ဒေါသထွက်နေသော အိန္ဒိယလူငယ်များ အလဟဿ ဖြုန်းတီးမှုတစ်ခု

အရေအတွက်နှင့် အရည်အသွေး စိန်ခေါ်မှုရဲ့ အတိုင်းအတာကို ကြည့်ဖို့အတွက် အလုပ်လုပ်တဲ့အသက်အရွယ်ဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်ကြား လူဦးရေဟာ လာမယ့်ဆယ်စုနှစ်မှာ ၁၂၅သန်း တိုးလာပြီး၊ နောက်ထပ်ဆယ်စုနှစ်တစ်ခုမှာ ၁၀၃ သန်းတိုး မယ်လို့ စဉ်းစားကြည့်ပါ။ လက်ရှိ လမ်းကြောင်းတွေအရဆိုရင် တိုးတက်မှုရဲ့ သုံးပုံတစ်ပုံဟာ မြောက်ပိုင်းက ပိုဆင်းရဲ ပြီး ပညာရေးပိုနိမ့်ကျတဲ့ ပြည်နယ်တွေ၊ အထူးသဖြင့်ဘီဟာ နဲ့ အူးတားပရာဒက်ရှ်ပြည်နယ်တွေက လာပါလိမ့်မယ်။ 2 အလုပ်လုပ်တဲ့အရွယ်ရှိတဲ့လူတိုင်း အလုပ်အကိုင် ဈေးကွက်ထဲမှာရှိမှာတော့ မဟုတ်ပါဘူး။ အသက် ၁၅ နှစ် ကနေ ၂၅ နှစ်အထိ လူတော်တော်များများက ပညာသင်ဆဲပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ဆိုရင် ပညာသင်နေတာ ၂၆ ရာခိုင် နှုန်းရှိပါတယ်။ အရွယ်ရောက်တဲ့အမျိုးသမီးတချို့က အိမ်ထဲ မှာပဲ နေပါလိမ့်မယ်။ လက်ရှိအားဖြင့် သုံးပုံတစ်ပုံလောက်ပဲ အ လုပ်လုပ်ကြပါတယ်။ ဒါဟာအာရှတိုက်ရဲ့ အဆင့်အတန်း နဲ့ဆိုရင် နိမ့်ကျတဲ့အဆင့်မှာရှိပါတယ်။ ဒါပေမဲ့ အိန္ဒိယ နိုင်ငံဟာ နောက်လာမယ့် ဆယ်စုနှစ်အတွင်း အလုပ်အကိုင် သစ်ပေါင်း သန်းတစ်ရာလောက်တော့ အသားတင်ရှာပေးဖို့ လိုအပ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးရုတ်တရက်တိုးတက်မှု ဟာ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြား ဝန်ဆောင်မှုနဲ့ စက်မှုလုပ်ငန်းတွေထဲမှာ အလုပ်အကိုင်ပေါင်း သန်းပေါင်း ၁၃၀ ကို အသားတင် ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယဟာ တရုတ်မဟုတ်ပါဘူး။ နောက်ဆုံးကောက်ယူခဲ့တဲ့ စာရင်းတွေအရ ၂၀၀၄-၂၀၀၅ ခုနှစ် နဲ့ ၂၀၀၉-၂၀၁၀ ခုနှစ်ကြား ကာလအတွင်း အသားတင် တိုး လာတဲ့ အလုပ်အကိုင်အသစ်ဆိုတာ မရှိခဲ့ကြောင်း တွေ့ရပါ တယ်။ သူ့အရင် ငါးနှစ်တာကာလအတွင်း အလုပ်အကိုင် အသစ်ပေါင်း သန်း ၆၀ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ထိတ်လန့်စရာတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ တချို့လူတွေက အလုပ်လုပ်မယ့်အင်အား ထဲက သူတို့သဘောနဲ့သူတို့ ထွက်သွားကြတဲ့အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကြောင့် အလုပ်အကိုင်ဖန်တီးပေးမှု ပိုနည်း သွားခဲ့တာပါ။ ကျေးလက်ဒေသမှာ အလုပ်မရှာတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသမီးတွေ ပိုပြီးများလာပါတယ်။ ဒါဟာ လယ်သမားတွေအတွက် အခြေအနေတွေ ကောင်းခဲ့လို့ သူတို့မှာ ငွေထပ်မလိုတော့ဘူးဆိုတဲ့ သဘောလည်း ဖြစ်နိုင် ပါတယ်။ ကျွမ်းကျင်မှုမလိုအပ်တဲ့ အလုပ်တွေအတွက် လုပ်ခ တွေမြင့်တက်နေပြီး ဒီလိုဖြစ်နေတာဟာ တစ်စိတ်တစ်ပိုင်း အားဖြင့် NREGA ဆိုတဲ့ အလုပ်အကိုင် အာမခံစီမံကိန်း ကြောင့်ဖြစ်ပေမဲ့ အလုပ်အကိုင်ဈေးကွက်ကြီး ပြိုလဲမသွားသေး ဘူးဆိုတာကိုတော့ ပြနေပါတယ်။ ဒါပေမဲ့ ဒီလိုသတိပေးနေတဲ့အချက်တွေအားလုံးကြောင့် ရတက်မအေးစရာတွေကတော့ ရှိနေတုန်းပါပဲ။ စီးပွားရေးအကြီးအကျယ်ကောင်းနေတုန်းက တောင် အလုပ်အကိုင်နည်းနည်းကလေးကိုပဲ ဖန်တီးပေးခဲ့တဲ့အတွက် အခုဆိုရင် စီးပွားရေးကပိုပြီး နှေးကွေးလာပြီဆို တော့ အရာရာဟာ ပိုပြီးခက်ခဲလာပါပြီ။ ကျးလက်ကဆင်းရဲသားတွေ အဆင်မပြေပုံပေါ် တာက မြို့ကြီးတွေကိုပြောင်းရွှေ့သွားမယ့် လူဦးရေကို တိုး သွားအောင် လုပ်ပါလိမ့်မယ်။ ပညာပိုပြီးတတ်တဲ့လူတွေကို လည်း ထိခိုက်နစ်နာမှာပါပဲ။ အိန္ဒိယနိုင်ငံဟာ သူယူပြီး သုံးနိုင်တဲ့အရေအတွက်ရဲ့ နှစ်ဆအထိ ဘွဲ့ရတွေကို နှစ်စဉ် မွေးထုတ်နေတယ်လို့ တချို့ခန့်မှန်းချက်တွေက ပြနေပါ တယ်။ Patna တက္ကသိုလ်က ကျောင်းသားအများစုဟာ သာမန်အားဖြင့် သူတို့ရဲ့ အနာဂတ်ကရလာမယ့် လစာဝင်ငွေ ကို တစ်လ ဒေါ်လာ ငါးရာလောက်ပဲ မျော်မှန်းထားကြတာပါ။ ဒါတောင်မှ သူတို့အားလုံးအလုပ်ရကြပါ့မလားလို့ သူတို့ရဲ့ ပါမောက္ခတွေက ပူပန်နေရပါတယ်။   ဒါပေမဲ့ ပြဿ     နာက အလုပ်အကိုင်အရေအတွက်မှာ ပဲရှိတာ မဟုတ်ပါဘူး။ အရည်အသွေးပိုင်းဆိုင်ရာမှာလည်း ပြဿ     နာ ရှိတာပါပဲ။ အိန္ဒိယမြို့ကြီးတိုင်းမှာ အလွယ်တကူ မြင်နိုင်တဲ့ဟာတွေကို စာရင်းအင်းအချက်အလက်တွေက အတည်ပြုပေးနေပါတယ်။ မြို့ကြီးတွေအားလုံးမှာ လုံခြုံရေး အစောင့်တွေ၊ ရုံးအကူတွေ၊ စာပို့သမားတွေ နားဖာချေးက လော်တဲ့လူတွေ၊ ဓာတ်လှေကားထဲမှာ ခွေးခြေနဲ့ထိုင်ပြီး ခလုတ်နှိပ်ပေးနေတဲ့လူတွေ ဒုနဲ့ဒေးနဲ့ ရှိနေပါတယ်။ အိန္ဒိယ မှာရှိတဲ့ အလုပ်အကိုင်တွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ ဝန်ထမ်းဆယ်ယောက်မပြည့်တဲ့ တရားဝင်လုပ်ငန်းမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီမှာ ရှိပါတယ်။ နောက်ထပ် ၁၁ ရာခိုင် နှုန်းက တရားမဝင်တဲ့ ကုမ္ပဏီတွေဆီက ကျပန်းအလုပ်တွေ ဖြစ်ပါတယ်။ အိန္ဒိယလူမျိုး ၁၆ ရာခိုင်နှုန်းကပဲ သူတို့ရဲ့ ပုံမှန်လုပ်အားခကို ရကြတယ်လို့ ပြောပါတယ်။ တရားမဝင် တဲ့အလုပ်တွေကို လုပ်နေကြတဲ့လူတွေဟာ များသောအားဖြင့် တော်တော်ဆင်းရဲနွမ်းပါးကြပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ် က တရားဝင်လေ့လာခဲ့တဲအချက်အလက်တွေထဲမှာ တရားမ ဝင်အလုပ်သမားတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အဲဒီအချိန်က နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခဖြစ်တဲ့ တစ်နေ့ ၁.၄၆ ဒေါ်လာကို ပြည့်အောင်မရကြဘူးလို့ပါပါတယ်။ ကောင်းမွန်တဲ့အလုပ်တချို့တလေတော့ ရှိပါတယ်။ ဒါပေမဲ့ ဥပမာအားဖြင့် အိန္ဒိယရဲ့ IT ကုမ္ပဏီတွေမှာရှိတဲ့ အလုပ် တွေရဲ့အရေအတွက်က သန်းပေါင်းအနည်းငယ်ပဲရှိတာဖြစ် ပြီး အလုပ်အရေအတွက်အားလုံးပေါင်းက သန်းငါးရာလောက် ရှိနေတာပါ။ ဒါတွေအားလုံးဟာ ထုတ်လုပ်ရေးလုပ်ငန်းအား နည်းတာနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေပါတယ်။ အိန္ဒိယ အလုပ်သမားတွေရဲ့ ၂၃ ရာခိုင်နှုန်းကို စက်မှုလုပ်ငန်းမှာ လုပ်ကိုင်နေတယ်လို့ သတ်မှတ်ထားချိန်မှာ တရုတ်ကို ၃၀ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားကို ၂၂ ရာခိုင်နှုန်းသတ်မှတ်ထား ခဲ့တာပါ။ ဒါပေမဲ့ အိန္ဒိယရဲ့ စက်မှုလုပ်ငန်းအလုပ်သမားတွေ ဆိုတဲ့အထဲမှာ တစ်ဝက်လောက်က ဆောက်လုပ်ရေးလုပ်ငန်း ထဲမှာရှိနေတာဖြစ်ပြီး အင်ဒိုနီးရှားမှာက အဲဒါမျိုး လေးပုံ တစ်ပုံပဲ ရှိပါတယ်။ ကျန်တာတွေအားလုံးနီးပါးက ထုတ် လုပ်မှုလုပ်ငန်းထဲမှာ ရှိနေပါတယ်။ ဒါပေမဲ့ ဒီအလုပ်တွေအား လုံးက ခေတ်မီစက်ယန္တရား၊ နည်းပညာ၊ လေ့ကျင့်သင်ကြားမှု တွေနဲ့ ပတ်သက်နေတဲ့အလုပ်တွေ မဟုတ်ပါဘူး။ ထုတ် လုပ်မှုလုပ်ငန်းထဲက အိန္ဒိယလူမျိုးတစ်ဝက်ကျော်ဟာ လျပ် စစ်ဓာတ်အားမသုံးတဲ့ ပစ္စည်းကိရိယာတွေနဲ့ လုပ်ကိုင်နေကြ တာပါ။     အလွယ်တကူမြင်သာတဲ့ ပြဿနာကတော့ 'လစ် ဟာနေတဲ့ အလယ်အလတ်ပိုင်း' ပါပဲ။ အလုပ်အကိုင်အများ စုဟာ တော်တော်သေးငယ်တဲ့ လုပ်ငန်းတွေထဲမှာ ရှိပါ တယ်။ ထပ်ပေါင်းတန်ဖိုးအများစုဟာ လူတွေအစား စက် တွေကိုပဲ ဦးစားပေးပြီးသုံးကြတဲ့ ခေတ်မီစက်မှုလုပ်ငန်းနည်း နည်းကလေးဆီမှာပဲ ရှိပါတယ်။ Tata Sons နဲ့ Mahindra ဆိုတဲ့ ဒီလိုကုမ္ပဏီကြီးတွေကို လူတော်တော်များများက သိကြပါတယ်။ ဒီလိုကုမ္ပဏီကြီးတွေက ပြည်တွင်းမှာ စက် ရုံတွေဆောက်ဖို့ထက် ကမ္ဘာအနှံ့မှာ သူတို့ရဲ့ လုပ်ငန်းကို ချဲ့ထွင်ဖို့ကိုပဲ ပိုပြီးစိတ်အားထက်သန်ကြပါတယ်။ ၂၀၁၂ ခုနှစ် မတ်လအထိ လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်မှုလုပ်ငန်းလုပ်ဖို့ ပြည်ပ ကလူတွေဆီက ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တစ်ဒေါ်လာရှိတိုင်း ပြည်ပက ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် ပြည်တွင်းကုမ္ပဏီတွေက သွားရောက်ရင်းနှီးမြှုပ်နှံမှု ၆၅ ဆင့်ရှိပါတယ်။ စက်ရုံအလုပ်ရုံ (အသေးဆုံး အလုပ်ရုံကလေးတွေ အပါအဝင်)မှာရှိတဲ့ အလုပ်အကိုင် အရေအတွက် ဟာ ၂၀၀၅ ခုနှစ်ကတည်းက တိုးတက်လာခဲ့ပေမဲ့ ၂.၈ သန်းပဲ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ထုတ် လုပ်မှု လုပ်ငန်းထဲမှာ ပြည်ပတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုအတွက် တကယ်ဆွဲဆောင်နေတာက   နည်းပညာမြင့်မားတဲ့လုပ်ငန်းမျိုးကြီးတွေကို ဖြစ်နေတတ်ပါတယ်။ Volkswagon ကုမ္ပဏီရဲ့ ယူရို ၅၇၀ အကုန်အကျခံပြီး ဆောက်ထားတဲ့ စက်ရုံကြီးဟာ စက်ရုပ်တွေနဲ့ ပြည့်နေပါတယ်။ အခုအချိန်မှာ တရုတ်နိုင်ငံထဲက ကုန်ကျစရိတ်တွေ မြင့်တက်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဟာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေထဲကို လှိမ့်ဝင်နေပါတယ်။ (ဇယား-၃ ကိုကြည့်ပါ)။ ကုန်ပစ္စည်းတွေကို အာရှမှာဝယ်ပြီး Walmart  အပါအဝင် အနောက်နိုင်ငံက လက်လီဆိုင်တွေကို ပြန်ရောင်း တဲ့ဟောင်ကောင်အခြေစိုက် Li & Fung ဆိုတဲ့ ကုမ္ပဏီကြီး ဟာ သူ့ရဲ့ကုန်ပစ္စည်းတွေကို အရှေ့တောင်အာရှက ၂၀ ရာခိုင်နှုန်း ဝယ်ပေမဲ့ အိန္ဒိယဆီက ၅ ရာခိုင်နှုန်းပဲ ဝယ်ခဲ့ပါတယ်။   အလုပ်လုပ်သည့်နေရာတွင် သေဆုံးခြင်း  အိန္ဒိယရဲ့ အခွင့်အလမ်း လက်လွတ်ဆုံးရှုံးမှုဟာ လူ့လုပ်အားကို အဓိကသုံးတဲ့ ချည်မျင်နဲ့ အဝတ်အထည်လုပ်ငန်းမှာ အသိသာအထင်ရှားဆုံးပါပဲ။ ဒီလုပ်ငန်းကို တရုတ် နိုင်ငံက လွှမ်းမိုးထားတာပါ။ ကမ္ဘာလုံးဆိုင်ရာ အဝတ်အထည် လုပ်ငန်းတွေရဲ့ ဝယ်ယူရေးမန်နေဂျာတွေဟာ သူတို့ရဲ့ အ ရင်းအမြစ်ရရှိရေးကို တရုတ်နိုင်ငံက ပြောင်းရွှေ့ချင်နေပြီး သူတို့မျက်စိကျနေတဲ့ နေရာသစ်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေပါဝင်ပေမဲ့ အိန္ဒိယတော့ မပါဘူးဆိုတာကို Mc Kinsey  အကြံပေးလုပ်ငန်းကြီးက ၂၀၁၁ ခုနှစ်မှာ တွေ့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချည်မျင်နဲ့အထည် ပြည်ပပို့ကုန်ဟာ တိုးတက်ခဲ့ပေမဲ့ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပေါင်းရဲ့ပို့ကုန်က သူ့ကို   အသာကလေး ကျော်လွှားသွားပါတယ်။ အိန္ဒိယနိုင်ငံမှာ ပစ္စည်းတွေမထုတ်လုပ်ချင်တဲ့လူတွေ ဘာကြောင့်ပိုများနေတာလဲ။ အိန္ဒိယလူမျိုး နိုင်ငံပြောင်းရွှေ့ အလုပ်သမားတွေကို ကမ္ဘာတစ်ဝန်းလုံးမှာ (အထူးသဖြင့် ပင်လယ်ကွေ့ဒေသမှာ) သဘောကျနေကြတာပါပဲ။ ဒါပေမဲ့ အိန္ဒိယနိုင်ငံထဲက ရှုပ်ထွေးတဲ့ အလုပ်သမားဆက်ဆံရေးကြီး က ပြဿနာတစ်ခု ဖြစ်နေပါတယ်။ အလုပ်ခွင်မှာ တစ်စတစ်စတိုးလာတဲ့ တင်းမာမှုတွေက ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ အနီးအနားက စက်ရုံတစ်ရုံမှာ ဆူပူအုံကြွမှုတစ်ခုအဖြစ်ကို ရောက်သွားပြီးတဲ့နောက် ဒေလီမြို့အနီးက စက်မှုဇုန်တစ်ခုမှာရှိ တဲ့ ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းမှာ အလုပ်သမားငါးယောက် က သူတို့ကို Maruti Suzuki က အလုပ်ဖြုတ်ခဲ့ပုံကို ရှင်း ပြနေပါတယ်။ Maruti Suzuki ဆိုတာက ဂျပန် Suzuki ကုမ္ပဏီက ထိန်းချုပ်ထားတဲ့ ကားလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အဲဒီအဓိကရုဏ်းမှာ မန်နေဂျာတစ်ယောက်ပါရှိပြီး အသတ်ခံခဲ့ရပါတယ်။ အဲဒီအလုပ်သမားတွေဟာ အသက် ၂၀ ကျော်တွေဖြစ်ပြီး ကျေးလက်မိသားစုတွေက ပေါက်ဖွားလာခဲ့သူတွေပါ။ သူတို့က တရားမျတမှုမရှိဘူးလို့ အခိုင်အမာယူ ဆနေကြပါတယ်။ ''ကျွန်တော်တို့က ကျွန်တော်တို့ကိုထောင် ထဲရောက်နေပြီလို့ သဘောထားကြဖို့နဲ့ သူတို့ရဲ့ဘဝအတွက် သူတို့ဘာသာဆက်ပြီး စီစဉ်သွားဖို့ ကျွန်တော်တို့ရဲ့ မိသားစုတွေကို ပြောခဲ့ပြီးသားပါ။ ရေရှည်ဆက်ပြီး တိုက်ပွဲဝင်သွား ဖို့ ကျွန်တော်တို့ကတော့ အသင့်ပဲ'' လို့ သူတို့က ပြောပါတယ်။ Maruti အဓိကရုဏ်းဟာ ဒီနေ့အထိ တစ်ကြိမ်တည်းပဲ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်က စီးပွားရေးလုပ်ငန်းရှင်တွေကို ထိတ်လန့်ချောက်ချားသွားအောင် လုပ်ခဲ့ပါတယ်။ လျို့ဝှက်ဆန်းကြယ်တဲ့ အလုပ်သမားဥပဒေတွေဟာ အိန္ဒိယရဲ့ ထုတ်လုပ်မှုလုပ်ငန်းပြဿနာရဲ့ အဓိကသော့ချက်ပဲ လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြခဲ့တာ ကြာပါပြီ။ အလုပ်သမား လက်တစ်ဆုပ်စာကျော်ကျော်လောက်ပဲရှိတဲ့ လုပ်ငန်းတွေမှာ လူတွေကိုအလုပ်ဖြုတ်ဖို့ ခက်ခဲအောင်နဲ့ အငြင်းပွားမှုတွေကို ခံနိုင်ရည်စမ်းသပ်မှုတွေ တရားဝင်ဖြစ် လာအောင် ဥပဒေတွေက ဘယ်လိုလုပ်ပေးနေသလဲဆိုတာကို ရှင်းပြဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ဗဟိုဥပဒေ ၅၁ ခုနဲ့ ပြည် နယ်ဥပဒေ ၁၇၀ ကို ပညာရှင်တွေက အားရပါးရခွဲခြမ်းစိတ် ဖြာလေ့လာခဲ့ပြီးပါပြီ။ အဲဒီထဲက တချို့ဥပဒေတွေဟာ လွတ် လပ်ရေးမရခင်က ဥပဒေတွေဖြစ်ပါတယ်။ ပိုပြီးတင်းကျပ် တဲ့ ဥပဒေတွေဟာ အလုပ်သမားကို အဓိကထားတဲ့ လုပ်ငန်း တွေရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်နေပြီး လုပ်ငန်းတွေ ကို သေးသေးကလေးတွေအဖြစ်ပဲဆက်ပြီး လုပ်ကိုင်အောင် အားပေးနေတယ်ဆိုတာကို လေ့လာမှုတွေက ပြခဲ့ပြီးဖြစ်ပါတယ်။   3 အတန်းအစားနှစ်မျိုး ခွဲခြားထားသည့်ကမ္ဘာ ဒါပေမဲ့ Maruti  ရဲ့ စက်ရုံတည်ရှိတဲ့ စက်မှုဇုန်ကခေတ်တွေပြောင်းလဲသွားပြီဆိုတာကို ပြနေပါတယ်။ ကုမ္ပဏီ ကြီးတွေဟာ ကြားလူကတစ်ဆင့် စနစ်တကျခန့်ထားတဲ့ စာချုပ်အလုပ်သမားတွေကိုသုံးပြီး အလုပ်သမားဥပဒေတွေကို ကျော်လွှားနိုင်ကြပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းကဆို ရင် ဥပဒေတွေထဲက ဒီအဖုအထစ်ကို သူတို့ အများကြီးပိုပြီး အသုံးပြုခဲ့တယ်။အလွဲသုံးစားလည်းလုပ်ခဲ့တယ်လို့ အလုပ် သမားတွေက ပြောပါတယ်။ ကားနဲ့မော်တော်ဆိုင်ကယ် စက်ရုံသုံးခုမှာ အလုပ်သမားတွေနဲ့ ဆွေးနွေးမှုတွေအပေါ်မှာ အခြေခံပြီး ဝန်ထမ်းပေါင်း ၁၄ç၅၀၀ ထဲက ၇၀ ရာခိုင်နှုန်း ဟာ ပဋိညာဉ်စာချုပ်တွေနဲ့ အလုပ်လုပ်နေကြပါပြီ။ သူတို့ ရဲ့ပျမ်းမျလုပ်ခဟာ အလုပ်လုပ်ရက်တစ်ရက်ကို ငါးဒေါ်လာ ကနေ ခြောက်ဒေါ်လာအထိရှိပါတယ်။ ဒါဟာသမဂ္ဂဖွဲ့စည်း ထားတဲ့ အမြဲတမ်းဝန်ထမ်းတွေရတာရဲ့ လေးပုံတစ်ပုံပဲ ရှိပါတယ်။ တရုတ်စက်မှုဒေသဖြစ်တဲ့ Guang zhou  က အနိမ့်ဆုံးလုပ်ခဟာ အလုပ်ရက် တစ်ရက်မှာ ၁၀.၅ ဒေါ်လာ ရှိပါတယ်။ အဲဒါဟာ သတင်းကောင်း ဖြစ်ပုံရနိုင်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ယှဉ်ပြိုင်နိုင်တဲ့နှုန်းနဲ့ စက်ရုံအလုပ်သမားတွေ အများကြီးကို ညှိလို့ နှိုင်းလို့ရတဲ့ ကာလအပိုင်းအခြားတွေနဲ့ ငှားလို့ရမယ်ဆိုရင် ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အိန္ဒိယ နိုင်ငံထဲကို လှိမ့်ပြီးဝင်လာသင့်ပါတယ်။ လက်တွေ့မှာတော့ အခြေအနေကမတည်ငြိမ်ပါဘူး။ Maruti  အဓိကရုဏ်းက ပြခဲ့သလို အတန်းအစား နှစ်မျိုးခွဲထားတဲ့ အလုပ်သမားစနစ် ဟာ ဒေါသတွေကို ပေါက်ဖွားစေခဲ့ပါတယ်။ ရှေ့နေရုံးခန်း ထဲက လူငါးယောက်ဟာ အမြဲတမ်းဝန်ထမ်းတွေဖြစ်ပြီး သူတို့ က စာချုပ်နဲ့လုပ်တဲ့သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြုမှု ဆက်ဆံမှုကို စိတ်ပျက်ခဲ့ရတယ်လို့ ပြောပါတယ်။ Maruti  ဟာ အတန်းအစားအလိုက် ခွဲခြားမှုကို ပစ်ပယ်နေပါပြီ။ ဒါ့အပြင် ငွေကြေးရှုထောင့်ကကြည့်ရင် စာချုပ်စနစ်ဟာ အလုပ်သမားတွေအတွက်တော့ ထင်သလောက်မကောင်းပါ ဘူး။ သူတို့ဟာ သမဂ္ဂအဖွဲ့ဝင်၊ အမြဲတမ်းဝန်ထမ်းတွေကို ငှားသုံးနေရတုန်းဖြစ်ပြီး ဒါတွေဟာ အနည်းစုဖြစ်ချင်ဖြစ်နိုင် ပေမဲ့ စက်ရုံရဲ့ လုပ်အားခစာရင်းရဲ့ အများစုဟာ သူတို့အ တွက် ဖြစ်နေနိုင်ပြီး အလုပ်သမားအားလုံးရဲ့ ပျမ်းမျလစာကို တရုတ်နဲ့အဆင့်တူသွားအောင် မြှင့်ပေးပါလိမ့်မယ်။ အလုပ်သမားတွေရဲ့ အခြေအနေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက သပိတ်မှောက်မှုတွေ၊ အကြမ်းဖက်ရန် လိုမှုတွေနဲ့တော့ တော်တော်အလှမ်းဝေးပါတယ်။ ဒါပေမဲ့ အဲဒါကိုကြိုတင်ခန့်မှန်းလို့ မရပါဘူး။ အဲဒီအချက်က အလားအလာရှိတဲ့ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေကို နောက်ဆုတ်သွားအောင် လုပ်နေပါတယ်။ အဲဒီဟာတွေအပြင် ကြိုးနီစနစ်ကနေ စိတ်မချရတဲ့ လျပ်စစ်ဓာတ်အားရရှိမှု၊ (ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ မြောက် ဘက်ခြမ်းက အရှေ့ဘက်ခြမ်းအထိ လျပ်စစ်မီးတွေအကြီးအကျယ်ပြတ်တောက်ခဲ့တာကိုကြည့်ပါ)၊ မြေမရှိမှု၊ လမ်းတွေ ရဲ့ ဆိုးဝါးမှုနဲ့ မနိုင်မနင်းဖြစ်နေတဲ့ ဆိပ်ကမ်းတွေအထိ တခြားအဟန့်အတားတွေလည်း အများကြီးရှိနေပါတယ်။ တရုတ်နိုင်ငံမှာ တစ်ခုခုလုပ်မယ်ဆိုရင် ကုန်ကျမယ့်စရိတ် ထဲကို ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအတွက် ၆ ရာခိုင်နှုန်း ကနေ ၈ ရာခိုင်နှုန်းအထိပဲ ပေါင်းထည့်ဖို့လိုပေမဲ့ အိန္ဒိယ နိုင်ငံမှာဆိုရင်တော့ အဲဒီအတွက် ၂၀ ရာခိုင်နှုန်း ပေါင်း ထည့်ဖို့ လိုလိမ့်မယ်လို့ သင်္ဘောလုပ်ငန်းသူဌေးကြီးတစ် ဦးက ပြောပါတယ်။ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက ဒီလိုကိစ္စတွေမှာ အိန္ဒိယထက်ပိုပြီး ကောင်းခဲ့ တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ စက်မှုလုပ်ငန်း ကုမ္ပဏီတွေကို အထူးတလည်ချောက်လှန့်နေပုံပေါ်ပါတယ်။ အလုပ်သမားနဲ့မဆိုင်တဲ့ပြဿနာတွေကို ဖြေရှင်းပြီးတဲ့နေရာ တွေမှာ အထူးသဖြင့် Gujarat  ပြည်နယ်မှာ ထုတ်လုပ်ရေး လုပ်ငန်းတွေ ပိုပြီးကောင်းလာနေပါပြီ။ ဒါပေမဲ့ လူဦးရေ သန်းပေါင်း ၆၀ ပဲရှိတဲ့ Gujarat  ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ ရဲ့အဆင့်အတန်းအရဆိုရင် ပြည်နယ်ကြီးတစ်ခုမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ထုတ်လုပ်သူလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ရေကိုယ့်မြေလို သဘောထားနိုင်အောင် အခွန်တွေသက်သာပြီး အခြေခံအဆောက်အအုံတွေကို သုံးလို့ရမယ့် အထူးစီးပွားရေးဇုန်တွေကို သီးခြားဖန်တီးပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တော်တော် များများကို IT ကုမ္ပဏီတွေကပဲ ကြီးစိုးထားပြီး အကန့်အသတ်နဲ့ပဲ အောင်မြင်မှုရခဲ့ပါတယ်။ လှည့်ကွက်အသစ်တစ်ခုကတော့ ဒေလီနဲ့ မွန်ဘိုင်းမြို့နှစ်မြို့ကြားမှာ စက်မှု စြင်္ကန်ကြီးတစ်ခုကို အဆိုပြုထားတာပါပဲ။ ဒါဟာ တောင်ကိုရီးယားနိုင်ငံ Seoul  မြို့နဲ့ Busan  မြို့နှစ်မြို့ကြားက စက်မှုစြင်္ကန်ကို အတုယူထားတာပါ။ ဒီစီမံကိန်းကို ဂျပန်နိုင်ငံကထောက်ပံ့ထားပြီး မြေနဲ့ရေရယူသုံးစွဲမှုကိုတော့ ညှိနှိုင်း ရဦးမှာ ဖြစ်ပါတယ်။ အားမလိုအားမရဖြစ်နေတဲ့အိန္ဒိယနိုင်ငံဟာ ပိုပြီး ပွင့်လင်းတဲ့စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒကိုကိုင်စွဲပြီး မျက် နှာချိုသွေးနေပါတယ်။ အစိုးရရုံးတွေဟာ အခုအချိန်မှာ  ပြည်တွင်းမှာလုပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေပါတဲ့ ကွန်ပျူတာ တွေကို သုံးရမယ်လို့ ဥပဒေသစ်တစ်ခုမှာ ပြောထားပါ တယ်။ ဒါဟာ ငွေပေးငွေယူရှင်းတမ်းကို ပိုကောင်းလာ အောင်လုပ်ဖို့နဲ့ ပြည်တွင်းစက်မှုလုပ်ငန်းကို မြှင့်တင်ဖို့လုပ် ထားတာပါ။ အခုဆိုရင် အစိုးရက Microchip  ပုံသွင်း စက်ရုံတစ်ခုကို ဆွဲဆောင်နိုင်ဖို့အတွက် ဒေါ်လာ ဘီလီယံနဲ့ ချီအောင်များတဲ့ ထောက်ပံ့ငွေတွေကို ပေးနေပါတယ်။  ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကိုလည်း ပြည် တွင်းမှာ လုပ်ကိုင်ဖို့ တွန်းအားပေးနေပါတယ်။ အခြေအနေကိုပိုပြီး ယေဘုယျဆန်ဆန်ပြောင်းလဲဖို့ ကြိုးစားဖို့ပေးထားတဲ့ ဥပဒေတွေဟာ လုပ်ငန်းတွေကို စိတ်အားထက်သန်လာအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဆူဆူ ညံညံဖြစ်ခဲ့ပေမဲ့ အမြဲတမ်းအလုပ်သမားတွေအတွက် သုံး တဲ့စနစ်ကို လျော့ပေးမယ့်အစား စာချုပ်ဝန်ထမ်းတွေအတွက် ဥပဒေကို တင်းကျပ်ပေးရုံပဲ တင်းကျပ်ပေးနိုင်ပါတယ်။ မြေဝယ်ရာမှာ ပိုပြီးလွယ်အောင်လုပ်ပေးမယ့် ဥပဒေတစ်ခုဟာ အဲဒီလုပ်ငန်းစဉ်ကို ပိုပြီးငွေကုန်ကြေးကျများအောင်နဲ့ ပိုပြီး အရပ်ရှည်အောင် လုပ်နိုင်တယ်လို့ လုပ်ငန်းရှင်တော်တော်များက ပြောပါတယ်။ ဒူပေနာပေခံတဲ့ အလုပ်အကိုင်တွေ တိုးပွားလာဖို့ အတွက် အရာရှိတွေ၊ တရားသူကြီးတွေနဲ့ နိုင်ငံရေးသမား တွေကြားမှာ စိတ်သဘောထားခံယူချက်တွေကို ပြောင်းလဲ ပစ်ရပါမယ်။ Mr Gandhi   နဲ့ တခြားလူတွေက စိန်ခေါ်မှု အကြောင်းကို ပြောနေပေမဲ့ လူတိုင်းလူတိုင်းက ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါဟာ ရွေးကောက်ပွဲစနစ်ရဲ့ ကျေးလက်အတွက် ဘက်လိုက်မှုကြောင့်လည်း တစ်စိတ် တစ်ပိုင်းဖြစ်နေပါတယ်။ အောက်လွှတ်တော်အမတ်တွေရဲ့ ၁၀ ရာခိုင်နှုန်းမှာပဲ မြို့ပြမဲဆန္ဒနယ်တွေရှိကြပြီး အဲဒီ အထဲမှာ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကျော်ဟာ မြို့ပြ လူဦးရေဖြစ်တယ်လို့ ဖွံ့ဖြိုးဆဲလူအဖွဲ့အစည်းများလေ့လာ ရေးစင်တာ (CSDS)  က ခန့်မှန်းပါတယ်။ မြို့ကြီးတွေမှာ ရှိတဲ့ စက်ရုံအလုပ်အကိုင်တွေဟာ နိုင်ငံရေးသမားအများစု အတွက်တော့ ဦးစားပေးရမယ့်ဟာ မဟုတ်ပါဘူး။   တဖြည်းဖြည်းရှုံးနိမ့်နေခြင်း   ဒီကိစ္စကို လူငယ်တွေရဲ့ အသံတွေက ပြောင်းလဲအောင် လုပ်နိုင်သလား။ နိုင်ငံရေးအရ ပါဝင်ပတ်သက် မှုကတော မြင့်တက်လာနေပါတယ်။ CSDS  နဲ့ ဂျာမန် အကြံပေးအဖွဲ့တစ်ဖွဲ့က မကြာသေးခင်ကလုပ်ခဲ့တဲ့ စစ်တမ်း ကောက်ယူမှုအရ နိုင်ငံရေးကို စိတ်ဝင်စားပါတယ်လို့ပြော တဲ့ ဒီနေ့အသက် ၁၈ နှစ်နဲ့  ၃၃ နှစ်ကြားလူငယ်တွေရဲ့ အရေအတွက်ဟာ ၁၉၉၆ ခုနှစ်တုန်းက အရေအတွက်ရဲ့ နှစ်ဆနီးပါးရှိတာကို တွေ့ရပါတယ်။ ကောလိပ်ပညာတတ် လူငယ်တွေရဲ့ ၂၂ ရာခိုင်နှုန်းက ကန့်ကွက်ဆန္ဒပြမှုတွေမှာ သူူတို့ဝင်ပါကြတယ်လို့ ပြောသလို ကျေးလက်လူငယ်တွေရဲ့ ၂၀ ရာခိုင်နှုန်းကလည်း အဲဒီအတိုင်းပဲ ပြောပါတယ်။ မီဒီ ယာတွေနဲ့ ထိတွေ့နေတဲ့ လူတွေကတော့ နိုင်ငံရေးမှာ အ တက်ကြွဆုံးပါပဲ။ ဒီဇင်ဘာလတုန်းက ဒေလီမြို့ဖြစ်ခဲ့တဲ့ ကျော်မကောင်းကြားမကောင်း မုဒိမ်းမှုကြီးရဲ့ နောက်ပိုင်းနဲ့ Anna Hazare  ရဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးကန့် ကွက်ဆန္ဒပြမှုတွေ ဖြစ်နေတဲ့အတောအတွင်းမှာ လက်ကိုင် ဖုန်းနဲ့သတင်းပို့မှုတွေ နှစ်ဆတက်သွားခဲ့တယ်လို့ Nimbus  ဆိုတဲ့ အိန္ဒိယ လက်ကိုင်ဖုန်းသတင်း ဝက်ဘ်ဆိုက်တစ်ခုက ပြောပါတယ်။ ဒီဝက်ဘ်ဆိုက်ကို အသုံးပြုသူ ၂၅ သန်း ရှိပြီး အဲဒီအထဲက အများစုဟာ လူငယ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေမှာ လွတ်လပ်တဲ့ နိုင်ငံရေးကိုယ်ပိုင် လက္ခဏာမရှိသလောက်ပါပဲ။ သူတို့ရဲ့ ပါတီအပေါ်သစ္စာ စောင့်သိမှုဟာ သူတို့ရဲ့မိဘတွေအပေါ်မှာ ထားတဲ့သစ္စာရှိမှုနဲ့ အများကြီး တူနေပါတယ်။ သူတို့မှာ အင်းအားလည်း သိသိသာသာ မရှိပါဘူး။ နိုင်ငံရေးမှာ ခိုင်မာတဲ့ဆုံးဖြတ်မှုနဲ့ မဲဆန္ဒရှင်တွေ ဆီက ရှင်းလင်းတဲ့အချက်ပေးမှုမရှိတာတွေက အိန္ဒိယနိုင်ငံ ဟာ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ တရုတ်တို့လို တစ်စိတ် တစ်ဝမ်းတည်း အာရုံစူးစိုက်နှစ်မြှုပ်ထားမှုကိုရအောင် လုပ် နိုင်ပုံမပေါ်ပါဘူး။ အဲဒီနိုင်ငံတွေက အဲဒီအာရုံစူးစိုက်နှစ်မြှုပ် မှုနဲ့ စက်မှုလုပ်ငန်းအလုပ်အကိုင်တွေကို ဖန်တီးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေအချိုးအစားကရတဲ့ ဆုလာဘ်ဟာ သူကပေးနိုင်တဲ့ဟာရဲ့အစိတ်အပိုင်းကလေးတစ်ခုကိုပဲ ပေး မှာဖြစ်ပြီး အရည်အသွေးနိမ့်ကျတဲ့ အလုပ်အကိုင် ပြဿနာ က ကြီးထွားလာမှာပါပဲ။ အဲဒါဟာ အင်မတန်ကြီးမားတဲ့ ဖြုန်းတီးမှုကြီး ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ မူဝါဒချမှတ် သူနဲ့ ကြွယ်ဝချမ်းသာသူအများစုကတော့ အဲဒါဟာ နက် ရှိုင်းတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတာကို ငြင်းကြပါ လိမ့်မယ်။ ဒီနိုင်ငံရဲ့ ဘာသာရေးတွေ၊ ဇာတ်ခွဲခြားထားတဲ့ ယဉ်ကျေးမှုနဲ့ သာမန်လူထုအကျိုးကို ဆောင်ရွက်တဲ့နိုင်ငံ ရေးကို ထူးထူးခြားခြားပေါင်းစပ်ထားတာတွေနဲ့ တာရှည် ခိုင်မြဲတဲ့ မိသားစုတည်ဆောင်မှုတွေက လူမှုရေးတည်ငြိမ်မှုကို သေချာအောင်လုပ်ပေးလိမ့်မယ်လို့ သူတို့ကပြောကြပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)