ခေတ်သစ် GE သို့မဟုတ် နေရာတိုင်းသို့ရောက်နေသော Google

  2 Google မှာ သူတို့က အဲဒီဟာကို သွားပွတ်တံစမ်းသပ်မှုလို့ ခေါ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီကုမ္ပဏီကြီးကို CEO အ ဖြစ် ပြန်လာခဲ့ပြီးနောက်မကြာခင်မှာပဲ Larry Page  က သူ့အနေနဲ့ ဒီကုမ္ပဏီကို လူတွေက သွားပွတ်တံတစ်ချောင်း ကိုသုံးသလို တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ် သုံးစွဲရတဲ့အထိ ဝန်ဆောင်မှုတွေကို ပိုပြီးဖော်ထုတ်ပေး ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ Search Engine ဆိုတဲ့ ရှာဖွေရေးကိရိယာကြီး နဲ့ Android ဆိုတဲ့ လက်ကိုင်ဖုန်းတွေအတွက် အလုပ်လည် ပတ်မှုစနစ်တွေဟာ အဲဒီစမ်းသပ်မှုကို အောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် Google ဟာ မကြာသေးခင်က လုပ်ခဲ့တဲ့ ဝယ်ယူသိမ်းသွင်းမှုတွေ တသီကြီးနဲ့အတူ စက်ရုပ်တွေ၊ မော်တော်ကားတွေ၊ နေအိမ်အပူပေးစနစ်တွေကစပြီး နယ်ပယ်မျိုးစုံမှာ 'သွား ပွတ်တံ' ပစ္စည်းတွေဖော်ထုတ်ပြီး Software မှာ ကြီးမားထည်ဝါခဲ့သလို Hardware မှာလည်း ကြီးမားထည် ဝါလာအောင် စီစဉ်နေပုံရပါတယ်။ သူနောက်ဆုံးဝယ်လိုက်တဲ့ကုမ္ပဏီက ခေတ်မီဆန်း ပြားတဲ့ အလိုအလျောက် အပူထိန်းကိရိယာတွေ၊ မီးခိုးရှာဖွေ ထောက်လှမ်းရေးကိရိယာတွေကို ထုတ်လုပ်တဲ့ Nest Labs  ပဲဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်မှာ အဲဒီကုမ္ပဏီကို ငွေသား ဒေါ်လာ ၃.၂ ဘီလီယံပေးပြီး ဝယ်ခဲ့တယ်လို့ ပြောပါ တယ်။ Google ရဲ့ ဒီနေ့အထိ Hardware လောကထဲကို အကြီးမားဆုံး တိုးဝင်မှုကတော့ ၂၀၁၁ ခုနှစ်တုန်းက လက် ကိုင်ဖုန်းထုတ်လုပ်တဲ့ Motorola Mobility  ကုမ္ပဏီကို ဒေါ်လာ ၁၂.၅ ဘီလီယံပေးပြီး ဝယ်လိုက်တဲ့ကိစ္စပါ။ မကြာသေးခင်လတွေတုန်းက Google ဟာ စက်ရုပ်တီထွင်အသုံးချတဲ့ကုမ္ပဏီတွေကို အပြတ်လိုက်ပြီးဝယ် ခဲ့ပါတယ်။ (ပူးတွဲပါဇယားကို ကြည့်ပါ။) အဲဒီအထဲမှာ အထင်ရှားဆုံးကတော့ ခြေလေးချောင်း၊ ခြေနှစ်ချောင်းပါပြီး လမ်းလျောက်နိုင်၊ ပြေးနိုင်တဲ့ Big Dog နဲ့ Cheetahလို စက်ရုပ်တွေကို ဖန်တီးထုတ်လုပ်နေတဲ့ Boston Dynamics ကုမ္ပဏီပါပဲ။ Google ရဲ့ ကုမ္ပဏီတွင်း အင်ဂျင်နီယာတွေဟာ လည်း မောင်းသူမဲ့မော်တော်ကားတွေ၊ Google Glass လို့ခေါ်တဲ့ ကိုယ်မှာဝတ်ဆင် လို့ရတဲ့ကိရိယာတန်ဆာပလာ တွေကို ပိုကောင်းအောင်လုပ်ရင်း အလုပ်တွေများနေခဲ့ကြ ပါတယ်။   3 Nest ဟာ Google ကို အိမ်သုံးပစ္စည်းကိရိယာ လုပ်ငန်းထဲကို ခေါ်သွားခဲ့ပါတယ်။ အဲဒါဟာ သူ့ထက် သက်တမ်းအများကြီးပိုရင့်တဲ့ တခြားအမေရိကန်လုပ်ငန်းစုကြီး တစ်ခုရဲ့အစပိုင်းမှာ လုပ်ကိုင်ခဲ့တဲ့နည်းလမ်းအတိုင်းပဲဖြစ်ပါတယ်။ General Electric  ဆိုတဲ့ GE ဟာ ၁၈၉၀ ပြည့် လွန်နှစ်တွေမှာ သူ့ရဲ့ပထမဆုံးလျပ်စစ်ပန်ကာတွေကို ထုတ်လုပ်ခဲ့ပြီး ၁၉၀၇ ခုနှစ်မှာ နေအိမ်အပူပေးပစ္စည်းနဲ့ ချက် ပြုတ်ရေးပစ္စည်းဆိုတဲ့ပစ္စည်းအုပ်စုတစ်ခုကို အပြည့်အ၀ ဆက် ပြီးဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ GE ဟာ စက်မှုနဲ့ ငွေကြေးလုပ်ငန်းပိုင်းမှာ ဧရာမလုပ် ငန်းကြီးဖြစ်လာအောင် ချဲ့ထွင်ခဲ့ပြီး ဒီနေ့အထိ အင်အားတောင့်တင်းခိုင်မာနေဆဲဖြစ်ပါတယ်။ GE ရဲ့ စောစောပိုင်းထုတ်ကုန်ပစ္စည်း တွေမှာ တူညီတဲ့အချက်က အဲဒီအချိန်တုန်းက စီးပွားရေးလုပ်ငန်းတွေက အမြတ်ထုတ်ဖို့ လေ့လာနေရုံပဲရှိသေးတဲ့ 'လျပ်စစ်' ပဲ ဖြစ်ပါ တယ်။ အခု  Google  က စုစည်းထားတဲ့ လုပ်ငန်းကြီးတွေမှာ တူညီနေတဲ့အချက်ကတော့ Data (အချက်အလက်တွေ) ပဲဖြစ်ပါတယ်။ အဲဒီ Data တွေကို စုစည်းပေါင်းစပ်အသုံးချပြီး ရုပ်ပစ္စည်းကိရိယာတွေကို အသိဉာဏ်ပိုရှိ အောင်လုပ်မှာ ဖြစ်ပါတယ်။ ဒါတောင်မှ မေးရဦးမယ့်မေးခွန်းက Google ဟာ သူဖော်ထုတ်ပြီးတော့ ရအောင် ဝယ်နေတဲ့ ဒီအမျိုးပေါင်းများစွာ စုံလင်နေတဲ့လုပ်ငန်းတွေကို အကျိုးအမြတ် ပိုရှိတဲ့ ဧရာမစက်မှုလုပ်ငန်းကြီးဖြစ်လာအောင် ပေါင်းစည်းပေးနိုင်မှာလား၊ ဒါမှမဟုတ် ဘီလီယံနဲ့ ချီနေတဲ့ ငွေတွေကို ဖြုန်းတီးပစ်မယ့်အန္တရာယ် ကျရောက်နေပြီလား ဆိုတဲ့ မေးခွန်းပါပဲ။ ဒီကုမ္ပဏီဟာ ဝယ်ယူမှုတွေကို ဈေးတွေ ပိုပေးပြီး လုပ်မိပြီလားဆိုတဲ့ စိုးရိမ်မှုဟာ အခုဆိုရင် ဒေါ် လာ ၅၇ ဘီလီယံလောက်အထိရောက်လာတဲ့ ငွေပုံကြီး နဲ့အ တူ ကြီးထွားလာခဲ့ပါတယ်။ Nest ရဲ့ ဈေးနှုန်းကို ထုတ်ပြော လိုက်တဲ့ ဒီတစ်ပတ်မှာတော့ လူတွေရဲ့ မျက်ခုံးတွေ ပင့်ကုန်ကြ ပါတယ်။ ဒါဟာ Nest ရဲ့ ခန့်မှန်းခြေ နှစ်စဉ်ဝင်ငွေရဲ့ ဆယ် ဆရှိတယ်လို့ Morgan Stanley ဆိုတဲ့ ဘဏ်က ယူဆနေ ပါတယ်။ (Google ရဲ့ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ Eric Schmidt  ဟာ ဒီစီးပွားရေးအုပ်စုကြီးရဲ့ အမှုဆောင်မဟုတ်တဲ့ ဒါရိုက် တာတစ်ယောက် ဖြစ်ပါတယ်)။ အပူထိန်းကိရိယာတွေလို ဘာမှမထူးဆန်းတဲ့ ပစ္စည်းတွေကို စပြီးထုတ်လုပ်ဖို့အတွက် ဘာကြောင့်ဒီလောက် ငွေတွေ အများကြီးထုတ်သုံးရတာလဲ။ Discern Analytics   ဆိုတဲ့ သုတေသနလုပ်ငန်းတစ်ခုက Paul Saffo ဆိုသူက တော့ ွသသါူန ဟာ ကွန်ပျူတာတွေထဲကို သူတို့ ထည့်ပေး လိုက်တဲ့ ရှာဖွေရေးမေးခွန်းတွေ၊ Email တွေနဲ့ တခြားဟာ တွေအပေါ်မှာ လူတွေက ထုတ်ပေးနေတဲ့ Data တွေဆီက အမြတ်ရအောင်လုပ်တဲ့နေရာမှာ ကျွမ်းနေပြီးသားပါလို့ ပြော ပါတယ်။ Google ဟာ Android စနစ်အောင်မြင်မှုရဲ့ ကျေးဇူးကြောင့် စမတ်ဖုန်းတွေ၊ Tablet ကွန်ပျူတာတွေနဲ့ Google Maps  လို အစီအစဉ်တွေဆီက Data တွေကို ရ ယူခံစားနေပါတယ်။ ဆက်လက် ဖွံ့ဖြိုးတိုးတက်နေဖို့နဲ့ အဲဒီ လိုတိုးတက်ပြီး သူ့ရဲ့အစုရှယ်ယာတွေရဲ့ဈေးနှုန်းနဲ့ ဝင်ငွေ အချိုး ၃၃ အထိ မြင့်တက်နေတာကို ရှင်းချက်ထုတ်ဖို့ အတွက် တော့ Google ဟာ သူ့ရဲ့ Data ဆာလောင်မှုကို ဖြည့်ဆည်း ပေးမယ့်ကိရိယာတွေကို နောက်ထပ်ရှာရဦးမှာပါ။ အိမ်မှာလူမရှိဘူးဆိုတာကို သိအောင်ထောက်လှမ်းပြီး အပူပေးမှုကို လျော့ချပေးမယ့် အာရုံခံကိရိယာနဲ့ Software  တွေပါတဲ့ Nest က တပ်ဆင်ပေးတဲ့ အပူထိန်း ကိရိယာတွေဟာ Data တွေ အများကြီးကို ထုတ်ပေးပြီး အဲဒီ Data တွေကို ကုမ္ပဏီကဖမ်းယူပါတယ်။ Nest ရဲ့ အကြီးအကဲ Tony Fadell  ကတော့ Nest ဟာ အင်တာ နက်ပစ္စည်းလောက (The Internet of Things)  ဆီက အမြတ်ထုတ်ဖို့ ဘယ်လိုနေရာကောင်းကောင်း ယူထားတယ် ဆိုတဲ့အကြောင်းကို မကြာခဏပြောခဲ့ပါတယ်။ The Inter- net of Things ဆိုတာကတော့ ကိရိယာအမျိုးအစားအား လုံးက သူတို့ရဲ့ပိုင်ရှင်တွေနဲ့ သူတို့အချင်းချင်း ပြောဆိုဖို့ အတွက် Software တွေ၊ အာရုံခံကိရိ ယာတွေနဲ့ ကြိုးမဲ့ဆက် သွယ်မှုတွေကို ပေါင်းစပ်အသုံးပြုနေတဲ့အဝန်းအဝိုင်းကြီးတစ် ခုပဲဖြစ်ပါတယ်။ တခြားနည်းပညာကုမ္ပဏီကြီးတွေကလည်း ဒီချိတ် ဆက်မှုအဆောက်အအုံကြီးကို ကြီးစိုးနိုင်ဖို့အတွက် စစ်ပွဲထဲကို ဝင်လာနေပါပြီ။ ဒီလမှာ Samsung က Smart-home ဆိုတဲ့ ကွန်ပျူတာစနစ်အသစ်တစ်ခုကို ကြေညာခဲ့ပါတယ်။ အဲဒီစနစ်ဟာ အစီအစဉ်တစ်ခုတည်းဆီကလုပ်ထားတဲ့ အဝတ်လျော်စက်တွေ၊ တီဗီတွေနဲ့ တခြားကိရိ ယာတွေကို လူတွေက ထိန်းချုပ်နိုင်အောင် လုပ်ထားမှာဖြစ်ပါတယ်။ အဲဒီနေရာမှာ Microsoft  ၊ Apple  နဲ့ Amazon တို့လည်း ရှေ့ကပြေးလိမ့်မယ်လို့ တစ်ပေး ခံနေကြရပြီး Google ကို တော့ အခုအချိန်အထိ နောက်မှာကျန်နေခဲ့သေးတယ်လို့ပဲ မြင်နေကြပါသေးတယ်။ The Internet of Things ဘယ် လောက်မြန်မြန် ဖွံ့ဖြိုးခဲ့တယ်ဆိုတာကို Google  ကသဘော ပေါက်တယ်လို့ ကျွန်တော်မထင်ပါဘူး' လို့ Creative Strategies ဆိုတဲ့ အကြံပေးဝန်ဆောင်မှုကုမ္ပဏီကTim Bajarin က ပြောပါတယ်။ Nest  ကို ဝယ်လိုက်တာဟာ အတိုက်အခံတွေ တော်တော်များများကို ခုန်ပျံကျော်လွှားနိုင်ပါလိမ့်မယ်။ အဲဒီ ဝယ်ယူမှုကြောင့် အကျော်အမော်ပါရမီရှင်တစ်ယောက်ဖြစ် တဲ့ Mr Fadell လိုပုဂ္ဂိုလ်မျိုးလည်း Google ဆီကို ပါလာ ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ Apple မှာနေတုန်းက iPod ကို ဖန်တီးခဲ့တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး ရိုးအီနေတဲ့ပစ္စည်း တွေကို အသစ်တစ်ခါပြန်ပြီးဆန်းသစ်လာအောင် လုပ်တဲ့အထာကို ကျေညက်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ ရဲ့ကျွမ်းကျင်မှုနဲ့ Nest မှာရှိတဲ့ Apple က လူဟောင်းတွေ ရဲ့ကျွမ်းကျင်မှုတွေကMotorola Mobility  လို Google ရဲ့ တခြား Hardware လုပ်ငန်းတွေမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်။ Google ဟာ သူ့ရဲ့စက်ရုပ်နည်းပညာလုပ်ငန်း အသစ်တွေအတွက် သူ့ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဘာ မှမပြောပါဘူး။ ဒါပေမဲ့ မောင်းသူမဲ့မော်တော်ကားတွေမှာ သူလုပ်ခဲ့တဲ့ဟာတွေကိုတော့ လုပ်မယ့်သဘောရှိပါတယ်။ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းတွေက ငွေကြေးထောက်ပံ့ ထားတဲ့နည်းပညာကိုယူပြီး စားသုံးသူဈေး ကွက်အတွက် လိုက် ဖက်အောင် ပြုပြင်ပေးတဲ့အလုပ်ကို ပြောတာပါ။ အနာဂတ်မှာ ပုဂ္ဂလိကသုံး Googlebots ဆိုတဲ့ စက်ရုပ်တွေဟာ အိမ်တစ် လုံးမှာ တကျည်ကျည်လှုပ် ရှားနေပြီး Nest ရဲ့ အိမ်တွင်း အလိုအလျောက်စနစ်ကို အဆက်မပြတ် ဆက်သွယ်စကား ပြောနေပါလိမ့်မယ်။ Mr Page  အတွက် စိန်ခေါ်မှုကတော့ ဒီလုပ်ငန်း အသစ်တွေဟာ အခုအခါ ဝန်ထမ်းပေါင်း ၄၆ç၀၀၀ ကျော် ရှိတဲ့ အဖွဲ့အစည်းကြီးတစ်ခုရဲ့ ဗျူရိုကရေစီယန္တရားက ချုပ်ချယ်တာကိုမခံရဘဲ Google ရဲ့ ထည်ဝါတဲ့အခြေခံ အဆောက်အအုံအများစုကို သေချာပေါက်ဖန်တီးပေးအောင် လုပ်ဖို့ပါပဲ။ Google ဟာ ကုမ္ပဏီတွေမှာ ဖြစ်တတ်တဲ့ အပြောင်း အလဲတွေကို လက်မခံချင်တဲ့ တုံ့ပြန်မှုတွေကို ကျော်လွှားရပါ လိမ့်မယ်။ Mr Page  ဟာအကြီးအကဲအနေနဲ့ ပြန်လာခဲ့ပြီး မကြာခင်မှာပဲ စီမံကိန်းအမျိုးမျိုးကို လျော့ချပြီး စီမံခန့်ခွဲမှု ကို စရိတ်နည်းနည်းနဲ့ တွက်ခြေကိုက်အောင် လုပ်ခဲ့ပါတယ်။ Nest ကိုတော့ အခုအခါမှာ သီးခြားဌာနတစ်ခု အနေနဲ့ သီးခြားရုံးတွေ ဆက်ထားခွင့်ပြုခဲ့ပြီး Mr Fadell က Mr Page  ကို တိုက်ရိုက်အစီရင်ခံရပါတယ်။ Google ဟာ Google Glass နဲ့ အလိုအလျောက် မောင်းနှင်တဲ့ ကား တွေလို သူ့ရဲ့အိမ်တွင်းသုံး Hardware စီမံကိန်းတွေကို လည်း သူ့ရဲ့သိုသိပ်တဲ့ Google x ဖွံ့ဖြိုးရေးဓာတ်ခွဲ ခန်းထဲမှာ မြေတောင်မြှောက်ပြီး ကော်ပိုရိတ်လုပ်ငန်းစုကြီးရဲ့ နှေးကွေးလေးလံမှုကြီးထဲမှာ ရောပါမသွားအောင်လည်း ကာကွယ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အရေးအကြီးဆုံးစီမံကိန်းတွေ မှာလည်း ထင်ရှားတဲ့အကြီးအကဲတွေကိုပေးပြီး နိုင်ငံတကာမှာ ရပ်တည်ကာကွယ်ပေးဖို့ သြဇာအာဏာတွေကို ပေးခဲ့ပါ တယ်။ ဥပမာအားဖြင့် Google စက်ရုပ်နည်း ပညာလုပ်ငန်း ရဲ့အကြီးအကဲအသစ် Andy Rubin  ဟာဆိုရင် Android ရဲ့ အောင်မြင်တဲ့တိုးတက်မှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဒီလိုနည်းဗျူဟာတွေဟာ လုပ်ငန်းပေါင်းများစွာ ပေါင်းစည်းထားတဲ့အခါ တွေ့ရတဲ့ဘေးအန္တရာယ်တွေကို ရှောင်ဖို့အတွက် နည်းလမ်းကောင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ သေချာပေါက်အောင်မြင်ဖို့အတွက်တော့ Google ဟာ နောက်ထပ်အမှားတစ်ခုကို မလုပ်မိအောင်ရှောင်ဖို့ လိုပါ လိမ့်မယ်။ Data လုံခြုံမှုပြဿနာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဒူပေ နာပေခံခဲ့ရတဲ့ မှတ်တမ်းအရဆိုရင် Nest နဲ့ တခြား ဌာနခွဲတွေဟာ ပုဂ္ဂလိကလုံခြုံမှုနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ ဥပဒေထိန်းသိမ်းသူတွေရဲ့ တင်းကျပ်စေ့စပ် တဲ့စိစစ်မှုကို ခံရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေပါ တယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စအပေါ်မှာ သုံးစွဲသူတွေရဲ့ ယုံကြည်စိတ်ချမှုကို ဆက်ထိန်းထားနိုင်တယ်ဆိုရင်တော့ Google ဟာ ှသ်အတမေန နဲ့ Hardware နှစ်မျိုးစလုံးမှာ အခွင့်အလမ်းအသစ်တွေ အများကြီးကို တွေ့နိုင်ပါလိမ့်မယ်။ ဒါဆိုရင် သွားပွတ်တံစမ်းသပ်မှုကိုလည်း အောင်မြင်သွားပြီး အစုရှယ်ယာပိုင်ရှင်တွေရဲ့မျက်နှာတွေပေါ်က တောက်ပတဲ့အပြုံးတွေကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဦးမှာ ဖြစ်ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)