စီးပွားရေးလုပ်ငန်းများ၏ အနာဂတ် Communication အတွက် နည်းပညာအသစ် ၁၀ ခု

IT copy Siemens Enterprise Communications  မှ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ပေါ်ထွက်လာဖွယ်ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေမှာ အသုံးပြုနိုင်တဲ့ Communication  အတွက် ခန့်မှန်းထားတဲ့ နည်းပညာဆယ်ခုအကြောင်းကို တင်ဆက်လိုက်ပါတယ်။ ၁။ Web Browsers ၂၀၁၃ ခုနှစ်နောက်ပိုင်းထွက်လာတဲ့ Web Browser တွေမှာ Real-time စွမ်းဆောင်ရည်တွေ ပါဝင်လာမှာဖြစ်ပါတယ်။   ၂။ Social Media 1.0 Social Media တွေနဲ့ပတ်သက်တဲ့ရှိလာမယ့် ပြောင်းလဲမှုတွေက စီးပွားရေးလုပ်ငန်းတွေမှာ အသုံးချနိုင်အောင်၊ ကိုက်ညီအောင်ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ အထူး သဖြင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဈေးကွက်နဲ့ ထိတွေ့နေတဲ့အပိုင်းတွေကို အထူးဦးစားပေးဆောင်ရွက်ထားမှာ ဖြစ်ပါတယ်။   ၃။ C For Cloud ယခင်က ကျွန်တော်တို့ C (ဆိုတဲ့စကားလုံး) ကို Drive C: အနေနဲ့သာ အသုံးပြုခဲ့ပါတယ်။ နောက်လာမယ့်နှစ်တွေမှာ ထို C က Drive C: အစား Cloud အနေနဲ့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Cloud နည်းပညာတိုးတက်လာတာမို့ Cloud Storage လည်း လူသုံးများလာကြပါတယ်။   ၄။ Near Field Communication (NFC) Smartphone အသုံးပြုခြင်းဖြင့် Content Sharing လုပ်တာ၊ အကန့်အသတ်မရှိ အပြန်အလှန် ဆက်သွယ်တာတွေ ကို ဆောင်ရွက်နိုင်ပြီဖြစ်တဲ့အတွက် ရေရှည်မှာ အလားအလာကောင်းတွေ ရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်လည်း Smartphone တွေ ကိုအသုံးပြုပြီး ငွေပေးချေ တာ၊ အရောင်းအဝယ် စီးပွားရေးအလုပ်ကိစ္စတွေကိုဆောင်ရွက်တာ စတာတွေကို ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။   ၅။ Car as Assistant ၂၀၁၃ ခုနှစ်နောက်မှာ ထွက်လာမယ့်ကားတွေက သင့်လက်ထောက်သဖွယ် အလုပ်လုပ်လာမှာ ဖြစ်ပါတယ်။ ကားမှာ Smartphone တွေ၊ Tabletတွေတပ်ဆင်နိုင်တဲ့ Dock  (နေရာ) တွေပါဝင်လာပြီး ကားရဲ့စနစ်အတွင်းပိုင်းအထိ ဝင်ရောက်ထိန်းချုပ်နိုင်ပါတယ်။ Dash-embedded Multimedia Led အနေနဲ့ အသုံးပြုထားပြီး ကားတစ်စီးလုံးကိုပါ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။   ၆။ Global Use of Emails ယနေ့ခေတ်မှာ  Email  က ရုံးလုပ်ငန်းတွေအတွက် သိပ်အသုံးမဝင်တော့ဘူးလို့ ပြောကြပါတယ်။ အကြောင်းရင်းက Blog နဲ့ Instant Messaging  နည်းပညာတွေတိုး တက်လာတာကြောင့်လို့ ဆိုပါတယ်။ တကယ့်လက်တွေ့မှာ Email လောက်အဆင်မပြေတာကို ကြုံတွေ့နေရပါတယ်။ တစ်ဖက်ကလည်း Email Service Provider  တွေရဲ့ကြိုးပမ်းမှုတွေ ကြောင့် Email ဟာ အရင်ကထက် Function တွေ ပိုမိုစုံလင်စွာ အသုံးပြုလာနိုင်ပါတယ်။ အထူးသဖြင့် Filtering Tools  တွေ ဖြစ်ပါ တယ်။   ၇။ Big Data Data Warehousing, Data Mining တို့ကတဆင့် ဖြစ်ပေါ်လာတဲ့ Big Data  တွေဟာ တစ်နေ့တခြား များပြားလာတာဖြစ်ပြီး အဲဒါတွေကို Communication လုပ်တာ ကလည်း မြန်ဆန်ဖို့၊ ဒါမှမဟုတ် နည်းလမ်းအသစ်တွေလိုအပ်လာပြီ ဖြစ်ပါတယ်။ အဲဒီ Big Data  တွေမှာ Recording  ၊ Transcriptions ၊ Indexing ၊ Tagging စတာတွေ ပါဝင်ပါတယ်။ အဲဒီလိုကောင်းစွာကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းအသစ်တွေပေါ်ပေါက်လာမှာဖြစ်ပါတယ်။   ၈။ Videoconferencing ကြားသာကြားနေရပြီး မမြင်ရတဲ့အဖြစ်မျိုးတွေ နောင်မှာရှိ တော့မှာမဟုတ်ပါ။ Videoconferencing နည်းပညာဟာ စီးပွားရေးလုပ်ငန်းတွေကြားမှာ တွင်ကျယ်လာတာကြောင့် ယခုအချိန်မှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကြုံတွေ့ရ တော့မှာ မဟုတ်ပါ။   ၉။ BYOx BYOD ဆိုတာ Bring Your Own Device ကိုဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ မိမိကွန်ပျူတာယူလာပြီး ရုံးအတွက်အလုပ်လုပ်ပေးတာမျိုးဖြစ်ပါတယ်။ ယခုအဲဒီလို မဟုတ်တော့ဘဲ BYOD ထက်မြင့်ပြီး BYOx ဖြစ်လာပါ တယ်။ x  ဟာ ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ OS  လည်း ဖြစ်နိုင်ပါတယ်။ Cloud Storage  လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုပြောင်းလဲလာတာရဲ့ အဓိကအကြောင်းက Smartphone တွေတိုးတက်များပြားလာတာကြောင့်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အတွက် ဝန်ထမ်းတိုင်းက မိမိတို့ရဲ့ ဖုန်းထဲက App တွေနဲ့ Cloud Storage တွေမှာ သိမ်းဆည်းကာ မိမိအလုပ်တွေကို လုပ်ပေးနေတဲ့ Concept ကို BYOx လို့ ခေါ်ပါတယ်။   ၁၀။ Collaboratin Tools စီးပွားရေးလုပ်ငန်းတွေမှာ မိမိပြိုင်ဘက်နဲ့ယှဉ်ပြိုင်ပြီးအနိုင်ရဖို့အတွက် Virtual Team  တွေနဲ့ ဆောင်ရွက်တဲ့နည်းကလည်း အထောက်အကူဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက် Collaboratin နည်းပညာနဲ့ Tools တွေကို အသုံးပြုလာကြပါတယ်။ အခုအသစ်တင်ပြလိုက်တဲ့ Communcation နည်းပညာတွေနဲ့ သင့်လုပ်ငန်းတွေမှာ အောင်မြင်စွာ အသုံးချနိုင်ကြပါစေ။

ကောင်းမြတ်ထွဋ်