(1) အကောင်းတကာ့ အကောင်းဆုံး - Amazon Echo Spot (အမေရိကန်ဒေါ်လာ ၁၂၉.၉၉ ဒေါ်လာ)
Echo အုပ်စုဝင်ထုတ်ကုန်တွေထဲမှာ Echo Spot ရဲ့ ဒီဇိုင်းက အမိုက်ဆုံးပါ။ ခေတ်မီတဲ့ စက်ဝိုင်းပုံစံဒီဇိုင်းနဲ့ ဘက်စုံအသုံးပြုလို့ရနိုင်တဲ့ ဒီ Speaker ရဲ့ အရှေ့မျက်နှာပြင်အပေါ်ဘက်မှာ Camera ပါတဲ့အတွက် Video Chatting လုပ်ရာမှာ သုံးနိုင်ပါ တယ်။ Echo Spot ရဲ့ ထိပ်ဘက်မှာ အသံအတိုး၊ အကျယ်နဲ့ Mic Mute/ Camera Button စသဖြင့် ခလုတ်သုံးခုပါပါတယ်။ သီချင်းတွေဖွင့်ဖို့ Smart Home Gadget တွေကို ထိန်းချုပ်ဖို့နဲ့ Alarm နာရီအဖြစ် သုံးဖို့အပြင် Speaker ရဲ့ Touch Screen ပေါ် ကနေ ဗီဒီယိုတွေလည်းကြည့်နိုင်ပါတယ်။To Do List ၊ Shopping List ၊ Weather Information တွေကိုလည်း ပြသပေးပါ တယ်။ Alexa လို့ခေါ်ပြီး အသံအကူစနစ်ကိုအသုံးပြုကာ အသံ နဲ့ အမိန့်ပေးစေခိုင်းနိုင်တဲ့ Smart Speaker တစ်လုံးဖြစ်ပါတယ်။
(2) ဒုတိယအကောင်းဆုံး - Google Home
(အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာ)
Google Home ဟာ သူ့ရဲ့အသံအရည်အသွေး၊ မိုက်ခရို ဖုန်းအသုံးပြုလို့ရနိုင်တဲ့ အကွာအဝေး၊ သေသပ်လှပတဲ့ ဒီဇိုင်း၊ အခြေခံအသိ ဉာဏ်စတာတွေကြောင့် ဒုတိယ အကောင်း တကာ့ အကောင်းဆုံး Smart Speaker ဖြစ်လာခဲ့ပါတယ်။ Google Home က ထွက်ရှိတဲ့ အသံအရည်အသွေးက အလွန်ကောင်းမွန်ပြီး အထွေထွေ သတင်းအချက်အလက်တွေကို မေးမြန်းရာမှာလည်း အတော်လေး ကောင်း မွန်စွာ ပြန်လည်ဖြေကြားနိုင်ပါတယ်။ ဗီဒီယို၊ သီချင်း စတဲ့ Online Content တွေကို Digital TV ပေါ်ကနေကြည့်ရှုနိုင်မယ့် Google ရဲ့ Streaming Media Adapter Chromecast ကို ထဲထဲဝင်ဝင် အသုံးပြုသူတွေအတွက် Google Home က ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
(3) သီချင်းနားထောင်ဖို့အကောင်းဆုံး Smart Speaker : Google Home Max
(အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာ)
လေးထောင့်ဆန်ဆန် ဒီဇိုင်းနဲ့ Google Home Max က ဈေးကွက်ထဲမှာ အသံထွက် အရည်အသွေးအကောင်းဆုံး Smart Speaker တစ် လုံးပါ။ ဈေးကြီးတယ်လို့ဆိုနိုင်ပေမယ့် အလွန်ကောင်းမွန်တဲ့ အသံအရည်အသွေး လိုချင်သူတွေအတွက် ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ Google Assistant ရဲ့ အသံအကူစနစ်တို့ ပေါင်းစပ်ထားတဲ့ Google Home Max က ရွေးချယ်စရာ Smart Speakerတစ်ခုဖြစ်ပါတယ်။ အခြား Audio Device တွေနဲ့ တွဲဖက်အသုံးပြုနိုင်ဖို့ Blue-thooth ပါဝင်ပြီး 3.5mm Jack ကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။
(4) ဒုတိယအကောင်းဆုံး - Sonos One
(အမေရိကန်ဒေါ်လာ ၁၉၉ ဒေါ်လာ)
Sonos ရဲ့ Speaker တွေထဲမှာတင်ပဲ အသံအရည်အသွေး ပိုမို ကောင်းမွန်တဲ့ Speaker တွေရှိနေပါတယ်။ Sonos One ကတော့ အသံအရည်အသွေးပိုင်းမှာ တကယ့်ကို ကောင်းမွန်ရုံမက ကိုယ့် ရဲ့ Network ထဲမှာ Sonos One တစ်လုံး ရှိနေပြီဆိုတာနဲ့ Sonos Speaker အားလုံးကို အသံနဲ့စေခိုင်းပြီး ထိန်းချုပ်နိုင်စေမှာ လည်းဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ Smart Home ကိုလည်း Sonic Speaker ကနေတဆင့် ထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ Multirroom audio ပိုင်းမှာ Sonos က ဘုရင်ပဲဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ Google Home Max ဝယ်ယူဖို့ရာ ဈေးတအားမြင့် နေမယ်ဆိုရင် Snos One ကို စဉ်းစားကြည့်နိုင်ပါတယ်။ လတ်တ လောမှာတော့ Amazon ရဲ့ Alexa အသံအကူစနစ်နဲ့ပဲ သုံးလို့ ရနိုင်သေးပြီး နောက်နှစ်နွေဦးလောက်မှာ Google Assistant ကိုပါ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။
(5) ဈေးနှုန်းသင့်တင့်တဲ့Smart Speaker ထဲမှာ အကောင်း ဆုံး - Amazon Echo Dot (2nd Generation)
(အမေရိကန်ဒေါ်လာ ၃၉.၉၉ ဒေါ်လာ)
ကိုယ့်ရဲ့ Smart Home ထဲမှာ ဈေးအသက်သာဆုံး Digital အသံအကူစနစ် ထည့်သွင်းအသုံးပြုနိုင်ခြင်းဟာ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သီချင်း လေးတွေဖွင့်နားထောင်ချင်တယ်ဆိုရင်တော့ Speaker လေးတစ်လုံးတော့ လိုအပ်ပါတယ်။ ဘယ် Smart Speaker ဝယ်သလဲဆိုတာက အရေးမကြီးပါဘူး။ Smart Speaker ရဲ့ အသံအရည်အသွေးထက် သူ့ရဲ့ဉာဏ်ရည်ပိုင်းကို အသားပေးရွေးချယ်ချင်သူတွေအတွက် Amazon ရဲ့ Echo Dot က Bluetooth ရော 3.5mm Analog Line Level Output ပါ ပါဝင်တဲ့အတွက် အခြား Outboard Speaker တွေနဲ့ Pair လုပ်ပြီးဖြစ်ဖြစ် Plug in လုပ်ပြီးဖြစ် ဖြစ် အိမ်ထဲမှာ စိတ်ကြိုက်သီချင်းတွေ ခံစားနားဆင်နိုင်ပြီဖြစ်ပါတယ်။
(6) ဒုတိယအကောင်းဆုံး - Google Home Mini
(အမေရိကန်ဒေါ်လာ ၄၀ ဒေါ်လာ)
Google Home Mini က လူတိုင်းအတွက် မှန် ကန်တဲ့ Smart Home Controller တစ်ခုတော့ မဟုတ်ပါဘူး။ Google Home Mini ရဲ့ Echo Dot ထက်တော့ ပိုပြီးလှပပေမဲ့ ဒုတိယ အကောင်းဆုံးနေရာမှာပဲ ရပ်တည်နေပါတယ်။ Google ဟာ Home Mini ကို Bluetooth Speaker နဲ့ ချိတ်ဆက်နိုင်အောင် ထောက်ပံ့ပေးထားပြီး Chromecast Audio Dongle နဲ့ ချိတ်ဆက်လို့ရတဲ့ အခြား Speaker အမျိုးအစားတွေနဲ့လည်း Pair လုပ်နိုင်အောင် စီမံပေးထားပါတယ်။
(7) Display ကြီးကြီးနဲ့အကောင်းဆုံး
Smart Speaker : Amazon Echo Show (2nd Generation)
(အမေရိကန်ဒေါ်လာ ၂၉၉.၉၉ ဒေါ်လာ)
ဒီအမျိုးအစားအုပ်စုထဲမှာ Amazon Echo Show (2nd Generation) က ထိပ်ဆုံးနေရာမှာ ရှိနေ ခဲ့ပါတယ်။ ပိုမိုကောင်းမွန်လာတဲ့ Resolution နဲ့အတူ အရွယ်အစားပိုမိုကြီးလာတဲ့ Display၊ အများကြီး တိုးတက်ကောင်းမွန်လာတဲ့ အသံ ပိုင်းဆိုင်ရာ အရည်အသွေးတွေအပြင် သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုကတော့ အသုံးပြုသူ တွေအတွက် Touchscreen Display ပါဝင်လာ မှုပဲဖြစ်ပါတယ်။ First Generation တုန်းက အသုံးပြုသူတွေ နှစ်ခြိုက်ခဲ့ကြတဲ့ Feature တွေ အားလုံးက Second Generation မှာ ပြန်လည် ပါဝင်လာတာက ကျေနပ်စရာပါ။
(8) ဒုတိယအကောင်းဆုံး - Google Home Hub
(အမေရိကန် ဒေါ်လာ ၁၄၉ ဒေါ်လာ)
Google Home Hub ဟာ Google Home Digital Assistant ကို ၇ လက်မအရွယ် Touchscreen Display နဲ့ ပေါင်းစပ်ပေးထား တာဖြစ်ပါတယ်။ ကိုယ့်ရဲ့အချိန်ဇယားတွေ၊ မိုးလေဝသအခြေ အနေတွေ စသဖြင့် သတင်းအချက်အလက်တွေကို အသံနဲ့ အမိန့်ပေးစေခိုင်းတဲ့အခါ Display ပေါ်မှာ ပြသပေးမှာ ဖြစ်ပါ တယ်။ ဒါအပြင် သီချင်းဖွင့်နားထောင်ဖို့ ကောင်းမွန်တဲ့ Speaker အဖြစ်လည်းကောင်း၊ အခြားလုပ်ဆောင်ချက်တွေ ထွေ ထွေထူးထူး အသုံးပြုမနေတဲ့အခါ Digital Photo Frame အဖြစ် လည်းကောင်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။