ဓာတ်လှေကားကို စွန့်ဖယ်ပါ
အလုပ်နဲ့အိမ်မှာ အချိန်တွေကျပ်ပြီး အလုပ်ရှုပ်နေတဲ့အတွက် တချို့သူတွေဟာ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်သလောက်လုပ်ဖို့ အချိန်မရှိတတ်ကြပါဘူး။ အဲဒီလိုဆိုရင် တစ်နေ့တာ လုပ်ငန်းတွေမှာ လှုပ်လှုပ်ရှားရှား တတ်နိုင်သလောက် နေတတ်ဖို့ လိုပါတယ်။ ရုံးခန်းဟာ အဆောက်အအုံရဲ့ ငါးလွှာနဲ့အောက်ဆိုရင် ဓာတ်လှေကားကို အပျင်းထူတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ချန်ထားပြီး လှေကားကနေပဲ တက်သင့်ပါတယ်။ အောက်ထပ်က ပစ္စည်းတစ်ခုခု လိုချင်တဲ့ အခါဆိုလည်း အလုပ်သမားတွေကို မခိုင်းဘဲ ကိုယ်တိုင်သွားယူမယ်ဆိုရင် လှေကားကိုအလိုလိုတက်ဖြစ်သွားတာပေါ့။
အဆာပြေစားတာ သတိရှိပါ
လေးလံထိုင်းမှိုင်းတဲ့ အလုပ်လုပ်တဲ့နေရာမှာ အာလူးကြော်၊ တခြားသရေစာတွေကြောင့် တက်တက်ကြွကြွ ဖြစ်လာစေပါတယ်။ ဒါပေမဲ့ အဲဒီမုန့်တွေဟာ သင့်ကျန်းမာရေးအတွက် အထောက်အကူမဖြစ်ပါဘူး။ ဒါကြောင့် အဆာပြေ စားတဲ့နေရာမှာ ဉာဏ်သုံးဖို့လိုပါတယ်။ အသီးအနှံတွေကို သယ်ဆောင်ထား တာဟာ ကျန်းမာရေးနဲ့မညီတဲ့ အဆာပြေအစားအသောက်တွေနဲ့တွေ့ရင် အသုံးဝင်ပြီပေါ့။ ဒါအပြင် ဘီစကွတ်တို့အစား ကျန်းမာရေးနဲ့ ညီñွတ်တဲ့ မြေပဲတို့ လိုမျိုးတွေ ဆောင်ထားသင့်ပါတယ်။
အိပ်ချိန် လုံလောက်စွာထားပါ
ကောင်းစွာအိပ်စက်အနားယူတာဟာ အရေးကြီးတဲ့အချက်ဆိုတာ ပြောစရာ တောင်မလိုတော့ပါဘူး။ တစ်နေ့လုံး အလုပ်လုပ်ပြီးတာတောင် Gym သွားပြီး လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် နောက်နေ့မှာ အားအပြည့်နဲ့ အလုပ်လုပ် နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် ညဘက်တအားညဉ့်နက်တဲ့အထိ အခွေတွေ ထိုင်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မယ့်အစား အိပ်လိုက်သင့်ပါ တယ်။
လိုင်းကားဂိတ် နောက်တစ်ဂိတ်သို့လမ်းလျောက်ပါ
Gym တွေသွားဖို့ အချိန်မရှိဘူးဆိုရင် တစ်နေ့မှာ အနည်းဆုံးလမ်းလျောက်ချိန် မိနစ် ၂၀ လောက်ရှိအောင် ကြိုးစားသင့်ပါတယ်။ လိုင်းကားစီးတဲ့သူတွေ အတွက်ကတော့ လိုင်းကားမစီးခင် နောက်တစ်ဂိတ်ရောက်အောင် ကီလိုမီ တာအနည်းငယ် ထပ်လျောက်သင့်ပါတယ်။ ဒါဆိုရင် လေ့ကျင့်ခန်းလုပ်သလို ဖြစ်တဲ့အပြင် ကားပိတ်တဲ့အတွက် ကားပေါ်မှာ ထိုင်နေရမယ့်အချိန်လည်း အလဟဿ မဖြစ်တော့ဘူးပေါ့။
ကော်ဖီသောက်အနားယူဖို့ကို သတိထားပါ
ဘယ်အလုပ်မှာမဆို ရုံးခန်းထဲက ကော်ဖီဖျော်စက်နေရာဟာ အသွားအလာ အများဆုံးနေရာတစ်ခုပါ။ အဲဒီနေရာဟာ ခဏတဖြုတ် အနားယူနိုင်တဲ့နေရာဖြစ်သလို လန်းဆန်းသွားစေတဲ့ ကဖင်းဓာတ်သောက်လို့ရတဲ့နေရာလည်း ဖြစ်ပါ တယ်။ ကော်ဖီတို့ လက်ဖက်ရည်တို့ဟာ ဦးနှောက်ကိုလှုံ့ဆော်ပေးပြီး သောက်တဲ့သူကို သဘာဝအတိုင်းမဟုတ်ဘဲ တက်ကြွစေနိုင်တဲ့အတွက် အလွန်အကျွံ သောက်ရင် ကျန်းမာရေးကို ထိခိုက်နိုင်စေပါတယ်။ ပိုပိုပြီး ကဖင်းဓာတ်ကို သောက်လာစေချင်အောင်လည်း ဖြစ်စေပါတယ်။ ကဖင်းဓာတ်ဟာ တစ်နေ့လုံး အလုပ်လုပ်စေနိုင်ပေမဲ့ အလုပ်ပြီးသွားတာနဲ့ အားအင်တွေ ကုန်ခန်းသွားစေပြီး အလုပ်ပြီးသွားတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ ကြံစည်ထားတာတွေကိုလည်း အရာမထင်နိုင်ပါဘူး။ ကော်ဖီအစား လက်ဖက် ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းလည်းသောက်လို့ရပါတယ်။ ရိုးရိုးရေလည်း သောက်နိုင်ပါတယ်။ ကော်ဖီကို တစ်နေ့မှာ တစ်ခွက်၊ နှစ်ခွက်ပဲသောက်မယ်ဆိုရင် အလုပ်ပိုလုပ်နိုင်ပြီး အားအင်အပြည့်နဲ့ ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။
တစ်နာရီခြား၊ ဒါမှမဟုတ် နှစ်နာရီခြား တစ်ခါ နားပါ
လုပ်နေတဲ့အလုပ်ထဲမှာ နစ်မြုပ်သွားပြီး ကွန်ပျူတာရှေ့မှာထိုင်နေတာ နာရီ ပေါင်းများစွာကြာတဲ့အထိ သတိမထားမိလိုက်တဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ကျန်းမာရေးနဲ့ ညီñွတ်ဖို့အတွက် မတ်တပ်ရပ်ပြီး မကြာမကြာ လမ်းထလျောက် ဖို့လိုအပ်ပါတယ်။ ကွန်ပျူတာမှာ အချိန်မှတ်တာတို့၊ ဖုန်းမှာ Alarm ပေးထားတာတို့လုပ်ပြီး တစ်နာရီ၊ နှစ်နာရီတိုင်းမှာ ခဏနားဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ရေထသောက်တာဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ရဲ့စားပွဲသွားပြီး နှုတ်ဆက် တာဖြစ်ဖြစ် လုပ်လိုက်ပေါ့။ အဓိကကတော့ လမ်းအနည်းငယ် လျောက်ဖြစ်ဖို့ပါ။
နေ့လယ်စာစားချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ
အလုပ်နဲ့ Gym နီးတဲ့သူတွေအတွက်တော့ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ ကျန်းမာရေးအတွက် တကယ်စိတ်ဝင်စားတဲ့သူသာဆိုရင် နေ့လယ်စာစား ချိန်မှာစကားပြောပြီး အချိန်မဖြုန်းသင့်ပါဘူး။ ၄၅ မိနစ်လောက် လေ့ကျင့် ခန်းအရင်လုပ်ပြီးမှ စားလို့ရပါတယ်။
ထမင်းချိုင့်ထည့်ပါ
ရှေးရိုးဆန်ပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းပါ။ ရုံးခန်းကန်တင်းက ဘယ် လောက်ကောင်းကောင်း၊ ကျန်းမာရေး ဘယ်လောက်ပဲညီñွတ်တယ်ပြောပြော အပြင်မှာဝယ်စားရတဲ့အစားအစာတွေဟာ ကိုယ့်အိမ်က အစားအစာတွေလောက် ကျန်းမာရေးနဲ့ မညီñွတ်ပါဘူး။ ထမင်းချိုင့်အိမ်ကယူတဲ့အပြင် ညနေ အဆာ ပြေစားဖို့ပါ ထည့်လာလို့ရပါတယ်။ ကုန်ကျစရိတ်လည်း သက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေဖြစ်တဲ့အတွက် အရှုံးမရှိပါဘူး။
ရေသောက်ပါ
အလုပ်စားပွဲပေါ်မှာ ရေတစ်ဘူးအမြဲထားပြီး မကြာခဏ သောက်ပေးတာဟာ ရေဓာတ်ပြည့်ဝစေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
ထိုင်ခုံကောင်းပါစေ
အခုအခါ ရုံးတွေဟာ သူတို့အလုပ်သမားတွေရဲ့ကျန်းမာရေးအပေါ် ဂရုပြုလာကြပါတယ်။ အလုပ်လုပ်တဲ့ထိုင်ခုံဟာ သင့်ကို ခါးနာတာမျိုး ပြဿနာတစ်ခုခု ပေးပြီဆိုရင် ထိုင်ခုံပြောင်းဖို့ပြောသင့်ပါတယ်။ ထိုင်ခုံပြောင်းမပေးရင် သင့် ဟာသင်ပဲ ကျောမှီတို့ဘာတို့ ထပ်ထည့်လိုက်ပါ။ သင့်ထိုင်ခုံဟာ သက်သောင့် သက်သာရှိပြီး အမြင့်ဟာလည်း သင့်တော်နေပါစေ။ ထိုင်ခုံပေါ်မှာပဲ အချိန် အကြာကြီးလုပ်ရတဲ့အတွက် သင့်တော်ကောင်းမွန်တဲ့ထိုင်ခုံဟာ သင့်ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်ပါတယ်။
ရုံးခန်းအတွင်း လမ်းလျောက်ပါ
နည်းပညာတွေ တိုးတက်လာတာဟာ လူသားတွေအတွက် အလုပ်လုပ်ရာမှာ အဆင်ပြေလွယ်ကူပေမဲ့ လေးလံထိုင်းမှိုင်းစေပါတယ်။ email ပို့လို့ရနေတဲ့ အတွက် ထိုင်ရာက ထစရာမလိုဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လှမ်းဆွေးနွေးနိုင် ပါတယ်။ ဒါကြောင့် တစ်ခုခုကို ဆွေးနွေးတိုင်ပင်တော့မယ်ဆိုရင် ရှေး နည်းလမ်းတွေအတိုင်း လုပ်ဖော်ကိုင်ဖက်ဆီကို လမ်းလျောက်သွားလိုက်ပါ။ ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ပိုပြီးခင်ခင်မင်မင် ရှိစေပါတယ်။
သွင်ထူး