News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍနဲ့ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်မှုကိုအဓိကပံ့ပိုးကူညီမယ့် ချေးငွေသစ် သဘောတူညီမှုနှစ်ခုကို UOB လက်မှတ်ရေးထိုး
Editorial
July 3, 2015
Highlight
Local News
News
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ United Overseas Bank Group (UOB)ရဲ့ ရန်ကုန်ရုံးခွဲ တရားဝင်ဖွင့်လှစ်တဲ့အခမ်အနားမှာ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍနဲ့ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်မှုကိုအထောက်အပံ့ဖြစ်စေမယ့် ငွေချေးသဘောတူညီမှုနှစ်ခုကို UOB က လက်မှတ်ရေးထိုးခဲ့ပါတယ်။ UOB ရန်ကုန်ရုံးခွဲ တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားကို စင်ကာပူနိုင်ငံဒုတိယဝန်ကြီးချုပ် Mr Teo Chee Hean၊ မြန်မာနိုင်ငံဘဏ္ဍာရေးဌာနဝန်ကြီးဦးဝင်းရှိန် နဲ့ ဗဟိုဘဏ်ဥက္ကဌဦးကျော်ကျော်မောင်တို့ တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါတယ်။ Cycle & Carriage Automobile Myanmar ကုမ္ပဏီနဲ့ရေးထိုးတဲ့UOB ရဲ့ ချေးငွေသဘောတူညီချက်ဟာ ရန်ကုန်မြို့မှာ ကားအရောင်းပြခန်း၊ မော်တော်ကားပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံနှစ်ခုဖွင့်လှစ်နိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို ကူညီပံ့ပိုးပေးသွားဖို့ဖြစ်ပါတယ်။ ဒါအပြင့် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်များပြားလာတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အတွက်လည်းတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ UOB ဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်မှုကို ကူညီစိတ်အားထက်သန်မှုကို ပြသသည့်အနေဖြင့် ရန်ကုန်မြို့လယ်မှာရှိတဲ့ Summit Parkview ဟိုတယ်အတွက် အခန်းပေါင်း ၂၀၀ ထပ်မံတိုးချဲ့မယ့် System-Bilt Myanmar ကိုချေးငွေကူညီပေးခဲ့ပါတယ်။ Summit Parkview ဟိုတယ်ဟာ ပြီးခဲ့တဲ့ နှစ်လအတွင်း UOB မှ ငွေကြေးအထောက်အပံ့ရထားတဲ့ ဒုတိယမြောက်ဟိုတယ်လည်းဖြစ်ပါတယ်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ရန်ကုန်မြို့ရှိဟိုတယ်တစ်ခု ပြုပြင်မွမ်းမံရန် ပြင်သစ်-မြန်မာအကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ Rangoon Excelsior Company Limited ကို UOB မှ ကူညီခဲ့တာဖြစ်ပါတယ်။ UOB အုပ်စုရဲ့ဒုတိယဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူMr Wee Ee Cheong က UOB အနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်လုပ်ငန်းလည်ပတ်ရပ်တည်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်းပြောကြားခဲ့ပါတယ်။ ဇူလိုင် ၂ ရက်နေ့က ရေးထိုးခဲ့တဲ့ ချေးငွေအသစ် သဘောတူညီမှုတွေအပြင် UOB ဟာ စွမ်းအင်ကဏ္ဍမှာ လုပ်ကိုင်ဆောင်ရွက် နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်းလိုအပ်တဲ့ချေးငွေတွေကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ စင်ကာပူနိုင်ငံမှ Asiatech Energy လုပ်ငန်းစုလည်း တစ်ခု အပါအဝင်ဖြစ်ကာ Asiatech Energy ဟာ၂၀၁၄ ခုနှစ် အစောပိုင်းကာလမှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍကိုတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မယ့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတစ်ရုံကိုမွန်ပြည်နယ်မှာ တည်ဆောက်ခဲ့တဲ့ ပထမဦးဆုံးစင်ကာပူကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရပါတယ်။ UOB ဟာ လာမယ့် ၁၂လအတွင်း သူ့ရဲ့ မိတ်ဆွေလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း၃၀၀ တန်ဖိုး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ အဲဒီလုပ်ငန်းတွေထဲမှာ ဥရောပနဲ့ အာရှဒေသတွင်အခြေစိုက် လုပ်ငန်းတွေ ပါဝင်ပြီးရင်းနှီးမြှုပ်နှံမှုတွေကိုစက်ရုံတည်ဆောက်ခြင်း၊ ဟိုတယ်တည်ဆောက်ခြင်းနဲ့ စီးပွားရေးဆိုင်ရာအဆောက်အဦတည်ဆောက်ခြင်းတွေမှာ အဓိကပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ UOB က ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပေးဌာနကိုဖွင့်လှစ်နိုင်ခဲ့ပြီး သူ့ရဲ့ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေချဲ့ထွင်ရာတဲ့နေရာမှာ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း