News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ရွေးထားတဲ့ Career မှာ Professional ဖြစ်ဖို့ ခေါင်းစဉ်နဲ့ Panel Discussion ကျင်းပ
Editorial
June 9, 2014
Event
News
Seminar
Top Story
TODAY Foundation မှ ကြီးမှူ းပြီး T-Club Magazine က စီစဉ်တဲ့ ''ရွေးထားတဲ့ Career မှာ Professional ဖြစ်ဖို့'' Panel Discussion ကို ဇွန်လ ၈ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ TODAY Foundation ရဲ့ Chairman ဒေါက်တာသာထွန်းဦးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်နေပြီဖြစ်တဲ့ လူငယ်များအတွက် ရည်ရွယ်ပြုလုပ်တဲ့ ဒီပွဲမှာ ကိုထွန်းထွန်းနိုင်၊ မသီတာ (စမ်းချောင်း) နှင့် မတင်မိုးလွင်တို့မှ ဦးဆောင်ဆွေးနွေးပေးခဲ့တာပါ။ အဲဒီနေ့က စိတ်ပါဝင်စားသူ လူငယ်အများအပြား တက်ရောက်ခဲ့ပြီး speaker များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲကို EVE နဲ့ Camella Cosmetics တို့ကလည်း ပါဝင်ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ TODAY စာအုပ်တိုက်က ထုတ်ဝေတဲ့ မတင်မိုးလွင်ရဲ့ ''ငယ်သေးတယ်လို့ အမြဲတွေးပါ" စာအုပ်မိတ်ဆက်ပွဲကို ဆက်လက် ပြုလုပ်ခဲ့ပြီး မတင်မိုးလွင်က အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ပွဲမှာ TODAY စာအုပ်တိုက်ထုတ် စာအုပ်များကို ၁၀ ရာခိုင်နှုန်းဈေးလျှော့ ရောင်းချပေးခဲ့ပြီး T-Club မဂ္ဂဇင်းကိုတော့ တစ်နှစ်စာ ၁၂,၀၀၀ ကျပ်အစား ၁၀,၀၀၀ ကျပ်ဖြင့် နှစ်စဉ်ကြေးပေးသွင်း မှာယူဖတ်ရှုနိုင်အောင် discount ချပေးခဲ့ပါတယ်။ TODAY Foundation အနေနဲ့ ပွဲမှ ရရှိတဲ့ Registration Fees များကို CSR လုပ်ငန်းတွေ ပြုလုပ်ရာမှာ အသုံးချသွားမှာဖြစ်ပါတယ်။ TODAY Foundation ဟာ TODAY Group of Companies ကနေ CSR လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ယခု ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပွဲမတိုင်ခင် TODAY Foundation အနေနဲ့ လူငယ်များအတွက် ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ''တို့တွေဘဝအတွက် သေချာတဲ့ Career တစ်ခု ရွေးရာဝယ်'' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာမ ဂျူ း၊ ဆရာ ဦးကျော်ကျော်လှိုင်(SMART) တို့နဲ့ Seminar ပြုလုပ်ခဲ့တာကြောင့် ယခု ပွဲဟာ ဒုတိယအဆင့်အနေနဲ့ ပြုလုပ်ပေးတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ TODAY Foundation အနေနဲ့ လူငယ်တွေအတွက် ဒီလို ဟောပြောပွဲတွေအပြင် လုပ်ငန်းခွင်မှ မန်နေဂျာအဆင့်ဆင့်အတွက် Seminar များ၊ Top Executive level အတွက် Forum များ၊ ပလုတ်တုတ်ကလေးပန်းချီပြပွဲများကို ဦးဆောင်ကျင်းပခြင်းများအပြင် ကျိုက်ဝိုင်း လူငယ်မသန်စွမ်းကျောင်းသို့ အလှူငွေလှူဒါန်းခြင်း၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် အာဟာရဒါနပြုခြင်းများကိုလည်း နှစ်စဉ် ပြုလုပ်နေတာဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း