ဘောလုံးအသင်းတစ်သင်းဟာ တခြားဘယ်စီးပွားရေး လုပ်ငန်းနဲ့မှမတူပါဘူး။ ဘောလုံးအသင်းမှာ အစုရှယ်ယာပါဝင်သူတွေက ဘောလုံးဝါသနာအိုးပရိသတ်တွေဖြစ်ပြီး ယင်းတို့ရင်းနှီးမြှုပ်နှံမှုဟာ ယင်းတို့ရဲ့အားပေးမှုဖြစ်ပါတယ်။ အရောင်းမြှင့်တင်ခြင်း၊ အဆင့်ချမှုခံနိုင်ခြင်း၊ ဒါမှမဟုတ် ဆုဖလားပိုင်ဆိုင်ခြင်းတို့ကြောင့် ဘောလုံးပရိသတ်အားလုံးတပ်မက်တဲ့ ကျေနပ်အားရမှုဟာ ယင်းတို့ပြန်ရတဲ့ အကျိုးအမြတ်ဖြစ်ပါတယ်။ ဒီအကျိုးအမြတ်ကို ကျိန်းသေရရှိဖို့အတွက် ဘောလုံးအသင်းတစ်သင်းဟာ ရေရှည်ရှင်သန်နိုင်ဖို့ လိုအပ်ပါတယ်။
Mark Rubin Southend United အသင်းဥက္ကဋ္ဌ ဖြစ်စဉ်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့ ပုံစံအမျိုးမျိုးဖြင့် ယခုအထိသုံးနေဆဲဖြစ်တဲ့ အခြေခံမူလေးချက်ကို လက်စွဲပြုခဲ့ပါတယ်။
- ပထမဆုံးအနေနဲ့ နားလည်တတ်ကျွမ်းတဲ့ မန်နေဂျာတစ်ဦးကို အလုပ်ခန့်ပါ။
- ဒုတိယအနေနဲ့ လုံးဝမလိုအပ်ရင် သူ့ကိုအလုပ်မထုတ်ပစ်ပါနဲ့။ အဆက်မပြတ်တည်ရှိခြင်းက အောင်မြင်မှုရရှိစေပြီး တော်တဲ့မန်နေဂျာတစ်ဦးအနေနဲ့ စိတ်ကူးကောင်းတစ်ခုကို လက်ခံဖြစ်စေပါတယ်။
- တတိယအချက်က အသင်းကို အုပ်ချုပ်ဖို့ ရသမျှဝင် ငွေအားလုံးကို ပြန်အသုံးပြုပါ။ ဘောလုံးသမားတွေကို လစာတွေ သင့်တင့်မျှတပြီး အချိန်မှန်ပေးသင့်ပါတယ်။ United နဲ့ ယင်းရဲ့ပြိုင်ဘက် HRMC တို့နဲ့ တခြားမိမိ နယ်မြေခံစီးပွားရေးလုပ်ငန်းတွေဟာ အကြွေးတွေကို လျင်မြန်စွာပေးဆပ်ပါတယ်။
- စတုတ္ထအချက်က ဝင်ငွေပိုရအောင်လို့ မိမိအရင်းပစ္စည်း (ဘောလုံးသမား) တွေကို မညှာမတာခိုင်းရမှာဖြစ်တယ်။ ဥပမာ- ဘောလုံးအသင်းတစ်သင်းမှာ ဆိုရင် အင်္ကျီစပွန်ဆာ အခွင့်ကောင်းတွေနဲ့ ကုမ္ပဏီ ရောင်းကုန်များမှတစ်ဆင့် ဝင်ငွေအများဆုံးရရှိအောင် လုပ်ရပါတယ်။ မိမိအသင်းကိုအားပေးချင်တဲ့ ပရိသတ်တွေ ဝယ်နိုင်မယ့်ဈေးနှုန်းနဲ့ ရောင်းချပေးရမှာပါ။
(မူရင်းဆောင်းပါးရေးသားသူ Mark Rubin ဟာ Southend United ဘောလုံးအသင်းရဲ့ ရာသက်ပန်ပရိသတ်တစ်ဦးဖစ်ပြီး ၁၉၆၇-၁၉၈၃ ခုနှစ်အတွင်း အဲဒီအသင်းကို ယင်း ရဲ့မိဘတွေက ပိုင်ဆိုင်ခဲ့ပါတယ်။ ယင်းဟာ အဲဒီအသင်း ရဲ့ ဒု-ဥက္ကဋ္ဌအဖြစ် သုံးနှစ်တိုင်ဆောင်ရွက်ပြီး ၁၉၈၂-၈၃ ခုနှစ်မှာ ဥက္ကဋ္ဌဖြစ်လာပါတယ်။ အဲဒီကာလအတွင်း အချမ်းသာဆုံးအသင်း ၁၅ သင်း စာရင်းထဲမှာ ယင်းရဲ့ အသင်းဟာ ပုံမှန်ပါဝင်လေ့ရှိပါတယ်။ ယခုအခါယင်းဟာ ပုဂ္ဂလိကအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုရဲ့ အဓိကအစုရှယ်ယာရှင်နဲ့ စီအီးအို ဖြစ်ပါတယ်။)
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)