အမေရိကန်ပြည်ထောင်စုမှ နည်းပညာကုမ္ပဏီဖြစ်တဲ့ Earth Networks နှင့်
မြန်မာနိုင်ငံမှ IT Solutions Provider ဖြစ်သူ Lucky Bird တို့
ပူးပေါင်းပြီး ရာသီဥတုအခြေအနေအား စောင့်ကြည့်ခြင်း၊
ခန့်မှန်းခြင်း၊ ရာသီဥတုနှုင့်ပတ်သက်ပြီး သတိပေးနိုင်သော အဆင့်မြင့်နည်းပညာသုံးစနစ်များအား
မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်သွားရန် အသိပေးကြေငြာခြင်း အခမ်းအနားကို သြဂုတ်လ ၄ ရက်နေ့က
Novotel Yangon Max မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ အဆိုပါအဆင့်မြင့် နည်းပညာသုံး
Sensor ပေါင်း ၃၂ ခု တပ်ဆင်သွားမှာဖြစ်ပြီး ဒီ Sensor Network များမှ
လက်ရှိဖြစ်ပေါ်နေသောရာသီဥတုအြေ
ခအနေနှင့်
လျှပ်စီးလက်ပြီးမိုးကြိုးပစ်နို
င်သောအခြေအနေများအား
ထောက်လှမ်းခြင်းဆိုင်ရာအချက်
အလက်တွေကို ရရှိနိုင်မှာဖြစ်တယ်လို့
သိရပါတယ်။