စီးပွားရေးတစ်ခုမှရသော သင်ခန်းစာ ၉၉ ချက်
အခန်း (၅၈) ။ နေ့တိုင်း ပြောနေကျ ''ဟုတ်ကဲ့'' ဆိုတဲ့ စကား
နေ့တိုင်းပြောနေကျ ''ဟုတ်ကဲ့'' ဆိုတဲ့စကားဟာ အကျိုးသက်ရောက်မှုရှိတဲ့အပြင် ကျွန်မတို့ရဲ့ ကိုယ်ရည် ကိုယ် သွေးကို ရုပ်လုံးဖော်ပေးပါတယ်။ ''လုပ်နိုင်တယ်'' ဆိုတဲ့ ခံယူချက်က ဘဝကိုရှုမြင်တဲ့ပကတိအမြင်က ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ရည်ကိုယ်သွေးကိုလည်း ကိုယ် စားပြုပါတယ်။ ကျွန်မရဲ့ပတ်ဝန်းကျင်က လူတွေကို လျပ် တစ်ပြက် အကဲခတ်ကြည့်လိုက်ရင် ''ဟုတ်ကဲ့'' လို့ ပြော တတ်တဲ့လူတွေဟာ ခေါင်းဆောင်တွေပဲ ဖြစ်နေကြတယ်။ ကိုယ်ကကော ဘယ်လိုလူမျိုးလဲ။ အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ လူမျိုးလား။ ပြဿနာတစ်ခုခုကြုံလာတဲ့ အခါ မလုပ်နိုင်ဘူးလို့ ငြင်းတဲ့လူလား။ တစ်ခုခု အသစ် အဆန်းလုပ်ရမယ်ဆိုရင် ''ဟုတ်ကဲ့၊ ကျွန်တော် စွန့်စားမယ်၊ လုပ်ကြည့်မယ်'' လို့ ပြောတဲ့လူလား။ ''ကိုယ့်စည်းကိုယ်လုံ အောင်ပဲနေမယ်'' လို့ ပြောတဲ့လူလား။ နှစ်သက်စရာကောင်းတဲ့ လူတစ်ယောက်ကိုတွေ့ရင် ''ဒီလူနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားမယ်''၊ ဒါမှမဟုတ်''အလုပ်ရှုပ်တယ်၊ ငါ့မှာမိသားစုအတွက်တောင် အချိန်မပေး နိုင်ဘူး'' လို့တွေးသလား။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အကူအညီတောင်း လာရင် ''အေး... ကူညီမယ်'' လို့ပြောသလား၊ ''နေဦး၊ ငါ စဉ်းစားဦးမယ်'' လို့ ပြောသလား။ ဒီမေးခွန်းက အလွန်အရေးကြီးပါတယ်။ သေရေး ရှင်ရေးတမျ အရေးကြီးတဲ့ အခြေအနေမှာ ''ငါ့ရဲ့လုပ်ရပ်တွေ အပေါ် ပြန်သုံးသပ်သင့်တယ်'' လို့ စဉ်းစားလား။ ကိုယ့်ကိုယ် ကိုယ်လုံခြုံမှုယူပြီး ''ဒါ ငါ့အပြစ်မဟုတ်ဘူး'''' ဆိုပြီး သူ များတွေအပေါ် လွှဲချမလား။ ''ဟုတ်ကဲ့'' လို့ပြောတဲ့အကြိမ်တွေနဲ့ ''ဟင့်အင်း'' လို့ပြောတဲ့ အကြိမ်တွေကို ရေတွက်ထားပါ။ အရေအတွက် တစ်မျိုးစီဟာ အကျိုးသက်ရောက်မှုတစ်မျိုးစီရှိပါ တယ်။ ကျွန်မတို့ရဲ့စီးပွား ရေးအကျပ်အတည်း ကာလမှာ လယ်ရီနဲ့ ကျွန်မဟာ ''ဟုတ်ကဲ့'' လို့ပဲ အမြဲပြောတယ်။ ပြဿနာ တစ်ခုပြီး တစ်ခုဖြစ်လာတိုင်း အဖြေပေါ်မှာ အမြဲအာရုံစူးစိုက်ထား တယ်။ ကျွန်မတို့နဲ့ စိတ်တူကိုယ်တူရှိခဲ့တဲ့ ''ဟုတ်ကဲ့'' ဆိုတဲ့ ဝန်ထမ်းတွေဟာ ဘုရားသခင်ပေးတဲ့ ကောင်းချီးမင်္ဂလာ ပါပဲ။ ကျွန်မတို့ ကုမ္ပဏီကျရှုံးသွားတာတောင် ပျော်ပျော် ရွှင်ရွှင် ကျန်ရစ်ခဲ့တာ အံ့သြစရာမဟုတ်ပါဘူး။ ဒါဟာ တစ်ဒေါ်လာ ၉၉ ပြား ဆိုင်ရဲ့အသက်ဝိညာဉ်ဖြစ်ပါတယ်။ဒေါက်တာခင်စန်းမော်