
Carpel Tunnel Syndrome
လှုပ်ရှားမှုတစ်မျိုးထဲကို ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်မျိုးဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြစ်ပွားစေပါတယ်။ ဒီရောဂါဟာ နာ ကျင်ယောင်ယမ်းမှုကိုပဲဖြစ်စေတာမဟုတ်ပါဘူး။ ကွန်ပျူတာ စာရိုက်တာများလွန်းတဲ့အခါ လက်ကောက်ဝတ်မှာရှိတဲ့ ကြွက် သားအရွတ်တွေ၊ အရိုးတွေ ယောင်ယမ်းသွားပြီး လက်ဖျံမှာရှိ တဲ့ အာရုံကြောတွေကို သွားထောက်မိတဲ့အတွက် တဆစ်ဆစ် ကိုက်ခြင်း၊ ထုံကျင်ခြင်း၊ ယားခြင်း၊ စူးစူးပြီး နာခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ကာကွယ်ရန်နည်းလမ်း - ဒီရောဂါကို အပ်စိုက်ခြင်း၊ ဆေး သောက်ခြင်း၊ ခွဲစိတ်ခြင်း စတဲ့နည်းတွေနဲ့ မကုသခင်လက်ကို လေ့ကျင့်ခန်းလုပ်၊ အကြောလျော့ထားမယ်ဆိုရင် လက် ကောက်ဝတ်အတွင်း နာကျင်တင်းမာ ကိုက်ခဲမှုတွေကို လျော့ ချနိုင်ပါတယ်။ ကွန်ပျူတာအသုံးပြုနေစဉ်မှာ Key Board နဲ့ Mouse အောက်ခံပြားတွေမှာပါတဲ့ လက်ကောက်ဝတ် တင်နိုင်တဲ့ ဖောင်းကြွတွေပေါ်မှာ လက်ကို တစ်ချိန်လုံး တင်မ ထားသင့်ပါဘူး။ ဒီဖောင်းကြွတွေဟာ လက်ကို ဘယ်လောက် မြင့်မြင့်ထား၍ ကွန်ပျူတာအသုံးပြုရမယ်ဆိုတာ လမ်းညွှန်ထား ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်လုံး တင်မထားသင့်ဘဲ စာရိုက်တဲ့အချိန်တစ်ခုနဲ့ တစ်ခုကြားမှာသာ ဖောင်းကြွပေါ်တင် ပြီး အနားယူသင့်ပါတယ်။
ခါးနာခြင်း
ပုံမှန်လှုပ်ရှားမှုမပြုလုပ်၊ ကိုယ်နေဟန် အနေအထားမမှန်ဘဲ နာရီပေါင်းများစွာ ထိုင်ခုံမှာထိုင်ပြီး အလုပ်လုပ်ခြင်းဟာ ခန္ဓာ ကိုယ်ကို ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ခါးနားခြင်းဟာ အလုပ်ပျက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းအဖြစ် အသက် အရွယ်မရွေးမှာ တွေ့ရပါတယ်။ အလုပ်စားပွဲမှာ အနေအထား မမှန်ဘဲ ထိုင်နေခြင်းဟာ ပျင်းရိခြင်း အလုပ်မှာမပါဘဲ လုပ် နေတယ်လို့ အထင်ခံရတတ်ပါတယ်။ သို့သော် မတ်မတ်ထိုင်ပြီး ခါးကို အလွန်အကျွံ ဆန့်ထားခြင်းဟာလည်းပဲ ခါးနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကာကွယ်ရန်နည်းလမ်း - အလုပ်စားပွဲမှာ ထိုင်ပြီးအလုပ် လုပ်နေရင်း ကိုယ်နေဟန်ထား မှန်မမှန်ကို သတိထား ဂရုပြု ပြီး ဗိုက်ကြော၊ ခါးကြောတွေကို ဆန့်ခြင်း၊ အကြောလျော့ ခြင်းတွေကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ခါးနာခြင်းကို လျော့ချနိုင် ပါတယ်။ ပိုက်ဆံအိတ်ထူထူကို ဘောင်းဘီနောက်အိတ်ကပ် ထဲမှာထည့်ထားပြီး ထိုင်နေမယ်ဆိုရင် တင်ပါးမှာရှိတဲ့ အာရုံ ကြောတွေကို ဖိမိသွားပြီး နာကျင်မှုတွေကို ဖြစ်ပေါ်စေတဲ့အ တွက်လည်း ဘောင်းဘီနောက်အိတ်မှာ ပိုက်ဆံအိတ် ထည့် ထားပြီး မထိုင်ဖို့ကိုလည်း သတိထားစေချင်ပါတယ်။
အခြားအဆစ်အမြစ်ပြဿ နာများ
လူ့ခန္ဓာကိုယ်ဟာ လှုပ်ရှားဖို့ တည်ဆောက်ထားတဲ့အတွက် ပုံစံတစ်မျိုးတည်း နဲ့ အချိန်အကြာကြီးထိုင်နေရမယ်ဆိုရင် အဆစ်တွေ၊ အကြောတွေကို တင်းမာလာစေနိုင်ပါတယ်။ ထိုင်ခုံမှာထိုင်နေခြင်းဟာ တင်ပါးဆုံနဲ့ ခြေ ထောက်မှာရှိတဲ့ ကြွက်သားတွေကို ကျုံ့နေစေပြီး ခန္ဓာကိုယ်ကို အရှေ့ကိုင်း နေစေတဲ့အတွက် ခါးနာခြင်းအဆစ်အမြစ်တွေ နာခြင်းတို့ကို ဖြစ်ပေါ်စေ ပါတယ်။ ကာကွယ်ရန်နည်းလမ်း - အချိန်အပိုင်းအခြားမှန်မှန် ထိုင်ရာမှာထပြီး လမ်းအနည်းငယ်လျောက်ပေးခြင်း၊ အကြောဆန့်ပေးခြင်းတို့ဖြင့် အဆစ် အမြစ်တွေ နာကျင်တင်မာမှုကို လျော့ချနိုင်ပါတယ်။
မျက်စိညောင်းခြင်း၊ မျက်ရိုးကိုက်ခြင်း
ကွန်ပျူတာဖန်သားပြင်ရှေ့မှာ နာရီပေါင်းများစွာ အလုပ်လုပ် ရတဲ့သူတွေဟာ အချိန်အတိုင်းအတာတစ်ခုကြာလာရင် အ မြင်တွေ ဝါးလာပြီး မျက်ရည်ပူကျခြင်း၊ မျက်လုံးခြောက်သွေ့ ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း စတဲ့ မျက်လုံး ကြောင့်ဖြစ်တဲ့လက္ခဏာတွေ ပြလာတတ်ပါတယ်။ ကာကွယ်ရန်နည်းလမ်း - မျက်မှောင်ကြုတ်၊ အာရုံစူးစိုက် ပြီး ကြည့်စရာမလိုအောင် ကွန်ပျူတာစာလုံး Font အရွယ် အစားကို ကြီးလိုက်မယ်ဆိုရင် မျက်စိညောင်းတာကို ကာကွယ် နိုင်ပါလိမ့်မယ်။ ကွန်ပျူတာဖန်သားပြင်ကို စိုက်ကြည့်နေခြင်း နည်းပါးဖို့အတွက် Monitor နဲ့ ဝေးရာကို မကြာခဏ ကြည့် ပေးခြင်းဖြင့် မျက်လုံးကို အနားပေးသင့်ပါတယ်။
ဘက်တီးရီးယားပိုးများ
အလုပ်စားပွဲဟာ အိမ်သာထက် ဘက်တီးရီးယားပိုးတွေ အဆ လေးရာလောက် ပိုမိုများပြားပါတယ်။ စားပွဲမှာ စားသောက် ပြီး သန့်ရှင်းရေးပြန်မလုပ်မိတဲ့အတွက် အလုပ်စားပွဲဟာ ဘက်တီးရိး ယားပိုး မွှားတွေ ပျော်မွေ့ရာစားကျက်တစ်ခု ဖြစ် လာပါတယ်။ ဖုန်းဟာ အညစ်ပတ်ဆုံးဖြစ်ပြီး စားပွဲမျက်နှာ ပြင်ဟာ ဒုတိယပါ။ Mouse က တတိယလိုက်ပြီး ကွန်ပျူတာကတော့ စတုတ္ထပါ။ အလုပ်စားပွဲမှာရှိတဲ့ ဘက် တီးရီးယားပြဿနာဟာ ထင်တာထက် ပိုဆိုးရွားပါတယ်။ အစားအသောက်အကြွင်းအကျန်အစအနလေးတွေဟာ Keyboard ရဲ့ခလုတ်ကြားတွေထဲရောက်သွားရင် ကြွက်တွေ ကို ဆွဲဆောင်တဲ့အတွက် ပိုးမွှားတွေများသထက်များလာနိုင် ပါတယ်။ အစားအသောက်တွေကို ရေခဲသေတ္တာထဲ ထည့် မထားမိဘဲ နှစ်နာရီထက် ပိုပြီး ရေခဲသေတ္တာထဲမှ ထုတ်ထား မိရင်တော့ ကျန်းမာရေးနဲ့ မညီñွတ်တော့ပါ ဘူး။ကာကွယ်ရန်နည်းလမ်း - အလုပ်စားပွဲမှာပဲ နေ့လယ်စာစား ဖြစ်သူဆိုရင် အလုပ်စားပွဲကို လက်ဆေးရည် (ံHand Sanitizer) နဲ့ ဘက်တီးရီးယားကင်းစေတဲ့အဝတ်တွေနဲ့ အလုပ်စားပွဲကို နေ့တိုင်း သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ ဒီလိုပြုလုပ်ထားခြင်းဟာ လုပ်ဖော်ကိုင်ဖက်တွေမှာ ချောင်းဆိုး တဲ့သူ၊ နှာချေတဲ့သူရှိလျင်လည်း သူတို့ဆီက ထွက်လာတဲ့ ပိုးမွှားတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ အလုပ်ရဲ့လက်ဆေး တဲ့ဘေစင်မှာလည်း လူတိုင်းသုံးနေတဲ့လက်သုတ်ဝတ်တွေကို မသုံးဘဲ တစ်ရှူးကိုသာ အသုံးပြုသင့်ပါတယ်။