အောက်ခြေထိ Cover ဖြစ်နိုင်တဲ့ပြောင်းလဲမှုမျိုးကတော့ လိုအပ်နေသေး

[caption id="attachment_7211" align="alignnone" width="269"] ဒေါ်ဝင်းဝင်းတင့်
Managing Director (City Mart Holding Co Ltd)[/caption]

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲများ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေး ပြုပြင်ပြောင်းလဲသင့်သည်များကို ဒေါ်ဝင်းဝင်းတင့် ၊ Managing Director (City Mart Holding Co Ltd)  နှင့်  တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

လက်ရှိပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ ကျွန်မတို့နိုင်ငံဟာ နှစ်ပေါင်းအတော်များများ Policy  တွေ ပြုပြင်ပြောင်းလဲမှုမရှိဘဲ အခုမှစပြီး ပြုပြင်ပြောင်းလဲမှုလုပ် လာတာဖြစ်ပါတယ်။ Tax Policy  တွေ၊ Finance Policy  တွေကတော့ အခုလည်း အစိုးရကနေ ပြုပြင်ပြောင်းလဲနေတာ တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးမြန်အောင် ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။ တကယ်ထိရောက်နိုင်တဲ့၊ အောက်ခြေထိ Cover ဖြစ်နိုင်တဲ့ပြောင်းလဲမှုမျိုးကတော့ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ Retail  ပိုင်းနဲ့ပတ်သက်လို့ ပြောင်းလဲပေးသင့်တဲ့မူဝါဒတွေ Retail   ပိုင်းနဲ့ပတ်သက်လို့ကတော့ ကျွန်မတို့အနေနဲ့ အခု ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့အပိုင်းလေး တွေရှိပါတယ်။ အခု လက်လီလုပ်ငန်းရှင်များအသင်းကနေ ပြီးတော့ ဆောင်ရွက်နေတာကတော့ FIL (Foreign Invest-ment Law) ကိစ္စဖြစ်ပါတယ်။ FIL မှာ Retail ကဏ္ဍ အတွက် ဘယ်လို ဏသူငခပ မျိုးတွေ ထားသင့်သလဲ။ နိုင်ငံ တော်အတွက်လည်း အကျိုးရှိမယ် တစ်ဖက်ကနေပြီးတော့ လည်း ဒီ Industry ထဲမှာ ရှိတဲ့လုပ်ငန်းကြီးတွေကနေ လုပ်ငန်းသေးလေးတွေအထိ Promote လုပ်နိုင်ပြီး ထိခိုက်မှု မရှိအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာမျိုးပါ။ FIL Law နဲ့ပတ်သက်ပြီးတော့ အစိုးရကို တင်ပြဆွေးနွေးထား တာမျိုးရှိပါတယ်။ အခု ကျွန်မတို့ ထပ်လုပ်နေတာကတော့ VAT (Value Added Tax) တန်ဖိုးမြှင့်ခွန်ဖြစ်တယ်။ Retail လုပ်ငန်းတွေမှာ VAT ကို ဘယ်လိုထိရောက်အောင်ကောက် ယူနိုင်မလဲဆိုတာကိုလည်းWorkshopနဲ့ လုပ်နေပါတယ်။ အရင်တုန်းကတော့ Commercial Tax  ဆိုပြီးတော့ထားပါ တယ်။ အဲဒါကတော့ အရောင်းအဝယ်ဖြစ်တိုင်းဖြစ်တိုင်းမှာ ၅ ရာခိုင်နှုန်းပေးရတာပါ။ အဲဒီအခါကျတော့ လက်လွှဲရောင်း ချမှုများလေလေ၊ Tax  တွေကများလေလေဖြစ်နေတော့ သိပ် လက်တွေ့မကျပါဘူး။ အဲဒီလိုလက်တွေ့မကျတဲ့အတွက် အရင်တုန်းက လူတွေက Tax   မဆောင်နိုင်တာမျိုးတွေရှိခဲ့ ပါတယ်။ အခု VAT ကျတော့ တစ်ယောက်ကနေ တစ် ယောက်ကိုရောင်းတဲ့အခါ Transaction  ကြားထဲမှာဖြစ်တဲ့ ရောင်းချတဲ့သူရတဲ့ အမြတ်ပေါ်မှာပဲ VAT  ပေးရပါတယ်။ ဆိုလိုတာက တစ်ရာနဲ့ဝယ်ပြီး ၁၂၀ နဲ့ ပြန်ရောင်းတယ်။ တစ်ရာနဲ့ဝယ်တဲ့အချိန်မှာ အခွန်ငါးကျပ်ကို သူ့ကိုရောင်း ချတဲ့သူက ပေးဆောင်ထားပြီးပြီ။ သူက တစ်ရာ့နှစ်ဆယ်နဲ့ ပြန်ရောင်းတဲ့အခါမှာ ခြောက်ကျပ်ပေးဆောင်ရမှာဖြစ်ပေမဲ့ VAT နဲ့ဆိုရင် ရောင်းချခဲ့သူပေးဆောင်ပြီးတဲ့ ငါးကျပ်ကိုနုတ် ပြီး တစ်ကျပ်ပဲပေးဆောင်ရတော့မှာဖြစ်ပါတယ်။ အဲဒါနဲ့ပတ် သက်ပြီး ဘဏ္ဍာအခွန်ဝန်ကြီးဌာနကစပြီး ကျင့်သုံးနေပြီဖြစ် ပေမဲ့ သေသေချာချာအကောင်အထည်ဖော်နိုင်တဲ့အနေအထား မရှိသေးပါဘူး။ အဲဒီအတွက် ကျွန်မတို့ လက်လီလုပ်ငန်းရှင်များ အသင်းအနေနဲ့ ဝင်ပြီးတော့ ဘယ်လိုအကောင်အထည်ဖော်လို့ ရမလဲဆိုတဲ့နည်းလမ်းတွေကို ဝိုင်းရှာပေးပြီးတော့ အတူ လက်တွဲဖြေရှင်းနေပါတယ်။ Retailer  နဲ့အများကြီးဆက်စပ်နေတဲ့ Consumer Protection Law  နဲ့ပတ်သက်ပြီးတော့လည်း ဖြစ်သင့်တဲ့ အပိုင်းကို တင်ပြနေတာမျိုးလည်းရှိပါတယ်။ Trade Policy  ပိုင်းမှာဆိုရင်လည်း Export ၊ Import  ပိုင်းပေါ့နော်။ Import ပိုင်းမှာ အရက်၊ စီးကရက်၊ ဘီယာတွေကို တား မြစ်ကုန်အနေနဲ့ Importလုပ်ခွင့်မပေးထားပါဘူး။ အဲဒါဆို တော့ မှောင်ခိုကို အတော်အားပေးထားသလိုဖြစ်နေပါတယ်။ မှောင်ခိုကို ပပျောက်အောင်လုပ်နေတာဆိုရင် တစ်ဖက်ကနေ လည်း Policy  ပိုင်းကိုဖြေလျော့ပေးတာမျိုးရှိမှရမှာပါ။ အဲဒါ ကိုလည်း ကျွန်မတို့ တင်ပြဆွေးနွေးနေပါတယ်။ နောက် တစ်ခုက Labour နဲ့ ပတ်သက်ပြီးတော့ အခုအစိုးရက Minimum Wage Policy  စပြီးလုပ်မယ်ဆိုပြီးတော့ လုပ် ထားတာရှိပါတယ်။ အဲဒါကိုတော့ ကျွန်မတို့က ဒီ UMFCCI အောက်ကနေပြီးတော့ ပူးပေါင်းပါဝင်ပြီးMinimum Wage Policy က ဘယ်လိုမျိုးဖြစ်သင့်သလဲဆိုတာကို ပါဝင်ဆွေး နွေးနေပါတယ်။ အရင်တုန်းက စီးပွားရေးလုပ်တဲ့အခါမှာ တော် တော်ခက်ခက်ခဲခဲ လုပ်ရတဲ့အပိုင်းတွေရှိပေမဲ့ အခုအစိုးရက ဖြေလျော့ပေးနေတာတွေ ရှိပါတယ်။ အဓိကကတော့ Company Registration    ဆိုရင် အရင်က ကြန့်ကြာခဲ့ပေမဲ့ အခုဆိုတော်တော်လေး ဖြေလျော့ပေးလာတဲ့အတွက် အခု ဆိုရင် လွယ်လွယ်နဲ့ Company ထောင်လို့ရနေပါပြီ။ Infra-structure   ပိုင်းဆိုရင်လည်း အခုက Telecom Operator  တွေလည်း ရွေးချယ်ပြီးသွားပြီဆိုတော့ အခုအချိန်မှာတော့ အခက်အခဲတွေရှိပေမဲ့ နောက်တစ်နှစ်ဆိုရင် ပြေလည်သွား မယ်လို့ ကျွန်မတို့ထင်ပါတယ်။ အခုလောလောဆယ်မှာ  စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် Infrastructure ရင်းနှီးရတာတွေက ခက်ခဲနေတာတွေ ရှိနေပါတယ်။ အဓိက က ရုံးခန်းတွေ၊ စက်ရုံအလုပ်ရုံတွေရှာဖို့အတွက် ခက်ခဲ တယ်၊ ဈေးနှုန်းတွေ ကြီးမြင့်တယ်ဆိုတာကတော့ စီးပွားရေး အကုန်လုံးအတွက် သက်ရောက်ပြီး ဆိုးကျိုးတွေဖြစ်နေပါ တယ်။ အဲဒါကိုတော့ ဏသူငခပ တစ်ခုခုနဲ့လုပ်နိုင်ဖို့ ကျွန်မ တို့ မျော်လင့်ပါတယ်။ နောက်တစ်ပိုင်းကတော့ ငွေရေးကြေးရေးနဲ့ပတ် သက်တဲ့ Financial Policy  ဖြစ်ပါတယ်။ အခုရှိနေတဲ့ Financial Policy  က စီးပွားရေးလုပ်ငန်းတွေချဲ့ထွင်ဖို့ လို အပ်တဲ့ငွေကြေးအရင်းအနှီးကို လုံးဝပံ့ပိုးပေးနိုင်တာမရှိဘူး ဖြစ်နေတယ်။ အဲဒါလေးတွေပိုပြီး ကောင်းမွန်လာမယ်ဆိုရင် တော့ လူတိုင်းစီးပွားရေးကို လုပ်နိုင်လာပါလိမ့်မယ်။ အခု ကတော့ ငွေအရင်းအနှီးကြီးတဲ့သူတွေပဲ စီးပွားရေးလုပ်နိုင် သလိုဖြစ်နေတာပါ။ လူတိုင်းပါဝင်ပြီးတော့ လုပ်ဆောင်နိုင် အောင် စီးပွားရေးကဏ္ဍတွေ ကြီးထွားလာအောင်ကျတော့ အခုဟာလေးတွေက အခက်အခဲလေးတွေအနေနဲ့ ရှိနေပါ သေးတယ်။ အဲဒါကို ပိုပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင် မယ်ဆိုရင် ကောင်းမယ်လို့ မြင်ပါတယ်။