လတ်တလော ဒေါ်လာဈေးတွေတက်တဲ့အတွက် ရွှေဈေးတွေမငြိမ်တာနဲ့ ပတ်သက်ပြီး ရွှေလုပ်ငန်းလုပ်ကိုင်သူတွေမှာ ဘယ်လို Impact တွေ ဖြစ်နိုင်ပါသလဲ . . . ရတနာလုပ်တဲ့လူတွေကတော့ ဈေးနှုန်းကို တည်ငြိမ်စေချင်ပါတယ်။ အရင်က ရွှေဈေးဆိုရင်လည်း လူအများစု ဝယ်နိုင်တဲ့ တစ်ကျပ်သားကို ၆ သိန်းခွဲဝန်းကျင်ဆိုရင် လူတိုင်းဝယ်နိုင်ပါတယ်။ အခုကျတော့ ဒေါ်လာဈေးက မငြိမ်ဖြစ်နေတယ်။ ဒေါ်လာဈေး သိပ်ကို Strong ဖြစ်နေတော့ မြန်မာငွေကလည်း တခြားနိုင်ငံတွေရဲ့ ငွေတန်ဖိုးနဲ့ယှဉ်ရင် ကျသင့်တာထက်ပိုကျနေတယ်။ အခု လက်ရှိအခေါက်ဈေး ပေါက်ဈေးဆိုရင် ၇၆၅,၀၀၀၊ ၇၆၆,၀၀၀ ထိ ရှိနေတယ်။ ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်ဆိုရင် ၆၅၀၀၀ လောက်ပဲရှိတယ်။ တွက်ကြည့်ရင် ၁ သိန်း ၂ သောင်းလောက် တက်တယ်။ ဒီလိုဖြစ်နေတာက ဘယ်လုပ်ငန်းအတွက်မဆို Impact ရှိတယ်။ ကျွန်တော်တို့ရဲ့ ရတနာလုပ်ငန်းအတွက်ဆိုရင်တော့ ပိုပြီး Impact ရှိတယ်။ လတ်တလော ရွှေရောင်း၊ ဝယ်မှုပိုင်းအခြေအနေကိုလည်း ပြောပြပေးပါ . . . ရွှေဈေးမြင့်တဲ့အတွက် ရွှေရောင်းဝယ်မှုမှာဆိုရင် Customer တွေက သူတို့မှာရှိတဲ့ရွှေကိုပဲ ထုတ်ရောင်းချင်ကြတယ်။ ဝယ်စုချင်တဲ့သူ တချို့ကျတော့ ရွှေဈေးအကျကို စောင့်ကျတယ်။ ဒါပေမဲ့ ကမ္ဘာမှာ လတ်တလောဖြစ်ပျက်တဲ့ အနေအထားကိုကြည့်ရင် ရွှေဈေးက ပြန်ကျဖို့လမ်းမမြင်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုရင် US Economy က အရမ်းကောင်းပြီး US Currency က တအား Strong ဖြစ်နေတဲ့အတွက် လက်ရှိဈေး ၇၆၀,၀၀၀၊ ၇၅၀,၀၀၀ ဝန်းကျင်မှာပဲ ရှိနေဦးမယ်လို့ မြင်ပါတယ်။ ဒီလိုရွှေဈေးတွေမြင့်တက်လာမှုဟာ ဘယ်အတိုင်း အတာထိ ဆက်ရှိနေနိုင်ပါသလဲ . . . Myanmar Currencyကို Strong ဖြစ်အောင် မလုပ်နိုင်သေးတဲ့ကာလပတ်လုံး ရွှေဈေးပြန်ကျဖို့ တော်တော်လေး အချိန်ယူရပါမယ်။ ကံဆိုးရင် ဒီထက်တောင် ရွှေဈေးတွေ မြင့်တက်လာနိုင်ပါတယ်။ Myanmar Currency ကို Strong ဖြစ်အောင် ဘယ်လိုလုပ်ကြရပါမလဲ . . . Myanmar Currency ကို Strong ဖြစ်အောင်လုပ်ဖို့ဆိုတာက ရေရှည်စီမံကိန်းတွေချရပါမယ်။ ချက်ချင်းကြီး ဆွဲချလို့လည်း မရပါဘူး။ တစ်ကယ်လို့ အဲလိုချခဲ့ရင်တောင် ခဏပဲကျသွားမယ်။ ပြီးရင်ပြန်တက်မှာပဲ။ အဲဒါကြောင့် ရေရှည် Plan တွေချပြီး မြန်မာ Currency ကို Strong ဖြစ်အောင် လုပ်ရပါမယ်။ သာမန်လူတွေအတွက် ရွှေစုဖို့ကောင်းတဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲ . . . ရွှေဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ဝယ်ထားရင် မမှားပါဘူး။ ပြီးခဲ့တဲ့နှစ်လို ၆၅၀,၀၀၀ ဖြစ်ဖို့ဆိုတာ တော်တော်မလွယ်တာပါ။ ဒါကြောင့် အခုချိန်ဝယ်ရင်လည်း မမှားဘူးလို့ ပြောရမလိုဖြစ်နေပါတယ်။ စိန်ထည်တွေရဲ့လက်ရှိအနေအထား အကျဉ်းချုံးပြောပြပေးပါ . . . စိန်ထည်ကလည်း US Currency မှာ ချိတ်နေပါတယ်။ အဲဒီအတွက် စိန်ဈေးတွေကလည်း အတက်ဘက်ပဲ လုနေပါတယ်။ အရင်ခေတ်ကတော့ ရွှေဆိုရင် မရှိရင် ဝမ်းစာ၊ ရှိရင် တန်ဆာအဖြစ် သုံးကျတယ်။ စိန်ကျတော့ အဲလိုမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ Daily Lifestyle အတွက် ဝတ်ကြတာဖြစ်တယ်။ အဲအတွက် စိန်ကို ဒီဇိုင်းဆန်းဆန်းနဲ့လုပ်ပြီး ဝတ်ခြင်းကြောင့် ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံမှုနယ်ပယ်မှာ အလုပ်မှာ ဒီလိုဝတ်ရင်းက ဂုဏ်ပြုစရာအဖြစ်နဲ့ သူ့ရဲ့ Trend ကိုက ပြောင်းလာတဲ့အတွက် စိန်ထည်လက်ဝတ်ရတနာ အနေအထားလည်း ဆက်ပြီး Grow ဖြစ်နေမှာပါပဲ။ ဒေါက်တာ အောင်ကျော်ဝင်း ရွှေနန်းတော်