အင်ဒိုနီးရှားကုန်သွယ်မှု ပြည်ပသတ္တုတင်ပို့မှုကို တားမြစ်ခြင်းကြောင့် အရှုံးပေါ်

jakarta အင်ဒိုနီးရှားရဲ့ကုန်သွယ်မှုဟာအစိုးရရဲ့ ပြည်ပသတ္တုတင်ပို့မှုတားမြစ်ချက်ကြောင့် ဇန်နဝါရီလမှာ အရှုံးပေါ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁.၅ ဘီလီယံပိုငွေရရှိခြင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ဇန်နဝါရီမှာ လိုငွေ ၄၃၁ မီလီယံဒေါ်လာဖြစ်နေတာကို တွေ့နိုင် ပါတယ်။ ပြည်ပတင်ပို့မှု ၅.၇၅ ရာခိုင်နှုန်းလျှော့ကျသွားတာဟာ နှစ်စဉ်တင်ပို့နေကြပုံစံနဲ့ သတ္တုတွင်းဥပဒေကြောင့်လည်းဖြစ်တယ်လို့ စီနီယာအရာရှိ Adi Lumaksona က ဆိုပါတယ်။ သတ္တုရိုင်းတင်ပို့မှုတားမြစ်ချက်တွေမှာ ဘောက်ဆိုဒ်၊ နီကယ်ဒြပ်စင်နဲ့ ကြေးနီတွေ ပါဝင်ပါတယ်။ အခုလိုထုတ်ပြန်ခဲ့တဲ့မူဝါဒဟာ ပြည်တွင်းနိုင်ငံရေးသမားတွေကြောင့်ဖြစ်ပြီး သူတို့ရဲ့နိုင်ငံခြားကုမ္ပဏီတွေဟာ မြန်ဆန်လှတဲ့စီးပွားရေးလောကမှာ သတ္တုရင်းမြစ်တွေကိုလက်ဝါးကြီးအုပ်ပြီး စီးပွားရေးအလားအလာတွေ သိမ်းကျုံးအမြတ်ရရှိနေတဲ့ဆိုတဲ့အမြင်ကြောင့်ဖြစ်ပါတယ်။