၁၁ ကြိမ်မြောက် ASEAN Leadership Forum နေပြည်တော်တွင်ကျင်းပ

    article landscape wartermark final4 article landscape wartermark final article landscape wartermark final2   Asian Strategy & Leadership Institute(ASLI) နဲ့ မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် (UMFFCI) တို့ပူပေါင်းစီစဉ်ကျင်းပတဲ့ ၁၁ ကြိမ်မြောက် ASEAN Leadership Forum ကို ၂၀၁၄ ခုနှစ်၊ မေလ ၁၁ - ၁၂ ရက်နေ့မှာ Myanmar International Convention Centre II မှာ ကျင်းပခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာကျင်းပခဲ့တဲ့ အကြိုညစာစားပွဲကို နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အင်ဒိုနီးရှားသမ္မတ Dr H Susilo Bambang Yudhoyono ၊ အာဆီယံခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့ စီပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မေလ ၁၂ ရက်နေ့မှာကျင်းပတဲ့ Forum ဒုတိယမြောက် နေ့မှာ ASEAN Leadership Forum ရဲ့ Title Sponsor ဖြစ်တဲ့ Axiata Group Berhad ရဲ့ Group Chief Executive Officer Mr Mohamad Idham Mawawi အဖွင့်မှတ်ချက်စကားပြောကြာခဲ့ပြီး AEC အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုအခြေအနေတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး  ASEAN Economic Community – Creating Regional Prosperity, Resilience and Opportunities  ၊ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြံရေး ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး Political Leaderhip in ASEAN – Role of Government and Think Tanks Towards the ASEAN Political & Security Community ၊  အာဆီယံမှာ အမျိုးသမီးတွေနဲ့ ထွန်းသစ်စလူငယ်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး Towards a People Centered ASEAN – The viewpoints of Women and Emerging Young Leaders in Achieving the ASEAN Social and Cultural Community နဲ့ ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး  Enhancing ASEAN Connectivity and Regional Partnerships ဆိုတဲ့ ခေါင်းစဉ်လေးခုနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ Forum ပိတ်ပွဲမှာ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားခဲ့ပြီး ASEAN Leadership Forum ရဲ့ဥက္ကဋ္ဌ  Mr Tan Sri Michael Yeohက ကျေးဇူးတင်စကားပြောကြားပြီး Forum ကို ရုပ်သိမ်းခဲ့ပါတယ်။ article landscape wartermark final6 article landscape wartermark final5 article landscape wartermark final3 article landscape wartermark final5 article landscape wartermark final3 article landscape wartermark final2   article landscape wartermark final4 article landscape wartermark final6  article landscape wartermark final8