အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ သင်တန်းတက် ရောက်ရန်အတွက် ပညာသင်ဆု

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကွန်ပျူတာနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ Use of Design Software in Mechanical Engineering ၊ Certificate of Proficiency in Graphic Designing and English Communication သင်တန်း ၂ မျိုးကို အိန္ဒိယနိုင်ငံတွင် တက်ရောက်ရန် ပညာသင်ဆု ခေါ်ယူမည်ဖြစ်ကြောင်း သိရပါသည်။ ပညာသင်ဆုလျှောက်လွှာများကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးတွင် ရယူနိုင်သည့်အပြင်  www.mcfmyanmar.org နှင့် www.mcpamyanmar.org တို့တွင်လည်း  download ရယူနိုင်ကြောင်း သိရပါသည်။ သင်တန်း အမှတ်စဉ် ၁ ဖြစ်သော Use of Design Software in Mechanical Engineering ၏ သင်တန်းကာလက ၈.၁၂.၂၀၁၄ မှ ၁၉.၁၂.၂၀၁၄ ထိ ဖြစ်ကာ သင်တန်းအမှတ်စဉ် ၂ ဖြစ်သော Certificate of Proficiency in Graphic Designing and English Communication ၏ သင်တန်းကာလက ၁၉.၁၂.၂၀၁၅ မှ ၂၉.၃.၂၀၁၅ ထိဖြစ်ပါသည်။ လျှောက်ထားသူများအနေဖြင့် သင်တန်းအမှတ်စဉ် ၁ အတွက် Computer Drawing အခြေခံရှိသူဖြစ်ရမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် ၂ အတွက် လက်ရှိ တက္ကသိုလ်/ကောလိပ်တစ်ခုခုတွင် တက်ရောက်နေသူများ လျှောက်ထားခြင်းမပြုရဟု သိရပါသည်။ တခြား သတ်မှတ်ချက်များအနေဖြင့်  လျှောက်ထားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်ဖြစ်ရမည်၊ အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်၊ ၂၉-၈-၂၀၁၄ နေ့တွင် အသက် ၃၅ နှစ်ထက်မကြီးသူဖြစ်ရမည်ဟု သိရပါသည်။ ပညာသင်ဆု လျှောက်ချင်သူများအနေဖြင့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်း အထောက်အထားများ (၁၀ တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်မိတ္တူ၊ Transcript မိတ္တူ) ၊ မှတ်ပုံတင်မိတ္တူ  ၊ ကွန်ပျူတာပညာရှင်အသင်းဝင်ကဒ်ပြား မိတ္တူ  ၊ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ အကြီးအကဲ ထောက်ခံစာ နှင့် ဓာတ်ပုံ ၂ ပုံ တို့ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရပါသည်။  လျှောက်လွှာများကို ၂၉-၈-၂၀၁၄ နေ့နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးခန်း အဆောင် (၉) MICT Park တက္ကသိုလ်များလှိုင်နယ်မြေ၊ လှိုင်မြို့နယ် နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင်အသင်းရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရပါသည်။ ပညာသင်ဆုလျှောက်မည့်သူများသည်  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ စစ်ဆေးသော အရည်အချင်းစစ်စာမေးပွဲကိုဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရပါသည်။ စာမေးပွဲတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာကျွမ်းကျင်မှုများကို စစ်ဆေးမည်ဖြစ်ပြီး  ၅-၉-၂၀၁၄ ၊ နံနက် ကိုးနာရီ မှ ဆယ့်တစ်နာရီအထိ ဖြေဆိုရမည်ဖြစ်ကာ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများကို ၁၂.၉.၂၀၁၄ နေ့တွင် လူတွေ့နှုတ်ဖြေစစ်ဆေးပြီး နောက်ဆုံးအဆင့် ပညာသင်ဆု ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အသေးစိတ်အချက်အလက်များကို  ဖုန်း ၀၁-၆၅၂၃၀၇၊ ၀၉-၇၃၂၅၇၃၇၇ နှင့်  ၀၁-၆၅၂၂၇၆ နှင့် ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။