ရွေးထားတဲ့ Career မှာ Professional ဖြစ်စေဖို့

article landscape wartermark final8 စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ယှဉ်ပြိုင်မှုများပြားလာတဲ့ ယနေ့ခေတ်မှာ လုပ်သားဈေးကွက်က Professional လို့ခေါ်တဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူတွေကို တောင်းဆိုလာတာကို တွေ့ရပါတယ်။ စစ်မှန်တဲ့  Professional တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ချက်နဲ့အတူ TODAY Foundation  က ကြီးမှူးပြီး  'ရွေးထားတဲ့ Career မှာ Professional ဖြစ်ဖို့' ခေါင်းစဉ်နဲ့ Panel Dicussion  ကို  ၂၀၁၄ ခုနှစ်၊ ဇွန်လ ဂ ရက်က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) မှာ T-Club  မဂ္ဂဇင်းက စီစဉ်ကျင်းပခဲ့ပါတယ်။ Panelist တွေအဖြစ် ဦးထွန်းထွန်းနိုင် ၊ မသီတာ (စမ်းချောင်း) နဲ့ ဒေါ်တင်မိုးလွင်တို့ ဆွေးနွေးပေးခဲ့ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာ Professional  အဖြစ်ရပ်တည်နိုင်ဖို့ ကြိုးစားနေသူတွေအတွက် ရည်ရွယ်ပြီး အဆိုပါဆွေးနွေးပွဲကနေ စိတ်ဝင်စားဖွယ်အချက်အချ ို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 နိုင်ငံတစ်နိုင်ငံ တိုးတက်လာဖို့  Professional  အ များကြီး ပေါ်ပေါက်လာဖို့  လိုအပ်တယ်လို့ ပြောကြပါတယ်။ Professional  ကို ဘယ်လိုခံယူထားသလဲဆိုတာ သိချင်ပါတယ်။

သီ -    အရင်ခေတ်တွေမှာတော့ Autonomy လို့ခေါ်တဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းနယ်ပယ်ပညာရပ်နဲ့ ပတ် သက်ပြီး လုံးဝဥဿုံဆုံးဖြတ်နိုင်တဲ့၊ ကိုယ့်ကိုယ်ပိုင်စည်းမျဉ်း စည်းကမ်း၊ ကိုယ့်ကိုယ်ပိုင်ကျင့်ဝတ်တို့နဲ့ ဖွဲ့စည်းထားတဲ့ လူအစုအဖွဲ့တွေကိုပဲ Professional သမားလို့ ခေါ်တယ်။ အစပိုင်းမှာဆိုရင် အင်မတန်မှ ကျဉ်းမြောင်းခဲ့တဲ့အနေအထား ပေါ့။ ကမ္ဘာဦးအစတုန်းကရှိခဲ့တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနဲ့ အခုနောက်ပိုင်းပေါ်လာတဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေက သိပ်မတူနိုင်တော့တဲ့အခါကျတော့ ဟိုအရင်တုန်းက ဥပဒေပညာရှင်တွေ၊ ဆေးပညာရှင်တွေ၊ ဒီလိုလူတွေအတွက်ပဲ Professional သမားလို့ သတ်မှတ်ပြီး သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ အကျဉ်းချုံး ကျွန်မ နားလည်ထားတာက Professional မှန်ရင် ကိုယ့်ရဲ့ ကျင့်ဝတ်စည်းကမ်းရယ်၊ ကိုယ်နဲ့အသက်မွေးဝမ်းကျောင်းတူ တဲ့သူတွေက ရေး ဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေသတွေ၊ စည်း မျဉ်းတွေကို ကိုယ့်အချင်းချင်းကြားထဲမှာ ပြန်ထိန်းသိမ်းပြီး တော့ အပြင်ကလူတွေ ဝင်ရောက်စွက်ဖက်မှုကို တတ်နိုင်သ လောက် ခံရစရာမလိုဘဲ ကိုယ့်အသက်မွေး ဝမ်းကျောင်းကို လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်တဲ့အစုအဖွဲ့သမားမှ Professional  သမားပေါ့။ အဲဒီတော့ ကိုယ့်မှာအားသာချက် ဆိုတာကလည်း ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ရင် အပြည့်အ၀ တာဝန်ယူမှုရှိတယ်။ ကျွမ်းကျင်တယ်။ နားလည်တယ်။ ဒါမှသာလျင် Professional  လို့ သတ်မှတ်ပါတယ်။ ထွန်း-   Professional  လို့ပြောရင် တချို့ကလည်း တိုက် ရိုက်အဓိပ္ပာယ်ပြန်ကြတယ်။ တချို့ကလည်း ကြေးစားလို့ ပြန်ကြတယ်။ ရာထူးနဲ့ Professional နဲ့မတူပါဘူး။ ရာထူး က ရာထူးပါပဲ။ Professional ဖြစ်အောင်ဆိုတာ ကိုယ် ကိုယ်တိုင်က ကြိုးစားရမှာပါ။ ကြိုးစားဖို့ဆိုတာက ဒီပညာ ရပ်ကို နက်နက်နဲနဲလိုက်စားဖို့ လိုပါတယ်။ နောက်တစ်ခု ကတော့ ဒီပညာရပ်နဲ့ဆိုင်တဲ့ကျင့်ဝတ်တွေ၊ Sales ဆိုလည်း Sales နဲ့ဆိုင်တဲ့ကျင့်ဝတ်တွေရှိပါတယ်။ အဲဒါကိုလည်း လိုက်နာမှ ကျွမ်းကျင်မှ တကယ့် Professional ကောင်း တစ်ယောက်ဖြစ်ပါလိမ့်မယ်။ article landscape wartermark final9 မိုး-      Professional ဆိုတာက ကျွမ်းကျင်တဲ့ကိစ္စတစ်ခု ကို ကိုယ်တိုင်လည်းကျွမ်းကျင်သလို၊ ဆက်လက်လည်းလေ့ လာပြီး သူများကို မျဝေအကြံပေးနိုင်တဲ့အဆင့်မျိုးကို ပြော တာဖြစ်ပါတယ်။ ဒါကြောင့် သူ့မှာ Ethics တွေ၊ Attitude တွေ၊ Boundary တွေအများကြီးရှိနေပါတယ်။ ဥပမာတစ်ခု ကိုနားလည်ရှင်းလင်းအောင် ပြောရရင် ကျွန်မအသက် ၂၅ နှစ်အရွယ်မှာ ဒီကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် ကျွန်မ ကုမ္ပဏီမှာ မန်နေးဂျင်းဒါရိုက်တာရာထူးကို ကျွန်မပဲ ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် ကတ်ပြားမှာMD, Talents & Model Co Ltd  ဆိုပြီးတော့ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ အုပ်ချုပ်မှုဒါရိုက်တာဆိုတဲ့ စီမံခန့်ခွဲနိုင်တဲ့ Professional အဆင့်မျိုး မရှိခဲ့ပါဘူး။ အဲဒီကတ်ပြားကို ကိုင်ထားပြီး ကုမ္ပဏီကို တည်ထောင်ထားပေမယ့် အဲကုမ္ပဏီ က အဆန်မရှိဘဲ အဆန်ချောင်နေသလို ဖြစ်နေတာပေါ့။ ဝန်ထမ်းတွေ ဝင်လာတယ်၊ မအုပ်ချုပ်နိုင်ဘူး၊ ပြန်ထွက်သွား တယ်။ ဒီရာထူးနဲ့ ဒီကတ်ပြားကို ကိုင်ထားပေမဲ့ ဒီရာထူးမှာကျွန်မ Professional မဟုတ်ခဲ့ပါဘူး။ ကျွန်မရဲ့ Pro-fessional  ကို ပြန်ဆန်းစစ်တဲ့အခါမှာတော့ ကျွန်မ အား ကစားကို စိတ်ဝင်စားတဲ့အတွက် အားကစားကို အခြေခံကနေ စပြီး လေ့ကျင့်ခဲ့တယ်။ အားကစားနဲ့ စပ်လျဉ်းတဲ့ပြိုင်ပွဲတွေ မှာဝင်ပြိုင်တော့ ဆုတံဆိပ်တွေရခဲ့ပါတယ်။ ဒါဆိုရင်တော့ သတ်မှတ်ထားတဲ့ Professional ပေါ့။ အားကစားနဲ့ ပတ် သက်လာရင် အကြံဉာဏ်လာတောင်းကြတယ်။ Trainer အဖြစ် လေ့ကျင့်ခိုင်းကြတယ်။ အဲဒီမှာ ကျွန်မ Trainer ဖြစ်လာပါတယ်။ Teacher ဖြစ်လာတယ်။ Instructor ဖြစ်လာတယ်။ အဲဒီအခါမှာ အားကစားနဲ့ပတ်သက်လို့ ပြန်လည်သင်ကြားနိုင်ပြီး ကိုယ်တိုင်လည်း တစိုက်မတ်မတ် လေ့လာတဲ့ Professional ဖြစ်လာတာပေါ့။ အဲဒီကမှ အလှအပနဲ့ ပတ်သက်ပြီး Fashion Trainer  ဖြစ်လာတယ်။ နောက်ပိုင်း Professional ပေါ့။ ဟိုစပ်စပ်ဒီစပ်စပ် ပြောရာကနေ ဆက်စပ်ပြီး ပွဲတစ်ပွဲဖြစ်အောင်၊ အခမ်းအနားတစ်ခုဖြစ်အောင်၊ Professional တစ်ခုဖြစ်အောင် ပြောရတော့မယ့်ဟာတွေ ကိုဆက်စပ်လေ့လာလိုက်တော့ ကျွန်မက အပြောသမား Professional ဖြစ်လာတာပေါ့။ အဓိကကတော့ ကိုယ်ကိုယ် တိုင်ခေါင်းစဉ်တပ်လိုက်တဲ့ Professional မဟုတ်ဘဲနဲ့ ကိုယ်က ကျွမ်းကျင်လာပြီးတော့မှ အများကလည်း သတ် မှတ်၊ အသိုင်းအဝိုင်းကလည်း သတ်မှတ်၊ ကိုယ်ကိုယ်တိုင် ကလည်း ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းနိုင်ပြီး တော့ တစ်စိုက်မတ်မတ်လေ့လာကျွမ်းကျင်၊ သူတစ်ပါးကို လည်းပြန်ပြီး အကြံဉာဏ်ပေးနိုင်တာမျိုးကို Professional လို့ခေါ်တယ်လို့ ကျွန်မက လက်တွေ့သုံးသပ်မိပါတယ်။

ကျွန်မတို့လူငယ်တွေမှာ  ပြဿနာတစ်ခုရှိတာက Career တစ်ခုတည်းကို တစိုက်မတ်မတ်သွားတာမဟုတ်ဘဲ လူငယ် တွေရဲ့ Career က ဟိုဘက်သွားလိုက်  ဒီဘက်သွား လိုက်နဲ့ ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဆရာ၊ ဆရာမတို့အနေနဲ့ ကော ဒီ Career လမ်းကြောင်းကို ဘယ်လို ရောက်လာခဲ့လဲ၊ ဘာကြောင့်  ဒီ Career လမ်းကြောင်းကိုပဲ ရွေးချယ်ပြီးတော့ Professional ဖြစ်အောင် ကြိုးစားခဲ့လဲဆိုတာကို သိချင် ပါတယ်။

[caption id="attachment_14418" align="alignnone" width="370"]people portrait water mark final4 မသီတာ (စမ်းချောင်း)[/caption] သီ - ကျွန်မရွေးခဲ့တဲ့ Professional က နှစ်ခုဖြစ်နေလို့  အဲဒီနှစ်ခုစလုံးအကြောင်းကို ပြောရမှာပါ။  ကျွန်မအဖေက ကျွန်မ ဆယ်တန်းအောင်တဲ့အချိန်မှာ ဆရာဝန်ဖြစ်အောင် မတိုက်တွန်းခဲ့ပါဘူး။ နောင်တစ်ခေတ်မှာ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သိပ္ပံပညာရှင်တွေ အများကြီးလို တယ်လို့ ကျွန်မအဖေက ကျွန်မကိုပြောပါတယ်။ ဒေါက်တာ တပ်ပြီး အခေါ်ခံချင်ရင် Physics တို့ Maths တို့၊  Chemistry  တို့ကို လုပ်ပါတဲ့။ အဖေက စာရင်းသမားဆိုတော့ ပင်ပန်းတယ်ဆိုပြီး စာရင်းအင်းလမ်းကြောင်းကို မလိုက်ဘဲ တိုးတက်ဖို့ဆိုရင် ခုနကပြောခဲ့တဲ့လမ်းကြောင်းတွေကို လိုက် ပါလို့ပြောပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ မရဘူး။ ကျွန်မ ရွေးချယ်တဲ့ Professional က အဲဒါမဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်မ ပြောချင်တာက Career တွေ ပြောင်းသွားတယ်ဆိုတာက ကိုယ့်ဘာသာကိုယ် မသိမှုကနေ စတာလို့  ထင်ပါတယ်။ ကိုယ်ဘာဝါသနာပါလဲဆိုတာကို မသိဘူး။ ကိုယ်ဘာကျွမ်းကျင်လဲဆိုတာကို မသိဘူး။ အဲဒီ တော့ ကိုယ့်ဘဝရပ်တည်ရှင်သန်ရေး ဝင်ငွေရဖို့ရယ်၊ ကိုယ့် စိတ်ခံစားချက်ပျော်ပိုက်မှုရယ် ဒီနှစ်ခုအပေါ်အခြေခံပြီး အလုပ်တွေ ပြောင်းလာကြတယ်။ အဲဒီအတွက်ကြောင့်လည်း ပြဿနာတွေဖြစ်လာတယ်။ ကျွန်မတုန်းကတော့ အဖေက မလုပ်ပါနဲ့လို့ ပြောပေမယ့် ကျွန်မက ဒီ Chemistry တို့ Physics တို့လုပ်ရင် Lab ထဲမှာပဲ အချိန်ကုန်သွားလိမ့်မယ် ထင်တယ်။ ကျွန်မလူတွေနဲ့ဆက်ဆံချင်တယ်။ လူတွေကို စိတ်ဝင် စားတယ်။ ဒါကြောင့် ကျွန်မ ဆရာဝန်ဖြစ်ရရင်ဖြစ်ရ၊ မဖြစ်ရရင် ကျွန်မ Language ပဲ လုပ်ချင်တယ်။ ကျွန်မအဲဒီထဲက စာရေးချင်တယ်။ English  ဖြစ်ချင်ဖြစ်မယ်။ မြန်မာစာ ဖြစ်ချင်ဖြစ်မယ်။ ကျွန်မ ဒီဘာသာနှစ်ခုကိုပဲ ရွေးပြီး ကျွန်မ စာရေးဖို့ကြိုးစားမယ်ဆိုပြီးတော့ ကျွန်မ ဆရာဝန်ဖြစ်လာပါတယ်။ စာရေးဖို့ကိစ္စကို ကျွန်မ  1st MB စတက်တဲ့အချိန်မှာ စပြီးကြိုးစားခဲ့ပါတယ်။ အဲဒီမှာလည်း ကျွန်မက ရွေးထားတဲ့ Professional  နှစ်ခုလုံးကို တစ်ပြိုင် နက်တည်းလုပ်ချင်တာဖြစ်တဲ့အတွက် ကျွန်မမှာစိန်ခေါ်မှု အများကြီးရှိခဲ့ပါတယ်။ အဓိကကတော့ မိဘတွေက စိတ်ပူ ပါတယ်။ အထူးသဖြင့် စာအင်မတန်များပါတယ်ဆိုတဲ့ ဆေးကျောင်းကို မပြီးသွားမှာ တွေးပူကြတယ်။ အဲဒါကြောင့် ကျွန်မ စာရေးတော့မယ်လို့ ဆုံးဖြတ်ကတည်းက မိဘကို အပြီးပြောပါတယ်။ ကျွန်မတော့ စာရေးတော့မယ်။ စာရေး ဆရာဖြစ်တာ၊ မဖြစ်တာကို အဲဒီတုန်းက အလေး ထားပြီး မပြောခဲ့ပါဘူး။ စာရေးချင်နေတဲ့အတွက်ကြောင့် စာကိုတော့ တစိုက်မတ်မတ်ရေးမှ ဖြစ်တော့မယ်။ ရေးလည်း ရေးမယ်ဆို ပြီး လုပ်နေတဲ့အချိန်မှာ ကျွန်မဆေးကျောင်းမှာ အောင်မယ် မအောင်ဘူးဆိုတာ ကိုတော့  ပူစရာမလိုပါဘူး။ ကျွန်မကိုယ် ကျွန်မတာဝန်ယူပြီးတော့ ကြိုးစားပါတယ်။ နောက်တစ်ခုက ဒီအချိန်မှာ ကျွန်မ နောက်ထပ်အလေးထားပြီးပြောချင်တာ အခုချိန်ထိ နှစ်ခုလုံးကို ကျွန်မ လက်မလွှတ်ပါဘူး။ အဲဒါ ကတော့ ကျွန်မကိုယ်တိုင်က ရွေးထားတဲ့ Professional ဖြစ်လို့ပါ။ ကျွန်မ ကြိုက်လို့၊ ကျွန်မချစ်လို့၊ ကျွန်မရွေးထားတဲ့ Professional ဖြစ်တဲ့အတွက်ကြောင့် ကျွန်မ အခုချိန်ထိ လက်မလွှတ်နိုင်ပါဘူး။ နောက်တစ်ခု တိုက်တွန်းအားပေး ချင်တာက  ဝါသနာလည်းပါပြီး စိတ်ဝင်စားမှုလည်းရှိတဲ့အတွက် နှစ်စ်ခုစလုံးလုပ်လို့ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဆိုတာကို သက်သေပြတာဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်မ အခုထိ လည်း လုပ်နိုင်ပါတယ်။  နာရေးကူညီမှုဆေးခန်း မှာဆိုရင် ကျွန်မ ဟားဗတ်က ပြန်လာပြီးနောက်ပိုင်းမှ တစ် ပတ်တစ်ရက်ပဲ လုပ်နိုင်တာ။ အရင်ကဆို ကျွန်မဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှာ တစ်ပတ်ကို ခြောက်ရက် လုပ်ရပါတယ်။ Sunday ဆို နာရေးကူညီမှုအသင်းဆေးခန်းမှာ လုပ်ပါတယ်။ တစ်ပတ်ကို ခုနစ်ရက် မနက်ပိုင်းတွေမှာ ဆရာဝန်အဖြစ် လုပ်ပါတယ်။ နေ့ခင်းမှာလည်း အဲဒီတုန်းက တစ်ပတ်ကို ခုနစ်ရက် မဂ္ဂဇင်းတိုက်တွေမှာ လုပ်ခဲ့ပါတယ်။ လုပ်လို့ရတာကို ပြောချင်တာပါ။ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်လဲလို့ မေးရင် တော့ စိတ်ဝင်စားမှု၊ ဝါသနာအပြင် အားထုတ်မှုလည်း လို ပါတယ်။ နောက်တစ်ခုက ကိုယ့် Professional အသီး သီးမှာလည်း နာမည်တပ်ရုံမဟုတ်ဘဲ အဲဒီအလုပ်မှာ စိတ် ဝင်တစားဖြစ်အောင် လုပ်ဖို့ဆိုတဲ့အတွက်ကြောင့် Skill တွေ လည်း လိုပါတယ်။ Professional  သမားတစ် ယောက်က ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး အပြည့်အ၀ Autonomy  ရှိပါတယ်။ အဲဒီအပေါ်မှာ ကိုယ်က အတိအကျ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ အဲလိုအသုံးချဖို့ဆိုရင် ကျင့်ဝတ်တွေ လိုက်နာ ရုံနဲ့မပြီးပါဘူး။ Skill တွေ အပြည့် အဝလိုပါတယ်။ Skills မရှိဘူးဆိုရင် ကိုယ်က ကျင့်ဝတ်ကို ဘယ်လောက်ပဲ နားလည်နားလည် ကိုယ်က စွမ်းရည်မရှိ ဘူး၊ လုပ်ရည်ကိုင်ရည် မရှိဘူးဆိုရင်လည်း ကိုယ်ထမ်း ဆောင်နေတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး စွမ်းစွမ်းတမံနဲ့ ထိထိရောက်ရောက်မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်တာနဲ့အမျ ကိုယ်ကိုယ်တိုင်က စိတ်ဓာတ်ကျလာ တယ်။ Career ဘာလို့ပြောင်းပြောင်း သွားလဲမေးရင် ကိုယ် ရွေးချယ်ထားတဲ့ အလုပ်၊ ကိုယ်ရွေးချယ်လိုက်တဲ့ Career  တွေမှာ စိတ်မဝင်စားတာက တစ်ပိုင်း၊ Skills  အားနည်း တာက တစ်ပိုင်း ဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ကိုယ့်အထက် အရာရှိကဖြစ်စေ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကဖြစ်စေ ကိုယ့်ရဲ့ မစွမ်းဆောင်နိုင်မှုအပေါ်မှာ တစ်နည်းနည်းနဲ့ တုံ့ပြန်ကြတယ်။ ပြောဆိုပြစ်တင်တာ ဖြစ်နိုင် တယ်။ ဝေဖန် တာဖြစ်ချင်ဖြစ်မယ်။ အဲဒီတုံ့ပြန်မှုတွေရဲ့ဒဏ်ကို မခံနိုင်တော့ ဘူး။ နဂိုကတည်းကလည်း ကိုယ်ရွေးချယ်ထားတဲ့ Career ပေါ် ဝါသနာအလျောက် ဇွတ်မှိတ်ပြီး သန္နိဋ္ဌာန်ချလုပ်တာမ ဟုတ်တဲ့အခါကျတော့ နေပါစေတော့၊ ငါနဲ့ မကိုက်ပါဘူး ဆိုပြီး စိတ်လျော့လိုက်တယ်။ အလားတူ ဝင်ငွေရမယ့်အလုပ် လေးတစ်ခုပဲ ပြောင်းလုပ်လိုက်ကြတယ်။ ဒီပြဿနာရှိတယ် ထင်လို့ တကယ် Professional ပဲ ရွေးမလား၊ Career ပဲ ရွေးမလား၊ ဘာပဲရွေးရွေး အရေးကြီးဆုံးက ကိုယ်ပါပဲလို့ ပြောချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ သန္နိဋ္ဌာန်နဲ့ ကိုယ်ကိုယ် တိုင်ရဲ့အားထုတ်မှုမပါရင် ကြိုက်တဲ့ Professional ၊ ကြိုက် တဲ့ Career ရွေး ဘယ်ဟာမှ မအောင်မြင်နိုင်ပါဘူး။ [caption id="attachment_14420" align="alignnone" width="370"]people portrait water mark final6 ဦးထွန်းထွန်းနိုင်
Managing Director
Blue Ocean Operating Management co LTD[/caption] ထွန်း-   ကျွန်တော် ဆယ်တန်းအောင်တုန်းက အခုခေတ် လူငယ်တွေလိုပဲ ဝေေ၀ဝါးဝါးဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ရှိသမျ သင်တန်းတွေ တက်ဖူးပါတယ်။ ကျွန်တော်တို့တုန်းက ဆို ကွန်ပျူတာတောင် မပေါ်သေးဘူး။ လက်နှိပ်စက်သင်တန်း လက်ရေးတိုသင်တန်းတက်ရတယ်။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ Secretary သင်တန်းတက်ခဲ့တယ်။  သင်တန်းပေါင်းစုံတက် ပြီး ကျွန်တော်ပထမဆုံး စလုပ်ခဲ့တဲ့အလုပ်က မြန်မာ့ဆက် သွယ်ရေး မှာ တယ် လီဖုန်း Operator စလုပ်ခဲ့တယ်။ ဝင်ငွေ အင်မတန်ကောင်းတဲ့အတွက် လူတိုင်းလုပ်ချင်ကြတယ်။ ကျွန်တော် စလုပ်တော့ လက်ဆောင်ပေးတဲ့သူတွေ၊ ထမင်း ကျွေးတဲ့သူတွေ လာကြတယ်။ ဒါပေမဲ့ မပျော် ဘူး။  အဲဒါနဲ့ ဒီအလုပ်က ကျွန်တော်နဲ့ မကိုက်ဘူးလို့ အဖေ့ကို ပြောပါ တယ်။  အဲဒီတုန်းက ကျွန်တော် ၁၇ နှစ်ပဲ ရှိသေးတယ်။ အဲဒါနဲ့ နောက်တစ်ခုပြောင်းလုပ်တယ်။ စာပို့တဲ့အလုပ်ပေါ့။ အဲဒါကတော့ နည်းနည်းပျော် သလိုပဲ။ ဘာလို့လဲဆိုတော့ ကိုယ်က ၁၈ နှစ် လူငယ်ဆိုတော့ ဟိုသွားဒီသွား သွားနေ ရတယ်။ ပြေးလွှားရတယ်။ ကုမ္ပဏီတွေ သွားရတယ်။ စာ လက်ခံရတယ်။ အဲလိုမျိုးပေါ့။ အဲဒါလုပ်ရင်းနဲ့ အဲဒီအချိန်ထိ ကျွန်တော့် ကိုယ်ကျွန်တော် ဘာလုပ်ရမှန်းလည်း မသိသေး ပါဘူး။ ဘာဖြစ်ချင်မှန်းလည်းမသိပါဘူး။ ၁၈ နှစ်၊ ၁၉ နှစ် ရောက်နေပြီ။ ဒါနဲ့ တစ်ရက်ကျတော့ DHL ရဲ့ စင်ကာပူက Regional Director  ရောက်လာပြီး မင်းဘာ လုပ်နေလဲ မေးတော့ ကျွန်တော် ဒီမှာ စာပို့နေတယ်ပြောပြီး သူနဲ့စကား ပြောကြည့်ရင်းနဲ့ မင်းနေရာမှားနေပြီ။ မင်းဒီနေရာမှာ မလုပ် ရဘူး။ မင်းလုပ်ရမှာက Sales လုပ်ရမှာလို့ ကျွန်တော့်ကို ပြောပါတယ်။ အဲဒါနဲ့ သူက မြန်မာနိုင်ငံက Country မန်နေဂျာကို ပြောပြီး Sales ရာထူးကို ပြောင်းပေးတယ်။ Sales လုပ်တော့ အရင်ကလို မဟုတ်ဘူး။ ကြော့ကြော့မော့ မော့လေးသွားရတာပေါ့။ အဲဒါနဲ့ ဘာဖြစ်လာလဲဆိုတော့ တယ်လီဖုန်း Operator အခံလေးရှိနေတော့ လူတွေနဲ့စကား ပြောချင်လာတယ်။ လူတွေနဲ့စကားပြောတာကို ကျွန်တော့်ရဲ့ အတတ်ပညာတစ်ခုလို့ လက်ခံလာပြီး Sales မှာ အောင်မြင် လာတယ်။ အဲဒီအခါကျမှ ကျွန်တော် Sales နဲ့ ပတ်သက် တဲ့သင်တန်းတွေ၊ Marketing နဲ့ ပတ်သက်တဲ့သင်တန်းတွေ တက်ဖြစ်ပါတယ်။ ကျွန်တော့် Career မှာ Sales & Mar-keting  နဲ့ပတ်သက်တဲ့အလုပ်တွေကို တောက်လျောက်လုပ် ဖြစ်ခဲ့ပါတယ်။ နောက် ဆုံး ၂၀၀၂ ခုနှစ်မှာ IT ကုမ္ပဏီစထောင်တုန်းကလည်းIT  ကုမ္ပဏီထောင်ရအောင်ဆိုပြီး သူငယ်ချင်း တွေကလာခေါ်တယ်။ ကျွန်တော်IT  အကြောင်း တစ်လုံးမှ နားမလည်ဘူး။ ဒါပေမဲ့ ဈေးကွက်လေ့ လာကြည့် တဲ့အခါIT  သမားတွေက Sales နဲ့ Marketing ကို နားမလည်ကြ ဘူး။ အဲဒါနဲ့ ကျွန်တော် ှုွှ ကုမ္ပဏီထောင်ဖြစ်သွားတယ်။ ငါကတော့IT  မရေးတတ်ဘူး။ ဆော့ဖ်ဝဲလည်း မရေးတတ် ဘူး။ ငါလုပ်တတ်တာ ရောင်းတတ်တာပဲရှိတယ်ဆိုပြီး ဒီ ကုမ္ပဏီကိုစထောင်ဖြစ်တာ။ အခုထိလည်း ကိုယ့်ရဲ့ Service တွေ၊ Product တွေကိုတွေ့တဲ့သူတိုင်းကို ရောင်းနေပါတယ်။ ကျွန်တော်က အခုထိ Salesman တစ်ယောက်ပါ။ [caption id="attachment_14419" align="alignnone" width="370"]people portrait water mark final5 ဒေါ်တင်မိုးလွင်
Managing Director
Talents & Models Co LTD[/caption] မိုး-      ကျွန်မက ဘယ်နေရာမှာ ဘာမြင်မြင် ဟိုစပ်စပ်ဒီ စပ်စပ်လုပ်ချင်တဲ့ 'မ' ပါချင်ဖြစ်ပါတယ်။ အဘွား ထမင်း ချက်တာမြင်ရင် ကျွန်မ ထမင်းချက်ချင်ပါတယ်။ အမေစာ သင်တာမြင်ရင် စာသင်ချင်ပါတယ်။ အဖေက ရှေ့နေစာမေး ပွဲအတွက် စာဖတ်တာမြင်ရင် ကျွန်မရှေ့နေဖြစ်ချင်ပါတယ်။  စာရင်းကိုင်ဖြစ်တဲ့ ကျွန်မအဘိုး စာရင်းတွက်တာမြင်ရင် စာရင်းတွက်ချင်ပါတယ်။ ဦးလေးတွေ ဘောလုံးကန်တာမြင် တာ ဘောလုံးကန် ချင်ပြန်ရော။ အဒေါ်က ပန်းချီဆွဲတော့ ပန်းချီဆွဲချင်တယ်။ နောက်အဒေါ်တစ်ယောက်က ဘားကျွမ်း ကစားတာမြင်တော့ ဘာကျွမ်းကစားချင်တယ်။ အဲဒီလို အခြေခံတွေကို ကျွန်မ ငယ်စဉ်ကျောင်းပိတ်ရက်မှာ မျအောင် အမေက သင်တန်းတွေ ပို့ပေးပါတယ်။ ကျွန်မ ငယ်စဉ်က နွေရာသီကျောင်းပိတ်ရက်မှာ စာကျက်စရာမလိုပါဘူး။ သင် တန်းတွေ ပို့ပေးပါတယ်။ စိတ်ကြိုက်ကစားခွင့်ပေးပါတယ်။ ဒါကြောင့် ကျွန်မက စိတ်ကြိုက်ရူးခွင့်၊ ဖန်တီးခွင့်ရခဲ့ပါတယ်။ အမေက သရုပ်ဆောင်ပြိုင်ပွဲတွေ ပို့ပေးတဲ့အခါမှာလည်း မင်းသမီးဖြစ်ချင်စိတ်တွေ ဖြစ်လာပြန်တယ်။ အဆိုတော် တွေခေတ်စားတော့ အဆိုတော်ဖြစ်ချင်ပြန်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့ခေတ် တုန်းက ဖြစ်နိုင်တဲ့သင်တန်းတွေကို လွှတ် ပေးတဲ့အတွက်  အဲဒီသင်တန်းတွေကနေ နည်းပညာဆိုတဲ့ အခြေခံလေးတွေကို ရပါတယ်။ Career  တကယ်ရွေးရမယ့် အချိန်ကတော့ ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ဖြစ်ပါတယ်။အဲဒီတုန်းကကျွန်မ ဆရာဝန်ဖြစ်ချင်ခဲ့ပေမဲ့ မဖြစ်ခဲ့ပါဘူး။ ကျွန်မတို့အမျိုးတွေထဲမှာ ဆရာဝန် မရှိပါဘူး။ ကိုယ်ကိုယ် တိုင်ကလည်း ခပ်ထက်ထက်ဆိုတော့ အမျိုးပေးတာဝန်အရ ဆရာဝန်ဖြစ်ချင်ပေမဲ့ ကိုယ့်ကျန်းမာရေးမကောင်းတာနဲ့ ဘာ နဲ့ဆိုတော့ ဆရာဝန်ဖြစ်ဖို့ ၁၁ မှတ်အလိုနဲ့ မဖြစ်ခဲ့ပါဘူး။ အဲဒါနဲ့ အင်ဂျင်နီယာဖြစ်ခဲ့ပါတယ်။ အင်ဂျင်နီယာဆိုလည်း ကျွန်မက ရေနံမှာကုမ္ပဏီမှာလုပ်မယ်၊ နိုင်ငံခြားမှာ လုပ်မယ် ဆိုပြီး ကျွန်မ အမျိုးမျိုးတွေးခဲ့ပါတယ်။ အင်ဂျင်နီယာဘွဲ့ အတွက် ခြောက်နှစ်သင်ရမှာကို ကျွန်မ တစ်နှစ်ကျတာနဲ့ ခုနစ်နှစ်၊ အရေးအခင်းဖြစ်တာ သုံးနှစ်ပေါင်းပြီး ဆယ်နှစ် သက်တော်ရှည်အင်ဂျင်နီယာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ဓာတ်မကျပါဘူး။ ကျွန်မမောင်တွေ၊ တပည့်တွေ အသက် ၂၀ အလုပ်ထဲဝင်နေချိန်မှာ ကျွန်မက အသက် ၂၅ နှစ်ကျ မှ အလုပ်ထဲ စဝင်ရတာပါ။ ဒါပေမဲ့ တက္ကသိုလ်ပညာသင် နေတဲ့ အချိန်တစ်လျောက်မှာ အင်ဂျင်နီယာဆိုတဲ့ဘာသာရပ် ကိုကျောထောက်နောက်ခံထားပြီး ကျန်တဲ့ဘဝအစိတ်အပိုင်း အချို့မှာသင်ခဲ့တဲ့ တို့တိတို့ထိအရာတွေအားလုံးကို အရသာ ရှိတဲ့ခေါက်ဆွဲသုပ်လို ဖန်တီးလိုက်တာ ကတော့ ကျွန်မရဲ့ Skill ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မက စုစည်းမှု (Orga-nizing) မှာအာရုံကောင်းတယ်လို့ ကျွန်မရဲ့ဆရာတွေ၊ အသိ တွေက သုံးသပ်တဲ့အတွက် တစ်ခုချင်းစီလိုက်စုပြီး စုစည်း ရတဲ့ အလုပ်မျိုးနဲ့အံ ကိုက်ဖြစ်မယ်လို့ ကျွန်မတွေးမိပါတယ်။ ဒါကြောင့် Agency ကိုတည်ထောင်ဖြစ်သွားပြီး ဒီ Agency ထဲမှာ Model တစ်လိုင်းတည်းမဟုတ်ဘဲ Talent ဆိုတဲ့ ပါရမီစံပေါ့။ ဟိုဟိုဒီဒီစိတ်ဝင်စားတဲ့သူတွေအတွက် ပါရမီစုံ၊ ဒီကွေ့မှာ ဒီတက်နဲ့မရရင် ဟိုတက်နဲ့ လှော်ရမယ်ဆိုတဲ့ သဘောမျိုးနဲ့ပျိုးထောင်ဖို့ရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။ ဒါကြောင့် ကျွန်မ Professional ကိုပြောမယ်ဆို ရင် စုစည်းရာမှာ ကျွမ်းကျင်အောင်၊ ပြီးတော့ Motivation ပိုင်းမှာကျွမ်းကျင်အောင် ကျွန်မလုပ်ခဲ့ပါတယ်။ တချို့ကလေး တွေကမြင်လိုက်ရင် လုပ်ချင်စိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ် ချင်စိတ်တစ်ခုကို ဘယ်လောက်ကြိုးစားရမယ် မသိပါဘူး။ သူတို့ရဲ့စိတ်တွေကို စုစည်းပြီး ဒီအလုပ်ကတော့ ဒီလောက် ကြိုးစားရင် ဖြစ်တယ်၊ Modeling ကတော့ ခြောက်လအချိန် ပေးရမယ်၊ Event Management  ကတော့ တစ်နှစ်ခွဲအချိန် ပေးရမယ်၊ Presenter ကတော့ နှစ်နှစ် အချိန်ပေးရမယ်၊ DJ ကတော့ တစ်နှစ်ခွဲအချိန်ပေးရမယ် စသဖြင့်  တွက်ချက် ပြီး ကျွန်မက Plan ချပေးရတာပါ။ အခုခေတ်ကတော့ ကျွန်မတို့ခေတ်ထက်ပိုပြီး ပွင့်လင်းလာပြီဖြစ်တဲ့အတွက် ကျွန်မတို့ထက် ပိုပြီးအာရုံများစရာတွေပေါပါတယ်။ သူတို့ က ကျွန်မတို့ငယ်ငယ်တုန်းကထက် မြင်တာကြားတာတွေ များလာတော့ သူတို့အတွက် Talent တွေပိုများလာပါ တယ်။ အဲဒီတော့ ရံထားတဲ့ Talent တွေကို အချိန်တန်လို့ အသက်မွေးဝမ်းကျောင်းရတော့မယ်ဆိုရင် အားအကောင်းဆုံး Talent တစ်ခုကိုဆွဲထုတ်ပြီးတော့ Skill ပါပါနဲ့ ကျွမ်းကျင် မှုကိုထပ်လောင်း ပြီးတော့ လုပ်လိုက်မယ်ဆိုရင် အဆင်ပြေ သွားမှာပါ။ ဒါကြောင့် လူငယ်တွေကိုအကြံဉာဏ်ပေးချင်တာ ကတော့ ဖြစ်ချင်တဲ့စိတ်ကူးရှိရင် ကြိုးစားကြည့်လိုက်ပါ။ သင်တန်းတက်ကြည့်လိုက်ပါ။ အဲဒီလို သင်တန်း တက်ကြည့်၊ စာဖတ်ကြည့်၊ ကြိုးစားကြည့်၊ တွေ့ဆုံစကားပြောကြည့်တာ ဟာ ပြတင်းပေါက်တံခါး တစ်ခုကိုဖွင့်လိုက်သလိုပါပဲ။ အဲဒီ လိုကြိုးစားကြည့်လိုက်မှ ကိုယ်ဘယ်လမ်းကို သွားမလဲဆိုတာ ကိုစိတ်ကြိုက် ရွေးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကူးနဲ့ရူးနေမယ် ဆိုရင်တော့ လေပေါ်မှာ အိမ်ဆောက်နေသလိုပါပဲ။ ကိုယ် ဖြစ်ချင်တဲ့ကိစ္စက ကိုယ်ဒဏ်ခံနိုင်တဲ့ကိစ္စလား၊ ကိုယ့်ဝီရိယ စိုက်ထုတ်နိုင်တဲ့ကိစ္စလား၊ ကိုယ်လုပ်နိုင်တဲ့ကိစ္စဆိုရင် ပျော် ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်ပြီး Professional ဖြစ်သွားနိုင်ပါ တယ်။ ကျွန်မအနေနဲ့ Management ပိုင်းကို သိပ်ကျွမ်း ကျင်တာမဟုတ်ပေမဲ့ Organize  လုပ်တာကို ကျွမ်းကျင်တဲ့ အတွက် မျိုးဆက်သစ်တွေကို လမ်းကြောင်းပေးနိုင်တဲ့ Skill ပိုင်းကိုသွားတာပေါ့။ ဒါကြောင့် ဒီမှာရှိနေတဲ့ လူကြီး၊ လူ ငယ်တွေ အားလုံးက အချိန်အခါ အသက်အရွယ်နဲ့မဆိုင်ပါ ဘူး။ ကိုယ်ရွေးချယ်တဲ့ Profession ကိုပေါက်ရောက်အောင် လုပ်ပြီး Profession ဖြစ်အောင်လုပ်နိုင်ပါသေးတယ်လို့ သုံးသပ်ချင်ပါတယ်။

အခုလက်ရှိမှာ လူငယ်တွေကြုံတွေ့နေရတဲ့ Role Model  ပျောက်နေတဲ့ပြဿနာတို့ ကိုယ့်မှာဘယ်လို Talent ရှိလဲ ဆိုတာကိုသိအောင် ဘယ်လို ဖော်ထုတ်ရမှန်းမသိတဲ့ ပြဿနာတို့ကို ဘယ်အသက်အရွယ်မှာ လုပ်သင့်သ လဲ ဆိုတာကို ဆွေးနွေးပေးစေချင်ပါတယ်။

သီ - တကယ်တမ်းပြောရရင် ကျွန်မကတော့ စာသမား ပီပီ စာဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မစာပေဟော ပြောပွဲတွေမှာလည်း ဒီနမူနာပေးပါတယ်။ ကျွန်မ သတင်း ထောက်တွေကိုT-Shirt  လေးတစ်ထည် လက်ဆောင်ပေး မယ်၊ ကြိုက်တာရွေးဆိုပြီး Brand  နာမည်တွေ ရွတ်ပြပါ တယ်။ မြန်မာပြည်မှာ သိပ်မကြားဘူးတဲ့ Brand တွေပေါ့။ သူတို့က မျက်လုံးလေးပြူးပြီး ကျွန်မကို ကြည့်နေတယ်။ နောက်ဆုံးတော့ ဒီမှာ သူတို့ရဲ့ကြားဖူးတဲ့ Brand လေးတွေ ပဲပေးရင်တောင် ကျေနပ်ပါတယ်ဆိုပြီး ပြောပါတယ်။ ဒါ ကြောင့် သူတို့ကို ကျွန်မပြောတာက လောကမှာ ကိုယ်က မသိဘူးဆိုရင် ကိုယ့်အတွက် အကောင်းဆုံးဆိုတာ ဘယ်တော့မှမရွေးတတ်ပါဘူး။ မသိဘဲနဲ့ရွေးရင်အကောင်းနဲ့တော့ မတိုးပါဘူး။ အဲဒီတော့ သိအောင်လုပ်ဖို့ဆိုရင် စာဖတ်စေ ချင်ပါတယ်။ ဒီနေ့ခေတ်က အင်မတန်လွယ်ပါတယ်။ ကျွန်မတို့ တုန်းကဆိုရင် Professional  ဆိုရင် လက်ချိုးရေလို့ရတဲ့ တက္ကသိုလ်တွေပဲ ရှိပါတယ်။ ရေကြောင်းတက္ကသိုလ်ဆိုတာ မျိုးမရှိပါဘူး။ အစိုးရက ပြဋ္ဌာန်းပေးတဲ့ တက္ကသိုလ်မဟုတ်ဘဲ ပြင်ပကို သွားတက်မယ်ဆိုရင်လည်း ဟိုဘက်ခေတ်တုန်းက စိတ်ကူးယဉ်လို့တောင် မလွယ်တဲ့ကိစ္စ။ ဒါပေမဲ့ ဒီနေ့ ဒီ အချိန်မှာ Click တစ်ချက်နှိပ်ရုံနဲ့ မိုဘိုင်းဖုန်းကိုလက်ကလေး နဲ့ပွတ်လိုက်ရုံနဲ့ပဲ ရှာချင်တာရှာလို့ရတဲ့ ခေတ်ရောက်နေပါ ပြီ။ ရှာချင်တာရှာလို့ ရနေပေမယ့် ကိုယ်ကြည့်ချင်တာ လောက်ပဲကြည့်ပြီးတော့ ဒါလေးပဲ ကိုယ်နဲ့အဆင်ပြေတယ် လို့ပဲတွေးနေရင်တော့ ွှ-T-Shirt    ရွေးနေတဲ့သူလိုပဲ ဖြစ်မှာပဲ။ အဲဒီအတွက်ကြောင့် များများသိအောင် လုပ်စေချင်ပါတယ်။ စာဖတ်လို့ပဲဖြစ်ဖြစ်၊ Internet  ရှာလို့ပဲဖြစ်ဖြစ် ဘယ်နည်း နဲ့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့သိမှုနယ်ပယ်ကို ချဲ့နိုင်တာနဲ့အမျ ကိုယ့် ကိုယ်ကိုယ် ပိုသိမှာပါ။ article landscape wartermark final2 ကိုယ့်ကိုယ်ကိုယ် မသိတဲ့ပြဿနာက တခြားသူတွေ တခြားနေရာတွေမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို မသိတာတွေကြောင့်လည်း ပါပါတယ်။ ကျွန်မတို့ ဆေးပညာမှာတောင် ဒီမှာလည်း ဆေးပညာအထူးကုသမား တော်ဆိုတာမျိုး၊ ခွဲစိတ်အထူးကုဆိုတာမျိုး ဒီလောက်ပဲ နားလည်ထားပြီး ဒီထက်မကတဲ့ ဘာသာရပ်တွေအများကြီး ဆေးပညာမှာပေါ်နေပေမဲ့ အဲဒါတွေ မသိတဲ့အခါကျတော့ အဲဒါနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူ မဖြစ်ချင်ဘူးဆိုတာမျိုး၊ ဖြစ်ချင်ရကောင်းမှန်း မသိတာပေါ့။ ကိုယ့်ကျွမ်းကျင်မှုကို မသိတဲ့ပြဿနာက ကိုယ်ကိုယ်တိုင်က ဗဟုသုတမလုံလောက် လို့ ဖြစ်နိုင်ပါတယ်။ မသိရင် စိတ်ကူးယဉ်လို့ မရဘူး။ သိသွားရင် စိတ်ကူးယဉ်လို့ရပြီ။ နောက်တစ်ခုတိုက်တွန်း ချင်တာက ပရဟိတ၊ အများနဲ့ဆိုင်တဲ့အလုပ်တွေကို ဝင်လုပ် ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်သိဖို့ ပိုလွယ်တယ်။ အများနဲ့ ဆိုင်တဲ့အလုပ်တွေကိုလုပ်တဲ့အခါမှာ အားလုံးက တစ်ခုတည်း ကိုလုပ်ရတာမဟုတ်ဘဲ သူသန်ရာ သန်ရာကို လုပ်လိုက်တဲ့ အတွက်ကြောင့် ခုနကပြောသလို သူကတော့ ပွဲစီစဉ်တဲ့ အခါမှာ Organized  ဖြစ်အောင်လုပ်တတ်တာပဲ။ သူက တော့ တစ်ခုခုကို အပင်ပန်းခံပြီး လုပ်တတ်တာပဲ။ သူက တော့ ဘယ်နေရာမှာ ကျွမ်းကျင်တယ်။ ငါကတော့ ဘယ် နေရာမှာ ကျွမ်းကျင်တယ်ဆိုပြီး အများအတွက်လုပ်ရင်းနဲ့မှ ကိုယ်က ရှာနိုင်လာတယ်။ လုပ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ သည်းခံနိုင်တဲ့ Skill က အရေးကြီးပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာ အများစုအားနည်းနေတဲ့ Skill ထဲမှာ တစ် ယောက်နဲ့တစ်ယောက် သည်းခံနိုင်မှုအင်မတန်နည်းပါးတယ်။ ကိုယ်နဲ့မတူရင် သည်းခံနိုင်မှု (Tolerance) ခဲယဉ်းတဲ့ ပြဿနာတော်တော်ရှိတယ်လို့ မြင်ပါတယ်။ အဲဒါကိုလည်း ကျွန်မတို့ဖျောက်ရတော့မယ်။ အခုပြောသလိုပဲ နိုင်ငံခြားသား Labour တွေဝင်လာတဲ့အချိန်က တံခါးတစ်ချပ်ပဲဟနေပြီး ပွင့်တော့မယ်။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာ အနေအထားတွေ အကုန်ပြောင်းတော့မယ်ဆိုလို့ရှိရင် ခုနပြောတဲ့ Tolerance  မရှိရင် အများနဲ့လုပ်တတ်တဲ့ အများကြားမှာ ရှင်သန်တတ်တဲ့ Skill မျိုးမရှိရင် ရှင်သန်ဖို့မလွယ်ဘူး။ အဲဒီတော့ အလုပ် လုပ်ရင်းနဲ့ပဲ ကိုယ့်ဘာသာကိုယ် ပြန်ရှာစေချင်ပါတယ်။ Rich Dad, Poor Dad ပါ။ အဲဒါကိုတော့ အင်္ဂလိပ်လိုရော၊ မြန်မာလိုပါဖတ်တယ်။ ကျွန်တော့်အဖေက ဝန်ထမ်းတစ် ယောက်ပါ။ သူက ကျွန်တော့်ကို ဖြစ်စေချင်တာက ကုမ္ပဏီ တစ်ခုမှာ ရာထူးကြီးကြီးအရာရှိ ဖြစ်စေချင်တယ်။ ကျွန် တော်က အဖေ့ကို စီးပွားရေးစလုပ်တော့မယ်လို့ပြောတော့ မင်းပိုက်ဆံဘယ်လောက်ရှိလို့လဲတဲ့။ ပိုက်ဆံရှိစရာ မလိုဘူး။ ကျွန်တော် လုပ်တတ်နေပြီဆိုတော့ သူက မင်းရှုံးမှာပဲလို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ပထမအကြိမ်လုပ်တော့ ကျွန် တော်  ခွက်ခွက်လန်အောင် ရှုံးပါတယ်။ ကျွန်တော်Rich Dad, Poor Dad  စဖတ်တဲ့အချိန်မှာ တကယ်စီး ပွားရေး အကြောင်းကို သိလာတယ်။ ချမ်းသာတဲ့အဖေက သူ့ကို Advice ပေးတာဖြစ်ပြီး အဲဒီ Advice က စီးပွားရေးမှာ အသုံးဝင်ပါတယ်။ စာဖတ်တာက လူငယ်တွေအတွက် အမြဲ တမ်းကောင်းတဲ့အရာတစ်ခုပါလို့ တိုက်တွန်းချင်ပါတယ်။ ဝေေ၀ဝါးဝါးဖြစ်နေတဲ့အရာတွေ၊ ကိုယ်ဘာလုပ်ချင်မှန်းမသိ တဲ့အရာတွေ၊ ကိုယ်ဘာ Professional ဖြစ်ချင်မှန်းမသိတဲ့ အရာတွေကို ပထမအချက်အနေနဲ့ စာအုပ်ဖတ်ခြင်းအားဖြင့် အကြံဉာဏ်ကောင်းတွေ ရနိုင်ပါတယ်။ ဒုတိယအချက်အနေ နဲ့ ကိုယ့်ထက် စီနီယာကျတဲ့သူတွေ၊ ကျွမ်းကျင်သူတွေရဲ့ Advice ကိုလက်ခံပါ။ တတိယအချက်ကတော့ ကိုယ်ကိုယ် တိုင်စမ်းသပ်ကြိုးစားကြည့်ပါ။ အဲဒီအခါကျရင် ကိုယ်လုပ် နိုင်လားဆိုတာ သိလာပါလိမ့်မယ်။ အဲဒီအခါကျမှ ကိုယ် တကယ်လုပ်နိုင်တယ်၊ ဝါသနာပါတယ်ဆိုရင် ကိုယ်ကိုယ် တိုင်ချစ်တဲ့အလုပ်က ကိုယ်ကြိုက်တဲ့အလုပ်ပါပဲ။ အဓိက ကတော့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို တွေ့လာပြီဆိုရင် ကိုယ်က ဒီအလုပ်မှာ စနစ်တကျနဲ့ Professional ဖြစ်လာ မှာပါ။ လူငယ်တွေအနေနဲ့ ဝေေ၀ဝါးဝါးဖြစ်မယ့်အရာတွေ ကို ဒီအချက်သုံးချက်နဲ့ ကြိုးစားကြည့်ပါ။ အဲဒီအခါကျမှ ကိုယ်တကယ် ဘာကိုစိတ်ဝင်စားတယ်၊ ဘာကိုလုပ်ချင် တယ်ဆိုတာပေါ်လာတော့မှ အဲဒါကို တစိုက်မတ်မတ်လုပ်ပါ လို့ တိုက်တွန်းချင်ပါတယ်။ မိုး- ဆရာမ ပြောတာကိုရော ဆရာ ပြောတာကိုပါ ကျွန်မ ထောက်ခံပါတယ်။ အဲဒါကတော့ ကျွန်မနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းပါ။ ပထမအချက်ကတော့ စာဖတ်ဖို့ ဖြစ်ပါ တယ်။ ကျွန်မတို့ အသက်အရွယ်အလိုက် စာတွေဖတ်ပါ တယ်။ နောက်ပြီး ရုပ်ရှင်ကြည့်ပါတယ်။ လူတွေနဲ့ ပေါင်း တယ်။ ခရီးသွားတယ်။ ရောက်တဲ့နေရာမှာ တွေ့တဲ့သူနဲ့ စကားပြောတယ်။ စာဖတ်ခြင်းက ရတဲ့အကျိုးကျေးဇူးရယ်၊ စကားစမြည်ပြောကြည့်တဲ့ Communication ရယ်၊ Discussion  ရယ် ကျွန်မတို့ ပြန်အသုံးချတဲ့အခါမှာ ပိုအကျိုး ရှိစေတာဖြစ်ပါတယ်။ တခြားစကားတွေပြောမယ်၊ အတင်း တွေပြောမယ်ဆိုရင် အနှစ်သာရမရှိပါဘူး။ ကျွန်မသင်တန်း မှာဆိုရင် အနှစ်သာရရှိမယ့်ဟာလေးတွေ အမြဲပြောခိုင်းပါ တယ်။ အနှစ်သာရဆိုလို့လည်း လေးပင်တာမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးလေးတွေပါပဲ။ Fashion အကြောင်းပြောမယ်။ နောက်Living Together  အကြောင်း အငြင်းအခုံလုပ်ကြ မယ်။ နောက်ပြီးIT  နဲ့ပတ်သက်လို့ ပြောကြမယ်။ ဒါမျိုး လေးတွေပေါ့။ အဓိကကတော့ စာဖတ်တာရယ်၊ ဖတ်ထား တာကို ပြန်လည်အသုံးချတာရယ်ကို ပြောချင်ပါတယ်။ စာ ဖတ်မှုနည်းပါးတာကို တော်တော်များများမှာ တွေ့ရပါတယ်။ ကျွန်မသင်တန်းမှာဆို စာအုပ်စင်အကြီးကြီးလုပ်ထားပါတယ်။ အဝင်အထွက် ထိုင်ကြည့်နေပါတယ်။ အဲဒီစာအုပ်စင်ကို လက်နဲ့ ထိတဲ့သူမရှိသလောက် နည်းပါးပါတယ်။ ဖြစ်ချင်တာကတော့ အဲဒီစာအုပ်တွေရဲ့ Fashion Page  တွေမှာ ပါချင်တာ၊ မဂ္ဂဇင်းရဲ့အဖုံးမှာ ပါချင်တာ။ ပြီးလို့ရှိရင် နိုင်ငံခြားမဂ္ဂဇင်းအဖုံးတွေထိ ရိုက်ချင်တာ။ ဖြစ် ချင်တဲ့လူတွေကတော့ အများကြီးဖြစ်ပေမဲ့ ကျွန်မတို့ဆီမှာ အယောက်တစ်ရာလာရင် တစ်ယောက်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဘာကြောင့် တစ်ရာမှာ တစ်ယောက်ပဲဖြစ်လဲဆိုရင် အဲဒီ တစ်ယောက်က Supper Talent  ပေါ့။ တကယ့်ရောင်စုံပါ ရမီနဲ့ ဖြစ်ချင်တဲ့စိတ်အလျဉ်နဲ့လာတာ ဖြစ်ပါတယ်။ ဘတ်စ် ကားစီးပြီးလာရမှာလည်း ဝန်မလေးပါဘူး။ လမ်းလျောက် လာရမှာလည်းဝန်မလေးဘူး။ နောက်ပြီး တစ်ထောင်ပေးရပေးရ၊ သုံးထောင် ပေးရပေးရ အလကားပဲဖြစ်ဖြစ် ဒီလိုဟောပြောပွဲတွေလာဖို့ လည်း ဝန်မလေးဘူး။ ကျွန်မကလေးတွေကို ပြောပါတယ်။ စကားပြောတဲ့သူ ဖြစ်တော့ဖြစ်ချင်တယ်။ ဒါပေမဲ့ ဘယ်နှခါ နားထောင်ဖူးလဲ။ ပရိသတ်တစ်ခါမှ မလုပ်ဖူးဘဲ ပွဲတွေသွား မကြည့်ဘူးဘဲ စကားပြောတဲ့သူ ဘယ်လိုဖြစ်မှာလဲ။ အရင် တုန်းကဆိုရင် Miss Myanmar    သိပ်ဖြစ်ချင်ကြတယ်။ Measurement တွေ အကုန်ဝင်အောင် Gym သွားဆော့ကြ ပါလို့ကျွန်မပြောပါတယ်။ ဒါပေမဲ့ Gym လည်း မဆော့ချင် ဘူး။ အလေးဆိုလည်း ရေခွက်တောင် မမချင်ကြဘူး။ အဲဒီ တော့ ဘယ်လို Mister တွေ၊ Miss တွေ ဖြစ်တော့မလဲ။ အခုဆိုရင်လည်း တချို့တွေဆို အင်မတန်ဖြစ်ချင်စိတ်ကြီး မားကြတယ်။ ဒါပေမဲ့ ခြောက်လအချိန်ပေးရမယ်။ ကြွက် သားတွေကြီးအောင် ခြောက်လအချိန်ပေးပြီး မကစားချင်တော့ ဆေးထိုးကြတယ်။ မျက်နှာမှာဖုတွေ ထွက်လာတယ်။ အခု ခေတ်လူငယ်တွေက ဖြတ်လမ်းတွေ သိပ်လိုက်ကြတယ်။ ကျွန်မတို့ခေတ်က စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ ဒဏ်ခံ ရမယ် စတာတွေကို ကျွန်မတို့ကလိုက်လုပ်ပါတယ်။ ကျွန်မ တို့ခေတ်မှာ စာကရတဲ့၊ ပတ်ဝန်းကျင်ကရတဲ့၊ စီနီယာတွေ ဆီကရတဲ့ သင်ကြားပေးမှုတွေက ဘာနဲ့မှတန်ဖိုးဖြတ်လို့ မရပါဘူး။ article landscape wartermark final222 ပင်ပန်းတဲ့ဒဏ်ကိုခံနိုင်ဖို့ ကျွန်မ သင်ပါတယ်။ ဝန်ထမ်းတွေတော်တော်များများက ရှစ်နာရီလောက် အလုပ် လုပ်ရရင် ပင်ပန်းနေပါပြီ။ ကျွန်မတို့ ကလေးတွေက ၁၆ နာရီအထိ အလုပ်လုပ်နိုင်ပါတယ်။ ဒဏ်ခံနိုင်အောင် ကျင့် ပေးထားတာပါ။ အနီးကပ်ဆုံးကတော့ ကျွန်မတို့ရဲ့ စီနီယာ တွေကို ကြည့်ပြီး စံထားပြီး သူတို့ဘယ်လောက်အပင်ပန်း ခံနိုင်လဲ။ ငါလည်း အပင်ပန်းခံမယ်ဆိုမယ့်စိတ်ကို သင်ပါ တယ်။ အဓိကကတော့ ကျွန်မတို့ကိုယ်တိုင်ရော ကျွန်မတို့ ကလေးတွေရော ဆက်တိုက်ကျင့်ပေးနေတာပါ။ နောက်တစ်ခုက စာထဲကရတဲ့ဆောင်ပုဒ်တွေကို ကျွန်မသင်တန်းတွေမှာ ကလေးတွေကို သင်ပါတယ်။     ကိုယ်စံထားရမယ့်ဆောင်ပုဒ်တစ်ခု လက်ကိုင်ထားရတဲ့ ဆောင်ပုဒ်တစ်ခုပြောပေးပါလို့ သူတို့ကိုမေးတော့ တစ်ခုမှ မပြောနိုင်ဘူး။ ဒါတောင် ကျွန်မအချစ်နဲ့ပတ်သက်တာ အလုပ်နဲ့ ပတ်သက်တာ၊ ပညာနဲ့ပတ်သက်တာဆိုပြီး ခေါင်း စဉ်မခွဲပေးပါဘူး။ ကြိုက်တာပြောဆိုတာကို ချက်ချင်း မပြောနိုင်ဘူး။ အဲလောက်ကို ဝေးကွာပါတယ်။ ကျွန်မက တော့ လေ့ကျင့်ပေးတာကို ဝါသနာပါတဲ့အတွက် သူတို့မှာ ဘာလိုနေလဲဆိုတဲ့ အရင်းအမြစ်လေးတွေကို ခွဲခြမ်းစိတ်ဖြာ လေ့ကျင့်ပေးပါတယ်။ ကိုယ်ကိုယ်တိုင်လည်း လေ့ကျင့်နေရ တာပါ။ အဲဒီတော့  စာများများ ဖတ်ပါ။ ခရီးများများထွက် ပါ။ လူများများနဲ့တွေ့ပါ။ စကားပြောပါလို့ အကြံဉာဏ် ပေးချင်ပါတယ်။

ကိုယ်ရွေးထားတဲ့လမ်းကြောင်းမှာ Professional တစ် ယောက်အဖြစ် အခိုင်အမာရပ်တည်နိုင်ဖို့ ဘယ်လိုကြိုးစား သင့်ပါသလဲ။

သီ -    ကျွန်မတို့ပညာရေးစနစ်ရဲ့ အဓိကအားနည်းချက်က ကျောင်းသင်ခန်းစာကို ကုန်အောင်တတ်စရာမလိုဘဲ အတန်း အောင်တဲ့စနစ်ဆိုတော့ ပြင်ပစာဆိုတာ မူးလို့မရှူချင်ကြတဲ့ ဘဝတွေ ရောက်ကုန်ကြတယ်။ ပညာရေးစနစ်ရဲ့ အားနည်း ချက်ကြောင့် လူတွေဒီလိုဖြစ်တယ်လို့ ပြောကြတယ်။ ဒါ ပေမဲ့ ကျွန်မနည်းနည်းတော့ Argue  လုပ်စေချင်ပါတယ်။ ထွန်း -  ကျွန်တော်စာအုပ်တွေ များများဖတ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ကျောင်းသွားရင် လွယ်အိတ်ထဲမှာ စာအုပ်တစ်အုပ်ပါတယ်။ အဲဒီတုန်းက စာအုပ်ကတော့ သိုင်း စာအုပ်တို့၊ အချစ်ဝတ္ထုတို့ပေါ့။ ဒါပေမဲ့ ဆယ်တန်းအောင်ပြီး တော့ ဘဝနဲ့ပတ်သက်တဲ့စာအုပ်လေးတွေ ဖတ်လာပါတယ်။ ကျွန်တော်အကြိုက်ဆုံးစာအုပ်ကတော့ ဦးနုရေးတဲ့ မိတ္တဗလ ဋီကာ စာအုပ်ပေါ့။ ဒေးလ်ကာနက်ဂျီရဲ့စာအုပ်ကို ဘာသာ ပြန်ထားတာပါ။ Sales မှာ မိတ္တဗလဋီကာက အရေးကြီးတဲ့ အတွက် အဲဒါနဲ့ ကျွန်တော်တို့ စခဲ့ပါတယ်။ နောက်တစ်ခုက စီးပွားရေးကို စလုပ်တဲ့အခါ ကျွန်တော် အကြိုက်ဆုံးစာအုပ်က ကျွန်မတို့ ၉ တန်း၊ ၁၀ တန်းတုန်းက ပင်ရင်းစကားပြေ လက်ရွေးစင်တို့၊ ကဗျာလက်ရွေးစင်တို့ဆိုရင် စာအုပ်က အထူကြီးဖြစ်ပေမဲ့ သင်တော့ ဆယ်ပုဒ်လောက်ပဲသင်တော့ ကျန်တာတွေကိုပါ တတ်အောင်ဆိုပြီး ရအောင်ဖတ်ပါတယ်။ တစ်ယောက်ချင်းစီမှာ အခွင့်အရေးရှိနေသေးတယ်ဆိုတာ ယုံကြည်စေချင်ပါတယ်။ သီ - ပညာရေးစနစ်ကြီးတစ်ခုလုံးပြောင်းဖို့ တစ်ယောက် ချင်းအနေနဲ့တော့ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘ၀ တစ်ဘဝစာ ပြောင်းလဲဖို့တော့ ကိုယ့်ဘာသာကိုယ် တတ်နိုင် ရမှာပါ။ တတ်လည်းတတ်နိုင်တယ်လို့ ယုံစေချင်ပါတယ်။ နောက်တစ်ခုက အချိန်လိုပါတယ်။ စိတ်ရှည်ဖို့ လိုပါတယ်။ ဇွဲရှိဖို့လိုပါတယ်။ ကျွန်မ ၁၉၉၉ ခုနှစ်မှာ ထောင်ကလွတ် တဲ့အခါမှာ Passport  လျောက်ပါတယ်။ ၂၀၀၅ ခုနှစ်ကျမှ Passport ရပါတယ်။ ဒီနေ့လို ဆယ်ရက်နဲ့ရတဲ့အနေအထား မျိုးမဟုတ်ခဲ့ပါဘူး။ Passport တင်ထားပြီး ၂၀၀၀ ပြည့်နှစ် လောက်ထိမရတော့ ကျွန်မလန်ဒန်တက္ကသိုလ်ကနေ Health Systems Management  ဆိုတဲ့ ဘာသာရပ်ကို စာပေးစာယူ သဘောမျိုးနဲ့ ဒီကနေ စာမေးပွဲလှမ်းဖြေပါတယ်။ ကျွန်မ ဒီစာပေးစာယူဖြေနိုင်ဖို့ အားထုတ်ရတာကို အကျဉ်းချုံးပြော ပြချင်ပါတယ်။ ကျွန်မတစ်ပတ်မှာ ခြောက်ရက် မနက်ပိုင်းမှာ ဘားလမ်းဆေးရုံမှာ လုပ်ပါတယ်။ ကျန်တစ်ရက်ကို နာရေး ကူညီမှုအသင်းဆေးခန်းမှာ လုပ်ပါတယ်။ မဂ္ဂဇင်းတိုက်တွေမှာ လုပ်ပါတယ်။ ဘားလမ်းဆေးရုံမှာက Volunteer လုပ် တာဖြစ်တဲ့အတွက် ပိုက်ဆံသိပ်မရပါဘူး။ မဂ္ဂဇင်းတိုက်တွေ မှာ လုပ်လို့ရတဲ့ဝင်ငွေကလည်း ကျွန်မ မိသားစု ရပ်တည် နိုင်ဖို့အတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ညနေပိုင်းမှာ မြေနီကုန်းမှာ ဆေးခန်းထိုင်ပါတယ်။ မိုးချုပ်လို့ အိမ်ပြန် ရောက်ရင် ကျွန်မ အဖေနဲ့အမေကို အချိန်ပေးပါတယ်။ ပြီး ရင် ရေချိုးပြီးတော့ နိုင်ငံတကာနဲ့ အဆက်မပြတ်ချင်တဲ့ အတွက် E-mailူ  သုံးပြီး ည ၁၀ နာရီမှာ Health Systems Management  စာမေးပွဲအတွက် ကျွန်မ စာစဖတ်ပြီး ပုံမှန် မနက် ၂ နာရီလောက်မှာ အိပ်ပါတယ်။ ံHealth Systems Management  ဟာ အဝေးသင်ဖြစ်တဲ့အတွက် ဆရာမရှိပါ ဘူး။ စာကျက်ဖော်လည်း မရှိပါဘူး။ အဲဒီအချိန်တုန်းက အဲဒီဘာသာရပ်ကို မြန်မာနိုင်ငံက လှမ်းတက်တာ ဆိုလို့ ကျွန်မတစ်ယောက်ပဲ ရှိပါတယ်။ ပို့လာတဲ့စာအုပ်ပုံးတွထဲက စာတွေကိုဖတ်ပြီးတော့ပဲ ကျွန်မ စာမေးပွဲဖြေဖို့ ကြိုးစားပါ တယ်။ တစ်နှစ်ကို တစ်ဘာသာဖြေပြီးတော့ လေးနှစ်ပြည့် တဲ့အခါမှာ ကျွန်မ ဒီပလိုမာရပြီဆိုတဲ့အချိန်မှာ Graduation တက်ဖို့စာရောက်လာပါတယ်။ အဲဒီစာနဲ့ Passport လျောက် ပြီး Passport  စရပါတယ်။ ဒါကြောင့် ကျွန်မ တိုက်တွန်းချင်တာက ဘယ် အရာမှ အလကားမရပါဘူး။ ပေးဆပ်ရမှာပါ။ ကျော်ကြားမှု တစ်ခုခုကို မျော်လင့်ပြီးလုပ်မယ်ဆိုရင် ပင်ပန်းဆင်းရဲပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့စိတ်နဲ့ ကိုယ့်ဘဝအတွက်ကို ကြိုး စားနေတဲ့စိတ်နဲ့ ကြိုးစားပါ။ ဘဝဟာ ပြောင်းလဲပါတယ်။ ကိုယ်ဝါသနာပါတဲ့အလျောက်၊ ကိုယ်စိတ်ဝင်စားတဲ့အလျောက် ရွေးချယ်လို့ရရင် ရွေးချယ်စေချင်ပါတယ်။ ကိုယ်ရွေးချယ်ခွင့် မရှိဘူး၊ ရွေးလို့မရတော့ဘူးဆိုရင် ရလာတဲ့အခြေအနေပေါ် အကောင်းဆုံးဖြစ်အောင် စားပါ။ ကိုယ်က ရွေးလို့မရတော့ရင် သူများက ကိုယ့်ကို ရွေးတဲ့အခါမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ပြင်ဆင်ပါလို့ တိုက်တွန်းချင်ပါတယ်။ ထွန်း -  ကျွန်တော်တို့ မြန်မာတွေမညံ့ပါဘူး။ အာဆီယံ ဆယ်နိုင်ငံကိုကြည့်လိုက်ပါ။ ကျွန်တော်တို့လောက် အင်္ဂလိပ် စကားမတတ်တဲ့နိုင်ငံတွေ အများကြီးရှိပါတယ်။ ကျွန်တော် တို့မြန်မာပြည်မှာ ဆယ်တန်းအထိ အနည်းဆုံး အင်္ဂလိပ်စာ သင်ရပါတယ်။ အနည်းဆုံးတက္ကစီသမားကအစ ထမင်းစား ရေသောက် အင်္ဂလိပ်စကားပြောတတ်ကြတယ်။ မပြောတတ် ရင်တောင် နားလည်ကြတယ်။ ဒါက နံပါတ်တစ်အားသာချက်တစ်ခု။ နောက် တစ်ခုက ကျွန်တော်တို့ မြန်မာပြည်မှာ အလုပ်လုပ်နိုင်တဲ့ လူငယ်အင်အားစုများပါတယ်။ ကျွန်တော်နိုင်ငံခြားရောက် တိုင်း တော်တော်များများက မြန်မာတွေကို လေးစား ကြပါတယ်။ စင်ကာပူမှာဆိုရင် မြန်မာတွေ တော်တော်များများ နာမည်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူများမလုပ်ချင်တဲ့ အလုပ်တွေ လုပ်ကြတယ်။ တကယ်အလုပ်လုပ်ပြီး တကယ် လည်းသင်ယူကြပါတယ်။ တချို့ဖိလစ်ပိုင်တွေ၊ အိန္ဒိယတွေ ဆိုရင် အလုပ်တစ်ခုပဲလုပ်ကြပါတယ်။ မြန်မာတွေတော် တော်များများက ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုံးကို လေ့လာ ကြပါတယ်။ ဒါတွေက ပင်ကိုစရိုက်ပါ။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ မသင်ဘဲနဲ့ တတ်လာတာတစ်ခုရှိတယ်။ အဲဒါက ဧည့်ဝတ်ကျေပွန်မှု  (Hospitality)  ပါ။ ကျွန်တော် တို့လူမျိုးတွေက မရိုင်းပါဘူး။ လူတိုင်းလူတိုင်း လူမှုဆက်ဆံ ရေးကောင်းကြပါတယ်။ အင်္ဂလိပ်စကားလေး မတောက် တခေါက်တတ်တယ်ဆိုရင် အဲဒါနဲ့တင်ပဲ အလုပ်လုပ်မယ် ဆိုရင် နေရာတစ်ခုကို ရနိုင်ပါတယ်။   article portrait watermark final ကိုယ်လိုချင်တာ ကြီးမားတာနဲ့အမျ ခါးသီးမှုတွေ ကို ရင်ဆိုင်ရပါလိမ့်မယ်။ ကိုယ်လိုချင်တာ မြင့်မားတာနဲ့ အမျ ပေးဆပ်ရတာ သူများထက်ပိုပါလိမ့်မယ်။ ဇွဲရှိပါ။ သည်းခံပါ။ တတ်နိုင်သလောက် ရွေးချယ်နိုင်အောင် ကြိုးကုမ္ပဏီတွေက လခအများကြီးပေးပြီး ခေါ်သွားကြပါတယ်။ ကျွန်တော့်ဆီမှာ ငါးသိန်း၊ ဆယ်သိန်းလောက်ရတဲ့တဲ့မန် နေဂျာတွေကို သူတို့ဆီမှာ သိန်း ၂၀၊ သိန်း ၃၀ ပေးပြီးခေါ် သွားတယ်။ အောက် Level အနေနဲ့ကလည်း ဒီ Middle Level  ကိုယူနိုင်ပြီလားဆိုတော့ မယူနိုင်သေးဘူး။ ဒါ ကြောင့် အရေးပေါ်အစားထိုးတဲ့အနေနဲ့ နိုင်ငံခြားသားတွေ စခေါ်နေရပြီ။ နိုင်ငံခြားသားတွေက မြန်မာလခလောက်နဲ့ လာ လုပ်နိုင်ကြတယ်။ ဘယ်မှာနေလဲမေးလိုက်ရင် လှည်း တန်း၊ စမ်းချောင်းမှာနေပြီး မြန်မာလိုနေပြီး မြန်မာလခနဲ့ လာလုပ်နေကြတယ်။ အလုပ်ရှင်ဘက်ကကြည့်ရင် ခိုင်း ကောင်းတဲ့သူကို ခိုင်းကြမှာပဲ။ တကယ်တမ်း အချိန်သိပ် မရှိတော့ပါဘူး။ ၂၀၁၅-၂၀၁၆ ခုနှစ်လောက်မှာ တကယ် တိုင်းပြည်ပွင့်လာလို့ ကိုယ့်နေရာကိုကိုယ် မယူနိုင်ဘူးဆိုရင် နိုင်ငံခြားသားတွေကို ပေးလိုက်ရပါလိမ့်မယ်။ ကျွန်တော်တို့ နေရာမှာ ဗီယက်နမ်တွေ၊ မလေးရှားတွေ၊ စင်ကာပူတွေ လာလုပ်ကြပါလိမ့်မယ်။ ကျွန်တော်တို့လိုနေတာက Skills  ပါ။ ကျောင်းက သင်တဲ့ပညာက ဘာမှလုပ်လို့မရပါဘူး။ အဲဒီပညာကို သင်နေတဲ့အတွက် နံပါတ်တစ် အချိန်ကုန်ပါ တယ်။ ဒါကြောင့် အခုအချိန်မှာ ဘာလုပ်သင့်လဲဆိုရင် ထမင်းစားလက်မှတ်တစ်ခု ရှာထားသင့်ပါတယ်။ ကျွန်တော့် အစ်မက အမေရိကားမှာ MBA ကျောင်းသွားတက်ပါတယ်။ ခြောက်လလောက် ကျောင်းတက်ပြီးတဲ့အ ချိန်မှာတော့ သူ သဘောပေါက်သွားပါတယ်။ သူသိလာတာက MBA နဲ့ အမေရိကားမှာ အလုပ်မရပါဘူး။ ဘာလို့လဲဆိုတော့ MBA တွေသိပ်ပေါနေလို့။ နောက် တအားအလုပ်ပြုတ်လွယ်လို့။ နောက်ဆုံး ကျွန်တော့် အစ်မ Nurse လုပ်ပါတယ်။ ဘာလို့ လုပ်တာလဲလို့ ကျွန်တော်မေးတော့ Nurse က ဘယ်သူမှ မလုပ်ချင်ကြဘူးလို့ ပြောပါတယ်။ နောက်ပြီး ဘယ်သူမှ အလုပ်မဖြုတ်ကြဘူးတဲ့။ အဲဒီမှာ ကျွန်တော်တို့လုပ်ရမှာက တကယ့် Industry မှာ ဘာလိုအပ်နေသလဲဆိုတာကို လေ့လာပြီး Skill တစ်ခုခုရှိအောင်လုပ်ဖို့ လိုပါတယ်။ ဒါမှ ကိုယ့် Market ကို ကိုယ်က ယူထားပြီးမှသာ ဒီထက်မက အဆင့်တက်ဖို့ စကြိုးစားပါလို့ ပြောချင်ပါတယ်။ မကြိုးစား ဘူးဆိုရင်တော့ အခုခေတ်က စစ်တိုက်ပြီးမှ ကျွန်ပြုတာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့လည်း ကျွန်ပြုလို့ရတာတွေ အများကြီးဖြစ်လာနေပါပြီ။ article landscape wartermark final96 မိုး- အကျဉ်းချုံးပြောရမယ်ဆိုရင် အခုလက်ရှိမှာ လုပ်နေ တဲ့အလုပ်ကို ငြီးငွေ့နေပြီဆိုရင် နောက်ထပ် ကိုယ်လုပ်ချင် တဲ့အလုပ် ဘာတွေရှိနေပြီလဲလို့ အမြန်စဉ်းစားပြီး အဲဒီလိုင်း ကိုဝင်ပါ။ အခုလက်ရှိအလုပ်မှာ မငြီးငွေ့ဘူး။ နောက်အလုပ် တစ်ခုကိုလည်း ထပ်လုပ်ချင်တယ်ဆို အခုအလုပ်ကိုလည်း ကြိုးစားပါ။ အခြားအလုပ်အတွက်လည်း သူများထက်  နှစ်ဆ ပိုပြီးကြိုးစားပါ။ သူများ ကိုးနာရီအိပ်ရင် ကိုယ်က လေးနာ ရီလောက်ပဲ အိပ်ရပါမယ်။ သူများက ထမင်းသုံး နပ်စားရင် ကိုယ်က တစ်နပ်ခွဲ နှစ်နပ်လောက်နဲ့ ကြုံသလို ပြီးသွားမယ်။ ပိုပင်ပန်းမယ်။ ပိုချွေးထွက်မယ်။ ပိုအိပ်ရေး ပျက်မယ်။ ပိုပိုက်ဆံကုန်မယ်ဆိုတာကို ကြိုတွက်ထားပါ။ ဒါပေမဲ့ ကိုယ်က ပိုလုပ်လိုက်တဲ့ကိစ္စက သူများတွေထက် ပိုဖြစ်သွားမှာပါ။ ရုပ်ရှင်ထဲမှာ ဆယ်နှစ်ဆိုတဲ့စကားကို ကြားဖူးမှာပါ။ အရာတစ်ခုခု ပြီးမြောက်အောင်မြင်ဖို့၊ တကယ့်ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ဆိုရင် ဆယ်နှစ်လောက် တော့ စောင့်ရပါမယ်။ ဖြစ်ချင်တဲ့ကိစ္စတွေက ချက်ချင်းဖြစ် မလာပါဘူး။ ဒါပေမဲ့ အခုခေတ်က ဖြစ်လွယ်ပျောက်လွယ် တဲ့အတွက်ကြောင့် ဖြစ်ဖို့လည်း လွယ်တယ်။ ပျောက်ဖို့လည်း လွယ်တယ်ဆိုတာ မမေ့ပါနဲ့။

Professional တွေရဲ့ စရိုက်လက္ခဏာ ၁၀ ချက်

၁။       လုပ်ရည်ကိုင်ရည်၊ အစွမ်းအစရှိမှု (Competence)- မိမိအလုပ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ကျွမ်း ကျင်မှုနဲ့ အသိပညာဗဟုသုတ ရှိပြီး အလုပ်ကောင်း အောင်လည်း လုပ်နိုင်သူဖြစ်တယ်။ ၂။       ယုံကြည်အားထားရမှု (Realibility) - အလုပ်ပြီးစီးပြီး အဆင်သင့်ဖြစ်ဖို့ လိုအပ်တဲ့အချိန်မှာ အဆင်သင့်ဖြစ် နေပြီး လူတွေက ယုံကြည်စိတ်ချအားထားရသူ ဖြစ် တယ်။ ၃။       ရိုးသားမှု (Honesty) - အမှန်တရားကိုသာ ပြော တတ်ပြီး အကြောင်းအရာကိစ္စတွေနဲ့ပတ်သက်ပြီး ပွင့် ပွင့်လင်းလင်းပြောဆိုတတ်သူ ဖြစ်ပါတယ်။ ၄။       တည်ကြည်ဖြောင့်မတ်မှု ((Integrity) - ကိုယ်ပိုင်ချမှတ် ထားတဲ့စည်းမျဉ်းတွေကို တစ်သမတ်တည်း မယိမ်း မယိုင်လိုက်နာသူအဖြစ် အများက အသိအမှတ်ပြုခြင်း ခံရသူဖြစ်တယ်။ သူတစ်ပါးကို လေးစားမှု (Respect For Others)  - လူတိုင်းကို တစ်လေးတစ်စားနဲ့ အရေးတယူပြောဆို ဆက်ဆံသူ ဖြစ်တယ်။ ၆။       မိမိကိုယ်ကိုယ်တိုးတက်အောင် မြှင့်တင်မှု (Self-Upgrading) - မိမိရဲ့ကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေ သံချေးတက်မသွားအောင် စဉ်ဆက်မပြတ် လေ့လာ သင်ယူတတ်သူဖြစ်တယ်။ ၇။       အကောင်းမြင်တတ်မှု (Being Positive) - အကောင်း မြင်စိတ်ထားရှိပြီး ပြဿနာကို ဖြေရှင်းတတ်သူ (Problem Solver) ဖြစ်တယ်။ ၈။       သူတစ်ပါးကိုကူညီတတ်မှု (ှSupporting Others)-ကိုယ်က ချီးကျူးဂုဏ်ပြုခံရရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေမျခံယူတတ်သူဖြစ်တယ်။ ဘာကို ဘယ်လိုလုပ်ရမယ် ဆိုတာကို သူများကို သေသေချာချာသင်ပြပေးတတ်ပြီး လိုအပ်ရင် သူတစ်ပါးပြောတာကို ဂရုတစိုက်နားထောင် ပေးသူဖြစ်တယ်။ ၉။       အလုပ်အပေါ် အာရုံစူးစိုက်မှု (Staying Work-Focused) - မလိုအပ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စ ကြောင့် အလုပ်ကို ထိခိုက်တာမျိုးမဖြစ်စေဘဲ အလုပ် အချိန်တွေကိုလည်း ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဖြုန်း တီးတတ်သူ မဟုတ်ပါဘူး။ ၁၀။ ဂရုတစိုက်နားထောင်တတ်မှု (Listening Carefully)- လူတွေက သူတို့ပြောတာကို နားထောင်ပေးစေချင်တယ် ဆိုတာကို သိရှိသူဖြစ်ပြီး သူများရဲ့ စိတ်ကူးစိတ်သန်း တွေကို ရှင်းပြဖို့ အခွင့်အရေးပေးသူဖြစ်တယ်။