အာဆီယံရဲ့ စီးပွားရေးတိုးတက်မှုအလားအလာ
အာဆီယံဒေသရဲ့ စီးပွားရေးတိုးတက်မှုဟာ ၂၀၂၀ ပြည့် နှစ်မှာ နှစ်ဆ(အမေရိကန်ဒေါ်လာ ၄.၇ ထရီလီယံ) ကြီးထွား လာဖို့ မျော်မှန်းထားပြီး အာရှဒေသက ထွန်းသစ်စဈေးကွက် နိုင်ငံတွေဟာလည်း အဲဒီကာလအတွင်းမှာပဲ ကမ္ဘာမှာ တိုး တက်ကြီးထွားမှုနှုန်းအမြန်ဆုံးဖြစ်လာမယ်လို့ မျော်မှန်းထား ပါတယ်။ အာဆီယံရဲ့ကုန်သွယ်မှု ပမာဏဟာ ၂၀၀၄ ခု နှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ ၂.၃ ဆ (အမေရိကန်ဒေါ်လာ ၂၆၁ ဘီလီယံကနေ ၆၀၁ ဘီလီယံအထိ) တိုးတက်ခဲ့ပြီး အခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် ဆက်လက်တိုးတက်ဖို့ အ လားအလားတွေ အများကြီး ရှိနေပါတယ်။အာဆီယံရဲ့စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ မိုဘိုင်း ဆက်သွယ်ရေး
ကမ္ဘာပေါ်မှာ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေဟာ လက်ရှိအ ချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ Ericsson ကုမ္ပဏီရဲ့ လေ့လာချက်တစ်ခုအ ရ ၂၀၁၇ ခုနှစ်ကျရင် ကမ္ဘာ့လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ 3G Network ကို အသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။ ယနေ့ခေတ်မှာ လူအများစုဟာ အင်တာနက်အသုံးပြုဖို့အတွက် မိုဘိုင်းပစ္စည်းတွေကို အဓိကအသုံးပြုလာကြပါတယ်။ မိုဘိုင်း ဆက် သွယ်ရေးကြောင့် ကမ္ဘာတစ်ဝန်းမှာ စီးပွားရေး အကျိုး အမြတ်ဖြစ်ထွန်းတာတွေကို တွေ့မြင်ခဲ့ရပြီးဖြစ်သလို Mobile Broadband သုံးစွဲမှု ၁၀ ရာခိုင်နှုန်းတိုးတက်လာမှုဟာ ခန့် မှန်းခြေအားဖြင့် ရေရှည်တည်မြဲတဲ့ GDP တိုးတက်မှု ၁ ရာ ခိုင်နှုန်းကို တိုးတက်ဖြစ်ထွန်းစေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ ဘဏ်ရဲ့ ဖိလစ်ပိုင်နိုင်ငံကို လေ့လာဆန်းစစ်မှုတစ်ခုအရ ဖိ လစ်ပိုင်နိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲမှုဟာ ဝင်ငွေအမြင့်မားဆုံး ရရှိမှုနှုန်းနဲ့ ဆက်စပ်နေပြီး စားသုံးသူတွေရဲ့အပြုအမူအပေါ် ဆန်းစစ်လေ့လာချက်အရ ၁၁ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင် နှုန်းအတွင်းရှိတယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေမှာ မိုဘိုင်းဖုန်းသုံးစွဲသူဦးရေဟာ Bank Account သုံးစွဲသူဦးရေ ထက်များပြီး နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကွဲပြားမှုရှိပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဘဏ်နဲ့ ထိတွေ့ဆက်သွယ်သူလူဦးရေ ၂၀ ရာခိုင်နှုန်းပဲရှိပြီး မိုဘိုင်းဖုန်းသုံးစွဲသူဦးရေကတော့ ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အဲဒီအချက်တွေကို ကြည့်ခြင်း အားဖြင့် အာဆီယံမှာ မိုဘိုင်းဆက်သွယ်ရေးဟာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုအများ ကြီးရှိနေတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။AEC ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးရလဒ်တွေ
၂၀၁၅ ခုနှစ်မှာ AEC အကောင်အထည်ဖော်ချမှတ်ထားတဲ့ ရည်မှန်းထားချက်တွေအားလုံးသာ ပြီးမြောက်အကောင် အထည်ပေါ်လာမယ်ဆိုရင် အာဆီယံဒေသတွင်းမှာ ဝင်ငွေ ရရှိမှု ပမာဏဟာ ပျမ်းမျအနေနဲ့ ၅ ရာခိုင်နှုန်းတက်လာမှာ ဖြစ်ပါတယ်။ လေကြောင်းလုပ်ငန်းနယ်ပယ်ကို ကြည့်မယ်ဆို ရင် AEC ကြောင့် အကျိုးအမြတ် အမြောက်အမြား ဖြစ် ထွန်းလာမှာ ဖြစ်တယ်။ ယှဉ်ပြိုင်မှုတွေ များလာမှာဖြစ်တဲ့ အတွက် လေယာဉ်လက်မှတ်ဈေးနှုန်းပိုသက်သာလာပြီး ပိုမို ကောင်းမွန်တဲ့ကုန်စည်ပို့ဆောင်မှုတွေ ပေါ်ပေါက်လာမှာပါ။ ခရီးသည်တွေဝင်ရောက်မှု များပြားလာမှာဖြစ်သလို လေ ကြောင်းလုပ်ငန်းနယ်ပယ်လည်း ကြီးထွားလာမှာဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းတွေကို ပိုပြီးဖန်တီးပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အင်ဒိုနီးရှားမှာ Open Skies မူဝါဒသာ အပြည့်အဝအကောင်အထည်ပေါ်လာမယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ GDP ကို အမေရိကန်ဒေါ်လာ သန်း ၆၇၀ တိုးလာစေမှာဖြစ်ပြီး ခရီးသည်ဝင်ရောက်မှုကလည်း ၁၆.၃ သန်းတိုးလာမယ်လို့ သိရပါတယ်။ လေယာဉ်လက်မှတ် ဈေးနှုန်း ၂.၅ ရာခိုင်နှုန်း သက်သာလာမှာဖြစ်ပြီး ကုန်စည် ပို့ဆောင်မှုက တန်ချိန် သုံးသိန်းတိုးလာမှာဖြစ်တယ်လို့ သိ ရပါတယ်။အာဆီယံမှာ အမျိုးသမီးတွေနဲ့ လူငယ်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ
စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့မှာ သက် ကြီးလူဦးရေ များလာပေမဲ့ အာဆီယံဟာ အင်မတန်ငယ် ရွယ်တဲ့လူဦးရေးကိုပိုင်ဆိုင်ဖို့ အလားအလာ ရှိနေပါတယ်။ အာဆီယံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၃၅ နှစ်အောက်ဖြစ်ပြီး သူတို့ဟာ အာဆီယံရဲ့ အနာဂတ်ကို ပုံဖော်ကြမယ့်သူတွေဖြစ်ပါတယ်။ အာဆီယံမှာ တောက်ပတဲ့ အနာဂတ်ရှိနေပေမဲ့ ယာယီကြုံတွေ့နေရတဲ့ပြဿနာတွေက တော့ ရှိနေမှာပဲဖြစ်တယ်။ အာဆီယံဒေသတစ်ဝန်းမှာ တစ် နိုင်ငံနဲ့ တစ်နိုင်ငံ ယုံကြည်ချက်တွေ၊ သဘောထားအမြင်တွေ၊ ဘာသာရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာကွဲပြားမှုတွေ ရှိနေ ပေမယ့် အာဆီယံလူထုအားလုံးဟာ တန်းတူညီမျရှိမှု၊ တာ ဝန်ခံမှု၊ တိုးတက်ကြီးထွားမှု၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းကာကွယ်စောင့်ရှောက်ရေးနဲ့ လူမှုရေးတာဝန်ယူမှုရှိတဲ့ စီးပွားရေးချဲ့ထွင်မှုကို အလေးထားမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက ပညာရေးကဏ္ဍကို မြှင့်တင်ဖို့ဖြစ် ပါတယ်။ သင့်လျော်တဲ့ အတန်းပညာကို လက်လှမ်းမီ သင် ယူနိုင်တဲ့ အခွင့်အလမ်းတွေ အထူးသဖြင့် အခြေခံပညာရေး ကိုသင်ယူနိုင်ဖို့က အရေးကြီးပါတယ်။ အာဆီယံနိုင်ငံ အများ စုမှာ စာရေးတတ်ဖတ်တတ်တဲ့ အသက် ၁၅ နှစ်နဲ့အထက် စာတတ်မြောက်မှုနှုန်းဟာ ၉၀ ရာခိုင်နှုန်းလောက်ရှိပေမဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်းဟာ ၇၀ ရာခိုင် နှုန်းလောက်ပဲရှိတဲ့ ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာတော့ လုပ်စရာတွေအများကြီးရှိနေပါတယ်။ အဆင့်မြင့်ပညာရေးနဲ့ပတ် သက်ပြီး အာဆီယံဒေသဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဖိုရမ်မှာ ပါဝင်ဆွေးနွေးးခဲ့သူတွေနဲ့ တက်ရောက်လာသူ အချို့ရဲ့သုံးသပ်ချက်အမြင်တွေကို ဖော်ပြလိုက်ပါတယ်။Tan Sri Dato Dr Michael Yeoh
Chief Executive Officer/Director
Asian Strategy & Leadership Institute
ဒီဖိုရမ်ကတော့ ကျွန်တော်တို့ တစ်နှစ်တစ်ကြိမ် နှစ်စဉ်ဦးစီး ကျင်းပနေတဲ့ ဖိုရမ်ဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ အာဆီယံရဲ့ အနာဂတ်၊ စိန်ခေါ်မှုတွေနဲ့ အာဆီယံဒေသ ပိုမိုဖွံ့ဖြိုးတိုးတက် ဖို့အတွက် ဘာတွေကိုလုပ်ဆောင်နိုင်မလဲ စတာတွေနဲ့ပတ် သက်ပြီး အတူတကွဆွေးနွေးဖို့ ရည်ရွယ်ကာ ကျင်းပရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ကောင်း ကောင်း လက်ခံကျင်းပနိုင်ခဲ့တယ်လို့ထင်ပါတယ်။ တောင် တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ သဘောထားကြေ ညာချက်ကို ထုတ်ပြန်နိုင် ခဲ့တာဟာ အရေးပါတဲ့ ပဏာမခြေလှမ်းတစ် ရပ်ဖြစ်ပါတယ်။ မြန် မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲမှု လမ်း ကြောင်းမှန်ပေါ်မှာ သွားနေပြီး ပြုပြင် ပြောင်းလဲမှုအရှိန်အ ဟုန်ကို အနည်းငယ် ထပ်ပြီးတိုးမြှင့်နိုင်ပါ သေးတယ်။ ပုံမှန်အားဖြင့် ဒီဖိုရမ်ကနေ ထွက်ပေါ်လာတဲ့ရ လဒ်တွေကို အစီရင်ခံစာအနေနဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးအတွက် ထုတ်ပြန်ပေးပါတယ်။ အာဆီယံဝန်ကြီး တွေနဲ့ အာဆီယံခေါင်းဆောင်တွေကိုလည်း ဒီအစီအရင်ခံစာကို ဝေမျပေးမှာပါ။Dr Serge Pun
Chairman, SPA Group and Yoma Strategic Holdings Limited
စီးပွားရေးအသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ စီးပွားရေးလုပ် ငန်းရှင်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် အာဆီယံပေါင်း စည်းမှုနဲ့ပတ်သက်ပြီး အကောင်းမြင်သလို တစ်ဖက်မှာလည်း သံသယရှိနေပါတယ်။ အကောင်းမြင်တဲ့အချက်ကတော့ အာဆီယံပေါင်းစည်းရေး (ASEAN Integragion) အတွက် အိပ်မက် (Dream) နဲ့ ပြင်းပြတဲ့ရည်မှန်းချက်(Aspiration) ရှိလို့ ဖြစ်ပါတယ်။ ဘာမဆို စိတ်ကူးအိပ်မက်ကနေ အစပြု တာပါ။ အဲဒီအတွက် တစ်စုံတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်။ သံသယရှိတယ် ဆိုတာကတော့ အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံကို စီးပွားရေးအရ ပေါင်းစည်းဖို့ဆိုတဲ့နေရာမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေတဲ့ အတွက်ဖြစ်တယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေဟာ အာ ဆီယံပေါင်းစည်းရေးအတွက် တွန်းအားပေးရွေ့လျားစေတဲ့ သူတွေ (Movers ) မဟုတ်ပါဘူး။ အစိုးရက မရွေ့လျားဘူး ဆိုရင် ကျွန်တော်တို့လည်း ရှေ့ဆက်သွားလို့မရပါဘူး။ အစိုး ရက ခွင့်ပြုသလောက်ပဲ ကျွန်တော်တို့က ရှေ့ဆက်သွားလို့ရပါ တယ်။ စီးပွားရေးအသိုင်းအဝိုင်းကတော့ ကူညီထောက်ပံ့ဖို့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်း ဖို့နဲ့ ကြီးထွားတိုးတက်ဖို့အ တွက် တွန်းအားပေးဖို့ အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ဒါပေ မဲ့ အဆုံးတစ်နေ့မှာတော့ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်လာဖို့အတွက် အစိုးရကပဲ လမ်းဖောက်ရမှာပါ။ အာဆီ ယံစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ AirAsia ရဲ့ အ ကြီးအကဲ ွှ Tony Fernandes က AirAsia ကို အာဆီယံ ကုမ္ပဏီတစ်ခု ဖြစ် လာစေချင်တယ်လို့ ဖို ရမ်တွေမှာ ပြောခဲ့ပါ တယ်။ ဒါက ပြင်းပြ တဲ့ ရည်မှန်းချက်ပါ။ ဒါပေမဲ့ အာဆီယံ ကုမ္ပဏီဖြစ်အောင် ဘယ်လိုလုပ်မလဲလို့ Tony ကို မေးမယ်ဆို ရင် သူ့မှာ အဲဒီမေး ခွန်းကို အဖြေပေးနိုင်ဖို့ အခက်အခဲတွေအများကြီးရှိမှာအသေ အချာပါပဲ။ အကြောင်းကတော့ အာဆီယံကုမ္ပဏီ တစ်ခုဖြစ် လာဖု့ိဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အာဆီယံပေါင်းစည်း ရေးကို လိုလားတယ်ဆိုရင်တော့ အာဆီယံကုမ္ပဏီတွေ အများ ကြီးရှိရမှာဖြစ်တယ်။ ဒါဟာ အာဆီယံ ဆယ်နိုင်ငံကအစိုးရ တွေအနေနဲ့ အာဆီယံကုမ္ပဏီအမြောက်အမြား ဖန်တီးနိုင်ဖို့ နည်းလမ်းရှာဖွေရာမှာ လွယ်လွယ်ကူကူ အကောင်အထည်ဖော် နိုင်တဲ့ သေးငယ်တဲ့ခြေလှမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။Mr Stuart L Dean
CEO, ASEAN
General Electric International Inc
အာဆီယံပေါင်းစည်းမှုက အာဆီယံဒေသအတွက် အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ အာဆီယံဒေသအနေနဲ့ ပြီးခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ ကုန်စည်ထုတ်လုပ်မှုအပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုကနေ တိုးတက်မှုတွေ အများကြီးရရှိထားပြီးပြီဖြစ်ပြီး အဲဒီကနေ နောက်တစ်ဆင့်အ နေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဒေသတွင်းမှာ ပရော်ဖက်ရှင် နယ်တွေ အပြန်အလှန်ရွှေ့ပြောင်းလုပ်ကိုင်မှုနဲ့ ဘဏ္ဍာရေး ဈေး ကွက်တွေ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို တိုးမြှင့် လုပ်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော်ပါဝင်ဆွေးနွေးခဲ့တဲ့ Session မှာ ကြားခဲ့ရတာကတော့ အစိုးရကဏ္ဍနဲ့ ပုဂ္ဂလိက ကဏ္ဍအကြား ကွာဟချက်တွေရှိနေ တယ်ဆိုတာပါပဲ။ ဒါပေ မဲ့ ပြဿနာတွေကို ဖော်ထုတ်အဖြေရှာဆွေးနွေးသွားခဲ့တဲ့ အတွက် အကျိုးရှိထိရောက်တဲ့ ဆွေးနွေးပွဲလို့ ဆိုရမှာပါ။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံ တွေကြား တောင် တရုတ်ပင်လယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး မ သေချာမရေရာ ဖြစ် နေချိန်မှာ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံထိပ် သီးအစည်းအဝေးကို ကောင်းကောင်းကိုင် တွယ် လက်ခံကျင်းပ နိုင်ခဲ့တာ ကို တွေ့ရပါတယ်။ နိုင် ငံရေးအရ လာဘ်မြင်တယ်လို့ ပြောရမှာဖြစ်ပြီး ဒါကလည်း တကယ်ကိုအရေးကြီးပါတယ်။ အာဆီယံရဲ့သဘောထားကို ကိုယ်စားပြုနိုင်ခဲ့တယ်လို့ ထင် ပါတယ်။ တိုးတောင်းတဲ့အချိန်ကာလအတွင်း မှာ မြန်မာ နိုင်ငံအနေနဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင် ရွက်နိုင်ခဲ့တာကို ကျွန်တော့်အနေနဲ့ အံ့သြမိပါတယ်။ မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ သူတွေ လုံးဝဥဿုံနားလည်လာပြီး တုံ့ပြန်ဆောင်ရွက်ဖို့ အချိန်အနည်းငယ်ယူရမှာဖြစ်တယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ဝင်ရောက်လာနေတာကိုတွေ့ရမှာဖြစ်သလို GE အနေနဲ့ မြန်မာနိုင်ငံကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ် ရှားပြီးနောက်ပိုင်း ပထမဆုံးပြန်လည်ဝင်ရောက်လာတဲ့ အမေရိကန်ကုမ္ပဏီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ မြန်မာ နိုင်ငံမှာ GE ရဲ့ လက်ရှိလုပ်ဆောင်မှုတွေရဲ့ တိုးတက်မှုအ ပေါ်မှာလည်း အားရကျေနပ်မှုရှိသလို မြန်မာနိုင်ငံနဲ့လက်တွဲ ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးသွားဖို့ အလေးထားသွားမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ AEC ရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့လိုပြီး အောင်မြင်တဲ့အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့အတွက်လည်းကောင်း မွန်တဲ့အလားအလာတွေရှိနေတယ်လို့ မြင်မိပါတယ်။ဦးသုတအောင်
Managing Director
HamsaHub Co Ltd
တချို့ကိစ္စတွေက နိုင်ငံတစ်နိုင်ငံတည်းလုပ်လို့မရတဲ့အ တွက် အာဆီယံဒေသတစ်ခုလုံးမှာ လုပ်နိုင်မယ့်အရာတွေကို ဒီဖိုရမ်မှာဆွေးနွေးပြီး အကောင်အထည်ဖော်ဖို့ အစပျိုးတာ ဖြစ်ပါတယ်။ အာဆီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူပြီး လုပ် ကိုင်ရတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအ တွက် လုပ်ကိုင်ရတာ ပိုမြန်လာမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ဥက္ကဋ္ဌလုပ်နေရတာဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်က စံပြဖြစ်အောင် နေရတယ်။ တစ်ချိန်တည်းမှာပဲ အာဆီယံမှာ ကိုယ်က အမြဲတမ်းနောက်ကလိုက်နေတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် ဦးဆောင် ပြီး စံပြအဖြစ်လုပ်လို့ ရမယ့် အခွင့်အရေး တွေရှိနေပါတယ်။ SME တွေက တိုင်း ပြည်ရဲ့အသက်ဖြစ်တဲ့ အတွက် SME တွေ အနေနဲ့ အလုပ်ပိုလုပ်ရမှာဖြစ်တယ်။ အစိုးရအနေနဲ့လည်း SME တွေ ပိုပြီးအလုပ်လုပ်ရလွယ်ကူအောင် ဆောင်ရွက် ပေးဖို့ လိုပါတယ်။Mr Andrew Lee (ကိုဇော်ဝင်း)
Chief Country Representative
General Electric International Inc
မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အာဆီ ယံထိပ်သီးအစည်းအဝေးနဲ့ ဒီဖိုရမ်ကို လက်ခံကျင်းပရတာ အခွင့်အရေးကောင်းတစ်ခုပါ။ ဒီဖိုရမ်က အာဆီယံပေါင်းစည်း မှုအစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ ၂၀၁၅ ခုနှစ် ဗနဃ နဲ့ ပတ် သက်ပြီး ဆွေးနွေးကြတာဖြစ်တဲ့အတွက် တကယ့်ကိုအရေးကြီး တဲ့ဖိုရမ်တစ်ခုပါ။ AEC မှာ ပိုပြီးယှဉ်ပြိုင်နိုင်စွမ်း ရှိဖို့အ တွက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပိုပြီးတော့ ကြိုးစားရမှာ ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က မကြိုးစားဘူး ဆိုရင် တခြားနိုင်ငံတွေကဝင်လာပြီး ကိုယ်လုပ်မယ့်ဟာတွေ ကို လွှမ်းမိုးချုပ်ကိုင်သွားမယ်ဆိုရင်မဖြစ်ဘူး။ ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ Capacity တိုးတက်လာအောင် မြန်မြန်ဆန်ဆန် ကြိုးစားလုပ်ဆောင်ရမယ့်အချိန် ဖြစ်ပါ တယ်။ SME တွေ များလာတာနဲ့အမျ လူတွေလည်း အလုပ် ပိုရလာကြမှာပါ။ ဒါ ပေမဲ့ SME တွေ ဖွံ့ ဖြိုးလာဖို့အတွက် Banking Sector တိုးတက်အောင် အ များကြီးလုပ်ရဦးမှာ ပါ။ ကုမ္ပဏီတစ်ခု တည်ထောင်မယ်ဆို ရင် ပိုက်ဆံ ((Capital Injection) လိုတဲ့အ တွက် ငွေချေးရမှာဖြစ် တယ်။ ဘဏ်တွေကနေ ငွေချေးတဲ့အခါမှာ တခြားနိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာက အတိုးနှုန်းကများနေတဲ့ အတွက် Competitive မဖြစ်တော့ဘူး။ ဒါကြောင့်Banking Sector မှာ Reform မြန်မြန်ဆန်ဆန်ဖြစ် ပေါ်မယ်ဆိုရင် SME တွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမှာပါ။ဒေါ်မိုးသူဇာ
ISEAS Fellow
Lead Researcher, Socio-Cultural Affairs
ASEAN Studies Centre
ဒီ ASEAN Leadership Forum က နှစ်စဉ်ကျင်းပနေတာ ဆယ်နှစ်ကျော်ကျော်လောက်ရှိပါပြီ။ သူတို့ရဲ့ရည်ရွယ်ချက် ကတော့ အစိုးရပိုင်းကပြုလုပ်သွားတဲ့ အာဆီယံထိပ်သီး ညီလာခံတွေပြီးပြီးချင်းမှာ အစိုးရပိုင်းဆိုင်ရာ ခေါင်းဆောင် တွေရဲ့ ပါဝင်ပတ်သက်မှု၊ သူတို့ဆီကရနိုင်မယ့် အမှာစကား တွေကိုလည်းယူရင်း တစ်ပိုင်းကလည်း ပုဂ္ဂလိကအခန်းကဏ္ဍအနေနဲ့ အာဆီယံအဝန်းအဝိုင်း တည်ဆောက်တဲ့အခါမှာ ဘယ်လိုပံ့ပိုးနိုင်မလဲ၊ ဘယ်လိုလှုပ်ရှားနိုင်မလဲဆိုတာကို အ သေးစိတ်ဆွေးနွေးရင်း ကျင်းပနေတဲ့ဖိုရမ်တစ်ခုပါ။ အကျိုးရ လဒ်အနေနဲ့ အစိုးရနဲ့ပုဂ္ဂလိကကြားမှာ စေ့စပ်ညှိနှိုင်းပေးတဲ့ တံတားသဘောမျိုးဖြစ်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူ တို့ဖိတ်ပြီး ဆွေးနွေးစေတဲ့ပညာရှင်တွေဆိုတာကလည်း အစိုးရကဏ္ဍပိုင်းက အရာရှိကြီးတွေ၊ သုတေသနပညာရှင်တွေ နဲ့ အာဆီယံစီးပွားရေးစနစ်တွေထဲမှာ လက်တွေ့ကျင်လည် လှုပ်ရှားနေကြတဲ့အတွေ့အကြုံကြွယ်ဝတဲ့ပုဂ္ဂလိကလုပ်ငန်း ရှင်တွေ ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းနှစ် တွေမှာဆိုရင် အာဆီယံရဲ့ စီးပွားရေးအရ ဆွဲဆောင်မှုကို သဘောကျပြီး အာဆီယံနဲ့ ပိုပြီးရင်းရင်းနှီးနှီး ထိတွေ့ဆက် ဆံချင်ကြတဲ့ ပြင်ပက ပူးပေါင်းဆောင်ရွက်ချင်တဲ့ နိုင်ငံတွေ နဲ့ အဖွဲ့အစည်းတွေပါ ပါဝင်လာပါတယ်။ အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ နေရတဲ့ မြန်မာနိုင်ငံ က အာဆီယံ Theme ဆိုပြီးချမှတ်လိုက်တာ က Moving Forward in Unity to a Peac-eful and Prosperous Community' ဖြစ် တယ်။ အဲဒါကိုကြည့် မယ်ဆိုရင် အာဆီယံမှာ အဓိကအနေနဲ့ ငြိမ်းချမ်းရေး (Peace) ၊ စီးပွားရေးအင်အားတောင့်တင်းပြီး သာယာဝပြောရေး (Prosperity)၊ Community ဆိုတဲ့ ပြည်သူလူထု (People) ဆိုတဲ့ အသိုက်အဝန်းကြီးကို တည်ဆောက်ဖို့ဖြစ်ပါတယ်။ ဒါကဒေသအဆင့်ပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်တိုး တက်နေတယ်ဆိုတဲ့ အနေအထားကို ကြည့်မယ်ဆိုရင်လည်း ငြိမ်းချမ်းရေးကို တော်တော်လေး အဓိကထားအသားပေးပြီး ကြိုးစားနေတာကို တွေ့ရပါတယ်။ သာယာဝပြောရေးကို ကြည့်မယ်ဆိုရင်လည်း အခုလိုမျိုး တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက် တာဟာ အရင်တုန်းကခေတ် စနစ်ချွတ်ယွင်းတာတွေကို ပြောင်း ဖို့သင့်ပြီဆိုတာကို သဘောပေါက်ပြီးဖွင့်လှစ်လိုက်တာမျိုး ဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရည်မျော်ပြီး စီးပွားရေးဆိုတဲ့ အူမကြီးတောင့်မှ ကျန်တဲ့ဟာတွေကို သီလ စောင့်နိုင်မယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုက မြန်မာနိုင်ငံအတွက် တော်တော်လေးကို အရေး ကြီးနေပါတယ်။ အဓိကကတော့ ဆယ်စု နှစ်ပေါင်းများစွာ ခံစားလာ ခဲ့ရတဲ့ ပြည်သူတွေရဲ့ ဘဝအဆင့်အ တန်း မြင့်မားရေးကို တကယ်တမ်း အထောက်အကူပြုနိုင်မယ်ဆိုရင်၊ National Interest နဲ့ Regional Interest ကို ညှိညှိနှိုင်းနှိုင်းဆောင် ရွက်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ Policy တွေက ဒေသအဆင့်မှာရော နိုင်ငံ အဆင့်မှာပါ အတိုင်းအတာတစ်ခု အထိ အကျိုးသက်ရောက်နိုင်လိမ့် မယ်လို့ မြင်ပါတယ်။ငြိမ်းသော်ထူး