အဖွဲ့အစည်းတိုင်း အင်တာနက်တင်ထားကြပေမယ့် ဝက်ဘ်ဆိုက်ကို ထိရောက်အောင် ဘယ်လိုဖန်တီးမယ်၊ ထိထိရောက်ရောက် တင်ထားမယ်ဆိုတာနဲ့ပတ်သက်ပြီး အခြေခံအချက်တွေကို သတိပြုမိခြင်းမရှိကြပါဘူး။ အကောင်းဆုံးဝက်ဘ်ဆိုက်တွေမှာ ကောင်းမွန်တဲ့အချက် ဆယ်ချက်ထဲက ရှစ်ချက်နဲ့ ပြည့်စုံနေတာကို တွေ့ရတယ်။
အယူအဆ . . .
သင့်ရဲ့ဝက်ဘ်ဆိုက်ဟာ အချက်ဆယ်ချက်နဲ့ ပြည့်စုံနေရင် အဲဒီဝက်ဆိုက်အောင်မြင်မှာ ဖြစ်တယ်။ ဆွဲဆောင်မှုလည်းရှိ၊ အမျိုးလည်း စုံလင်တဲ့ဝက်ဘ်ဆိုက်ကတော့ BBC: www.bbc.co.uk ဖြစ်တယ်။ အောက်ပါအတိုင်း C ဆယ်လုံးကို အာရုံစိုက်လုပ်ကိုင်နေတာ တွေ့ရတယ်။
၁။ Content
၂။ Communication
၃။ Customer Care
၄။ Community and Culture
၅။ Convenience and Care
၆။ Connectivity
၇။ Cost and Profitabiliy
၈။ Customization
၉။ Capability
၁၀။ Competitiveness
လက်တွေ့ဆောင်ရွက်ရန် . . .
အထက်ဖော်ပြပါ အချက်ဆယ်ချက်ဟာ အွန်လိုင်းမှာ တင်ပြထားတဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်ရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီဆယ်ချက်ထဲမှာ တချို့ဟာ ကျန်တာထက် ပိုအရေးကြီးတယ်။ တချို့အချက်တွေ အထူးသဖြင့် Capability နဲ့ Convenience တို့ဟာ အမြဲပဲအရေးကြီးတယ်။ တချို့အချက်တွေကတော့ တစ်ခါတစ်ခါမှာသာ ပိုအရေးကြီးတတ်တယ်။ ဥပမာ - Competitiveness ဟာ အမြဲတမ်းထင်ပေါ်မှု မရှိ၊ သိသာနိုင်ခြင်းမရှိပေမယ့် ချက်ချင်းမမျှော်လင့်ဘဲ အရေးကြီးလာတတ်ပါတယ်။
၁။ Content
ဖောက်သည်ကို အာရုံစိုက်ထားတဲ့ သတင်းအချက်တွေ ဖြစ်ဖို့လိုတယ်။ ယုံကြည်လောက်ပြီး စိတ်ဝင်စားစရာ အလွန်ကောင်းဖို့လိုတယ်။ သက်ဆိုင်ပတ်သက်မှုရှိရမယ်။ ပျော်စရာကောင်းရမယ်။ နောက်တစ်ခေါက် ပြန်ကြည့်ချင်စိတ်ပေါက်လာဖို့လည်း လိုတယ်။
၂။ Communication
ဖောက်သည်တွေကို ဆွဲဆောင်ထားဖို့လိုတယ်။ ဖောက်သည်တွေဟာ သူတို့ပြောတာကို နားထောင်စေချင်ကြတယ်။ အွန်လိုင်းကနေ အပြန်အလှန် စကားစမြည်ပြောချင်ကြတယ်။
၃။ Customer Care
ဖောက်သည်တွေကို လိုအပ်သလို ကူညီပေးဖို့၊ ယုံကြည်မှုရှိလာစေဖို့ လိုတယ်။ Federal Express ရဲ့ဝက်ဘ်ဆိုက်ကို ဖောက်သည်တွေက သုံးကြတယ်။ အဲဒီ ဝက်ဘ်ဆိုက်ကတစ်ဆင့် ဖောက်သည်တွေဟာ သူတို့ရဲ့ အထုပ်အပိုးတွေရဲ့အခြေအနေနဲ့ ဘယ်နေရာမှာရှိတယ်ဆိုတာကို သိခွင့်ရကြတယ်။ ဒါဟာ ပြိုင်ဘက်တွေထက် အားသာချက်တစ်ရပ်ဖြစ်တယ်။
၄။ Community and Culture
ထိတွေ့ပြောဆိုဆက်ဆံရေးဟာ လိုအပ်တယ်။ လူတွေဟာ လူတွေကိုပဲ သဘောကျကြတာဖြစ်တယ်။ အပြန်အလှန်ဆက်ဆံကြတယ်။ လူတွေရဲ့ အဓိကသဘာဝကိုက ပေါင်းသင်းဆက်ဆံလိုတဲ့ သဘာဝရှိကြတယ်။ ဝါသနာတွေ၊ စိတ်ဝင်စားစရာတွေကို အချင်းချင်းမျှဝေကြတယ်။ အကြိုက်ချင်းတူတာတွေကို တန်ဖိုးထားကြတာဖြစ်တယ်။
၅။ Convenience and Care
လက်ရှိဖောက်သည်တွေနဲ့ နောင်အခါ ဖောက်သည်ဖြစ်လာနိုင်သူတွေအတွက် လိုအပ်တာတွေကို လွယ်ကူအောင်၊ အဆင်ပြေအောင် လုပ်ပေးဖို့လိုတယ်။
၆။ Connectivity
အခြားဝက်ဘ်ဆိုက်တွေနဲ့ရော သုံးစွဲသူတွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့လိုတယ်။ ပထမအချက်အနေနဲ့ တခြားဝက်ဘ်ဆိုက် သုံးနေသူတွေရော၊ ဖောက်သည်တွေပါ မိမိရဲ့စီးပွားရေးလုပ်ငန်းနဲ့ အဆက်အသွယ်ရှိနေဖို့ လိုတယ်။ ဒုတိယအချက်အနေနဲ့ ဖောက်သည်တွေကို အမှန်တကယ် အကျိုးပိုမိုရှိစေနိုင်ကာ မိမိစီးပွားရေးလုပ်ငန်းနဲ့ ပိုမိုဆက်သွယ်လာနိုင်တဲ့ အင်တာနက်ကွန်ရက်တစ်ခုကတစ်ဆင့် ဝက်ဘ်ဆိုက်တွေ ဆက်သွယ်လာကြဖို့ လိုတယ်။
၇။ Cost and Profitabilit
အလဟဿဖြစ်မှု အလေအလွင့်နည်းပါးရေး၊ ဘဏ္ဍာရေးအရ ထိရောက်မှုရှိရေးနဲ့ အမြတ်တွေ ရရှိရေးတွေဟာ လိုအပ်ပါတယ်။
၈။ Customization
ဖောက်သည်တွေရဲ့တစ်ဦးချင်းအကြိုက်နဲ့ လျော်ညီစွာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို အင်တာနက်ကတစ်ဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တဲ့ အင်တာနက်ရဲ့ အသုံးဝင်မှုက စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက် မရှိမဖြစ် ဖြစ်ပါတယ်။
၉။ Capabilitiy
မိမိရဲ့ဝက်ဘ်ဆိုက်ဟာ လိုအပ်သလို ပြုပြင်ပြောင်းလဲတာတွေ လုပ်ပေးခြင်းကနေ အမြဲရှင်သန်နေဖို့ လိုတယ်။
၁၀။ Competitiveness
မိမိရဲ့လုပ်ငန်းတွေဟာ ပြိုင်ဘက်တွေနဲ့မတူ တစ်မူထူးခြားပေါ်လွင်နေဖို့လိုတယ်။
ညွှန့်သောင်း