မြန်မာမိသားစုလုပ်ငန်းစုများရှေ့ရေး Professor Kasper ၏ အမြင်

မိသားစုလုပ်ငန်းများအကြောင်းနဲ့ ပတ်သက်ပြီး Succession Plan ဘာကြောင့်ထားရှိသင့်တယ်၊ ဘယ်အချိန်မှာ ထားရှိသင့်တယ်၊ ဘယ်အချိန်မှာ Diversify လုပ်သင့်တယ်၊ ဘယ်လို Professional မျိုးကို ခေါ်သင့်တယ်ဆိုတာတွေအပြင် မြန်မာနိုင်ငံရဲ့ AEC အလွန်အခြေအနေအပေါ် Professor Kasper Nielsen ရဲ့ အကြံပြုသုံးသပ်ချက်တွေကို အခုလိုတင်ပြပေးလိုက်ပါတယ်။

kasper1

Family Business ဆိုတာ နိုင်ငံတကာစံနှုန်းမှာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပါသလဲ။

Definition . . .

Family Business  ဆိုတာက မိသားစုဝင်တစ်ယောက်၊ ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး လုပ်ငန်းတစ်ခုမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်မှုကို ပြောတာပါ။ Stock Exchange မှာ Listed လုပ်မထားတဲ့ Private Firm  အ တွက် Firm ကို အုပ်ချုပ်ဖို့ Share ၅၀ ရာခိုင်နှုန်းနဲ့ အထက် ပိုင်ဆိုင်ဖို့လိုတယ်။ ဒါက Family Firm ပေါ့။ Stock Exchange မှာ ပါဝင်ထားတဲ့ Large Firm  အနေနဲ့ကတော့ ၂၀ ရာခိုင်နှုန်းလောက်ရှိပြီဆိုရင် Control လုပ်ဖို့လုံလောက်ပါပြီ။

kasper6

နောက်တစ်ခုက စီးပွားရေးလုပ်ငန်း တော်တော်များများမှာ Founder က တစ်ယောက်ပဲ။ ဥပမာ- US Corporation တစ်ခုဖြစ်တဲ့ Microscoft ကိုကြည့်ရင် Bill Gates လုပ်တာ Family Business ဆိုပေမယ့် သူက သူ့ကလေးတွေကို အမွေပေးခဲ့ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါကြောင့် တချို့လုပ်ငန်းတွေမှာ Family Succession မရှိနိုင်ဘူးဆိုတာသိနိုင်တယ်။ ဒါကြောင့်စံတစ်ခုအနေနဲ့ မိသားစုဝင်တစ်ယောက်ထက်ပိုပြီးတော့ လုပ်ငန်းထဲမှာ ဝင်လုပ်ကြတယ်။ နောက်တတိယ Definition အနေနဲ့ Scholar တွေပြောတာက Family Business ဆိုတာ Family Business ပါပဲတဲ့။ Founder ကနေပြီး သူ့ရဲ့သားသမီးဖြစ်တဲ့ Second Generation ကို Transit  လုပ်လိုက်တယ်၊ ဒါက Family Business ပဲ။ ဒါတွေက Family Business ရဲ့ Definition သုံးခုပါ။

တချို့လုပ်ငန်းတွေ ဥပမာ-Ayala တို့လိုလုပ်ငန်းတွေက Family Name တွေကို သုံးကြတယ်။ ဒါကြောင့် Family Name သုံးတာနဲ့ မသုံးတာ ဘယ်လိုကွာခြားမလဲ . . .

Family Name က Value Creation ကိုဖြစ်စေတယ်။ ဥပမာ- ကိုယ့်က အရှေ့တောင်အာရှမှာ စီးပွားရေးလုပ်တယ်။ ကိုယ်က ခုနစ်ယောက်မြောက်မျိုးဆက်ဆိုပါတော့၊ ဒါဆိုရင် Family Name က ကိုယ့်ရဲ့ Customer တွေရဲ့ Trust ကိုရစေမယ့်အချက်ပဲ။ Food Industry ဆိုရင် ဒါကတော်တော်မြင်သာတယ်။  ကျွန်တော်တို့ အစားအသောက်တွေဝယ်တယ်။ အဲဒီ Brand အပေါ်မှာ ယုံကြည်မှုရှိတယ်။ ထုတ်လုပ်သူက Chemical တွေ အများကြီးသုံးတာမျိုး မရှိဘူးဆိုတာမျိုးပေါ့။ တခြားနယ်ပယ်မှာဆိုရင်လည်း Quality က အရေးကြီးသလို Trust ကလည်း အရေးကြီးတယ်။ ဒါကြောင့် Family Name ကိုသုံးတာက Value ကို Create လုပ်တာနဲ့ တူတူပဲ။ တခြား Industry မှာဆိုရင် Family Name ကို ကိုယ့်လုပ်ငန်းမှာသုံးဖို့ မလိုတာလည်းရှိတယ်။ ဥပမာ-Toyota Firm ဆိုရင် Founder က ကုမ္ပဏီနာမည် စာလုံးပေါင်းကို Toyoda ကနေ Toyota ဆိုပြီး ပြောင်းသုံးတယ်။ ဒါက Family Name ကနေခွဲထွက်ပြီး သုံးတာမျိုးပါ။

Region တွင်းမှာရှိတဲ့ Good Example အနေနဲ့ . . .

ဥပမာအနေနဲ့ ဟောင်ကောင်က Sauce Maker ဖြစ်တဲ့ Lee Kum Kee ဆိုရင် သူ့ရဲ့ အစားအသောက်ကုမ္ပဏီက အခုဆိုရင် နှစ်ပေါင်းတစ်ရာကျော်ရပ်တည်ခဲ့ပြီး လေးယောက်မြောက်မျိုးဆက် ဖြစ်နေပြီ။ သူတို့ရဲ့ Oyster Sauce ကို မျိုးဆက်သစ်တွေက ဆက်လက်လုပ်ဆောင်ကြတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ Sauce က Food Industry မှာ Premier Brand ဖြစ်နေတာပဲ။ သူတို့တွေမှာ အင်မတန်ထူးခြားတဲ့ အုပ်ချုပ်မှုပုံစံရှိတယ်။ သူတို့တွေက Family Firm တစ်ခုဖြစ်တယ်၊ Trust လည်းရှိတယ်၊ Ownership ကိုလည်း ထိန်းထားနိုင်စွမ်းရှိတယ်။ သူတို့ Family Board တွေက တစ်နှစ်ကို နှစ်ကြိမ်လောက် ပုံမှန်တွေ့ဆုံပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာမျိုးတွေလုပ်တယ်။ ဖိလစ်ပိုင်က Ayala Corporation ကို ကြည့်မယ်ဆိုရင်လည်း အစပိုင်းမှာ သူတို့စီးပွားရေးက Land တွေနဲ့စတယ်။ နောက်ပိုင်း သူတို့မှာ Land Holding တွေရှိလာပြီး Real Estate ကုမ္ပဏီဖြစ်လာတယ်။ အချိန်တွေကြာလာတော့ Agriculture ကနေ Real Estate ၊ Banking နဲ့ Telecommunication အဖြစ်ပါတိုးများလာတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း နှစ်ပေါင်းတစ်ရာကျော်နေပြီဖြစ်တဲ့ ကုမ္ပဏီတွေရှိတယ်။ ဥပမာ- Chang Beer ဆိုရင်လည်း နှစ်ပေါင်းတစ်ရာကျော်နေပြီ။ Family Business တွေမှာဆိုရင် Long History ရှိကြတယ်။

kasper7

Ayala လို Family Business တွေက လုပ်ငန်းတွေကို First Generation၊ ဒါမှမဟုတ် Second Generation မှာ Diversify လုပ်ကြတယ်။ အဲဒါက အရေးကြီးပါသလား . . .

သူတို့တွေက Traditional Trade နဲ့ လုပ်ငန်းကို အစပြုခဲ့ကြတယ်။ Merchant တွေလိုပဲ Import ၊ Export နဲ့ ပစ္စည်းတွေ ရောင်းတယ်၊ ဝယ်တယ်။ နောက်ပိုင်းမှာ ကိုယ်က ဆန်အရောင်းအဝယ်လုပ်တာမျိုးဆိုရင် ပုံမှန် Supplier ရှိဖို့အတွက် လယ်သမားတွေနဲ့ပေါင်းဖို့လိုပြီး စီးပွားရေးပူးပေါင်းတာမျိုးတွေ ဖြစ်လာတယ်။ နောက်တစ်ဆင့်အနေနဲ့ စီးပွားရေးကို Expand လုပ်တယ်။ Second Generation မှာ အခြားနေရာတွေကို ချဲ့ထွင်လာကြတယ်။ ဒါက Natural Progression ပါပဲ။ နောက်ပိုင်းမှာ Different Industry ကို လုပ်ငန်းချဲ့ထွင် လာတယ်၊။ ဒီစွန့်စားမှုက သူတို့ကို လုပ်ငန်းတွေ ပူးပေါင်းမှုတွေဖြစ်စေတယ်။ ဒါတွေက Second Generation မှာ ဖြစ်လေ့ရှိတာတွေပဲ။

အခုလို Digital Age ရောက်တဲ့အခါမှာ Second Generation ဒါမှမဟုတ် Third Generation တွေက သူတို့ Family Business ကို ဘယ်လိုထပ်ပြီး Diversify လုပ်နိုင်မလဲ . . .

Firm Level မှာ Diversify လုပ်တာကလည်း Value Creation လုပ်တာပဲ။ Family ဘက်က အမြင်က Risk of Exposure ကို လျော့စေလိုတာဖြစ်ပြီး Investor ဘက်ကအမြင်က သင့်တော်တဲ့အကြောင်းပြချက်နဲ့ စီးပွားရေးလုပ်ငန်းတွေအကြားပူးပေါင်းမှုကို ဖန်တီးလိုတာဖြစ်တယ်။ ဒါကနေ နောက်တစ်ဆင့်က Firm က ဘာကြောင့် ဒီလို Vision တွေရှိသင့်လဲဆိုတာ ကြိုစဉ်းစားထားရမယ်။ ဒီ Vision တွေကကော ဆက်စပ်မှု ရှိရဲ့လား။ ဒါဆိုရင် Non Family Business တွေ လုပ်နိုင်တာထက် ပိုပြီး Value Creation လုပ်နိုင်လိမ့်မယ်။ တိုးတက်တဲ့စီးပွားရေးကို မြင်နေရပြီဆိုရင် သင့်တင့်တဲ့အကြောင်းပြချက်ရဖို့ (Economic Upskill) အတွက် Family Business ကို Refocus လုပ်တာကို မြင်ရလိမ့်မယ်။ ဒါတွေက စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တွေပဲ။

အရှေ့တောင်အာရှမှာ စီးပွားရေးဈေးကွက်ကို လွတ်လပ်စွာဆောင်ရွက်မှုတွေဖြစ်လာပြီ။ လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်ဆိုတာက Economic Upskill လုပ်တာပဲ။ ဒါဆိုရင် Firm တွေက စီးပွားရေးဘက်မှာ တောင့်တင်းနေပြီး Competitive Advantage ရဖို့ ပိုပြီး အားစိုက်ထုတ်ရမယ်။ ဥရောပရဲ့ စီးပွားရေးသဘော ထားလို ဖြစ်သင့်တယ်။ သူတို့တွေက အားလုံးရဲ့ အကျိုးစီးပွားအတွက် ကုန်သွယ်မှုလွတ်လပ်ခွင့်တွေ ပေး ထားတယ်။ ဒါက သူတို့အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အရှေ့တောင်အာရှဟာ ဒီလိုဖွံ့ဖြိုးမှုတွေ ရှိလာမယ်လို့ ကျွန်တော်မြင်တယ်။

Succession Plan ကို ဘယ်အချိန်မှာ အစပြုသင့်ပြီလဲ . . .

Succession Plan ဆိုတာ Long-term plan ပဲ။ လုပ်ငန်းတစ်ခုကို အစပြုလိုက်တယ်။ Founder က   နောက်ပိုင်းအခက်အခဲတွေကြားထဲကနေ ဘယ်လိုရပ်တည်မလဲဆိုတာက Main Issue ပဲဆိုတာသိလာတယ်။ အဲအချိန်မှာ Succession ကို အစပြုလို့ရပြီ။ ဒါက Long-term plan ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက် နှစ်ချက်ရှိတယ်။ ပထမတစ်ခုက ကုမ္ပဏီက နောက်ငါးနှစ်၊ ဆယ်နှစ်ကနေ အနှစ် ၂၀ ဆိုရင် ဘာဖြစ်မလဲဆိုတာ သိရမယ်၊ ကုမ္ပဏီကိုဦးဆောင်မယ့် Leadership တွေ Management အစရှိတာတွေရဲ့ Needs ကို သိရမယ်၊ အဲဒီမှာ Succession Plan ဆိုတာက အဲဒီခေါင်းဆောင်သူတွေ လိုအပ်တဲ့ Need ကို ဘယ်လိုလုပ်သွားမလဲဆိုတာ လမ်းညွှန်နိုင်တဲ့အရာဖြစ်ရမယ်။ ဒါကြောင့် ဒါက အချိန်အများကြီးယူပြီး ပြင်ဆင်ရမယ့် Long-term plan ပဲ။

နောက်တစ်ခုက Succession Plan ကို ပြင်ဆင်ထားတဲ့အခါ Personal  Shock ကို လျော့ကျစေတယ်။ Personal  Shock ဆိုတာက ကုမ္ပဏီကို တည်ထောင်သူ ရုတ်တရက်သေဆုံးတာ၊ ဆေးကုသခံရတာတို့ပေါ့။  Founder တွေရဲ့ ဦးနှောက်က ကုမ္ပဏီအတွက် အင်မတန်အရေးပါတဲ့ Strategic Plan တွေ ရှိတယ်။  ဒီ Founder လဲသွားတဲ့အခါ ဒီလုပ်ငန်းကြီးတစ်ခုလုံးအန္တရာယ်ရှိနိုင်တယ်။ ဒါကသူတို့လုပ်ငန်းကို အမွေအဖြစ် ပေးအပ်ခဲ့ပြီး ရေရှည်တည်တံ့စေချင်တဲ့ ဆန္ဒရဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမယ်။ Succession Plan မရှိရင် ဒါတွေဖြစ်မှာပဲ။ ကျန်းမာရေးနဲ့အသက်ဆိုတာ ကျွန်တော်တို့အားလုံး ကြိုတင်မခန့်မှန်းနိုင်တဲ့ ကိစ္စဆိုတော့ Succession Plan မရှိရင် အားလုံးဆုံးရှုံးမှာပဲ။ ဒီ Reason နှစ်ခုကြောင့်ပဲ ကိုယ်လုပ်ငန်းတစ်ခု စလုပ်ပြီဆိုတာနဲ့ Succession Plan စလုပ်နိုင်တယ်။ ဒါပေမဲ့လည်း Business Owner တွေဆိုတာက နေ့တိုင်း Operation တစ်ခု လုံးကို Run ရင်း အချိန်ကုန်နေတာဆိုတော့ Succession Plan ကို ထိုင်လုပ်နေဖို့ သိပ်မလွယ်ဘူး။

kasper5

လုပ်ငန်း Diversify လုပ်ရပေမယ့် ဘယ်လုပ်ငန်းကို ရပ်သင့်ပြီဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးစကား . . .

ဒါက Overall Strategic Plan နဲ့ သက်ဆိုင်တယ်။ ကိုယ့်မှာ ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေ အများကြီးရှိတယ်။ တစ်ခုက ကိုယ်က Ownership ကို ရှိစေချင်တယ်။ ဒါပေမဲ့ ကုမ္ပဏီကိုဘယ်လို Manage လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ပေးစရာမလိုဘူး။ နောက်တစ်ခုက Ownership ရော၊ Management ပါရှိမယ်။ အဲဒီအချိန်မှာတော့ ကိုယ့်ရဲ့ Ownership နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတဲ့ Plan ရှိရမယ်။ ကိုယ်ဘာမှမလုပ်တော့ဘူးဆိုရင် အမွေဆက်ခံခွင့်အရ ကိုယ့်ရဲ့သားသမီးတွေက ဒီ Ownership ကို ခွဲဝေယူနိုင်တယ်။ ဒါပေမဲ့ ဒါတွေက အချိန်ကြာလာရင် မိသားစုအကြား Stakeholder တွေ နည်းပါးလာပြီး အခက်အခဲဖြစ်စေတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ Structure ကို ဘယ်လိုတည် ဆောက်ထားမလဲ၊ Succession Plan ကို ဘယ်လိုချထားမလဲဆိုတာ စဉ်းစားကြတာ။ နောက်ပိုင်းရင်ဆိုင်ရမယ့် အခက်အခဲက ပြိုင်ဆိုင်မှုတွေပဲ။ ဒါကြောင့်ပဲ ကိုယ့်ရဲ့ရင်းနှီးငွေ ကြီးထွားလာအောင်လုပ်ဖို့ လိုလာတာတွေ ရှိတယ်။

Family Foundation အကြောင်းပြောပြပေးပါ . . .

ယုံကြည်ရမှုဆိုတာက စီးပွားရေးလုပ်ငန်းအတွက် မရှိမဖြစ်ပဲ။ အဲဒီယုံကြည်မှုက အမြဲတမ်းတည်ရှိနေနိုင်သလို၊ အချိန်အတိုင်းအတာတစ်ခုအထိပဲလည်း ဖြစ်နိုင်တယ်။ Foundation က Firm ကနေ စံသွေဖည်သွားတာမျိုးတွေ ရှိတယ်။  Foundation မှာ မိသားစုအတွက် လုပ်တာမျိုးရှိသလို၊ လူမှုအဖွဲ့အစည်းအတွက်လုပ်တဲ့ Charity မျိုးလည်းရှိတယ်။ ဥရောပမြောက်ပိုင်းမှာက စီးပွားရေးလုပ်ငန်းရှင်တွေ ဒါမျိုးဖြစ်လေ့ရှိတယ်။ ဥပမာအနေနဲ့ Kasper ကိုတည်ထောင်သူ Burey ဆိုရင် သူ့သားကို အမွေပေးခဲ့ဖို့မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့သားက သူနဲ့စီးပွားပြိုင်ဘက်ဖြစ်နေလို့ပဲ။ ဒါကြောင့်သူ Foundation တစ်ခုထောင်တယ်။ ရရှိလာတဲ့ ၁၀၀ ရာခိုင်နှုန်းသော အမြတ်တွေကို လူမှုအကျိုးပြု အတွက်ပြုလုပ်တဲ့ သုတေသနေတွေ၊ Social Program တွေအတွက် ပေးလှူတယ်။ နောက်တစ်ခုက အမေရိကန်ကို ကြည့်မယ်ဆိုရင်လည်း Bill Gates တို့၊ Warren Buffett တို့ဆိုရင် သူ့တို့သားသမီးတွေကို အမွေပေးဖို့ မရှိဘဲနဲ့ ကမ္ဘာကြီးအတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးဖို့ဆန္ဒရှိကြတယ်။ သူတို့တွေက သူတို့တည်ရှိမနေရင်တောင် တည်ရှိနေမယ့်လုပ်ရပ်တွေကို လုပ်ခဲ့ကြတယ်။

နောက်တစ်ခုကကျတော့ မိသားစုအတွက် Foundation ထောင်တာမျိုးပါ။ အကောင်းဆုံးသော ဥပမာက မော်တော်ကားလောကက Henry Ford ပါ။ သူက မိသားစုဝင်တွေ ကြားမဲပေးလို့ရတဲ့ Structure တစ်ခုကို Foundation မှာ တည်ဆောက်ထားတယ်။ မိသားစုဝင်တွေ အကုန်လုံးကို စည်းလုံးစေခြင်းက နောင်မှာ မိသားစုဝင်တွေက ရှယ်ယာတွေကို ရောင်းလို့မရဘူးဆိုတာမျိုး ဖြစ်စေတယ်။ နောက်ပြီး မိသားစုဝင်အချင်းချင်း အတူတူနေသမျှ မိသားစုဝင်တွေကြားဖြစ်ပေါ်နိုင်တဲ့ အခက်အခဲတွေကို လျှော့ချပေးနိုင်မယ်။ ဒါတွေက Foundation ရဲ့ သဘောတရားတွေပါ။

kasper4

Pyramid Structure အကြောင်းပြောပြပေးပါ . . .

Pyramid Structure ကို အာရှမှာ အများကြီးသုံးကြပါတယ်။ ကိုယ့်ကုမ္ပဏီတစ်ခုကနေ ကုမ္ပဏီတွေထပ်ခွဲပြီး အုပ်ချုပ်ဖို့ကြိုးစားတဲ့ပုံစံပါ။ ဒီ Sturcture က လုပ်ငန်းတွေအများကြီးကို ပိုင်ဆိုင်နိုင်ပေမယ့် ကိုယ့်ရဲ့ ရှယ်ယာစနစ် ပြောင်းဖို့လိုတယ်။ ဒီ Sturcture ရှိခြင်းရဲ့ အားသာချက်က Investor တွေက ကိုယ့်ရဲ့ Structure အပေါ် အာရုံစိုက်စေတယ်။ သူတို့တွေက ကိုယ့်ရှယ်ယာဈေးကို ကာလပေါက်ဈေးထက် ဈေးလျော့သွား တာတွေဖြစ်မယ်။ ဒါကြောင့် ကိုယ်က Control ကို လိုချင်ရင် Lower Growth ကို လက်ခံရလိမ့်မယ်။ Pyramid Structrue တိုင်းမှာ ကိုယ်က Control နဲ့ Growth နှစ်ခုလုံးကို တစ်ပြိုင်တည်း မရနိုင်ဘူး။ ဒါက လူတစ် ဦးချင်းစီရဲ့ ရွေးချယ်မှုနဲ့ သက်ဆိုင်တယ်။

Pyramid Structure မှာ Family တစ်ခုအနေနဲ့ Stake Holder အနည်းဆုံးပိုင်ဆိုင်ထားသင့်တဲ့ ပမာဏ . . .

၃၀ ကနေ ၄၀ ရာခိုင်နှုန်းဆိုရင်လုံလောက်ပါတယ်။

Paramid ကိုပြောရင် ဘဏ်ရဲ့ဆက်စပ်မှုကို ရှင်းပြပေးပါ . . .

ဘဏ်တွေ Debt Financing ကို ထုတ်ပေးတယ်။ Debt က နောက်တစ်မျိုးပြောရရင် Loan ကို ခေါ်တာပဲ။ ဒါ ပေမဲ့ Investment အမြင်ကို ပြောရမယ်ဆိုရင် Debt ကို Equity လို့ ပြောလို့ရတယ်။ ကုမ္ပဏီမှာ ရင်းနှီးကြ တာက ကုမ္ပဏီက Laon ကို ရယူဖို့ပဲ။

 Personl Shock နဲ့ Share Value က ဘယ်နေရာမှာ ဆက်စပ်နေပါသလဲ။ ဘယ်လိုအရေးကြီးပါသလဲ . . .

သုတေသနတွေအရ Personal Shock အတွက် ကုန်ကျစရိတ်က အင်မတန်များပါတယ်။ Firm အတွက် Large Effect ဖြစ်နိုင်ပြီးတော့ အားလုံးရဲ့ ၂၀ ကနေ ၂၅ ရာ ခိုင်နှုန်းလောက်အထိ ထိခိုက်မှုရှိနိုင်တယ်လို့ သုတေ သနအရ သိရပါတယ်။

နောင်နှစ်နှစ် သုံးနှစ်ကြာတဲ့အခါ ဘယ် Family Business ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမယ်လို့ သုံးသပ်မိလဲ . . .

မြန်မာနိုင်ငံရဲ့ စီးပွားရေးပိုင်းမှာ အားသာချက်က Natural Resource နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေပဲ။ ဒါတွေက Toursim အတွက် အခွင့်အလမ်းတွေပဲ။ တချို့လုပ်ငန်းတွေက Family Business နဲ့ သိပ်မကိုက်တာတွေ ရှိတယ်။ Oil & Gas Sector က အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် ကြိုးစားရတဲ့ လုပ်ငန်းပိုင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းကကြီးထွားလာတာနဲ့ Family Business တွေအတွက် ရင်းနှီးငွေ ပိုလိုလာလို့ပဲ။ Family Business ဆိုရင် ဒီလိုအချိန်တိုတွင်း လုပ်ဆောင်ရတဲ့ လုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်ဖို့က သိပ်မလွယ်ဘူး။ ကျွန်တော့်အမြင်အရဆိုရင် Family Business တွေက Gas&Oil အပြင် သယံဇာတနဲ့ စိုက်ပျိုးရေးလုပ်ငန်း တွေကို လုပ်ဆောင်နိုင်တယ်။ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ Tourism ကဏ္ဍက အင်မတန်သိသိ သာသာတိုးတက်လာပြီး တိုင်းပြည်အတွက် တော်တော်အကျိုးဖြစ်တယ်။ နောက်တစ်ခုက တရုတ်မှာရှိတဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကိုကြည့်ရင် Labour Cost က တရုတ်မှာ များပြားလာတယ်။ အခု သိပ်မကြာသေး ခင်ကပဲ ဒါတွေက ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေကို ရွေ့လျားလာတယ်။ မြန်မာနိုင်ငံ ကလည်း Labour ခ သက်သာတော့ ရွေ့မယ်ဆိုရင် အဲဒီအထဲမှာ ပါလာနိုင်ခြေရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက Infrastructure ပိုင်းအားနည်းတော့ Logistics ပိုင်း အဆင်မပြေတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုကျနိုင်တော့ မသေချာသလိုပဲ။

kasper3

မြန်မာနိုင်ငံရဲ့Family Business တွေမှာ Professional Manager တွေ ခန့်အပ်ဖို့လိုရင် ဘယ်လိုအရည်အချင်း ရှိသူတွေကို ခန့်သင့်ပါသလဲ . . .

ကိုယ့်ရဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကိုယ့်မှာရှိတဲ့ Gap ကို ဖြည့်ပေးနိုင်တဲ့သူကို ခန့်ဖို့လိုပါတယ်။ ကိုယ့်နေရာမှာ Marketing Manager လိုအပ်နေတာမျိုးဆိုရင် Marketing Professional Manager ကို ခန့်ထားတာမျိုးပေါ့။ ခန့်အပ်တဲ့အခါမှာ ကိုယ့်နိုင်ငံရဲ့ Context ကို သိတဲ့ Experience ရှိတဲ့ Exposure ရှိတဲ့သူတွေဖြစ်တဲ့ အရှေ့တောင်အာရှ၊ အထူးသဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူကလိုသူမျိုးတွေ ဦးစားပေးသင့်တယ်။

First Generation တွေအနေနဲ့ Family Member တွေ Groom ဖြစ်လာဖို့အတွက် Professional တွေ ခန့်အပ် ပေးဖို့လိုပါသလား . . .

အောင်မြင်နေကြတဲ့ Family Business တချို့ဟာ သူတို့မှာ Mentor Model တွေ ရှိကြတယ်။ များသောအားဖြင့် Founder ရဲ့ ဆုံးဖြတ်ချက်၊ အတွေ့အကြုံစတာတွေနဲ့ အနီးကပ်ရှိနေတဲ့သူ၊ Second Generation နဲ့ သူတို့ရဲ့ ပြဿနာတွေ၊ Communication ပိုင်းနဲ့ပတ်သက်ပြီး ပြောပြပေးနိုင်သူ၊ ကူညီပေးနိုင်သူက Mentor ဖြစ်တတ်တယ်။

မြန်မာနိုင်ငံရဲ့ AEC အလွန် အခြေအနေ . . .

မြန်မာနိုင်ငံက အလားအလာကောင်းတွေ ရှိနေတယ်။ အစိုးရကလည်း ပြုပြင်ပြောင်းလဲမှုတွေ တဖြည်းဖြည်း လုပ်နေတယ်။ အပြောင်းအလဲအတွက် အချိန်ယူဖို့လိုတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေရယ်၊ စီးပွားရေးမှာ လျော့ပေါ့ပေးမှုတွေရယ်နဲ့ဆိုရင် ကျွန်တော်ကတော့ မြန်မာနိုင်ငံရဲ့အနာဂတ်က ကောင်းတယ်လို့ မြင်တယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများက Cash-Basis ဖြစ်ပါတယ်။ ဒါကြောင့် Succession Plan လို ပြင်ဆင်မှုတွေအပြင် တခြားဘယ်လို ပြင်ဆင်ထားမှုတွေ လိုအပ်ပါသလဲ . . .

Professional ဆန်ဆန်ပြုလုပ်ထားဖို့ လိုပါတယ်။ ကိုယ့်ကုမ္ပဏီရဲ့ ရှေ့အလားအလာတွေ၊ ကိုယ့်ရဲ့ Financial နဲ့ပတ်သက်တဲ့ စာရင်းဇယားကို ထင်သာမြင်သာအောင် ပြသထားဖို့လိုပြီးတော့ Trust ရနေဖို့လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုဘက်က ပြောရမယ်ဆိုရင် Transparency က အင်မတန်ကို အရေးကြီးတယ်။ အဲဒါအပြင် Professional Management ရှိရမယ်။

kasper2

မြန်မာနိုင်ငံလိုနေရာမျိုးမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ Return on Investment (ROI) ကို ဘယ်လောက်ထိ မျှော်မှန်းထားမလဲ . . .

မြန်မာနိုင်ငံက High Risk Environment ပဲ။  နံပါတ်တစ်အနေနဲ့ နိုင်ငံရေးပဲ။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေက Reform Process နဲ့ ပတ်သက်ပြီး ပူပန်မှုတွေရှိကြတယ်။ ဒီပူပန်မှုကြောင့်ပဲ စီးပွားရေးဘက်က ကြည့်မယ်ဆိုရင် ကိုယ်မျှော်လင့်ထားတဲ့ Return ထက် ပိုပြီးများမှရမယ်။ ကိုယ်က လုပ်ငန်းရှင်ဖြစ်နေပြီးတော့  Investment ကို Invite လုပ်မယ်ဆိုရင်တောင် သူတို့က ဈေးလျော့တာမျိုးတွေ ဖြစ်လာမယ်။ Reform Process ဆက်လုပ်သွားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ Political Risk တွေ လျော့သွားမှာဖြစ်တဲ့အတွက် မျှော်မှန်းထားတဲ့ Return တွေကို လျှော့ချသွားနိုင်မယ်။ မြန်မာနိုင်ငံက လုပ်ငန်းတော်တော်များများက အဲလိုရင်ဆိုင်နေရတယ်လို့မြင်တယ်။ အခုဆိုရင် ဒီကစီးပွားရေးလုပ်ငန်းတွေက နိုင်ငံတကာနဲ့ Joint Venture တွေ Corporation လုပ်တာမျိုးတွေရှိနေပြီ။ ဒါပေမဲ့လည်း Foreign Investor အနေနဲ့ဆိုရင် သူတို့တွေက အခြေအနေကို ကြည့်နေဆဲမို့လို့ အခွင့်အရေးနည်းနေဦးမယ်။ Investor အနေနဲ့ ROI မှာ မြန်မာနိုင်ငံအတွက်ဆို အနည်းဆုံး ၈ ရာခိုင်နှုန်းလောက် မျှော်မှန်းထားမယ်လို့ထင်တယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ပြည်သူပိုင်သိမ်းခြင်း(Nationalization)၊ ငွေချေးစနစ် ဖျက်သိမ်းခြင်း (Demonelizatin) စတာတွေ ရှိခဲ့ဖူးတာ လုံးဝစဉ်းစားရမယ့်အချက်ပါပဲ။ တောင်အမေရိကကို ကြည့်ရင် အဲဒီမှာ High Risk ဖြစ်တဲ့ အီကွေဒေါတို့မှာတောင် ၂-၃ ရာခိုင်နှုန်းလောက်ပဲမှန်းတယ်။ ဒါက ဘာကိုပြောနေလဲဆိုရင် အခုလောလော ဆယ်မှာ ရာခိုင်နှုန်းများနေပေမယ့် နောက်ပိုင်းအချိန်ကြာလာတဲ့အခါ ဒီရာခိုင်နှုန်းကို လျှော့ချသွားနိုင်မယ်ဆိုတာပဲ။ အဓိကကတော့ ရွေးကောက်ပွဲပြီးချိန်နဲ့ အလုံးစုံ ငြိမ်းချမ်းရေးစာချုပ် လုပ်ပြီးတဲ့ အချိန်လောက်မှာလို့ထင်တယ်။ Investment အနေနဲ့ ROI မြန်မာနိုင်ငံအတွက်ဆိုအနည်းဆုံး ၈ ရာခိုင်နှုန်းလောက် မျှော်မှန်းထားမယ်လို့ထင်တယ်။

သက်ဝါဟန်