News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အပြောင်းအလဲများ မြန်လွန်းသည်
Editorial
October 7, 2013
Editor's Letter
Opinion
အပြောင်းအလဲများ မြန်လွန်းသည်။ အရှုပ်အထွေးများ ပိုလာသည်။ သတင်းအချက်အလက်များ အမှားအမှန်ရောထွေးလွန်းသည်။ အခွင့်အလမ်းလား ထောင်ချောက်လား ခွဲခြားသိရန်ခက်သည်။ တစ်ယောက်တည်းအစွမ်းပြလိုသော Culture အစွဲမဖျောက်နိုင်ကြသဖြင့် ညှိနှိုင်းရင်းမှာပင် အကွဲအပြဲတွေက ထိန်းမရနိုင်။ သံသယဖြစ်စရာတွေများလာသဖြင့် ယုံကြည်မှုတည်ဆောက်ရန် ထင်သလောက်မလွယ်တော့။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဟုဆိုသော်လည်း အရွှေ့ခံလိုက်ရတာကို လွန်မှသိလိုက်ရတာမျိုးတွေ အများကြီးရှိနေသည်။ ညီညွတ်ရေးတေးဆိုနိုင်အောင် သီချင်းတိုက်ရင်းမှာပင် နောက်ကျောဓားထိုးသွားတာတွေ ကြားနေရသည်။ အဆိုပါအခြင်းအရာများအားလုံးသည် ပြင်ပအကြောင်းအရာများဖြစ်သဖြင့် ကိုယ်က ထိန်းချုပ်၍မရနိုင်။ ချင့်ချိန် စဉ်းစားတတ်သော ဉာဏ်ပညာနှင့်ယှဉ်ပြီး သတိထားနေထိုင်တတ်ရန် လိုပါမည်။ စီးပွားရေးသီးသန့်လုပ်သည်ဟုဆိုပြီး နိုင်ငံ့အရေး၊ နိုင်ငံရေးကိုပါ တစ်တွဲတည်း ထည့်မစဉ်းစား၍မရ။ အားလုံးက ချိတ်ဆက်နေသည်။ တစ်ကိုယ်ကောင်းဆန်သူများ လုပ်ချသွားသမျ နောက်ကလိုက်ဆယ်ရန်မဟုတ်သော်လည်း ကိုယ့်အလှည့် ကျ ဒီလိုမဖြစ်စေရဟူသော မာနကောင်း၊ မခံချင်စိတ်ကောင်းထားကြဖို့ လိုနေပါပြီ။ စီးပွားရေး၊ နိုင်ငံရေး ဘာပဲလုပ်လုပ် နိုင်ငံတကာအဆင့်မီချင်လျင် မြန်မာစံနှင့် သွားနေ၍မရနိုင်။ နိုင်ငံတကာစံကျင့်သုံးနိုင်ရမည်။ အမြင်ကျယ်သလောက် သဘောထားလည်းကြီးရမည်။ အမှန်တကယ်အရည်အချင်းရှိသူ တက်မည်ကြံကာရှိသေး ဘေးကထိုင်ကြည့်ပြီး သင်ယူရန် မလိုဘဲတတ်လာသော ကဏန်းစိတ်ဓာတ်မျိုးဖြင့် ဘေးတိုက်သွားဆွဲချနေသူတွေ ရှိနေသ၍ကတော့ တိုးတက်မှုတွေနှင့် ဝေးနေကြဦးမည်ပင်။ တခြားသူဆောင်ရွက်တာကို အတုယူဆင်ခြင်သောစိတ်ဓာတ်နှင့် နားလည်အောင် မကြည့်နိုင်ဘဲ အလစ်မှာ ဝင်ဆော်ဖို့လောက်သာစိတ်ကူးကြသဖြင့် နှစ်ယောက်လုံး ရှေ့မတက်တော့သည့်ဥပမာကောင်းတွေ . . . ယူတတ် လျင် သမိုင်းတစ်လျောက် သင်ခန်းစာတွေ မနည်းလှ။ ဘဝနေချိန်ကာလအတွင်း ကမ္ဘာ့အမှားအားလုံး ကိုယ် တစ်ယောက်တည်း ကျူးလွန်ရန် မဖြစ်နိုင်၊ သူတစ်ပါးအမှားမှ သင်ခန်းစာယူတတ်လျင် အချိန်ကုန်သက်သာသလို ကိုယ်တိုင် ခါးသီးမှုကြုံရခြင်းလည်း နည်းပါးနိုင်သည်ဟူသော အဆိုအမိန့် ရှိပါသည်။ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်ကောင်း များဖတ်ခြင်း၊ သူတစ်ပါးအတွေ့အကြုံကို နားထောင်ခြင်းတို့ ကလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပေးနိုင် သည်ဟုဆိုကြသည်။ မြန်မာ့ဝန်းကျင်တွင် ရှေ့လူတွေ၏အမှား ပေါင်းမနည်းလှ၊ ဖတ်စရာစာအုပ်တွေ အတွေ့အကြုံတွေကလည်း အင်တာနက်ခေတ်တွင် လက်တစ်ကမ်းမှာ။ သင်ခန်းစာယူချင် စိတ်ဖတ်ချင်စိတ်ရှိဖို့ပဲ လိုပါသည်။ ကိုယ်တိုင်ပြုပြင်ချင်၊ တည် ဆောက်ချင်စိတ်မရှိသူအတွက် ချင့်ချိန်စဉ်းစားတတ်သောဉာဏ် နှင့် သတိက အလိုလိုဝင်လာနိုင်မည် မဟုတ်ပါ။
Facebook
Twitter
LinkedIn
RELATED POSTS
နှစ်သစ်မျော်လင့်ချက် ရောင်ခြည်
Posted On December 30, 2020, By CEO Editors
အကျိုးလိုလို့ညောင်ရေလောင်းသော်
Posted On December 4, 2020, By CEO Editors
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ
Posted On September 7, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း