News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
နော်ဝေနိုင်ငံဘုရင်မင်းမြတ် Harald V ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြား
Editorial
December 3, 2014
Highlight
Local News
News
မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်ခရီးရောက်ရှိနေတဲ့ နော်ဝေနိုင်ငံဘုရင်မင်းမြတ် Harald V ဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၂ ရက်နေ့၊ နံနက် ၁၀ နာရီကနေ ၁၀ နာရီ ၄၅ မိနစ်အထိ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခမ်အနားမှာ ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အဖွင့်အမှာစကားပြေကြားခဲ့ပြီး နော်ဝေဘုရင်မင်းမြတ် Harald V ရဲ့ အထ္တုပ္ပတ္တိကို ထည့်သွင်းဖတ်ကြားသွားခဲ့ပါတယ်။ အဲဒီနောက် နော်ဝေဘုရင် Harlad V က နော်ဝေနိုင်ငံသားတွေဟာ မြန်မာနိုင်ငံရဲ့ ပြု ပြင်ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် အားတက်ခဲ့ရကြောင်း၊ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီက သံန္နိဋ္ဌာန်ချပြီး လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ပညာရေးရဲ့ အရေးပါမှုနဲ့ပတ်သက်ပြီး `ပညာရေးဟာ ကမ္ဘာပေါ်မှာ တန်ခိုးအင်အားအကြီးဆုံးလက်နက်ဖြစ်တယ်´ဆိုတဲ့ နယ်လ်ဆင်မင်ဒဲလားရဲ့ အဆိုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး တိုက်တွန်းပြောကြားသွားခဲ့သလို နော်ဝေနိုင်ငံက မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုပေးမယ့် အစီအစဉ်တွေကိုလည်း ပြောကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်သူက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ နော်ဝေနိုင်ငံဘုရင်မင်းမြတ် Harald V နဲ့ မိဖုရားကြီး Sonja တို့ဟာ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့ရဲ့ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၁ ရက်ကနေ ၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာဖြစ်ပြီး ခရီးစဉ်ရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေအပေါ် နော်ဝေနိုင်ငံရဲ့ထောက်ပံ့ပေးနေမှုကို ပေါ်လွင်စေဖို့၊ နှစ်နိုင်ငံအကြားအပြန်အလှန်ဆက်ဆက်ရေး ပိုမိုတိုးတက်ဖို့နဲ့ ဖွံ့ဖြိုးရေးနယ်ပယ်နဲ့ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းတွေ အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း