1st Milky Way Co Ltd & Myan Tour Co Ltd ရဲ့ Managing Director ဦးမျိုးသော်

အသက်နှစ်ဆယ်ဝန်းကျင်မှာပဲ စီးပွားရေးလောကထဲကို ဝင်ရောက်လာကာ အခုချိန်မှာတော့ ကြော်ငြာဆိုင်းဘုတ်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ Sports Club ၊ Limosine Service စတဲ့ ဝန်ဆောင်မှု အဓိကစီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ ဦးမျိုးသော်ရဲ့ လုပ်ငန်းဆိုင်ရာအတွေးအမြင်တွေ၊ ကိုယ်တိုင်ကြိုးစားလုပ်ဆောင်မှုတွေကို အခုလိုသိခွင့်ရခဲ့ပါတယ်။

[caption id="attachment_23819" align="alignnone" width="370"]ဦးမျိုးသော်[/caption]

စီးပွားရေးလောကထဲကိုဝင်ရောက်ရာမှာ ဖြတ်သန်းခဲ့တဲ့ ဘဝလမ်းကြောင်းနဲ့ နောက်ခံပညာရေး . . .

ဆယ်တန်းအောင်ပြီးချိန်က စပြောချင်ပါတယ်။ ကျွန်တော့်ငယ်ဘဝက တော်တော် Struggle လုပ်ပြီး ဖြတ်သန်းခဲ့ရတာပါ။ ကျွန်တော့်အဖိုးကတော့ ပန်းချီဆရာကြီးဦးစန်းလှိုင်ပါ။ အမေက ကျောင်းဆရာမ ၊ အဖေက စာရေးဆရာ၊ ကဗျာဆရာပါ။ ကျွန်တော် ခုနစ်တန်းနှစ်မှာ အဖေဆုံးသွားတော့ အမေ့အတွက် မိသားစုတာဝန်က ပိုကြီးလေးလာခဲ့ပါတယ်။ ဒါကို ကျွန်တော့်အမေက ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ငယ်ငယ်ကတည်းက အလေးစားရဆုံး Role Model တွေက အမေနဲ့အဖိုး ဖြစ်ပါတယ်။ ကျွန်တော်ဆယ်တန်းဖြေပြီး နောက်နေ့မှာ ထီဆိုင်မှာ အရောင်းသမားဘဝနဲ့ အလုပ်ဝင်ခဲ့ပါတယ်။ ညနေပိုင်းမှာ ကလေးတွေကို စာသင်ခဲ့ပါတယ်။ ဒီလိုနေရင်း တစ်ဖက်ကကွန်ပျူတာအခြေခံသင်တန်းကို MCC မှာတက်ပြီး MEGA Co Ltd မှာ ပထဆုံးစတင် အလုပ်ဝင်ခဲ့ပါတယ်။ Merchandiser ဘဝကနေ အဆင့်ဆင့်ဖြတ်ကျော်ပြီး တက်လှမ်းခဲ့ပါတယ်။ Diethelm ၊ Ranbaxy စတဲ့ ဆေးကုမ္ပဏီတွေမှာလည်း အမှုထမ်းခဲ့ပါတယ်။ ဝန်ထမ်းလုပ်နေရင်းကနေ ရတဲ့လစာနဲ့ ပညာရေးဘက်မှာလည်း အကျိုးရှိရှိအသုံးချဖြစ်ခဲ့တာက ကျွန်တော့်ရဲ့ မှန်ကန်တဲ့ဆုံးဖြတ်မှု၊ မိဘရဲ့လမ်းညွှန်သင်ပြမှုလို့ ယုံကြည်ပါတယ်။ ပထမဆုံးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Yukiko Entertainment ကို စုဆောင်းထားတဲ့ အရင်းအနှီးလေးတွေနဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖြစ်ခဲ့ပါတယ်။ Entertainment အနေနဲ့ Pioneer အဖြစ် 2D နဲ့ 3D Animation  ပေါင်းစပ်ထားတဲ့ အာဆီယံအဆင့်မီ မြန်မာ့ကာတွန်းတွေကို ထုတ်လုပ်ခဲ့တယ်။ ပုဂ္ဂလိက သရုပ်ဆောင်သင်တန်း ဖွင့်တာမျိုးတွေမှာလည်း Pioneer ဖြစ်ခဲ့မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီ Industry မှာ Pirate ပြဿနာတွေ တဖြည်းဖြည်းကြီးထွားလာခဲ့ချိန်၊ ၂၀၀၅ ခုနှစ်လောက်မှာ ကျွန်တော် ဒီ Industry ကနေ ထွက်ခွာခဲ့ပါတယ်။ ပညာရေးအနေနဲ့ကတော့ BA (English) ၊ MSC (Strategic Business Analysis,UK) ၊ Diploma in SAE (C.M.T.C Australia) တို့ ရထားပြီး လက်ရှိမှာ Northampton University ရဲ့ MBA Programme ပြီးခါနီးပါပြီ။ Doctor of Business Administration ဘွဲ့ရတဲ့အထိ ကြိုးစားသွားမှာပါ။

1st Milky Way Company Limited အကြောင်း ပြောပြပေးပါ . . .

1st Milky Way Company Limited ကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ 1st Milky Way Company Limited အောက်မှာ Milky Way Outdoor Advertising နဲ့ Milky Way Marketing Agency ဆိုပြီး နှစ်ခုရှိပါတယ်။

Outdoor Advertising အောက်မှာ Billboard Advertising ၊ Mobile Advertising ၊ Sides of Buildings Advertising ၊ Kiosks Advertising ၊ Bus Shelter Advertising နဲ့ LED Advertising တွေပါဝင်ပါတယ်။ နောက်ထပ် New Line Extension Business အသစ်တစ်ခုအနေနဲ့ LCD Standing Player တွေကို Shopping Center တွေ ၊ Airport တွေ ၊ Terminal Building တွေ၊ Business Tower တွေ ၊ Hotel နဲ့ Restaurant တွေစတဲ့ လူစည်းကားတဲ့နေရာတွေမှာ ကြော်ငြာနိုင်မယ့် Service တွေ လုပ်သွားဖို့ရှိပါတယ်။

Marketing Agency အနေနဲ့ကတော့ Media Strategy ၊ Production Event Management ၊ Media Planning ၊ Brand Strategy ၊ Creative Development Consumer Activation စတဲ့ Service တွေကို ဝန်ဆောင်မှုပေးနေပါတယ်။

နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Myan Tour Company Limited အကြောင်းလည်း ပြောပြပေးပါ . . .

Myan Tour Company Limited ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်တည်ထောင်ခဲ့ပါတယ်။ Myan Tour Travel & Tours နဲ့ Myan Tour Limosine Service ဆိုပြီး နှစ်ခုရှိပါမယ်။

Myan Tour Travel & Tours ကတော့ ပြည်တွင်းပြည်ပခရီးစဉ်မျိုးစုံကို စီစဉ်ပေးလျက်ရှိပါတယ်။ Collective Tour ၊ Package Tour ၊ Corporate Tour တွေအပြင် Customer တွေရဲ့ လိုအပ်ချက်အတိုင်းသွားချင်တဲ့ Itinerary ကို အသင့်တင့်ဆုံးဈေးနှုန်းနဲ့ Tailor Made Trip Plan တွေကို စီစဉ်ဆောင်ရွက်ပေးပါတယ်။

Limosine Service က On Call ပဲဖြစ်ဖြစ်၊ နာရီပိုင်းဖြစ်ဖြစ်၊ ခရီးတို၊ ခရီးရှည်အလိုက် အသုံးပြုချင်တဲ့ အပေါ်မူတည်ပြီး ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် Luxury ကားတွေကိုပဲ အသုံးပြုထားပါတယ်။

လုပ်ငန်းတွေတိုးချဲ့တဲ့နေရာမှာ မစတင်ခင် ဘယ်လိုပြင်ဆင်ပါသလဲ . . .

အခုလက်ရှိ ကျွန်တော့်လုပ်ငန်းတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတော့ ထပ်ပြီး Expand လုပ်သွားတဲ့ သဘောပါပဲ။ Outdoor Advertising လုပ်ငန်းလုပ်ရင်းနဲ့မှ Client တွေရဲ့ Marketing ဆိုင်ရာလိုအပ်ချက်တွေကို တွေ့လာတဲ့အခါမှာ Marketing Agency ကို ထပ်လုပ်ဖြစ်တယ်။

Myan Tour ကို လုပ်ဖြစ်တဲ့အကြောင်းကတော့ ကျွန်တော်လုပ်နေတဲ့ Outdoor Advertising ၊ Marketing Agency တို့အတွက် သွားရင်းနဲ့ သူတို့ရဲ့ Company တွေကနေ ဝန်ထမ်းတွေကို Annual Trip ပို့တာတို့၊ Incentive Trip အနေနဲ့ ကုန်သည်တွေကို Oversea Trip ပို့တာတို့ရှိကြတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတွေ၊ Client တွေက Tour လုပ်ငန်းလုပ်ပါလို့ အကြံပေးတိုက်တွန်းမှုနဲ့ Myan Tour ကို လုပ်ဖြစ်သွားတာပါ။  အနောက်က လိုက်ရမှာကတော့ ကိုယ်ပေးမယ့် Service ပေါ့။ Service ကောင်းလို့ရှိရင် လူတွေရဲ့ Word of Mouth အရ ပိုသိလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

Service ပေးတဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက် Service တွေအမြဲကောင်းနေအောင် ဘယ်လို Control လုပ်ပါ သလဲ . . .

ကျွန်တော့်ဝန်ထမ်းတွေကို Service နဲ့ပတ်သက်တဲ့ Corporate Training  တွေ ပေးတယ်။ ပြင်ပသင်တန်းတွေလည်း တက်ခိုင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခါအားလျော်စွာ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ရဲ့ Experience တွေကို Sharing လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းရဲ့ အသက်သွေးကြောဟာ Service ကစတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Customer စိတ်ကျေနပ်အောင်၊ စိတ်မငြိုငြင်အောင်၊ တခြား Service တစ်ခုကို ကူးပြောင်းမသွားအောင် အမြဲပြင်ဆင်နေပါတယ်။

တခြားလုပ်ငန်းတွေကိုလည်း ဖြည့်စွက်ပြောပြပေးပါဦး . . .

Reform Sports Club ဆိုတဲ့ Gym ဖွင့်ထားတယ်။ ယောဂသင်တန်းရှိတယ်။ အေရိုးဗစ်သင်တန်းရှိတယ်။ အကနဲ့လေ့ကျင့်ခန်းတွဲထားတဲ့ Dancercise ရှိပါတယ်။ ဒီ Gym ကတော့ အရင်ဂရင်းမီးရထား Gym က ဆရာ၊ ဆရာမတွေကိုခေါ်ယူပြီးတော့ ဖွင့်ဖြစ်တာပါ။ စက်တွေကတော့ Cybus ၊ Gadler အမျိုးအစားစက်တွေကိုပဲ အသုံးပြုပါတယ်။ Middle Class ကို Target ထားပါတယ်။

Advertising Field ၊ Tourism Field တို့မှာ Competitor တွေများလာတဲ့အတွက် အောင်မြင်တဲ့လုပ်ငန်းနေရာမှာ ရပ်တည်နိုင်အောင် ဘယ်လို Strategy တွေနဲ့ ကြိုးစားပါသလဲ . . .

Outdoor Advertising အနေနဲ့ကတော့ Market Leader အဖြစ်သွားနေတဲ့အတွက် Market Leader Strategy ကို အသုံးပြုနေပါတယ်။ သူ့ရဲ့ Tactics တွေ အနေနဲ့ Innovation ၊ Fortification ၊ Comfrontation နဲ့ Harrassement ဆိုတာတွေကို Customer တွေရဲ့ လိုအပ်ချက်ကိုလိုက်ပြီး Customer Oriented ဆိုတာကို ရှေ့တန်းတင်ပြီး လုပ်ဆောင်နေပါတယ်။ LCD Standing Player ထားတာမျိုးဆိုရင် ကျွန်တော်တို့က မြန်မာပြည်မှာ ပထမဆုံး Pioneer ဖြစ်တယ်လို့ ထင်ပါတယ်။ Fortification ကတော့ ကျွန်တော်တို့ရဲ့ ဈေးကွက်နေရာကို သူများကမယူသွားနိုင်အောင် ကျွန်တော်တို့ အမြဲတမ်းပြင်ဆင်ထားပါတယ်။ Comfrontation ကတော့ ကိုယ့်ပြိုင်ဘက်နဲ့ ထိပ်တိုက်တွေ့တာပေါ့။ Harrassement  ဆိုတဲ့ ကိုယ့်ပြိုင်ဘက်ကို အနှောင့်အယှက်ပေးတာမျိုးကတော့ Ethics နဲ့ မညီတဲ့အတွက် ကျွန်တော်ဘယ်တော့မှ အသုံးမပြုပါဘူး။

Tourism Field မှာတော့ ကျွန်တော်တို့က စတင်တာလည်း သိပ်မကြာသေးဘူးဆိုတော့ Market Follower အနေနဲ့ သွားနေပါတယ်။

Limosine Service ကကျတော့ Niche Market ကို Target ထားပြီး နိုင်ငံခြားသား CEO တွေ ၊ NGO တွေ ၊ Executive တွေ ၊ သံရုံးအရာရှိတွေနဲ့ Business Class တွေကို အဓိကထားပြီး ဝန်ဆောင်မှုပေးပါတယ်။

Outdoor Advertising လုပ်ငန်းမှာ ကြုံရတတ်တဲ့ Challenge တွေကိုကော ဘယ်လိုဖြေရှင်းခဲ့ပါသလဲ . . .

ကျွန်တော်တို့ အဓိကရင်ဆိုင်ရတာကတော့ အစိုးရရဲ့ Laws and Regulations တွေ ပြောင်းလဲသတ်မှတ်တာမျိုးတွေပါ။ ဒီပြောင်းလဲတာတွေနဲ့အညီ Flexible ဖြစ်အောင်လုပ်ရပါတယ်။ ဥပမာအားဖြင့် ဒီနှစ်မှာတော့ နေရာပါမစ်ကို ဒီနေရာမှာ ခွင့်ပြုပေမယ့် နောင်နှစ်မှာ ခွင့်ပြုချင်မှ ခွင့်ပြုပါတော့တယ်။ နောက်တစ်ခုကတော့ Municipal Tax တွေ မြင့်လာတာပါ။ ဒီလိုမြင့်တက်တိုင်းလည်း ကျွန်တော်တို့ရဲ့ Client တွေကို ဈေးလိုက်တက်လို့ မဖြစ်ပါဘူး။ ကိုယ့်ရဲ့ ရေရှည်လက်တွဲနေတဲ့ Client တွေဖြစ်တဲ့အတွက် မိတ်မပျက်ချင်တာကြောင့် ကျွန်တော်တို့ တော်တော်လေးထိန်းကျောင်းပြီးတော့ လုပ်ရပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံကို နိုင်ငံခြားက Investor တွေ ရောက်လာတဲ့အခါ သူတို့တွေ ပေးနိုင်တဲ့ Salary Rate တွေက သိပ်မြင့်ပါတယ်။ ဒီအခါကျတော့ မြန်မာပြည်တွင်းကုမ္ပဏီတွေက ကိုယ့်ဝန်ထမ်းတွေကို ထိန်းသိမ်းထားနိုင်အောင် ညှိနှိုင်းပြီး လုပ်ရတာတွေရှိပါတယ်။ ဝန်ထမ်းတွေကို ရေရှည်ထိန်းသိမ်းနိုင်မှဘဲ ကိုယ့်ရဲ့ဖောက်သည်တွေကို Services ပေးရာမှာ အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်မှာပါ။ ကျွန်တော့်လုပ်ငန်းရဲ့ သဘောသဘာဝအရ လုပ်ငန်းအတွက် တိုးတက်ရာတိုးတက်ကြောင်း အဆက်အသွယ်ကောင်းတွေကိုလည်း ခိုင်ခံ့တည်မြဲအောင် အမြဲလုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ Trend နဲ့ဆိုရင် ဘယ်လိုပုံစံနဲ့ Advertising လုပ်တာ သင့်လျော်ပါသလဲ . . .

နံပါတ်တစ်ကတော့ ကိုယ့်ရဲ့ Product နဲ့ဆိုင်ပါတယ်။ ကိုယ်သွားချင်တဲ့ Segment က Target Market ကို အရင်သိအောင်လုပ်ပြီး သင့်လျော်တဲ့ Communication Platform ရွေးတာက ပိုထိရောက်ပါမယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ Trend အရ အသုံးပြုမှုအများဆုံးကတော့ ရေဒီယိုဖြစ်ပါတယ်။ ဒုတိယတော့ တယ်လီဗေရှင်းပါ။ နောက်တစ်ခုကတော့ ဆိုရှယ်မီဒီယာပါ။ နောက်ဂျာနယ်ပါ။ ကျွန်တော်တို့ရဲ့ Outdoor Advertising ဖြစ်တဲ့ Billboard ကတော့ နောက်ဆုံးနေရာမှာရှိပါတယ်။ ဒါပေမယ့် တချို့ B2B လုပ်ငန်းတွေအတွက် Billboard ဟာ မရှိမဖြစ်အသုံးပြုနေရပြီး ငှားရမ်းသုံးစွဲမှုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြင့်လာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ရှေ့မှာပြောခဲ့တဲ့အချက်တွေကို အခြေခံပြီး ကိုယ်သုံးမယ့် Budget နဲ့ Period တွေကို ထိန်းညှိပြီးတော့ ကိုယ့်အတွက် တကယ်ထိရောက်မယ့် Advertising ကို အသုံးပြုရမယ်လို့ အကြံပြုချင်ပါတယ်။

Advertising လုပ်ငန်းရဲ့ ရှေ့အလားအလာကို သုံးသပ်ပြပါ . . .

၂၀၁၆ အလွန်မှာ နိုင်ငံတကာက Investor တွေ၊ ကုမ္ပဏီကြီးတွေက ပိုပြီးဝင်ရောက်လာမယ့် အလားအလာရှိပါတယ်။ ဒီလိုဝင်ရောက်လာတာနဲ့အမျှ Advertising လုပ်ငန်းတွေက ပိုပြီး Dynamic ဖြစ်လာမယ်လို့ ယူဆပါတယ်။

နိုင်ငံခြားကုမ္ပဏီကြီးတွေက ကိုယ့်ရဲ့ Advertising လုပ်ငန်းထဲဝင်လာတဲ့အခါ ပြည်တွင်းလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားပါသလဲ . . .

ကျွန်တော်တို့ဘက်က Merge လုပ်မလား၊ Acquisition လုပ်မလား၊ ဒါမှမဟုတ် သူတို့ကို ကိုယ့်ရဲ့ Competitor အဖြစ် သတ်မှတ်ရမလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ သူတို့နဲ့တွဲဖက်ပြီး Partner အဖြစ် နှစ်ဖက်စလုံးမှာ အပြန်အလှန်ရှိကြတဲ့ အားနည်းချက်၊ အားသာချက်တွေကို Synergy Approach နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်လက်တွဲလုပ်တာမျိုးကလည်း ပိုကောင်းတဲ့ရွေးချယ်မှုလို့ ထင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်က ကိုယ့်လုပ်ငန်းနဲ့ သင့်လျော်ကိုက်ညီမှုရှိတဲ့ မှန်ကန်တဲ့ Partner မျိုးကို ရွေးချယ်ရှာဖွေနိုင်ဖို့တော့ လိုအပ်ပါတယ်။

စီးပွားရေးပညာရပ်တွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူဖြစ်တာတွေက လက်တွေ့အလုပ်မှာ ဘယ်လိုအကျိုး ရလဒ်တွေ ရစေပါသလဲ . . .

ကျွန်တော်တို့သင်ရတာကတော့ နိုင်ငံတကာရဲ့ Case နဲ့ သီအိုရီပိုင်းတွေပါ။ ဒါပေမယ့် အလုပ်ထဲမှာတော့ ကိုယ့်နိုင်ငံ ကိုယ့်အလုပ်နယ်ပယ်နဲ့ Tailor ဖြစ်အောင် လက်တွေ့အသုံးချရပါတယ်။ လက်တွေ့လုပ်ငန်းထဲမှာ ကြိုတင်မစဉ်းစားဘဲ လုပ်ပြီးမှ မှားသွားခဲ့တဲ့အမှားတွေကို စာအုပ်ထဲက သီအိုရီက မီးမောင်းထိုးပြထားတဲ့အတွက် အမှားတွေကို Correction လုပ်နိုင်တာကြောင့် ကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ဆောင်ရွက်လာနိုင်ပါတယ်။

လုပ်ငန်းမှာ Innovative ဖြစ်အောင်ကြိုးစားလေ့ရှိတယ်လို့ ဆိုထားတော့ ကိုယ့်ရဲ့ Knowledge ကို အမြဲ Upgrade ဖြစ်အောင် ဘယ်လိုလုပ်ပါသလဲ . . .

ကျွန်တော့်ရဲ့ဝါသနာကိုက စာဖတ်တာဖြစ်တဲ့အတွက် စာပေကရရှိတဲ့ ဗဟုသုတနဲ့ Practical Workplace က ရလာတဲ့ Experience တွေကို Review လုပ်ပြီး ကိုယ့်လုပ်ငန်းကို ပိုကောင်းအောင်လို့ အမြဲတမ်း Continuous Learning လုပ်ပြီး Upgrade ဖြစ်အောင် အမြဲကြိုးစားသင်ယူလုပ်ကိုင်နေရပါတယ်။

အလုပ်တွေများတဲ့အတွက် ရလာတဲ့ Stress တွေကို ဘယ်လို လျော့ချလေ့ရှိပါသလဲ . . .

အဓိကကတော့ Emotional Management က အင်မတန် အရေးကြီးပါတယ်။ Stress ဖြစ်စေတဲ့ အကြောင်းအရာကို အရင်ဆုံးရှာဖို့လိုပါတယ်။ ပြီးတော့ အဲဒါကို  Release လုပ်ဖို့ကတော့ Self-Management က အရေးကြီးပါတယ်။ အဲဒီအတွက် တရားထိုင်တာက တအားကောင်းပါတယ်။ Gym ဆော့တာ၊ Yoga ဆော့တာတွေ လုပ်ပါတယ်။ နောက်ပြီး ကျွန်တော်ဝါသနာပါရာ စာဖတ်တယ်။ လမ်းပေါ်မှာ၊ ကားပေါ်မှာဆိုရင်လည်း သီချင်းနားထောင်ဖြစ်ပါတယ်။ ညပိုင်းမှာ ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။

လတ်တလောလုပ်ဖြစ်တဲ့ CSR လုပ်ငန်းတွေနဲ့ CSR လုပ်တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေဆိုရင် . . .

ကျွန်တော်က အရင်ကတည်းက ပရဟိတလုပ်ရတာကို နှစ်သက်ပါတယ်။ 1st Milky Way ကုမ္ပဏီတည်ထောင် ပြီးနောက်ပိုင်း ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်ဖြစ်တော့ စနေ၊ တနင်္ဂနွေနေ့တိုင်း နာဂစ်ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ နေရာတွေကိုသွားပြီး လှူဒါန်းမှုတွေ၊ အားပေးမှုတွေကို လုပ်ဖြစ်ပါတယ်။ အခုလည်း ရေဘေးသင့်ဒေသတွေကို သွားပြီး ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်းလှူဒါန်းမှုတွေ၊ ကျန်းမာရေး စောင့်ရှောက်တာတွေ၊ စိတ်ဓာတ်မြှင့်တင်တဲ့အစီအစဉ်တွေကို အများကြီးလုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှာ CSR လုပ်ငန်းသုံးမျိုးကို ကျင့်သုံးနေပါတယ်။ အရပ်ဘက်၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Philanthropy လှူဒါန်းမှုတွေ ပြုလုပ်တယ်။ အခါအခွင့်သင့်တဲ့တစ်ချိန်ချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း ပရဟိတလုပ်ငန်းတစ်ခုကို ထူထောင်ဖို့ အစီအစဉ်ရှိပါတယ်။ ဒုတိယတစ်ခုက Ethical Maketing ဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့လျော်ညီစွာ ဈေးကွက်ကို ထိုးဖောက်ပါတယ်။ မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကြော်ငြာတာ၊ ဆွဲဆောင်တာမျိုး မလုပ်ဘူး။ လုပ်ငန်းတူသူတွေရဲ့ဝန်ထမ်းတွေကို ယူမသုံးဘူး။ အဲဒါတွေကို ရှောင်ရှားပြီး ဖောက်သည်ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ CSR ကိုပဲလုပ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ HR Based CSR ပါ။ ဝန်ထမ်းတွေရဲ့အကျိုးစီးပွားအတွက် စီမံကိန်းတွေ ချပြီးတော့ အလုပ်လုပ်ဖြစ်ပါတယ်။ ဒါတွေလုပ်ခြင်းကြောင့် ဝန်ထမ်းတွေက ကိုယ်လုပ်တဲ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ဂုဏ်ယူဝံ့ကြွားမှုရှိမယ်။ ပျော်ရွှင်တဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မယ်။

CSR ဆောင်ရွက်ချက်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ဖောက်သည်တွေ၊ ကိုယ့်ရဲ့ပါတနာတွေက တခြားကုမ္ပဏီတွေထက် စိတ်ကျေနပ်မှုပိုရနိုင်မယ်။ MyanTour က သွေးလှူဘဏ်နဲ့ ချိတ်ဆက်ထားတဲ့အတွက် MyanTour နဲ့ ခရီးသွားတဲ့သူတိုင်းသည် MyanTour ရဲ့ အကျိုးအမြတ်တစ်ဝက်နဲ့ သွေးလှူပြီးသားဖြစ်မယ်။ Milky Way ဆိုရင်လည်း MANA (Myanmar Anti Narcotic Association) ကို ပုံမှန်လှူဒါန်းဖြစ်ပါတယ်။ နောက်ပြီး စိတ္တဇဝေဒနာသည်တွေအတွက်လည်း လှူဒါန်းဖြစ်ပါတယ်။ ဒါကြောင့် Milky Way မှာ ကြော်ငြာဆိုင်းဘုတ် ငှားရမ်းတဲ့ Client တိုင်း၊ ကုမ္ပဏီတိုင်း၊ လုပ်ငန်းရှင်တိုင်းဟာ တစ်တပ်တစ်အား ပါဝင်လှူဒါန်းပြီးသား ဖြစ်သွားမှာပါ။  ဒီတော့ ဖောက်သည်တွေအနေနဲ့ ပီတီတစ်ခု၊ စိတ်ကျေနပ်မှုတစ်ခုအဖြစ် ရရှိနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ကုမ္ပဏီရဲ့ Image လည်း ပိုပြီးကောင်းလာမှာ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျခံပြီး ကြော်ငြာတာထက်စာရင် လူတွေရဲ့ Word of Mouth ကနေပြီး ပိုသိလာမယ်။ လူတွေရဲ့ Trust ကို ရရှိလာမယ်။ ဒါကြောင့် CSR လုပ်ငန်းတွေက ကုသိုလ်လည်းရ၊ ဝမ်းလည်းဝစေတဲ့ လုပ်ငန်းဖြစ်ပါတယ်။

နန္ဒာနေဝင်း