အသုံးတည့်စေမဲ့ IT ပစ္စည်းလေးများ

SPMobile

SP Mobile Flash Drive : X31, X21, X20

USB 3.0 နဲ့ USB 2.0 အတွက် Mobile OTG Flash Drive Series ပါ။ Micro_USB နဲ့ USB 3.0/2.0 Connector Dual-interface နဲ့ ပြုလုပ်ထားတာဖြစ်လို့ Mobile Device ရဲ့ Storage Space ချွေတာနိုင်ပါတယ်။ PC ၊ Mobile Phone နဲ့ Tablet တွေကြား Cable ၊ Wi-Fi တွေမလိုဘဲ File တွေကို လျင်လျင်မြန်မြန် ရွှေ့ပြောင်းထည့်သွင်းနိုင်တာကြောင့် တစ်ခါတစ်ရံ အလျဉ်လိုနေရင် အချိန်ကုန်သက်သာစေပါတယ်။

တန်ဖိုး - X31 အတွက် 8GB = ၆,၉၀၀ ကျပ်, 16 GB= ၁၀,၁၀၀ ကျပ်, 32 GB = ၁၆,၅၀၀ ကျပ်

- X21 အတွက် 8GB = ၆,၆၀၀ ကျပ်, 16 GB= ၉,၆၀၀ ကျပ်, 32 GB = ၁၅,၇၀၀ ကျပ်

- X20 အတွက် 8GB = ၆,၅၀၀ ကျပ်, 16 GB= ၉,၅၀၀ ကျပ်, 32 GB  = ၁၅,၆၀၀ ကျပ်

Golden Power Technology

၀၁-၂၃၀၄၈၄၈၊ ၂၃၀၄၈၄၉

VertexTripod

Vertex Tripod Screen

ရုံးခန်းတိုင်းမှာ လိုအပ်တဲ့ Projection Screen ပါ။ သယ်ဆောင်ရ လွယ်ကူတာကြောင့် Outdoor Meeting တွေသွားမယ်၊ ဒါမှမဟုတ် Event တွေ စီစဉ်မယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါး သယ်ယူသွားနိုင်ပါတယ်။ Training Section တွေအတွက်လည်း အသုံးဝင်နိုင်ပါလိမ့်မယ်။ အလျား ၇၀ လက်မ၊ အနံ ၇၀ လက်မရှိတာကြောင့် တော်ရုံကျယ်တဲ့အခန်းဆို ကောင်းကောင်းမြင်ရနိုင်ပါတယ်။

တန်ဖိုး - ၈၃,၅၀၀ ဝန်းကျင်

KMD Sales & Services Centers

၀၁-၃၈၅၀၇၇၊ ၃၈၁၁၂၉

AppleWatch

Apple Watch

42 mm SS SS Milane

Apple Product ကြိုက်သူတွေအတွက် Apple နာရီလေးပါ။ Light Sensor Speaker ၊ Microphone ပါဝင်ပြီး အသုံးပြုချိန် ၁၈ နာရီအထိ ခံနိုင်ပါတယ်။ Bluetooth 4.0 နဲ့ Wi-Fi တို့လည်း ချိတ်ဆက်သုံးနိုင်ပြီး WatchOS ပါဝင်ပါတယ်။ Smartwatch ဖြစ်ပေမဲ့ သာမန်နာရီ ပုံစံလေးဖြစ်အောင် အတတ်နိုင်ဆုံး ဒီဇိုင်းလုပ်ထားတာကို တွေ့ရပါလိမ့်မယ်။

တန်ဖိုး - ၉၇၉,၀၀၀ ဝန်းကျင်

KMD Sales & Services Centers

၀၁-၃၈၅၀၇၇၊ ၃၈၁၁၂၉

Inspiron

Inspiron 7559

Pandora Series

Dell Inspiron 7559 Pandora Series မှာ 6th Generation i5 6300 HQ Quad Core Processor ၊ RAM 8GD နဲ့ Memory ကတော့ 1TB 8DD ပါဝင်ပါတယ်။ Nvidia GeForce GTX960M 4GD DDR5 Graphic Card ကို သုံးထားလို့ Design ပိုင်းအလုပ်တွေ လုပ်ချင်ရင်လည်း အဆင်ပြေပါတယ်။ Display ကလည်း Full HD Resolution (1920 x 1080) ရှိတဲ့ ၁၅.၆ လက်မအရွယ် ဖြစ်ပါတယ်။ 11n လောက်အထိ အမြင့်ဆုံးနှုန်း Wireless သုံးနိုင်တာကြောင့် Wi-Fi သုံးတဲ့အခါမှာလည်း မြန်ဆန်တဲ့နှုန်းကို ရရှိမှာပါ။ Bluetooth စနစ်ပါဝင်ပြီး External Port တွေဖြစ်တဲ့ HDMI ၊ LAN ၊ USB Ports တွေလည်း ပါပါတယ်။ အသံပိုင်းစနစ်ကိုတော့ Waves MaxxAudio ကို ထားတာပါ။ Color အနေနဲ့ အနက်နဲ့ အနီ 1 Year Parts & Service Warranty  ပေးထားတယ်လို့ သိရပါတယ်။

တန်ဖိုး - 819 USD ဝန်းကျင်

Golden Power Technology

၀၁-၂၃၀၄၈၄၈၊ ၂၃၀၄၈၄၉