level Playing Field ဆိုတာ စီးပွားရေးလုပ်တဲ့အခါ မှာ မျက်နှာသာမပေးဘူး၊ မျက်နှာမလိုက်ဘဲ အရည်အ ချင်းရှိတဲ့သူက ရှိသလောက် အကျိုးရှိရမယ်ဆိုတဲ့အ ကြောင်း ဒေါ်ဝင်းဝင်းတင့်ပြောသွားတာ အားရကျေနပ် စရာကောင်းပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အားဆေးတစ်ခွက်လိုပါပဲ။ အရေးကြီးတာက Talent ပါ။ နောက်တစ်ခုအနေနဲ့ Value Creation က Customer တွေ အတွက် တန်ဖိုးဖန်တီးပေးနေတာပါ။ Differentation Strategy ဆိုတဲ့သူများနဲ့မတူအောင် လုပ်ကိုင်နိုင်မှုကို လုပ်နိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ [caption id="attachment_19306" align="alignnone" width="370"] ဒေါ်ဝင်းဝင်းတင်Managing Director
City Mart Holdings Co Ltd[/caption]
ပြောင်းလဲမှုအနေအထား
အစိုးရသစ်တက်ပြီး နောက်ပိုင်းမှာ ဘာတွေပြောင်းလဲ သွားသလဲဆိုတဲ့အပိုင်းမှာ Political Will အရ ပုဂ္ဂလိက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားပေးတဲ့ မူဝါဒဖြစ်နေပါ ပြီ။ Reform တွေလည်း အများကြီးဖြစ်နေပါပြီ။ အဲဒီလို လုပ်လာတဲ့အ တွက်ကြောင့်မို့ ပတ်ဝန်းကျင်က အများ ကြီးပြောင်းလဲသွားတာကို မြင်ရပါတယ်။ တဖြည်းဖြည်း နဲ့ ပြောင်းလဲသွားတဲ့အပိုင်းမှာ Global Economy နဲ့ Integration စပြီးဖြစ်လာတာကို တွေ့ရပါတယ်။ Global Supply Chain မှာ တစ်ထောင့် တစ်နေရာကနေ ပါဝင် လာပါတယ်။ Regional နဲ့ Integration တွေ ဖြစ်လာတာ ကို မြင်ရပါတယ်။ Free Flow of People ဆိုရင်လည်း မြန်မာနိုင်ငံကလူတွေလည်း နိုင်ငံခြားသွားလာ မှုအများ ကြီးဖြစ်လာတဲ့အပိုင်းတွေလည်း ရှိပါတယ်။ Tourism လည်း အများကြီးခွင့်ပြုထားပါတယ်။ Integration ဆို ရင်လည်း FDI တွေအများကြီးဝင်လာပါပြီ။ နိုင်ငံခြားက လုပ်ငန်းအကြီးကြီးတွေလည်းဝင်လာသလို လုပ်ငန်းငယ် လေးတွေအနေနဲ့လည်း Manufacturing မှာ Invest မလုပ်ရင်တောင် Branch Office လာဖွင့်တာ၊ Distributor တွေခန့်ထားတဲ့အတွက်ကြောင့် အများကြီးပြောင်းလဲ လာတာကို တွေ့ရပါတယ်။ အဲလိုဝင်လာတဲ့အခါမှာ လည်း သူတို့နဲ့ဆက်စပ်တဲ့ Partner တွေဝင်လာတဲ့အခါ မှာ Technology တွေ၊ Best Practice တွေပါလာတယ်။ Consumer Sector မှာ အဲဒါတွေကို မြင်တွေ့လာရပါ တယ်။ Sector တိုင်းမှာဆိုရင်လည်း မြန်မာပြည်က Agricultural-based နိုင်ငံဖြစ်တဲ့အတွက် အခုနောက်ပိုင်း Manufacturing က ဖြစ်သင့် တာထက် နှေးနေပေမယ့် စတင် ဖြစ်လာပါပြီ။ အဲဒါနဲ့အတူတူ Service Industry ကလည်း အရင်တုန်းကဆိုရင် Logistics နဲ့ Ware-housing ကုမ္ပဏီလောက်ဖွင့်ဖို့၊ Outsourcing ကုမ္ပဏီ တွေဖွင့်ဖို့လောက် ဈေးကွက်မ ရှိလောက်ဘူးလို့ထင်တဲ့ ကုမ္ပဏီတွေကလည်း အခုအချိန်မှာ ဈေးကွက်တစ်ခုရှိလာပြီဖြစ်တဲ့အတွက် Service Sector အနေနဲ့ Industry ကစပြီး ဖွံ့ဖြိုးလာတာလည်းတွေ့ရတယ်။ Telecom ကလည်း အထင်အရှားဆုံးပြောင်း လဲမှု ဖြစ်ပါတယ်။ Mobile Phone Penetration တွေ အများကြီးဖြစ်လာတဲ့အတွက် လူနေမှုဘဝတွေ ပြောင်း လဲလာတွေကို တွေ့ရပါတယ်။ Skilled Labour တွေ Shortage ဖြစ်လာတာနဲ့ပတ် သက်ပြီး ပြောင်းလဲတဲ့ပတ် ဝန်းကျင်ကိုကြည့်မယ်ဆိုရင် အရင်တုန်းကတော့ Quality Shortage ကနေ Quantity Shortage ဖြစ်လာတဲ့အနေ အထားတွေကိုတွေ့ရပါတယ်။ အထူးသဖြင့် မြို့ကြီးတွေ မှာဆိုရင် Urbanization (မြို့ပြပုံစံ) ဖြစ်လာတဲ့နှုန်း မြန် တဲ့အတွက်ကြောင့် Traffic Jam တွေ၊ Conjestion တွေ များလာတာလည်း တွေ့ရပါတယ်။ GDP Growth က လည်း အများခန့်မှန်းထားတဲ့အတိုင်း တိုးတက်မှုနှုန်းတစ် ခုရှိနေပါတယ်။ အထူးသဖြင့် မြို့နေလူဦးရေရဲ့ဝင်ငွေ တွေက အများကြီးမြင့်တက်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအနေနဲ့စာရင် အပြောင်းအလဲများတဲ့ Banking Sector ကိုပြောရမယ်ဆိုရင် တော်တော်လေး အားယူလာပြီးတော့ ဖွင့်သင့်တဲ့ Service ကကျန်နိုင်ပေမဲ့ Service တွေ အများကြီးလုပ်လာပါတယ်။ Network ကို ပိုပြီး ချဲ့ထွင်လာတယ်။ Foreign Bank တွေကိုလည်း စပြီး Support လုပ်တဲ့ Banking Service တွေကို ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။တန်းတူအခွင့်အရေးနဲ့ ယှဉ်ပြိုင်လာရ
ကျွန်မအနေနဲ့တော့ စီးပွားရေးလုပ်နေတာကြောင့် သတိ ပြုမိလောက်တဲ့ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေ ဖြစ်နေ တဲ့အထဲမှာ အသိသာဆုံးပြောင်းလဲမှုက အရင်တုန်းကလို အခွင့်အရေးနဲ့ ပြိုင်ဆိုင်တာကို အသားပေးတဲ့ခေတ် မဟုတ်တော့ဘဲ အခုအချိန်မှာတော့ Level Playing Field နဲ့ Equal Right ၊ Long Term Focus နဲ့ Capability ကို ယှဉ်ပြိုင်ရတဲ့ခေတ်အဖြစ် တဖြည်းဖြည်းပြောင်းလဲ လာတာကို တွေ့ရပါတယ်။ အဲဒီလိုပြောင်းလဲလာမှုနဲ့ အတူ Skilled Labour Shortage နဲ့ စီးပွားရေးလုပ်ရတဲ့ Cost တွေကလည်း တက်လာပါတယ်။ ယှဉ်ပြိုင်မှုတွေ ကလည်း များလာတဲ့အခါမှာ စီးပွားရေးတွေအနေနဲ့ Effectiveness နဲ့ Efficiency ကို တအားဦးစားပေးရတဲ့ ခေတ်မျိုးရောက်လာတယ်လို့ မြင်ပါတယ်။ အဲဒီအတွက် ကြောင့် Differentation ကို ဦးစားပေးရတဲ့အနေအထား မျိုး ဖြစ်လာပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းတွေက Value ဘယ်လောက်ပေးနိုင်တဲ့အပေါ်မှာ Value Creation မှာ အရေးတကြီး အာရုံစိုက်ရမယ့်အနေအထားမျိုးဖြစ်လာ ပါပြီ။ နိုင်ငံခြား Franchise တွေဝင်လာတဲ့အခါမှာ သူ တို့အနေနဲ့ Value Creation လုပ်နိုင်တဲ့အခါ ကျရင် (သူ တို့အနေနဲ့ ငှားခ သိန်းသုံးလေးဆယ်တတ်နိုင်ပေမဲ့) ဒီ လိုမလုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေအတွက်က တကယ့်ကို Challenge တွေဖြစ်လာပြီးတော့ ဆိုင်အသေးလေးတွေ ဆိုရင် အလုပ်မလုပ်နိုင်တော့တဲ့ အနေအထားဖြစ်လာ တာကို တွေ့ရပါတယ်။ ကိုယ့်ရဲ့ Vision ၊ စားသုံးသူကို နားလည်ပြီး Value Creation ဘယ်လောက်ပေးနိုင်လဲ ဆိုတဲ့အနေအထားနဲ့ ကျွန်မတို့ရဲ့ စီမံခန့်ခွဲမှုအပိုင်းကို အကျိုးရှိအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အား စိုက်ရမယ့်အနေအထားမျိုးကို တွေ့ရပါတယ်။ အခွင့် အလမ်းတွေလည်း ရှိပါတယ်။ အခုလိုပြောင်းလဲလာတဲ့ အတွက် ကျွန်မတို့ Retail Sector မှာလည်း Convenience Store တွေ အများကြီးပေါ်ပေါက်လာတယ်။ Internet Retailing က အနှေးနဲ့အမြန် မကြာခင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အခုလောလောဆယ်မှာ မရှိ ပေမဲ့ တစ်ချိန်ချိန်မှာ အများကြီးဖြစ်လာမယ့်အခွင့် အလမ်းတွေလည်းရှိနေပါတယ်။ Technology ကိုအသုံး ပြုပြီး ကိုယ့်ရဲ့ Managment ပိုင်းမှာ ပိုကောင်းအောင် လုပ်နိုင်တဲ့အခွင့်အရေးတွေ အများကြီးရှိပါတယ်။ HR Software ၊ Real-time Software ၊ Enterprise Resource Planning-ERP စနစ်တွေ သုံးခြင်းအားဖြင့် Efficiency တွေ အများကြီးတက်လာနိုင်တဲ့ အခွင့်အရေးတွေအများ ကြီးရှိလာနိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ AEC ကို ဘယ် လောက် Prepare ဖြစ်မဖြစ်ထက်စာရင် ခုလောလော ဆယ် ဈေးကွက်အတွင်းမှာရှိတဲ့ Growth ကို ဘယ်လိုတိုး တက်အောင် လုပ်ရမလဲဆိုတာကို အာရုံစိုက်နေရတဲ့ အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေကိုတော့ Long Term Vision နဲ့အတူ Capability ၊ Competition တွေ Fair ဖြစ်တဲ့ခေတ်မှာ ခုနကပြောတဲ့ Ability တွေကို ယှဉ်ပြိုင်ခြင်းအားဖြင့် လူတိုင်းအတွက် အခွင့်အရေး တွေအများကြီး ရှိလာမယ်လို့ မြင်ပါတယ်။ အခုခေတ်မှာ Recognition က Capability ရှိရင် အရင်ကထက် အခွင့် အရေးက ပိုဖြစ်လာပါတယ်။ Global Firm တွေရှိလာ တဲ့အခါ ကိုယ့်ဆီမှာ Invest လုပ်လာကြတဲ့အခါ Talent ရှိတဲ့သူတွေကို Recognize လုပ်တဲ့ခေတ်လည်း ဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်မှာသာ Capacity ရှိတယ်ဆိုရင် Recognition က အရင်ကထက်စာရင် အများကြီးရှိတဲ့ အတွက် ကြိုးစားဖို့ ပြောချင်ပါတယ်။ [caption id="attachment_19321" align="alignnone" width="370"] ဦးသူရကိုကိုManaging Director
YGA Capital Limited[/caption] ကျွန်တော် Investment Banking ပိုင်းတွေမှာ လုပ်ခဲ့ပြီး၊ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှာခဲ့ပေးပါတယ်။ Private Equity အနေနဲ့ ရင်းနှီးမြှုပ်နှံ မှုထည့်တဲ့၊ Investment ထည့်တဲ့ဘက်က အပိုင်းကို ကူး သွားပြီးလုပ်ကိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ လုပ် ကိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိတာကြောင့် ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနဲ့ လေ့လာသင့်တယ်လို့ ယူဆပြီးရောက်လာခဲ့ပါ တယ်။ ကျွန်တော်အရင်ဆုံးတွေ့ရတာက မြန်မာပြည်က Entrepreneur တွေ၊ Local Businessmen တွေဟာ အင် မတန်ချီးကျူးဖို့ ကောင်းတဲ့သူတွေပါ။ Capital Market ၊ Policy ၊ Export /Import ၊ Trade စတဲ့ အခက်အခဲတွေ အားလုံးကို ဒီကလုပ်ငန်းရှင်တွေက ကျော်လွှားခဲ့တယ်။ လုပ်ငန်းတွေက အရှေ့တောင်အာရှ မီတဲ့လုပ်ငန်းတွေ ဖြစ်တယ်လို့ မြင်တယ်။ မလေးရှားမှာStrategy Section ထိုင်ကြည့်ပြီး Investment Opportunity တွေကို လေ့ လာတဲ့အခါ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့ အခါ မြန်မာပြည်က လုပ်ငန်းတွေအားလုံးနဲ့ တန်းတူ နီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဒီမှာ အခြေစိုက်ပြီး Foreign Investor တွေ၊ Regional Firm တွေနဲ့ ပူးပေါင်းပြီး Project တွေလိုက်ရှာနေပါတယ်။ မြန်မာနိုင်ငံကို ကျွန်တော်ရောက်ရှိခဲ့တဲ့ လေးနှစ်တာ အတွင်း ကောင်းတဲ့ဘက်ကကြည့်ပြီး Summary အနေ နဲ့ပြောရရင် မက်ကရိုစီးပွားရေးက အင်မတန်ကောင်း တယ်။ မက်ကရိုစီးပွားရေးဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ GDP Growth က ၈-၉ ရာခိုင်နှုန်း၊ Consumer Spending အပိုင်းက ပြောင်းလဲလာပါပြီ။ ကုမ္ပဏီတွေရဲ့ အရည်အသွေးတွေကလည်း ကောင်းမွန် လာတာကိုတွေ့ရပါတယ်။ အဲဒါတွေအားလုံးက Positive ဖြစ်ပါတယ်။
မက်ကရိုစီးပွားရေးအခြေအနေကောင်း
Politics အနေနဲ့ အပြင်ဘက်ကကြည့်မယ်ဆိုရင် လော လောဆယ်ကတော့ Stable ဖြစ်တယ်လို့ ပြောလို့ရပါ တယ်။ အင်မတန်မှခက်ခဲတဲ့ Reform တွေ၊ Compromise တွေကို ဆောင်ရွက်ရမှာ လုံးဝအောင်မြင်တယ်လို့ ပြော လို့မရပေမဲ့ Direction က ကောင်းတယ်လို့မြင်ပါတယ်။ Confidence လည်း ရှိလာပါပြီ။ ဒါပေမဲ့ ၂၀၁၅ ကိုတော့ နည်းနည်းလေး စောင့်ကြည့်ရပါဦးမယ်။ Politic က ကောင်းလာတဲ့အခါမှာ Infrastructure Project တွေကို စတင်လုပ်ဆောင်လာပြီလို့ မြင်ပါတယ်။ ပထမဆုံးက Telecommunications ပါ။ Telecom ကို Privatization လုပ်တယ်ဆိုတာ အင်မတန်မှခက်ပါတယ်။ လေးငါးရှစ် နှစ်လောက် အချိန်ယူရတယ်။ ကျွန်တော်တို့တိုင်းပြည် ရဲ့ Privatization Policy ကိုလေ့လာရမယ်ဆိုရင်၊ အပြင် နည်းပညာကိုယူပြီး ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အမြင်အရ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါ တွေကိုကြည့်ခြင်းအားဖြင့် ခြုံငုံပြီးပြောရရင် မက်ကရို စီးပွားရေးက ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အခု ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ Investor တွေ က ပိုကြီးမားတဲ့၊ ပိုပြီး Serious ဖြစ်တဲ့ Investor တွေ ဖြစ်တယ်။ ၂၀၁၁ ခုနှစ်လောက်တုန်းက မျော်လင့်ချက် တွေများစွာနဲ့ ဝင်လာတဲ့သူတွေ အားလုံးထွက်သွားပြီး အခုကျတော့တကယ့်ကို Serious ဖြစ်တဲ့ Investor တွေပဲ ဆက်ကြိုးစားနေကြပါတယ်။မိုက်ကရိုစီးပွားရေးမှာ လိုအပ်ချက်တွေရှိနေ
အားနည်းချက်ဘက်ကကြည့်ရင် မိုက်ကရိုစီးပွားရေး ဘက်မှာ အများကြီးလိုအပ်နေပါသေးတယ်။ မိုက်ကရို ဆိုတာက မြေဈေး၊ HR ၊ Human Talent ၊ Transparency၊ Corporate Governance စတာတွေကို Execute လုပ်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ Strategy တွေက လည်းကောင်းလာပြီ။ Business Direction တွေကလည်း ကောင်းလာပေမဲ့ လိုက်နာဆောင်ရွက်ဖို့အပိုင်းမှာ အ ခက်တွေ့နေပါသေးတယ်။ မိုက်ကရိုစီးပွားရေးရှုထောင့် အရ အခက်အခဲတွေက မနည်းတဲ့အတွက် Investment လုပ်တဲ့အခါမှာ အရင်းအနှီးကရှိပေမဲ့ ဒါကိုအသုံးပြုပြီး ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ကျွန်တော်တို့ တဖြည်း ဖြည်းလုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ Local Banking ၊ Local Capitalization ၊ Infrastructure လည်း အများကြီး လိုအပ်နေပါသေးတယ်။ အာဆီယံမှာလည်း Integration လိုတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အာဆီယံက အင်မတန်မှ ကြီးမားတဲ့စီးပွားရေးပါ။ သန်းခြောက်ရာ လူဦးရေ၊ ၂.၅ ထရီလီယံဒေါ်လာ စီးပွားရေးလုပ်ကွက်ကြီး ဆိုတော့ နည်းတဲ့အားသာချက် မဟုတ်ဘူး။ Asean Integration မတိုင်ခင်မှာ Local, National Integration ကလည်း လိုသေးတယ်။ သန်းခြောက်ရာ လူဦးရေက Connectivity မဖြစ်သေးဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၅၀ ကျော်ကလည်း နည်းတဲ့ Natural Resource မဟုတ်ဘူး။ အဲဒီလူတွေက Supplier တွေအပြင် Demander တွေ၊ Market တွေလည်း ဖြစ်တယ်။ အဲဒါတွေ ကို Access လုပ်ဖို့က အခက်အခဲတွေရှိနေသေးတယ်။ ဒါအပြင် Physical Infrastructure ၊ Information Infrastructure ၊ Information Gap တွေရှိသေးတယ်။ မြန်မာ ပြည်ရဲ့ အားသာချက်က Clean Sheet of Paper ပါ။ နောက်မှ ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်လာတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အကောင်းဆုံးတွေကို ရရှိမှာပါ။၂၀၁၅ နဲ့ ၂၀၁၅ အလွန်
2015 Perspective and Beyond ကို ပြောရမယ်ဆိုရင် ပထမဆုံးက Infrastructure ကို ဖြေရှင်းဖို့ လိုအပ်ပါ တယ်။ ဒီအပိုင်းကိုလည်း Invest လုပ်ချင်တဲ့သူများပေ မဲ့ Long Term ဖြစ်တာရယ်၊ Policy မတည်ငြိမ်တာရယ် ကြောင့် Rgulatory Body လိုအပ်နေတာပါ။ နောက်ပြီး လိုအပ်တာက Capital Market ရယ် Policy ပိုင်းရယ်ပါ။ လာမယ့် ၂၀၁၅ ခုနှစ်မှာ Banking Reform ကလည်း တဖြည်းဖြည်း ကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်။ ဘဏ်တွေကို ယုံကြည်မှုရှိစေဖို့ နိုင်ငံတော်ရဲ့ Internal Policy တွေပိုကောင်းလာဖို့ လိုအပ်နေပါတယ်။ Capital Market ရယ် Banking Sector ရယ်က Policy သာတည် ငြိမ်ရင် Infrastructure ကို Focus လုပ်လို့ရတယ်လို့မြင် ပါတယ်။ ၂၀၁၅ နဲ့ အနာဂတ်မှာက Sustainabiliy လို အပ်ပါတယ်။ အရင်တုန်းကလို CSR အနေနဲ့ပြောကြတာ မဟုတ်ပေမဲ့ အခုက ရေရှည်မှာ Invest လုပ်ချင်တယ် ဆိုရင် Sustainable က အရေးကြီးပါတယ်။ ဒါကြောင့် Environment ၊ Education ၊ Healthcare ၊ အပြင် Mass Market လို့ခေါ်တဲ့ Middle Class Population ကို အား စိုက်ပြီး စိတ်ဝင်စားတယ်ဆိုရင် အဲဒီ Population က Educated ဖြစ်ဖို့ လိုအပ်တယ်။ အဲလိုဖြစ်မှ ကျွမ်းကျင်မှု အရည်အသွေးတွေတက်လာပြီး ဝင်ငွေတွေလည်း တက် လာမယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ကုမ္ပဏီတွင်းစီမံခန့်ခွဲမှုနဲ့ SME တွေရဲ့အရေးပါမှု
ကျွန်တော်တို့ ကုမ္ပဏီထဲမှာကော Communication က ကောင်းရဲ့လား၊ အထက်ကဆုံးဖြတ်ချက်တွေကို အောက် က ဝန်ထမ်းတွေက Communicate လုပ်နိုင်ရဲ့လား၊ ဆုံးဖြတ်ချက်တွေမှာကော အောက်က ဝန်ထမ်းတွေက Inclusive ဖြစ်ရဲ့လား စသဖြင့် ကုမ္ပဏီထဲမှာ Corporate Governance ကလည်း အရေးကြီးပါတယ်။ နိုင်ငံခြား သား ရင်းနှီးမြှုပ်နှံသူတွေက လုပ်ငန်းအကြီးကြီးတွေ တင်မဟုတ်ဘဲ Engine Role ဖြစ်တဲ့ SME တွေကိုလည်း စိတ်ဝင်စားပါတယ်။ AEC ဖြစ်လာတဲ့အခါမှာ နိုင်ငံတော် အနေနဲ့ကူညီနိုင်တာက Policy ကို အနည်းငယ်ပဲထိန်း လို့ရမှာဖြစ်ပြီး တားလို့တော့ မရပါဘူး။ တားလိုက်ရင် လည်း ကျွန်တော်တို့ပဲ ကျန်ခဲ့မှာပါ။ SME တွေအနေ နဲ့စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကွာဟချက် ကိုနည်းအောင် လုပ်နိုင်ရမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ကလည်း ပြည်တွင်း Customer တွေရဲ့မျော် မှန်းချက်၊ ဝန်ထမ်းတွေအကြောင်းသိဖို့ လိုသလို SME တွေအနေနဲ့လည်း Information Gap နည်းနိုင်သမျ နည်းအောင် လုပ်ရပါမယ်။ ကိုယ့်ဝန်ထမ်း၊ ဖောက်သည် တွေကို ယုံကြည်မှုရှိအောင် ကြိုးစားနိုင်ရင် ပြည်တွင်း ကရော ပြည်ပကပါ Capital က လာမှာပါ။ အဓိကအနေ နဲ့ မက်ကရိုရှုထောင့်ကရော မိုက်ကရိုရှုထောင့်ကပါ Confidence ရှိဖို့ လိုအပ်ပါတယ်။ [caption id="attachment_19309" align="alignnone" width="370"] ဦးထွန်းထွန်းနိုင်Chairman
Blue Ocean Operating Management Co Ltd[/caption] ကြီးထွားလာတဲ့ ဆက်သွယ်ရေးကဏ္ဍနဲ့ အခြေခံအဆောက် အအုံလိုအပ်ချက် ကျွန်တော်တို့ ၂၀၁၅ အကြောင်းမပြောခင်မှာ ၂၀၁၃-၁၄ ကို သုံးသပ်ရရင် Telecom Sector က အများကြီး ပြောင်းလဲလာပါတယ်။ အပြောင်းလဲဆုံးက IT Sector ပါ။ အဓိက ဘာလို့ပြောင်းလဲတာလည်းဆိုတော့ အစိုးရ အနေနဲ့ Regulation တွေပြောင်းလိုက်တဲ့အတွက်ကြောင့် အပြင်က Telecom ကုမ္ပဏီနှစ်ခုဝင်လာပါတယ်။ တစ်ခု ကတော့ ကျွန်တော်တို့မြန်မာလူမျိုးရဲ့ Expectation က တအားများတဲ့အခါ Ooredoo ပဲဖြစ်ဖြစ် Telenor ပဲဖြစ် ဖြစ် အင်တာနက်လိုင်း၊ ဖုန်းလိုင်းစသဖြင့် တအားကောင်း ချင်တဲ့အခါ တစ်ဖက်က လိုက်မမီနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ဒါတွေအတွက် Infra-structure ပိုင်းဆိုင်ရာတွေ လိုအပ်နေပါတယ်။ လက်ရှိ Mobile Penatration Data ကို ပြောမယ် ဆိုရင် ၁၃ သန်း နီးပါးရှိနေပါပြီ။ သူတို့က သန်း ၃၀ အထိပဲ ပေးဖို့ရှိပါ တယ်။ Mobile Internet Penatration များလာတဲ့အခါ Gmail သုံးတဲ့သူနဲ့ Facebook သုံးတဲ့သူနဲ့ဆိုတော့ တိုင်း ပြည်ရဲ့ Productivity တိုးတက်ဖို့ကို သိပ်ပြီးအထောက် အကူမဖြစ်ဘူး။ လူငယ်တွေက Facebook ကို Social ပုံစံမျိုးပဲ သုံးနေကြတယ်။ အမှန်တကယ်က Facebook မှာ Learn လုပ်စရာတွေ အများကြီးရှိသလို Business Tool အနေနဲ့လည်း သုံးလို့ရတာတွေ ရှိတယ်။ Mobility ဖြစ်လာတဲ့အခါ စီးပွားရေးလုပ်ငန်းရဲ့ပုံစံတွေက Mobile ပေါ်မူတည်ပြီး ပြောင်းလာလို့ရလာပြီဆိုတော့ Business တွေပြောင်းဖို့လိုလာပါပြီ။ အရင်တုန်းကလို Traditional Business မဟုတ်တော့ဘဲ Mobile ပေါ်အခြေခံတဲ့ Business တွေဖြစ်လာပါပြီ။ နောက်တစ်ခုက Mobile ပေါ် မှာ Context တွေ၊ အချက်အလက်တွေ ပိုရှာလို့ရလာပါ ပြီ။ Payment နဲ့ပတ်သက်ပြီး ကျွန်တော်တို့က Leapfrog လို့ပြောတာက Credit Card သုံးတဲ့နိုင်ငံတွေကနေ Mobile Payment ပြောင်းတဲ့အခါမှာ ပြဿနာရှိတတ်ပါတယ်။ ကျွန်တော်တို့မှာ Banking ပိုင်းဆိုင်ရာတွေလည်း ဖွံ့ဖြိုး လာပြီဆိုတော့ ATM Card တွေဖြစ်လာပေမဲ့ Mobile Payment တွေဖြစ်လာတဲ့အခါ အဲဒီထက်ကို ပိုပြီးသွား နိုင်တယ်။ Mobile Phone သုံးတဲ့ သူတွေများလာတဲ့အခါ Mobile Payment User တွေက ပိုများလာပြီ။ Online Payment တွေဖြစ်လာပြီဆိုတော့ ပိုပြီးဖွံ့ဖြိုးလာပြီပေါ့။
IT Industry နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပြင်ဆင်ထားရမယ့်အပိုင်း
AEC လို့ပြောရင် ကျွန်တော်တို့ရဲ့ IT Industry မှာ ပြဿနာကြုံနေရတာက FDI တွေက IT Industry မဖွံ့ ဖြိုးခင်ကတည်းက ခြေကုပ်ယူထားကြပြီ။ သူတို့က ကိုယ့်ရဲ့ Information တွေကို အရင်ယူထားသလို Content တွေကို Develop လုပ်နေပြီး ကြိုဦးထားကြပြီ။ အခုချိန် မှာ IT Industry ထဲကိုဝင်ပြီး Invest လုပ်ချင်တဲ့သူတွေ လည်းရှိနေပြီ။ Funding တွေ၊ Equity တွေ လုပ်လာကြ တာက Local Start-up သမားတွေအတွက် အခွင့်အလမ်း တွေပါ။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ကိုယ့်ဘက်က ဘာတွေအဆင်သင့်ဖြစ်ပြီလဲဆိုတာက Investor တွေ ချည်းဘဲ၊ ပိုက်ဆံချည်းပဲ ရှာနေလို့မရဘဲနဲ့ Market ကောရှိရဲ့လား၊ ကိုယ့်ရဲ့ Product ကော ခိုင်မာရဲ့လား၊ ကုမ္ပဏီရဲ့ Corporate Governance ကော ဘယ်လောက် ကောင်းနေပြီလဲ၊ Structure ဘယ်လောက် စနစ်ကျနေပြီ လဲဆိုတာတွေလည်း ပြင်ထားဖို့ လိုပါတယ်။ နောက် တစ်ခု အလုပ်လက်မဲ့တွေ များနေတယ်သာပြောတာ။ တကယ့် Skilled Labour တွေမရှိပါဘူး။ Middle Level Management မရှိတဲ့အတွက် AEC ပွင့်လာတဲ့အခါ Manager တွေက ဖိလစ်ပိုင်လူမျိုး၊ ဗီယက်နမ်လူမျိုးတွေ ဖြစ်လာပြီး ကိုယ့်ရဲ့မြန်မာ Manager တွေ ပျောက်နေ တယ်။ မြန်မာတွေအပေါ်ကို တက်နိုင်ဖို့ကြိုးစားရပါမယ်။ မကြိုးစားနိုင်ရင် အဲဒီနေရာမှာ တခြားနိုင်ငံကသူတွေ ဝင်သွားမယ်။ ၂၀၁၅ နောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေကို သတ်သတ်မှတ်မှတ်ချ မှတ်ဖို့ဘယ်လိုလုပ်သွားမလဲ။ Level Playing Field ဖြစ် အောင်ပဲလုပ်ပေးဖို့ အရေးကြီးပါတယ်။ AEC နဲ့ပတ် သက်ပြီး ကျွန်တော်တို့ IT ကဏ္ဍအနေနဲ့ဆိုရင် အခွင့် အလမ်းတွေအများကြီးရှိသလို လုပ်စရာတွေလည်း အများကြီးရှိနေပါတယ်။ ၂၀၁၄ မှာ တစ်ဆလုပ်ရင် ၂၀၁၅ မှာ နှစ်ဆလုပ်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် AEC မှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ယှဉ်ဖို့ တော်တော် လေးခက်သွားပါလိမ့်မယ်။ [caption id="attachment_19319" align="alignnone" width="720"] Source : ကြေးမုံ[/caption] [caption id="attachment_19315" align="alignnone" width="750"] Source : ကြေးမုံ[/caption] [caption id="attachment_19316" align="alignnone" width="754"] Source : ကြေးမုံ[/caption] [caption id="attachment_19326" align="alignnone" width="370"] ဦးဖြိုးဝေရာဇာJoint Secretary General
Myanmar Tourism Federation[/caption] ကျွန်တော်တို့ခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ စတင်ခဲ့တာ အခုထိ နှစ် ၂၀ ကျော်အတွင်းမှာ မြင့်လိုက်နိမ့်လိုက်နဲ့ ချီတက်လာတဲ့ လုပ်ငန်းပါပဲ။ တချို့ကလည်း ခရီးသွားလုပ်ငန်းတိုးတက် နေတယ်လို့ဆိုရာမှာ မြန်မာနိုင်ငံသားတွေလည်း တခြား နိုင်ငံတွေကို သွားလာနေတာလည်းရှိတာကြောင့် တိုး တက်မှုက မြင်သာထင်သာရှိလာတဲ့သဘောပါပဲ။ ဒေသ တွင်းမှာကြည့်ရင်တော့ တခြားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ရဲ့အစိတ်အပိုင်းလေးလောက်ပဲ ရှိနေပါတယ်။ အကြမ်း ဖျဉ်းအားဖြင့် ရန်ကုန်နိုင်ငံတကာလေဆိပ်ကနေ ဝင်တဲ့ ခရီးသည်အရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာ ရေးနှစ်အထိကို တစ်သန်းမကျော်သေးဘူး။ အခုလက်ရှိ မှာ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ အရေအတွက်အရတော့ နိုင်ငံတကာလေဆိပ်၊ နယ်စပ်ဝင်ပေါက်တွေအပါအဝင် အားလုံးပေါင်းလိုက်ရင် အောက်တိုဘာလအထိကို တစ်သန်းခွဲကျော်သွားပါပြီ။ ဒီဘဏ္ဍရေးနှစ်မှာတော့ သုံးသန်းအထိမှန်းထားပါတယ်။
အပြောင်းအအလဲတွေရှိလာမယ့် ၂၀၁၅ နဲ့ ထိလွယ်ရှလွယ် ခရီးသွားလုပ်ငန်း
၂၀၁၅ ကတော့ အပြောင်းအလဲတွေနဲ့ ပြည့်နေမယ့်နှစ် တစ်နှစ် ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းက အပြောင်း အလဲတွေကိုမကြိုက်ပါဘူး။ ထိလွယ်ရှလွယ်တဲ့လုပ်ငန်း တစ်ခုဖြစ်တာကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒေသတွင်းမှာ မကောင်းတဲ့သတင်းတစ်ခုထွက်လာရင် Impact က လာဖို့ တာစူနေတဲ့ခရီးသွားဧည့်သည်တွေ တောင် လျော့ကျသွားစေနိုင်တဲ့ အခြေအနေမျိုးရှိပါ တယ်။ အခုချိန်ကစပြီး ဥရောပမှာရှိတဲ့ခရီးသွားလုပ်ငန်း လုပ်ဖော်ကိုင်ဖက်တွေက High Season လို့ခေါ်တဲ့ ၂၀၁၅ ခုနှစ်ရဲ့နိုဝင်ဘာလမှာ Election ရှိနေတာကြောင့် ဘယ် လိုတွေဖြစ်နိုင်လဲဆိုတဲ့မေးခွန်းတွေ တစ်နှစ်လောက်ကြို ဖြေနေရပါပြီ။ ခရီးသွားလုပ်ငန်းက ထိလွယ်ရှလွယ်ဆို ပေမဲ့ Positive Thinking နဲ့ အလုပ်လုပ်ရပါတယ်။ ကျွန် တော်တို့ခရီးသွားလုပ်ငန်းက အိပ်မက်ရောင်းတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဆန္ဒတွေ၊ တွေးတောထားတာတွေကို အကောင်အထည်ဖော်ရတဲ့ အိပ်မက်ရောင်းတဲ့သူတွေပါ။ အိပ်မက်ဆိုတာကို လူတိုင်း က အကောင်းပဲမက်ချင်ကြတာပါ။ ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် မီးစင်ကြည့်ပြီး ကရတဲ့လုပ်ငန်းကိုလည်း လုပ် ရပါတယ်။ ၂၀၁၅ မှာ နိုင်ငံရေးအခြေအနေက အကောင်း ဘက်ကိုအားလုံးမျော်လင့်ကြပါတယ်။ ဒီနေ့နဲ့မနက်ဖြန် တောင် မတူနိုင်တာ အပြောင်းအလဲတွေ များနိုင်တာ ကို Adjust လုပ်နိုင်ရမယ်။ ဖြစ်တဲ့အချိန်မှာရှိတဲ့ဟာ ကိုအကောင်းဆုံးဖြစ်အောင် လုပ်နိုင်ရမယ်။ ခရီးသွား လုပ်ငန်းက ၂၀၁၅ မှာ အပြုသဘောဆောင်တဲ့စိတ်နဲ့ပဲ လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကိုပဲ သုံး သပ်ရင် Level Playing Field လို့ပြောနေကြတာ ခရီး သွားလုပ်ငန်းကိုပြောရင် Level Playing Field ကို အမြဲ Maintain လုပ်နေရတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ခရီးသွား လုပ်ငန်းမှာ ကုမ္ပဏီအသေးလေးတွေလိုပဲ ကုမ္ပဏီအကြီး ကြီးတွေမှာလည်း အခွင့်အရေးအတူတူပဲဖြစ်ပါတယ်။ ကုမ္ပဏီအသေးလေးတွေအနေနဲ့ ဝန်ဆောင်မှုကိုပေးနိုင် ရင် ကုမ္ပဏီကြီးတွေကို ယှဉ်နိုင်ပါတယ်။ ခရီးသွားလုပ် ငန်းမှာလည်း အောင်မြင်အောင်လုပ်နိုင်ဖို့က Capacity ပြည့်ဖို့လည်း လိုအပ်ပါတယ်။ ၂၀၁၅ မှာလည်း ကြို တင်ပြီး ပြင်နေကြတဲ့လုပ်ငန်းကဏ္ဍအသီးသီးကိုကြည့် ရင် ကျွန်တော်တို့ Sector က Customer Service ကို အကောင်းဆုံး ဘယ်လိုအကောင်အထည်ဖော်မလဲဆို တာ လေ့ကျင့်ပညာပေးဖို့ ကြိုးစားနေကြပါတယ်။ခရီးသွားလုပ်ငန်းကဏ္ဍရဲ့ လိုအပ်ချက်နဲ့ ပြင်ဆင်ထားရမယ့်အပိုင်း
ခရီးသွားလုပ်ငန်းမှာ လစ်ဟာနေတာကိုကြည့်ရငTourism နဲ့ပတ်သက်တဲ့ Training Centre တွေ၊ Institute တွေ လုပ်ပေးနိုင်မှုအပိုင်းမှာ အားနည်းတာတွေ ရှိပါ တယ်။ နိုင်ငံတကာကနေလာပြီး သင်ကြားပေးနိုင်တဲ့ ကျောင်းမျိုးကို ရှာနေပါ တယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ နိုင်ငံတကာက Tourism Management School တွေ နှစ် ခု၊ သုံးခုထောင်ဖိ့ု ကြိုးစားနေပါတယ်။ ကမ္ဘာအနှံ့အပြား မှာရှိတဲ့ နာမည်ကြီး Hotel Chain တွေဝင်လာတဲ့အခါ မှာ သူတို့နဲ့အတူတူပါလာမယ့် သူတို့ရဲ့ Expertise တွေ၊ Industry Standard တွေကို လူငယ်တွေရဖို့အတွက် ၂၀၁၅ မှာ အခွင့်လမ်းတွေအများကြီး ရှိပါတယ်။ ရှိတဲ့အခွင့် အလမ်းကို ကြိုတင်ပြင်ဆင်တဲ့သူတွေပဲ ရနိုင်မှာပါ။ ခရီးသွားလုပ်ငန်းမှာ ကိုယ်ကိုယ့်ကိုယ် ဘယ်လောက် ပြင်ဆင်ထားသလဲဆိုတဲ့အပိုင်းက အရေးကြီးပါတယ်။ Growth ကိုဆက်ထိန်းပြီး အကောင်းဆုံးအခွင့်အလမ်း တွေကို ဆုပ်ကိုင်ပြီးလုပ်ကိုင်ဖို့ လိုပါတယ်။ [caption id="attachment_19308" align="alignnone" width="370"] Tina SinghsachaChief Representative, Myanmar
Standard Chartered Bank[/caption] ဆက်လက်ဆောင်ရွက်နေတဲ့ မက်ခရိုစီးပွားရေးပြုပြင် ပြောင်းလဲမှု၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ အ ဆက်မပြတ်ဝင်ရောက်လာနေမှု၊ စွမ်းအင် ကဏ္ဍမှာ ထုတ်လုပ်မှု တိုးတက်လာမှု၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့စီး ပွားရေးလုပ်ငန်းတွေ ကြီးထွားလာမှု စတဲ့အချက်တွေကြောင့် ၂၀၁၅ ခုနှစ် အတွက် မြန်မာနိုင်ငံရဲ့ တိုးတက်မှု အလားအလာအပေါ်မှာ ကျွန်မ တို့အနေနဲ့ အကောင်းမြင်ပါ တယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အသိုင်းအဝိုင်းနဲ့ပြန် လည် ဆက်ဆံလာတာ ကြောင့် အာဆီ ယံနိုင်ငံ တွေနဲ့ ဆက်ဆံမှုက လည်း ပိုပြီးခိုင်မာလာ ပါလိမ့်မယ်။ အာဆီယံဒေသ အတွင်းမှာတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအရ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အနီးကပ်ဆုံး စီးပွားဖက် နိုင်ငံဖြစ်တယ်။ ထိုင်းမြန်မာဆက်ဆံရေးဟာ မဲခေါင် ဒေသတွင်း ဆက်လက်ကြီးထွားနေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း အောက်မှာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုတိုးတက်ခိုင်မာလာမယ်လို့ မျော်လင့်ပါတယ်။ ဒီ နောက်ခံအကြောင်းတရားအပေါ် အခြေခံပြီး ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေး ၈.၃ ရာခိုင်နှုန်းတိုး တက်လာမယ်လို့ မျော်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် နောက် ထပ်တိုးတက်မယ့် နှစ်တစ်နှစ်ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ ပေမဲ့ လာမယ့်အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်မထွက် ပေါ်လာခင် အတောအတွင်း အနီးကပ်ကာလမှာ နိုင်ငံ ခြားက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပိုပြီးသတိထားလာ ဖို့အလားအလာရှိနေပါတယ်။ ပြည်တွင်းမှာတော့ တိုင်း ပြည်ရဲ့အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်ချက်က တိုးတက်ကြီးထွားမှုအ တွက် ခိုင်မာတဲ့တွန်းအားဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေ စဉ်ဆက်မပြတ် ဆက်လက်ဖြစ်ပေါ်ဖို့အတွက် လုပ်စရာတွေအများကြီးရှိ နေပါသေးတယ်။