၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ Operation စတင်ခဲ့တဲ့ TrueIDC Myanmar Data Center ဟာ စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက် က ရန်ကုန်မြို့၊ Novotel Hotel Yangon Max မှာ ပြုလုပ်ခဲ့တာပါ။ ပွဲမှာ True IDC Data Center ၊ Thailand မှ General Manager Mr Thanasorn Jaidee က မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်တဲ့ ဒီ Data Center ဟာ True ရဲ့ ထိုင်းနိုင်ငံပြင်ပ ပထမဆုံး Data Center ဖြစ်ကြောင်း၊ True ဟာထိုင်းနိုင်ငံအတွင်းမှာ Data Center လေးလုံးရှိပြီး ISO Certificate များ အပါအဝင် Green Data Center အဖြစ် ရပ်တည်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပြင် နောက်ထပ်ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ တခြားအာရှနိုင်ငံတွေမှာလည်း ဒီနှစ်အတွင်းမှာ Data Center တွေ ဆက်လက်ဖွင့်လှစ်သွားဖို့ရှိကြောင်း စသဖြင့်ပြောပြခဲ့ပါတယ်။ TrueIDC Myanmar ရဲ့ General Manager ဖြစ်သူ ဦးမျိုးထွန်းကလည်း မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားမယ့် Data Center ရဲ့ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ TrueIDC Myanmar အနေနဲ့ Server Rack 60 နဲ့ စတင်မှာဖြစ်ပြီး Myanmar Info Tech အဆောင် ၁၇ မှာ တည်ရှိကြောင်း အောက်တိုဘာလက စတင် Operate လုပ်နေပြီ ဖြစ်ပြီး ဝန်ဆောင်မှုတွေအနေနဲ့ Server Co-Location ၊ Re-Location ၊ DR Site (Disaster Recovery Site) ၊ BCP Site (Business continuity Planning) တို့အပြင် Manage Services တွေကို ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်း၊ နောက်ပိုင်း Connectivity တည်ငြိမ်လာတဲ့အခါမှာတော့ Cloud ဝန်ဆောင်မှုတွေကိုလည်း ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ TureIDC Data Center ဟာ Data Center ပိုင်းမှာ ဝန်ထမ်းပေါင်း ၁၅ ယောက် ဝန်းကျင်၊ TrueIDC Myanmar တစ်ခုလုံးမှာဆိုရင် ဝန်ထမ်းပေါင်း ၈၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်းနဲ့ နှစ်နှစ်အတွင်း မြန်မာကျပ်ငွေ ၁.၈ ဘီလီယံ Revenue ရရှိဖို့ Target ထားကာ လုပ်ငန်းလုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ Target Customer တွေ အနေနဲ့ကတော့ ဘဏ်တွေ၊ Teleco တွေ၊ High Tech ကုမ္ပဏီတွေ ဖြစ်တယ်လို့ သိရပါတယ်။ TrueIDC ဟာ ထိုင်းနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကတည်းက လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတစ်ဝန်း Data Center နဲ့ IT Infrastructure Services တွေကို Offer လုပ်ပေးလာတာဖြစ်ကာ Data Center နဲ့ Cloud Computing ဝန်ဆောင်မှုတွေမှာ ထိုင်းနိုင်ငံမှာ ဦးဆောင်နေရာရှိထားတာဖြစ်ပါတယ်။
Mr Thanasorn Jaidee
General Manger
True IDC Ascend Group Co Ltd
ကျွန်တော်က Region တစ်ခုလုံးကို တာဝန်ယူထားရတာ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ လည်ပတ်နေတဲ့ Data Center နှစ်ခုရှိပြီး၊ နောက်ထပ်နှစ်ခုကိုလည်း ထိုင်းနိုင်ငံမှာ တည်ဆောက်လျက် ရှိပါတယ်။
ကျွန်တော်တို့ နိုင်ငံခြောက်နိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ဖို့ ပြုလုပ်သွားမှာပါ။ ဒီနှစ်ကုန်ပိုင်းမှာ မလေးရှားနိုင်ငံမှာ ရုံးခွဲဖွင့်ပါမယ်။ ကမ္ဘောဒီးယားမှာလည်း မှတ်ပုံတင်ပြီးသား ကုမ္ပဏီရှိပါတယ်။ ဗီယက်နမ်မှာလည်း လုပ်ငန်းစတင်ဖို့ ပြင်ဆင်ပြီးစီးသလောက် ဖြစ်နေပါပြီ။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာလည်း ဖွင့်ဖို့ Explore လုပ်နေပါပြီ။ စင်ကာပူမှာတော့ ရုံးခွဲဖွင့်ပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ ဈေးကွက်ကို Data Center ဖွင့်ဖို့အဆင်ပြေမလား၊ Cloud အတွက် အဆင်ပြေမလားဆိုတာကို အရင်လေ့လာရပါတယ်။
ဒစ်ဂျစ်တယ်စီးပွားရေးက အဓိကကျတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းလိုလိုက စီးပွားရေးကို အထောက်အပံ့ဖြစ်စေနိုင်ဖို့ သူတို့မှာခိုင်မာတဲ့အခြေခံအဆောက်အအုံရှိတာ သေချာအောင် အရင်လုပ်ကြရပါတယ်။ အထူးသဖြင့် Content တွေအတွက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအာဆီယံဒေသတွင်းမှာ အသုံးပြုသူတွေဟာ Content ကို အင်မတန်သုံးစွဲကြလို့ပါ။ ဥပမာ- Facebook ၊ Google လို အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသတွင်းမှာပဲ Content တွေကို Host လုပ်ထားနိုင်ရင် ပိုပြီးတော့ အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်တော်များများကလည်း ဒစ်ဂျစ်တယ်စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှုအများအပြား ပြုလုပ်နေကြပါတယ်။ မြန်မာနိုင်ငံကလည်း ဒီလိုလမ်းကြောင်းအတိုင်းသွားဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။
မြန်မာနိုင်ငံမှာ Data Center စတင်တည်ဆောက်ဖို့အတွက် ၂၀၁၅ ခုနှစ်နှစ်စပိုင်းကတည်းက စတင်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ စတင်ပြီး လုပ်ငန်းလည်ပတ်နေပြီဖြစ် ပါတယ်။
လောလောဆယ်မှာတော့ Data Center ကို စတင်ဝန်ဆောင်မှုပေးနေပြီး Cloud Service ကိုလည်း မကြာခင်မှာ ဝန်ဆောင်မှုပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဒီမှာ လုပ်ငန်းစနေပြီးသား True ရဲ့ နောက်ထပ်လုပ်ငန်းတစ်ခုကတော့ True Money ဖြစ်ပါတယ်။
မြန်မာနိုင်ငံပြီးရင် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့လို အင်ဒိုချိုင်းနားနိုင်ငံတွေနဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့မှာ လုပ်ငန်းစတင်သွားမှာဖြစ်ပါတယ်။ နောက်နှစ်ဆန်းပိုင်းလောက်မှာ အဲဒီနိုင်ငံတွေမှာ လုပ်ငန်း စတင်လုပ်ကိုင်သွားနိုင်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။
ပြည်တွင်းလုပ်ငန်းတွေမှာ IT ကို လုပ်ငန်းကျောရိုးအဖြစ် သုံးထားတဲ့လုပ်ငန်းတွေရှိမှာပါ။ သူတို့အနေနဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးမှာ အချိန်ကုန်မခံဘဲ Data Center တို့၊ Cloud တို့ကို Utalize စတင်လုပ်ဖို့သင့်နေပါပြီ။ ဒီလိုလုပ်လိုက်တဲ့အတွက် လုပ်ငန်းချဲ့ထွင်ရာမှာလည်း ပိုမြန်ဆန်နိုင်ပြီး ငွေကုန်ကြေးကျ သက်သာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဖြူလဲ့မွန်