News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာမိသားစုလုပ်ငန်းများ၏ အခန်းကဏ္ဍ
Editorial
August 24, 2015
Commentary
Opinion
၂၀၁၅ ခုနှစ်ထိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသောလုပ်ငန်းအများစု၏ ၉၀ ရာခိုင်နှုန်းမှာ မိသားစုလုပ်ငန်းများဖြစ်ဖွယ်ရှိပါသည်။ ဤနေရာတွင် မိသားစုလုပ်ငန်းဆိုသည့် သတ်မှတ်ချက်မှာ မိသားစုဝင်တစ်ဦး၊ သို့မဟုတ် မိသားစုဝင်တစ်ဦးထက်ပိုသူများက အနည်းဆုံးကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခြင်းဖြစ်ပါသည်။ နိုင်ငံတကာတွင် မိသားစုပိုင်လုပ်ငန်းများ၏အနေအထားမှာ ၉၀ ရာခိုင်နှုန်း အထက်မှာရှိပြီး အမေရိကန်တွင် ၃၃ ရာခိုင်နှုန်း၊ ပြင်သစ်နှင့်ဂျာမနီတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထက် ပိုင်ဆိုင်မှု ၄၀ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှတွင် ၅၆ ရာခိုင်နှုန်းဖြစ်သကဲ့သို့ စင်ကာပူ ၄၈ ရာခိုင်နှုန်း၊ မလေးရှား ၇၆ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၄၇ ရာခိုင်နှုန်း၊ ဟောင်ကောင် ၈၄ ရာခိုင်နှုန်း ရှိပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း မိသားစုပိုင်လုပ်ငန်းများ၏အခန်းကဏ္ဍသည် အလားတူအရေးပါလာမည်ဖြစ်ပါသည်။ နာမည်ကောင်းရှိမှု၊ စီးပွားရေးကွန်ရက်တောင့်တင်းခိုင်မာမှု၊ သက်ဆိုင်ရာနိုင်ငံ၏ ရေမြေအနေအထားနှင့် အခြေအနေတို့ကို သိရှိကျွမ်းကျင်မှုတို့သည် လုပ်ငန်းရှင်များအတွက် လွန်စွာအရေးပါလှပါသည်။ ဤနေရာတွင် ဆင်ခြင်ရမည့်အချက်မှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရသည့် ရည်ရွယ်ချက် (Purpose) ကို ရှင်းရှင်းလင်းလင်း သိရှိထားရန် လိုအပ်ပါသည်။ ကြုံတွေ့ရသည့်အခြေအနေများအရ ကနဦးတည်ထောင်သူ (Founder) ၏ ရည်ရွယ်ချက်ပေါ်မူတည်၍ အဖွဲ့အစည်းရေရှည်တွင် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် တည်ထောင်သူဖြစ်စေ၊ မိသားစုအဖွဲ့ဝင်များဖြစ်စေ စဉ်းစားပြင်ဆင်ရန်မှာ အဖွဲ့အစည်းဖွံ့ဖြိုးမှု (Growth) နှင့် အဖွဲ့အစည်းကို ထိန်းချုပ်လိုမှု (Control) တို့ကို ခွဲခြားနိုင်ရန် လိုအပ်ပါသည်။ ဖွံ့ဖြိုးတိုးတက်လိုပါက ငွေကြေးအရင်းအနှီးလိုအပ်ခြင်း၊ ကျွမ်းကျင်မန်နေဂျာများ ဦးဆောင်လုပ်ဆောင်ခြင်းတို့ကြောင့် ထိန်းချုပ်ရန် အခက်အခဲရှိတတ်ပါသည်။ တတိယအချက်မှာ မိမိအဖွဲ့အစည်းကို ရေတိုအတွက်သာ ရည်ရွယ်ပါက လုပ်ငန်းကိုထားခဲ့ရမည့်ပုံစံ (Exit Plan) ပြင်ဆင်ရန် လိုအပ်ပြီး ရေရှည်ရပ်တည်လိုပါက ဆက်ခံခြင်းအစီအစဉ် (Succession) ပြင်ဆင်ရမည် ဖြစ်ပါသည်။ ကနဦးတည်ထောင်သူများအနေဖြင့် အခြေအနေနှင့် အခက်အခဲအမျိုးမျိုးတို့ကို ကျော်လွှား၍ အောင်မြင် ထင်ပေါ်သောလုပ်ငန်းစုကို တည်ထောင်ခဲ့ရသည်ဖြစ်ရာ အများစုမှာ ရေရှည်ရပ်တည်သွားရန် မျှော်လင့်ထားကြစမြဲ ဖြစ်သောကြောင့် ဆက်ခံခြင်းအစီအစဉ်ကို စနစ်တကျပြင်ဆင်ထားမည်ဆိုပါက လာမည့်နှစ်ပေါင်းများစွာ မျိုးဆက်လေးငါးဆက်တိုင်အောင် ရပ်တည်သွားနိုင်မည်ဖြစ်ပါသည်။ ဆက်ခံခြင်းအစီအစဉ်တွင် အနည်းဆုံးတစ်နှစ်မှ နှစ်၂၀ အထက်ထိ ပြင်ဆင်ရကြောင်း သိရှိထားရန် လိုအပ်ပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကနဦးတည်ထောင်သူအများစုအနေဖြင့် မိမိတို့သားသမီးများကို နိုင်ငံခြားတွင် ပညာသင်စေလွှတ်ထားကြပြီး တချို့အဖွဲ့အစည်းများတွင် ပညာသင်ပြန်လာသော သားသမီးများက ဝင်ရောက်ဦးစီးလုပ်ကိုင်နေကြသည်ကို သတိပြုနိုင်မည်ဖြစ်ပါသည်။ သို့သော် နိုင်ငံတကာတွင် ဒုတိယမျိုးဆက်ကို ချက်ချင်းဦးဆောင်စေခြင်းထက် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ ကျွမ်းကျင်မန်နေဂျာများ (Professional Manager) ခန့်အပ်၍ အတူတကွလုပ်ကိုင်ခြင်းဖြင့် သင်ယူခြင်း (Mentor Format) ဖြင့် အချိန်ယူလုပ်ဆောင်စေကြပါသည်။ ကျွန်တော်တို့ မြန်မာမိသားစုစီးပွားရေးလုပ်ငန်းစုများအနေဖြင့် စနစ်တကျပြင်ဆင်ထားခြင်းဖြင့် နောင် လာနောက်သားများအတွက် ဂုဏ်ယူအားကျအတုယူဖွယ် နိုင်ငံနှင့်လူမျိုး အကျိုးပြုအဖွဲ့အစည်းများ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ မောင်သာ
Facebook
Twitter
LinkedIn
RELATED POSTS
နှစ်သစ်မျော်လင့်ချက် ရောင်ခြည်
Posted On December 30, 2020, By CEO Editors
အကျိုးလိုလို့ညောင်ရေလောင်းသော်
Posted On December 4, 2020, By CEO Editors
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ
Posted On September 7, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း