လူသားတွေရဲ့ စိတ်ခံစားမှုကို သိရှိတုန့်ပြန်နိုင်မယ့် စက်ရုပ်

article landscape wartermark final2 စက်ရုပ်တွေကသိမ်မွေ့ပြီး လူတွေကို ပြုံးအောင်လုပ်ပေး သင့်တယ်လို့ပြောခဲ့သူ softBank  ရဲ့founder, chairman and CEO Masayoshi Son  ကြောင့် လူပုံပိုပေါက်ပြီး ခံစား မှုကို ဖော်ပြနိုင်တဲ့စက်ရုပ်တွေ ဂျပန်မှာထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ Son ရဲ့ ရေရှည်အိပ်မက်ကတော့ Personal Robot Business ဖြစ်တယ်လို့ ပြောပါတယ်။ Son ရဲ့Mobile Phone Company  ဖြစ်တဲ့ Softbank က သူတို့ရဲ့ Pepper လို့ နာမည်ပေးထားတဲ့ စက်ရုပ်ကို နောက်နှစ် ဖေဖော်ဝါရီလမှာ ယန်း ၁၉၈ç၀၀၀ (အမေရိကန်ဒေါ်လာ ၁၉ç၀၀၀) နဲ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။ နိုင်ငံခြား တင်ပို့ရောင်းချမှုတွေအတွက်တော့ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ Pepper ကို Softbank  နဲ့အတူ Aldebaran Robotics က ပူးပေါင်းပြု လုပ်ထားတာ ဖြစ်ပါတယ်။ Pepper မှာ ဆံပင်မရှိပါဘူး။ သူ့ရဲ့ မျက်လုံးနှစ် လုံးက အရုပ်မျက်လုံးနဲ့တူပြီး လက်နှစ်ဖက်ပါရှိကာ ရင် ဘတ်မှာတော့ LCD မျက်နှာပြင်ပါရှိပါတယ်။ သူက ၄၈ လက်မ အမြင့်ရှိပြီး ၆၂ ပေါင်အလေးချိန်ရှိ ကာ ခြေ ထောက်တွေတော့မပါဝင်ပါဘူး။ Pepper က အမူအရာတွေ၊ အသံ အနိမ့်အမြင့်တွေကိုဖတ်ပြီး သူ့အနီးအနားတစ်ဝိုက်က လူတွေရဲ့ စိတ်ခံစားမှုကို သိဖို့ Programm လုပ်ထားခံရတာ ဖြစ်ပါ တယ်။ နောက်ဆုံးပေါ် အသံဖတ်သိနည်းပညာအပြင် Pepper မှာ လက်နှစ်ဖက်ကTouch Sensor  နှစ် ခု၊ ဦး ခေါင်းက ွှTouch Sensor သုံးခု၊ သူ့ရဲ့ အောက်ပိုင်းမှာ Laser Sensor   ခြောက်ခုနဲ့ Bumper Sensor သုံးခုတို့ အ ပါအဝင် Sensor ပေါင်း ဒါဇင်ကျော်လောက် ပါဝင်ပါတယ်။ ဦးခေါင်းမှာ Camera နှစ်လုံး၊ Microphone  လေးလုံး၊Wi-Fi နဲ့ Ethernet Networking လုပ်ဆောင်ချက်တို့လည်း ပါရှိပါသေးတယ်။ Pepper က Cloud-based Database တွေကနေ သတင်းအချက်အလက်တွေရယူနိုင်ပြီး တိုက်မိ တာတွေ၊ လဲကျတာတွေကို ရှောင်ရှားဖို့ လုံခြုံရေး လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ စက်ရုပ် Application တွေထပ်ထည့်ရင် သူ့ရဲ့ လုပ်ဆောင်နိုင် စွမ်းတွေက ပိုတိုးတက်လာမှာဖြစ်တယ်လို့ Softbank က ပြောပါတယ်။ ပြောရမယ်ဆိုရင် Pepper လို လူတွေကို အဖော်ပြုပေးမယ့် စက်ရုပ်ဆို တာမျိုးက ဂျပန်မှာ အဆန်းတော့မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း ဘယ်စက် ရုပ်ကမှလည်း ဈေးကွက်ထဲ နေရာများများယူပြီး အောင်မြင် တယ်ဆိုတာမျိုးမရှိဖူး သေးပါဘူး။ ၂၀၀၆ ခုနှစ်တုန်းက Sony Corp  က သူ့ရဲ့ ခွေးစက်ရုပ် Aibo ကို ထုတ်လုပ်မှုရပ်တန့်လိုက်ပါတယ်။Honda Motor Co.  ဆိုရင်လည်း သူ့ရဲ့ Honda Showrooms တွေနဲ့Gala Event  တချို့ကပဲ ပွဲထုတ်ပြသတဲ့ လမ်း လျောက်တတ်ပြီး စကားပြောတတ်တဲ့ Asimo Robot  ရှိပါတယ်။Hitachi Ltd.  နToyota Motor Corp  တို့အပါအဝင် တခြားဂျပန်ကုမ္ပဏီများစွာကလည်း စက်ရုပ် အမျိုးမျိုးကို တီထွင်ထားပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့အလုပ်ဖြစ်မယ့် စက်ရုံတွေအတွက် စက်ရုပ်တွေ၊ စစ်ပွဲတွေအတွက် စက်ရုပ်တွေကိုထုတ်လုပ်တဲ့ နေရာမှာတော့ အနည်းငယ်ပဲ အာရုံစိုက်မှုရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ် ကြီးရင့်မှုနှုန်းမြန်လာနေတဲ့ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ လိုအပ်ချက်ရှိနေတာကြောင့် ဉာဏ်ရည် မြှင့်စက်တွေရဲ့ အလားအလာလည်း ရှိနေပြန်ပါတယ်။ စက်ရုပ်နည်းပညာကို သက်ကြီးရွယ်အိုတွေကို စောင့်ကြည့်ဖို့ အသုံးပြုနေတာဖြစ်ပြီး  စက်ရုပ်တွေကိုတော့ အထီးကျန်မှုနဲ့ ထီးတည်းဖြစ်တည်မှု ခံစားချက်တွေကို လျော့ချဖို့အတွက် အသုံး ပြုနိုင်လောက်ပါတယ်။ Softbank က ကမ္ဘာအနှံ Subscriber ပေါင်း သန်းတစ်ရာကျော်ရှိတဲ့ အမေရိကန်အခြေစိုက် Sprint (Wireless Services ဝန်ဆောင်မှုပေးသူ၊ Global Internet Carrier) ရဲ့ ရှယ်ယာ ၇၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ aldebaran Roboties က ပြင်သစ်၊ ဂျပန်နဲ့ အမေရိကန်တို့မှာ ရုံးတွေရှိပြီး  သူ့ရဲ့ရှယ်ယာ ၇၈ ရာခိုင်နှုန်းကိုလည်း ှသ်အဘညေု က ပိုင်ဆိုင်ပါတယ်။

          Ref: AP