1 How to Fly a Horse by Kevin Ashton (January 20)
ဒီစာအုပ်ရေးသူဟာ Internet of Things ဆိုတဲ့ဝေါဟာရကို တီထွင်အသုံးပြုခဲ့သူဖြစ်တယ်။ ဒီဝေါဟာရရဲ့ဆိုလိုရင်းကတော့ အင်တာနက်ကိုအကြောင်းပြုပြီး လူအချင်းချင်းနဲ့ စက်ပစ္စည်းကိရိယာအချင်းချင်းသာမက လူနဲ့စက်အပြန်အလှန် ဆက်သွယ်လာနေပုံကို ဆိုလိုရင်းဖြစ်တယ်။ ဒီစာအုပ်ထဲမှာသူဟာ ဘာကြောင့်ဘယ်လိုအသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လာရသလဲဆိုတာကို ရှင်းလင်းတင်ပြထားတယ်။ တီထွင်မှုတွေဖြစ်ပေါ်လာတာဟာ သာမန်ထက်လွန်ကဲတဲ့ လုပ်ဆောင်ကြိုးပမ်းမှုတွေကြောင့်ဆိုတာထက် သာမန်လုပ်ကိုင်မှုလေးတွေကြောင့်ဖြစ်တာ ပိုများတယ်လို့ သူကလေ့လာတင်ပြထားတယ်။2 Getting to Yes With Yourself by William Ury (January 20)
လူ့ဘဝရဲ့ ညှိနှိုင်းရတဲ့အလုပ်တွေထဲမှာ မိမိကိုယ်မိမိ ညှိနှိုင်းရတာအခက်ခဲဆုံးဖြစ်တယ်။ စာရေးသူဟာ ညှိနှိုင်းအဖြေရှာနည်းတွေပါတဲ့ Getting to Yes ဆိုတဲ့လူကြိုက်များတဲ့စာအုပ်ကို ပူးတွဲရေးသားခဲ့သူဖြစ်တယ်။ အခုစာအုပ်ထဲမှာတော့ သူများတွေနဲ့ ဆွေးနွေးညှိနှိုင်းရတာမဟုတ်ဘဲ မိမိကိုယ်မိမိဆွေးနွေးညှိနှိုင်းအဖြေရှာနည်းကို ဖော်ပြထားပါတယ်။3 Bow by Peter Diamandis and Steven Kotler (February 3)
ဒီစာအုပ်ရေးသူတွေဟာ Abundance ဆိုတဲ့ရောင်းအားကောင်းတဲ့စာအုပ်ကို ပူးတွဲရေးခဲ့ကြသူတွေဖြစ်ကြတယ်။ အခုအခါ စီးပွားရေးကို အောင်အောင်မြင်မြင် စတင်စွန့်စားလုပ်ကိုင်ရင်း လူ့လောကကို အကျိုးပြုနေကြတဲ့လုပ်ငန်းတွေ ပိုမိုအလျင်အမြန်တိုးပွားလာတာ တွေ့နေရတယ်။ အဲဒီလုပ်ငန်းတွေမှာ အသုံးပြုတဲ့နည်းပညာ၊ စိတ္တဗေဒနဲ့ အပေါင်းအသင်းအဆက်အသွယ်ကောင်းကြပုံတွေကို တင်ပြထားပါတယ်။ စာရေးသူတစ်ဦးဖြစ်တဲ့ Peter Diamandis ဟာကုသိုလ်ဖြစ် Singularity University တက္ကသိုလ်ကိုတည်ထောင်ပြီး ပညာရေး၊ လူမှုရေးတွေမှာ ထူးချွန်သူတွေကို အားပေးတဲ့အနေနဲ့ပြိုင်ပွဲတွေ ကျင်းပပေးပြီး ဆုချီးမြှင့်ပေးနေတဲ့ XPRIZE ဆိုတဲ့အဖွဲ့ကိုလည်းတည်ထောင်ခဲ့ပါတယ်။ အဲဒါတွေရဲ့ အတွေ့အကြုံတွေကို အခုစာအုပ်မှာ တင်ပြထားတာဖြစ်တယ်။ နည်းပညာကုမ္ပဏီဆယ်ခုကျော်နဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Branson ၊ Page စသူတို့အကြောင်းလည်းပါဝင်တယ်။4 Yes,And by Kelly Leonard and Tom Yorton (February 3)
Second City Comedy Show လို့ခေါ်တဲ့ဖျော်ဖြေရေးပွဲမှာပါဝင်ကြသူတွေဟာ ကြိုတင်ဇာတ်တိုက်ထားခြင်းမရှိဘဲ ကြုံသလိုဖန်တီးသရုပ်ဆောင်ကြရတယ်။ ဒီစာအုပ်ထဲမှာ အဲဒီလိုရုတ်ချည်းတီထွင်ဉာဏ်သုံးပြီး သရုပ်ဆောင်ဖျော်ဖြေရေးမှာ ကျွမ်းကျင်သူတွေက သူတို့အသုံးပြုခဲ့တဲ့နည်းနာတွေကို တင်ပြထားတယ်။ Fortune 500 မှာ ဖော်ပြခြင်းခံရတဲ့ ကုမ္ပဏီတွေကျင့်သုံးတဲ့ တီထွင်ဆန်းသစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနည်းနာများ၊ စိတ်ကျဉ်းကျပ်မှုကို သက်သာအောင်လုပ်တဲ့ အားကစားတွေရဲ့နည်းနာတွေနဲ့ ကုမ္ပဏီတွေရဲ့မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းလင်းသင်ကြားကြပ်မတ်ပေးတဲ့သူတွေဟာ သူတို့ရဲ့သင်ကြားမှုတွေကို မငြီးငွေ့ရအောင် ကျင့်သုံးတဲ့နည်းနာများစတာတွေကို တင်ပြထားတာဖြစ်တယ်။ သူတို့ရဲ့ကျပန်းတီထွင်တဲ့နည်းကို ရုံးတွေမှာလည်းသုံး၊ ထမင်းစားပွဲမှာလည်းသုံးရတဲ့နည်းတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့လည်း ရေးသားထားတယ်။5 The XYZ Factor editied by Nancy Lublin and Alyssa Ruderman (February 3)
ဒီစာအုပ်ကတော့ လူငယ်တွေ အထူးသဖြင့် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ မွေးဖွားလာကြသူတွေကို စိတ်ဓာတ်ခွန်အားပေးတဲ့စာအုပ်ဖြစ်ပါတယ်။6 Act Like a Leader, Think Like a Leader by Herminia Ibarra (February 10)
ပထမစဉ်းစားပြီး နောက်မှလုပ်ကိုင်မယ့်အစား ခေါင်းဆောင်လုပ်သူတွေဟာ စမ်းသပ်လုပ်ကိုင်ဖို့လိုပြီး အဲဒီလိုလုပ်ကိုင်လို့ရတဲ့ အတွေ့အကြုံတွေအရသာဆောင်ရွက်သင့်ကြောင်း တင်ပြထားတယ်။7 Better Than Before by Gretchen Rubin (March 17)
စာရေးသူဟာThe Happiness Project ဆိုတဲ့စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး အခုစာအုပ်ထဲမှာတော့ မလိုအပ်တဲ့အကျင့်တွေကို ဘယ်လိုဖျောက်ပြီး လိုအပ်တဲ့အကျင့်တွေကို ဘယ်လိုရအောင်လုပ်ရသလဲဆိုတာပြထားတယ်။ တွေ့ကရာစားနေချင်တဲ့အကျင့်ကိုဖျောက်ဖို့ ၊ အားကစားလုပ်ရမှာ ပျင်းနေတဲ့အကျင့်ကိုဖျောက်ဖို့တို့ကအစ အလုပ်ကိုဖင့်နွှဲ့နေတတ်တဲ့ အကျင့်နဲ့ ငွေစုဆောင်းတဲ့အကျင့်တွေအထိ အကျင့်မျိုးစုံပါဝင်တယ်။8 Work Rules! by Laszlo Bock (April 7)
ဒီစာအုပ်ထဲမှာ Google ရဲ့ လူ့အရင်းအမြစ်ဆိုင်ရာဌာနရဲ့ အကြီးအကဲဖြစ်သူက ဝန်ထမ်းတွေကို ခန့်အပ်ရာမှာ အင်တာဗျူးလုပ်ပုံ၊ ခန့်ထားပုံ၊ ဝန်ထမ်းဖြစ်လာရင် အလုပ်ကြိုးစားချင်အောင် အားပေးပုံ၊ အရည်အချင်းပိုကောင်းအောင် လုပ်ပေးပြီး အဆင့်မြှင့်ပေးပုံ၊ ပြီးတော့ ဝန်ထမ်းတွေ မြဲအောင်ထိန်းထားပုံစတာတွေကို တင်ပြထားတယ်။9 Surprise by Tania Luna and LeeAnn Renninger (April 7)
အံ့အားသင့်ခြင်း၊ အံံ့သြရခြင်းအကြောင်းတွေကို တင်ပြထားပါတယ်။10 No One Understands You and What to Do About It by Heidi Grant Halvorson (April 14)
ကိုယ့်သိက္ခာကိုထိန်းရင်း ကိုယ့်ကိုသူများတွေက ပိုပြီးအကောင်းမြင်လာအောင် လုပ်ဆောင်ပုံတွေကို တင်ပြထားတယ်။11 The Eureka Factor by John Kounios and Mark Beeman (April 14)
တစ်ခုခုကို ရှာဖွေတွေ့ရှိသွားတဲ့အခါ စိတ်မှာဘယ်လိုခံစားသွားရသလဲဆိုတာ အကြောဆိုင်ရာသိပ္ပံပညာရှင်တွေရဲ့ သုံးသပ်ဆန်းစစ်ချက်တွေဖြစ်တယ်။12 The Road to Character by David Brooks (April 21)
အကျင့်သီလဆိုင်ရာတွေကို တင်ပြထားပြီး ဘယ်လိုအကျင့်သီလကောင်းအောင် နေထိုင်ကျင့်ကြံရမယ်ဆိုတာ တင်ပြထားတယ်။13 Triggers by Marshall Goldsmith (May 19)
ပြုမူကျင့်ကြံပုံပြောင်းလဲရေးကို အကြံပေးထားတာတွေ ဖြစ်တယ်။14 The Misfit Economy by Alexa and Kyra Maya Phillips (June 16)
ဆန်းသစ်တီထွင်မှုနဲ့ စွန့်စားဆောင်ရွက်လုပ်ကိုင်နိုင်မှုဆိုတာတွေကို ပင်လယ်ဓားပြတွေနဲ့ လူဆိုးဂိုဏ်းတွေဆီက သင်ယူရရှိနိုင်ပါသလား။ စီးပွားရေးသမိုင်းနဲ့ နိုင်ငံရေးဘောဂဗေဒဘာသာရပ်တွေကို လေ့လာနားလည်ထားပြီးဖြစ်တဲ့ အခု စာရေးဆရာနှစ်ယောက်ကတော့ စာအုပ်တွေကိုထားခဲ့ပြီး လက်တွေ့ကွင်းဆင်းလေ့လာရာကနေ ကွန်ပျူတာနည်းပညာနယ်မြေ (Silicon Valley) ကလူသိများပြီးသားလူတွေအကြောင်း အာရုံစိုက်လေ့လာရာမှာ သတိမထားမိတဲ့အချက်တွေကို တင်ပြထားတယ်။15 Clay Water Brick by Jessica Jackley (June 23)
စာရေးသူဟာ Kiva ဆိုတဲ့လူတိုင်းအတွက် အသေးစားချေးငွေလုပ်ငန်းကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး သူကိုယ်တိုင်လည်း ကျွမ်းကျင်တဲ့စီးပွားရေးလုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တယ်။ လူမှုရေးကိစ္စတွေမှာ နည်းနည်းနဲ့ကျဲကျဲထိရောက်အောင် စွမ်းဆောင်လုပ်ကိုင်နိုင်ခဲ့ကြသူတွေရဲ့အကြောင်းနဲ့ သူတို့ဆီကရတဲ့ သင်ခန်းစာတွေကိုတင်ပြထားပါတယ်။
ညွှန့်သောင်း