ကမ္ဘာတစ်ဝန်းတွင်
- ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ ကမ္ဘာ့စတော့ရှယ်ယာဈေးမှာ စတင်ကျလာနေပြီဖြစ်သည်။
- ဂျပန်နိုင်ငံတော် ဗဟိုဘဏ်မှ Negative Interest Rate ပေးရန် ကြေညာလိုက်ပြီ ဖြစ်ပါသည်။
- တစ်ဖက်တွင် ဒေါ်လာဈေးကျလာပြီဖြစ်သော်လည်း ရွှေဈေးများ ပြန်တက်လာပြီဖြစ်ပါသည်။
- ကမ္ဘာ့ရေနံဈေး တစ်စည် ဒေါ်လာနှစ်ဆယ်ခန့် ရောက်လာပြီဖြစ်ပါသည်။
- တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု တန့်နေသဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ရင်မနေကြရပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်
- အရေးကြီးသော နိုင်ငံရေးအခင်းအကျင်းကာလ ဖြစ်ပါသည်။
- အကြီးအကဲတစ်ဦးထံမှ နာယူရသည့်အတိုင်း အမြဲတမ်း အပြစ်တင်ဝေဖန်ခြင်း (Condemn) ၊ အပြစ်မြင်ခြင်း (Complaint) နှင့် မကျေနပ်ခြင်း (Criticize) ရှိသော ကျွန်တော်တို့ မြန်မာများအတွက် ဒီမိုကရေစီကို တာဝန်ရှိရှိ၊ တာဝန်သိသိ မြည်းစမ်းရန်ကာလဖြစ်ပါသည်။
- မိမိကိစ္စသာ ဦးစားပေးတတ်သူများပီပီ စည်းကမ်းနှင့်ဘောင်အတွင်း လုပ်ကိုင်ခြင်း၊ လူအများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းတို့ကို လေ့ကျင့်သင်ယူရမည်ဖြစ်ပါသည်။
- ၂၀၁၆ ခုနှစ်သည် ကမ္ဘာနှင့်မြန်မာခေါင်းဆောင်ကို မှတ်ကျောက်တင်မည့်နှစ် ဖြစ်ပါကြောင်း။
မောင်သာ