ဖာဂူဆန်၏ စီမံခန့်ခွဲမှု

article portrait watermark final22 ''Apple  နဲ့ စတိဂေ ျာ့ဗ်ကို ခွဲမရသလိုမန်ချက်စတာယူနိုက်တက်လို့ပြောရင် ဆာအဲလက်စ်ဖာဂူဆန်ကို လူတွေက မြင်ယောင်မိကြမှာ ဖြစ်တယ်'' ဒါက မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ဒေဗစ်ဂီးလ်ပြောတဲ့မှတ်ချက်ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် (မန်ယူ) လို့ ဆိုလိုက်တာနဲ့ နိုင်ငံတကာ ဘောလုံးလောကမှာ အဲဒီနာမည်ကို မသိတဲ့သူ ရှားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း ဘောလုံးပရိသတ် အများစုက မန်ယူပရိတ်သတ်တွေဖြစ် ပါတယ်။ ဒီလိုပရိသတ် အများစုရဲ့အားပေးမှုကို ခံယူရရှိတဲ့ နောက်ခံအကြောင်း အရင်းကတော့ မန်ယူလို့ပြောလိုက်တာနဲ့ ပြိုင်ပွဲ နောက်ဆုံး မိနစ်အထိ စုစည်းညီညွတ်မှု အင်အား (Synergy) နဲ့ အနိုင် မခံ အရှုံး မပေးဘဲ ရေကုန်ရေခမ်း ယှဉ်ပြိုင်အနိုင်ယူတတ်မှု နဲ့အတူ ရေရှည်အောင်မြင်မှု ရယူထားနိုင်တဲ့ အင်္ဂလန်ပရီး မီးယားလိဂ်ဘောလုံးသမိုင်းရဲ့ အအောင်အမြင်ဆုံးဘောလုံး အသင်းအဖြစ် ရပ်တည်နေတာကြောင့်ပဲဖြစ်ပါ တယ်။ စီးပွား ရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ်၊ ဘောလုံးအားကစားနယ် ပယ်နဲ့ ဘယ်လိုနယ်ပယ်မျိုးမှာမဆို လုပ်ငန်းတစ်ခု၊ အသင်း ဖွဲ့တစ်ခု ရေရှည်အောင်မြင်ဖို့ဆိုတာဟာ အဲဒီအသင်းအဖွဲ့ကို ဦးဆောင်နေ သူအပေါ်မှာ အဓိက မူတည်ပါတယ်။ 'အောင် မြင်မှုနဲ့ ကျရှုံးမှု အရာအားလုံးဟာ ခေါင်းဆောင်မှုအပေါ်မှာ မူတည်တယ်' လို့ စီမံခန့်ခွဲမှုပညာရှင်ဂျွန်မက်စ်ဝဲလ်က ဆို ပါတယ်။ ဒါဆိုရင် မန်ယူအသင်းကို ထူးခြား တဲ့အောင်မြင်မှု တွေ ရယူပေးခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ကရော ဘယ်လို ပုဂ္ဂိုလ်မျိုးပါလဲ...။  

ဘောလုံးအသင်းမန်နေဂျာဘဝ

ဖာဂူဆန်ရဲ့ ဘောလုံးအသင်းမန်နေဂျာဘဝဟာ ၁၉၇၄၊ ဇူလိုင်လမှာ East Sterling  အသင်းကို ကိုင်တွယ်မှုနဲ့အစပြု ခဲ့ပြီး အဲဒီနှစ်၊ အောက်တိုဘာလမှာပဲ St Mirren  အသင်းကို ပြောင်းရွှေ့ကိုင်တွယ်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်၊ သြဂုတ်လ မှာ Aberdeen  အသင်းနည်းပြအဖြစ်တာဝန်ယူခဲ့ပြီး စကော့ တလန်ပြည်တွင်း ဘောလုံးလောကမှာ ဆဲလ်တစ်အသင်းနဲ့ ရိန်းဂျားအသင်းတို့ရဲ့ ခိုင်ခိုင်မာမာ ဦးဆောင်နေရာယူထားမှု ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ ဖာဂူဆန်ဟာ Aberdeen အသင်း ကိုကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီရှစ်ရာသီမှာ စကော့တလန် ပြည်တွင်း အမှတ်ပေးဘောလုံးပြိုင်ပွဲ ဖလားသုံးခု၊ စကော့တစ်(ရှ်)ဖလားလေးခုနဲ့ လိဂ်ဖလားတစ်ခုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ article landscape wartermark final21  

မန်ယူအသင်းရဲ့ မန်နေဂျာ

ဖာဂူဆန်ဟာ သူ့ကို နောင်အခါမှာ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးနည်းပြတစ်ဦးအဖြစ် ပေါ်ပေါက်လာစေမယ့်မန်ချက် စတာယူနိုက်တက်အသင်းကို ၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ မှာ စတင်ကိုင်တွယ်ခဲ့ပါတယ်။ မန်ယူအသင်းကို ဖာဂူဆန် ကိုင်တွယ်ခဲ့တဲ့ သမိုင်းကြောင်းအသေးစိတ်ကိုတော့ သူ့ရဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ ဖော်ပြထားပြီးဖြစ်တဲ့အတွက် ဒီနေရာ မှာ မန်ယူနဲ့အတူ ဖာဂူဆန်ရယူခဲ့တဲ့ အောင်မြင်မှုတွေ အကြောင်းကိုပဲ မီးမောင်းထိုးချင်ပါတယ်။ ဖာဂူဆန်ဟာ အသက် ၇၁ နှစ်အရွယ်၊ မန်ယူအသင်းကနေ အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်အထိ မန်ယူအသင်းကို သူကိုင်တွယ်ခဲ့တဲ့နည်းပြ သက်တမ်း ၂၆ နှစ် အတွင်းမှာ အင်္ဂလိပ်ပရီးမီး ယားလိဂ် ချန်ပီယံဆု ၁၃ ကြိမ်၊ အက်ဖ်အေဖလားငါးကြိမ်၊ လိဂ် ဖလားလေးကြိမ်၊ ချရတီဖလားခြောက်ကြိမ်၊ ဥရောပချန်ပီယံ လိဂ်ဖလား နှစ်ကြိမ်အပါအဝင် ဆုဖလား ၃၉ လုံးရယူပေး ခဲ့ပါတယ်။၁၉၉၈-၁၉၉၉ ပြည်တွင်းချန်ပီယံဆုဖလားနှစ်ခုနဲ့အတူ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ဂျာမန်ဘောလုံးကလပ် ဘေယန်မြူးနစ်ကို နောက်ကျ ဂိုးတွေနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ခဲ့တာ ဟာ ဖာဂူဆန်ရဲ့ဘောလုံးနည်းပြသက်တမ်းမှာ အအောင်မြင် ဆုံးကာလလို့ ဆိုနိုင်ပါတယ်။   [caption id="attachment_13249" align="alignnone" width="720"]article landscape wartermark final7 ဖာဂူဆန်အား မန်ယူနည်းပြအဖြစ်စတင်ခန့်အပ်ခဲ့သည့် မန်ယူ၏ CEO Martin Edward နှင့် ဖာဂူဆန် (၁၉၈၆)[/caption]  

မျိုးဆက်သစ်လူငယ်တွေနဲ့ အသင်းကို တည်ထောင်သူ

ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်တဲ့အချိန်မှာ လူ ငယ်မျိုးဆက်သစ်တွေကို အချိန်ယူပျိုးထောင် ပြီးအသင်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတည်ဆောက်ခဲ့ရာမှာ ရလဒ်ဆိုးဝါး တဲ့အခြေအနေတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် အသင်းကနေ ထုတ်ပယ်ခံရလုနီးပါး အနေ အထားတွေကိုလည်း ကြုံတွေ့ခဲ့ရသူ ဖြစ်ပါ တယ်။ အဲရစ်ကန်တိုနာတို့ မျိုးဆက်ကနေစပြီး ဒေးဗစ်ဘက်ဟမ်း၊ ပေါစခိုးလ်နဲ့ ရိုင်ယန်ဂစ် တို့မျိုးဆက်၊ အဲဒီကနေ ခရစ္စတီယာနိုရော် နယ်ဒိုနဲ့ ဝိန်းရွန်နီတို့မျိုးဆက်အထိ လူငယ် မျိုးဆက်တွေကို အချိန်ပေးပျိုးထောင်ပြီး အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့အောင် မြင်မှုများစွာကို ရယူပေးနိုင်ခဲ့သူပါ။   article landscape wartermark final25  

မန်ယူရဲ့သံတမန်

မန်ယူနည်းပြရာထူးကနေ အနားယူခဲ့ပြီးတဲ့နောက် ဖာဂူဆန် ဟာ မန်ယူရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးနဲ့ သံတမန်အဖြစ်နဲ့ ခန့်အပ်ခဲ့ရပြီး တစ်နှစ်မှာ သံတမန်အနေနဲ့တက်ရောက်ရမယ့် ပွဲပေါင်း ၂၀ အတွက် စတာလင်ပေါင် ၂ သန်းရရှိမှာ ဖြစ်ပါတယ်။ ပွဲတစ်ခုကို ပေါင်တစ်သိန်းနှုန်းရမှာဖြစ်တယ်။  

ဖာဂူဆန်ရဲ့ အချိန်

မန်ယူအသင်းရှုံးနေပြီဆိုရင် ဒိုင်တွေက ဖာဂူဆန်ရဲ့အရှိန်အဝါ ကိုကြောက်ကြတဲ့အတွက် အချိန်ပိုတွေမှာ မိနစ်တွေပိုပေး တတ်ကြတာကြောင့် အဲဒီအချိန်တွေကို ဖာဂူဆန်ရဲ့အချိန် (Fergie Time) လို့ ခေါ်ကြပါတယ်။   article landscape wartermark final9  

ဖာဂူဆန်ဆီက နေရတဲ့သင်ခန်းစာ

ပြင်းထန်တင်းကျပ်တဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ အလျောက် ဖာဂူဆန်ဟာ သူ့ရဲ့ကစားသမားတွေဆီကနေ စွမ်းဆောင်မှု ၁၀၀ ရာခိုင်နှုန်းရရှိအောင် ဦးဆောင်ñွှန်ကြား နိုင်သူဖြစ်ပြီး သူရဲ့ ဘောလုံးနည်းပြသက် တမ်းတစ်လျောက် မှာ ကြီးမားတဲ့လေးစားမှုခံခဲ့ရသူ ဖြစ်ပါတယ်။ စိတ်ဓာတ် မြှင့်တင်ရေးဆရာတစ်ဆူဖြစ်ပြီး သူရဲ့အောင်မြင်မှုကို ဆာ လောင်ပြင်းပြတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က မန်ယူအသင်းကို မြင့်မား တဲ့အောင်မြင်မှုတွေရရှိစေခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ ကစားသမားတွေဟာ သန်းကြွယ်သူဌေးတွေ ဖြစ်ပေမဲ့ သူ့ကို လေးစားကြေက်ရွံ့ကြပါတယ်။ ဒါကြောင့် သူကို လူတွေကို စီမံခန့်ခွဲမှု (Man Management) ကျွမ်းကျင်သူအဖြစ် ဖော်ညွှန်းကြပါတယ်။ 'ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက လိုအပ်တဲ့အရာအာလုံးနဲ့ ထူးချွန်ပြောင်မြောက်မှုရဲ့ပြယုဂ် ဖြစ်ပြီး မန်ယူအသင်းရဲ့ အကြီးမြတ်ဆုံးမန်နေဂျာတစ်ဦးဖြစ် တယ်ဆိုတာ မေးခွန်ထုတ် စရာမလိုပါဘူး' လို့ မန်ယူအသင်း ရဲ့ဂန္တဝင်ဘောလုံးသမားကြီး ဆာဘော်ဘီချာလ်တန်က မှတ် ချက်ပြုပါတယ်။  

Hairdryer စီမံခန့်ခွဲမှုနဲ့ ဒေးဗစ်ဘက်ဟမ်းအတွက်ဖိနပ်လက်ဆောင်

ဖာဂူဆန်ရဲ့ Hairdryer Treatment လို့ခေါ်တဲ့ စီမံခန့်ခွဲမှု နည်းလမ်းက နာမည်ကြီးပါတယ်။ အဲဒါကတော့ မန်ယူ အသင်းရှုံးနေတဲ့ အခါမျိုးမှာ ပထမပိုင်း ပွဲကစားချိန်ပြီးလို့ နားချိန်နဲ့ တစ်ခါတလေ ပွဲပြီးတဲ့အချိန်တွေမှာ ကစားသမား တွေကို နိုင်ပွဲရအောင်လို့ ဒေါသတကြီးကြိမ်းမောင်းလှုံ့ဆော် တဲ့နည်းလမ်းဖြစ်ပါတယ်။ သာဓကတစ်ခုအနေနဲ့ သူရဲ့ကစား သမားတွေကို ဆူပူကြိမ်းမောင်းနေတဲ့အချိန်မှာ ဒေါသတကြီး ဘောကန်ဖိနပ်ကို ကန်ထည့်လိုက်တဲ့အခါမှာတော့ အဲဒီ ဖိနပ်ဟာ ကမ္ဘာကျော် သန်းကြွယ်သူဌေးမန်ယူ ဘောလုံးသမား ဒေးဗစ်ဘက်ဟမ်းရဲ့မျက်ခုံးကို သွားရောက်ထိမှန်ပြီး မျက်ခုံး ကွဲသွားခဲ့ပါတယ်။ မကြာခင်မှာပဲ ဘက်ဟမ်းလည်း မန်ယူ ကနေ ထွက်ခွာခဲ့ပါတယ်။   [caption id="attachment_13247" align="alignnone" width="720"]article landscape wartermark final5 ဖာဂူဆန်၏ ဖိနပ်ကန်ချက်ကြောင့် မျက်လုံးကွဲသွားသည့် ဒေးဗစ်ဘက်ဟမ်း[/caption]  

ဖာဂူဆန်ရဲ့ အားနည်းချက်

သူရဲ့ဒေါသကိုမထိန်းသိမ်းနိုင်မက နာမည်ဆိုးနဲ့ ကျော်ကြားပြီး မန်ယူအသင်း အရှုံးနဲ့ကြုံတွေ့နေရပြီဆိုရင် ပြိုင်ပွဲရဲ့တာဝန် ရှိသူတွေကို အပြစ်တင်ကြိမ်းမောင်းလေ့ရှိသူ ဖြစ်ပါတယ်။  

ဖာဂူဆန်ရဲ့အတ္ထုပ္ပတ္တိအကျဉ်း

မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ကို ၁၉၄၁ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စကော့တလန်နိုင်ငံ ဂလပ်စ်ဂိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ တခြားဘောလုံးအသင်း ထိပ်တန်းမန်နေဂျာတွေလိုပဲ ဖာဂူဆန်ဟာ နိမ့်ကျတဲ့ဘဝအခြေအနေတွေက အစပြုခဲ့ရပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့သူပါ။   article landscape wartermark final16 ဂလပ်စ်ဂိုက သဘောၤကျင်းရပ်ကွက်မှာ အရက်ဆိုင်ဖွင့်ပြီး အလုပ်လုပ်ခဲ့တဲ့ သူ့ရဲ့ဇစ်မြစ်က ပရီးမီးယားလိဂ်သမိုင်းမှာ အအောင်မြင်ဆုံးမန်နေဂျာဖြစ်လာဖို့အတွက် အဓိကအခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ နိမ့်ပါးတဲ့အနေအထားနဲ့ဘ၀ ကို စတင်ခဲ့ရပေမဲ့ အဲဒီနောက်ခံဘဝဇစ်မြစ်က သူ့အနေနဲ့ အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် အနှောင့်အယှက်အတား အဆီးမဖြစ်ခဲ့သလို အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တွေရဲ့ဘဝကို ကြည့်မယ်ဆိုရင် သူတို့ရဲ့နိမ့်ကျတဲ့အနေအထားနဲ့ အစပြုခဲ့ ရတဲ့ ဘဝနောက်ခံဇာစ်မြစ်က သူတို့ကို အထက်မြက်ဆုံး၊ အတော်ဆုံးပုဂ္ဂိုလ်တွေဖြစ်လာဖို့ တွန်းအားပေးတဲ့ အစိတ် အပိုင်းတစ်ရပ်လို့မြင်ကြောင်း နောက်ဆုံးထုတ်ဝေထားတဲ့ သူ့ရဲ့အတ္ထုပ္ပတ္တိစာအုပ် Sir Alex Ferguson: My Autobiography မှာ မှတ်ချက်ပေးထားပါတယ်။   [caption id="" align="alignnone" width="423"]Sir Alex Ferguson ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ဝေခဲ့တဲ့ ဖာဂူဆန်ရဲ့ အထ္တုပတ္တိစာအုပ် Sir Alex Ferguson : My Autobiography ဟာ ဗြိတိန်နိုင်ငံစာအုပ်လောကသမိုင်းမှာ အချိန်တိုအတွင်း အရောင်းရဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။[/caption]

ဘောလုံးလောကပြင်ပက ဦးဆောင်သူတွေရဲ့ အားကျအတုစရာ

ဖာဂူဆန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ခေါင်းဆောင်မှုပုံစံနဲ့ အောင် မြင်မှုက ဘောလုံးလောကပြင်ပမှာပါ သူ့ကိုနာမည် ဂုဏ် သတင်းကြီးစေပြီး စီပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးသမား တွေတောင် သူ့ရဲ့ခေါင်းဆောင်မှု နည်းလမ်းကို လေ့လာသင် ယူကြတယ်လို့ The Economic မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဖာဂူဆန်လက်ထက်မှာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အားကစားဆိုင်ရာစီးပွားရေး လုပ်ငန်းတွေထဲမှာ တစ်ခုအပါ အဝင် ဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဘဏ္ဍာအရေး အခြေအနေ အံ့သြလောက်အောင် တိုးတက်လာတာဟာ မန်ယူအသင်းမှာ သူ့ရဲ့ ၂၇ နှစ်တာ အောင်မြင်တဲ့စီမံကိုင် တွယ်မှုရဲ့ ရလဒ်လို့လည်း ပြောနိုင်ပါတယ်။ မန်ယူနည်းပြဘဝကနေ အနားယူမယ်လို့ မကြေညာခင် တစ်ရက်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တန်ဖိုး ဟာ အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော် ရှိပါတယ်။ တစ်စုံတစ်ခုကို လှပအောင် အကောင်အထည်ဖော်ရာမှာ အများနဲ့မတူ တစ်မူထူးခြားပြီး စွမ်းရည်ပြည့်ဝမှုကိုအခြေခံ တဲ့ တစ်ခါတရံမှာ ခက်ခဲတင်းကျပ်တဲ့နည်းလမ်းကို အသုံး ပြုတတ်တာကြောင့် ဖာဂူဆန်ကို ဗြိတိန်ရဲ့စတိဂျော့ဗ်အဖြစ် သတ်မှတ်နိုင်တယ်လို့ The Economic  မဂ္ဂဇင်းကပဲ ဖော် ပြခဲ့ပါတယ်။ article portrait watermark final25  

ဟားဗတ်တက္ကသိုလ်မှာ စာပို့ချတဲ့ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ကို ဟားဗတ်စီးပွားရေးတက္ကသိုလ်  (Harvard Business School) က ရေရှည်စာပို့ချသူအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဟားဗတ်စီးပွားရေးတက္ကသိုလ်ရဲ့ ဖျော် ဖြေရေး၊ မီဒီယာနဲ့ အားကစား စတာတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာအစီအစဉ်အသစ်ရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဖာဂူဆန်ဟာ ၂၀၁၄ ခုနှစ် မေလမှာ ကမ္ဘာ တစ်ဝန်းလုံးက အထက်တန်းအမှုဆောင်အရာရှိတွေကို ဟား ဗတ်တက္ကသိုလ်မှာ စတင်သင်ကြားပို့ချခဲ့ပါတယ်။ ဖာဂူဆန် ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း ဟားဗတ်တက္ကသိုလ်က ကျောင်းသားတွေကို သူရဲ့စီမံခန့်ခွဲမှုနည်းလမ်းတွေကို သွား ရောက်ပို့ချခဲ့ပါသေးတယ်။  

ဖာဂူဆန်ရဲ့ ှSuccession Plan

မန်ယူအသင်းကို ၂၇ နှစ်အကြာ ကိုင်တွယ်ခဲ့တဲ့ ဖာဂူဆန် ဟာ ၂၀၁၃ ခုနှစ်၊ မေလမှာ မန်ချက်စတာယူနိုက်အသင်းရဲ့ မန်နေဂျာရာထူးကနေ အနားယူခဲ့ပါတယ်။ သူ့ရဲ့နေရာကို ဆက်ခံသူအဖြစ် အဲဗာတန်အသင်း ရဲ့နည်းပြဟောင်း ဒေးဗစ် မိုယက်စ်ကို ခြောက်နှစ်သက်တမ်းစာချုပ်နဲ့ ခန့်အပ်ခဲ့ပြီး မိုယက်စ်ဟာ မန်ယူအသင်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁ ရက် နေ့မှာစတင်ကိုင်တွယ်ခဲ့ပါတယ်။ မိုယက်စ်ဟာ မန်ယူအသင်း နဲ့အတူ သူ့ရဲ့ပထမဆုံး ဆုဖလားအဖြစ် ကွန်မြူနတီဒိုင်း ဆုကိုရရှိခဲ့သလို ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ်မှာ အနိုင်ရ ရှိခဲ့ပြီး တာထွက်ကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရှုံးပွဲ တွေကြုံတွေ့လာခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ပရီးမီးယားလိဂ် ရာသီပြီးဆုံးချိန်မှာတော့မန်ယူအသင်းဟာ အဆင့် ၇ နေရာ မှာ အဆုံးသတ်ခဲ့ပြီး ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ ပါတယ်။ [caption id="" align="alignnone" width="720"]article landscape wartermark final17 ဟားဗတ်တက္ကသိုလ်တွင် ဖာဂူဆန်စာပို့ချစဉ်[/caption]

မိုယက်စ်ရဲ့နိဂုံးနဲ့ မန်ယူနည်းပြအသစ် Louis Van Gaal

၂၀၁၄ ခုနှစ်၊ ဧပြီလလ ၂၂ ရက်နေ့မှာတော့ မန်ယူအသင်းက ဒေးဗစ်မိုယက်စ်ကို မန်ယူနည်းပြရာထူးကနေ ထုတ်ပယ် ကြောင်းကြေညာခဲ့ပါတယ်။ မိုယက်စ်ရဲ့ မန်ယူနည်းပြသက် တမ်းဟာ ၁၀ လသာကြာခဲ့ပြီး မန်ယူအသင်းရဲ့သမိုင်းမှာ တတိယမြောက်သက်တမ်းအတိုဆုံး နည်းပြအဖြစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဖာဂူဆန်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ တစ်နိုင်ငံ တည်းသား မိုယက်စ်ဟာ မန်ယူအသင်းမှာ ကျရှုံးမှုကြောင့် ဖာဂူဆန်ရဲ့ Succession Plan မအောင်မြင်ခဲ့ဘူးလို့ အချို့ က သုံးသပ်ဝေဖန်ကြပါတယ်။ မိုယက်စ်ထွက်ပြီးတဲ့နောက် မန်ယူအသင်းက သက်တမ်းရင့်ကစားသမား ရိုင်ယန်ဂစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ လာမယ့် ဘောလုံးရာသီကနေ မန်ယူအသင်းကို စတင်ကိုင် တွယ်မှာကတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဟော်လန်အသင်း ကိုင်တွယ်ခဲ့ပြီး နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘေယန်မြူးနစ် စတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ Louis Van Gaal  ဖြစ်ပါတယ်။ မန်ယူအသင်းက Van Gaal ကို  ၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှာ အသင်းရဲ့ နည်းပြအသစ်အဖြစ် အတည်ပြုခဲ့ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ နည်းပြအသစ် နဲ့အတူ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆာအဲလက် ဖာဂူဆန်ရယူပေးခဲ့တဲ့အောင်မြင် မှုတွေနဲ့ အရှိန်အဝါကို ပြန်လည်ရ ယူနိုင်မလားဆိုတာကိုတော့ စောင့် ကြည့်ရမှာပါ။   [caption id="attachment_13251" align="alignnone" width="720"]article landscape wartermark final10 မန်ယူအသင်းအားကိုင်တွယ်ခဲ့သည့် ဖာဂူဆန်၏ နောက်ဆုံးပွဲစဉ် (ဝက်စ်ဘရွန်း - မန်ယူ)[/caption]   [caption id="attachment_13245" align="alignnone" width="720"] ဒေးဗစ်မိုယက်စ် မန်ယူ၏ တတိယမြောက်သက်တမ်း အတိုဆုံးနည်းပြ ဒေးဗစ်မိုယက်စ်[/caption]   [caption id="attachment_13255" align="alignnone" width="423"]article portrait watermark final မန်ယူ၏နည်းပြသစ် louis Van Gaal[/caption]  

ဖာဂူဆန် ရဲ့   စီမံခန့်ခွဲမှုနည်းလမ်း တွေအပေါ်လေ့လာဆန်းစစ်ချက်

၂၀၁၂ ခုနှစ်မှာ ဟားဗတ်စီးပွားရေးတက္ကသိုလ် (Harvard Business School) မှ ပါမောက္ခ Anita Elberse  က ဖာဂူ ဆန်ရဲ့ အောင်မြင်လှတဲ့စီမံအုပ်ချုပ်မှု လုပ်နည်းကိုင်နည်းကို  စိစစ်စိတ်ဖြာဖို့ အခွင့်အလမ်းရရှိခဲ့ပြီး သူတို့နှစ်ဦးအတူတက HBS Case Study  တစ်ခု ပြုစုဖော်ထုတ်ခဲ့ပါတယ်။ ဖာဂူဆန်ရဲ့လုပ်နည်းကိုင်နည်းထဲက အောက်ပါအခြေခံသဘော တရားတွေကို စီးပွားရေးလုပ်ငန်းနဲ့လူ့ဘဝအတွက်ပါ အသုံး ချနိုင်တယ်လို့ Elberse က ယူဆပါတယ်။ [caption id="attachment_13256" align="alignnone" width="423"]article portrait watermark final12 ပါမောက္ခ Anita Elberse[/caption]

(၁) အောက်ခြေကနေ စတင်ပါ

၁၉၈၆ ခုနှစ်မှာ ဖာဂူဆန် မန်ယူကို စတင်ဝင်ရောက်တာနဲ့ လူငယ်အစီအစဉ်ကို ခေတ်နဲ့အညီဖြစ်အောင်စီမံပြီး  ရေရှည် သွားမယ့် တည်ဆောက်ပုံဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ငယ် ရွယ်ပြီး အစွမ်းအစရှိသူတွေ ကိုစုစည်းနိုင်ဖို့ စုံစမ်းရှာဖွေပေးသူ တွေခန့်ထားပြီး ဆောင်ရွက်စေခဲ့ရာမှာ အထင်ရှားဆုံးစော စောပိုင်း စာချုပ်ချုပ်ဆိုသိမ်းသွင်းနိုင်ခဲ့သူကတော့ ဒေးဗစ် ဘက်ခမ်းဖြစ်ပါတယ်။ 'လူငယ်တွေနဲ့ ဘာအောင်မြင်မှုကိုမှ မရနိုင်ဘူး' ဆိုတဲ့စကားက ပျံ့နှံ့လွှမ်းမိုးနေတဲ့ကာလမှာ ဖာဂူဆန်ဟာ ဘက်ခမ်း၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုး၊ ဂယ်ရီ နဗီးလ်စတဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ ကြီးကြယ်ခမ်းနားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အခြေခံကနေ စနစ် တကျတည်ထောင်ခဲ့ပါတယ်။ 'ကျွန်တော့်အနေနဲ့ အောက်ခြေ ကစပြီး ဘောလုံးကလပ်အသစ်တစ်ခုတည်ထောင်ဖို့ပဲ စိတ် ထဲမှာရှိခဲ့တာပါ။ အဲဒီနည်းလမ်းနဲ့ ပထမအသင်းအတွက် အဆင်ပြေပြေနဲ့ စဉ်ဆက်မပြတ် အားကစားသမားတွေ ရရှိ နိုင်မှာဖြစ်သလို သူတို့အားလုံးအတူတကွကြီးပြင်းပြီး ထွက် ပေါ်လာတဲ့သံယောဇဉ်ကြိုးနဲ့ ခိုင်မာတဲ့အသင်းအဖွဲ့စိတ်ဓာတ် တစ်ရပ်ဖန်တီးပေးတယ်' လို့ဖာဂူဆန်က ဆိုပါတယ်။ အား ကစားအသင်းမန်နေဂျာရဲ့ အလုပ်ဟာ ကျောင်းဆရာလိုပဲ အခြားသူတွေကိုပိုပြီး စွမ်းဆောင်ရည်ကောင်းလာစေဖို့ လှုံ့ ဆော်ပေးဖို့နဲ့ နည်းပညာကျွမ်းကျင်မှုတွေကို သင်ပေးပြသ ပြီး အောင်ပွဲခံ သူတွေဖြစ်လာစေဖို့ ဖြစ်ကြောင်း ဖာဂူဆန်က ပြောပါတယ်။ အသင်းအဖွဲ့တစ်ခု ရေရှည်တိုးတက်အောင် မြင်ဖို့အတွက် အခြေခံကနေ စနစ်တကျပျိုးထောင်ဖို့ လိုအပ် တယ်ဆိုတာကို ဖာဂူဆန်ရဲ့မန်ယူအသင်းက သက်သေပြ နေပါတယ်။ article landscape wartermark final4

(၂) အသင်းအဖွဲ့ကို ပြောင်းလဲပစ်ဖို့ မကြောက်ပါနဲ့

အထူးအောင်မြင်နေတဲ့ ကာလတွေမှာတောင် ဖာဂူဆန်က သူရဲ့အားကစားအသင်းကို ပြန်လည်ပြုပြင်နေခဲ့ပါတယ်။  အစွမ်းအစရှိတဲ့လူငယ်ကစားသမားတွေကို အကဲခတ်စောင့် ကြည့်ဝယ်ယူသလို မန်ယူအသင်းရဲ့ Culture ကို ဆက် လက်သယ်ဆောင်သွားနိုင်မယ့် ငယ်မွေးခြံပေါက်လူရင်းတချို့ ကလွဲပြီး အသင်းနဲ့ အံမဝင်တော့တဲ့ကစားသမားတွေကို ရောင်းထုတ်ဖို့ ဝန်လေးသူမဟုတ်ပါဘူး။ တစ်ခါတရံမှာလည်း ဖာဂူဆန်ဟာ အသင်းရဲ့လိုအပ်ချက်အတွက် အောင်မြင်မှု ရရှိပြီးသား ကစားသမားမျိုးကို ဝယ်ယူလေ့ရှိပါတယ်။ ထင် ရှားတဲ့သာဓကတော့ ဘာဘာတော့ဗ်နဲ့ ရော်ဘင်ဗန်ပါစီပါ။ ဗန်ပါစီကို ၂၀၁၂-၂၀၁၃ ဘောလုံးရာသီအစမှာ စတာလင် ပေါင် ၂၄ သန်းနဲ့ အာဆင်နယ်အသင်းကနေ ဝယ်ယူတုန်း ကဆိုရင် အသက် ၂၉ ရှိနေပြီဖြစ်တယ်။ သူ့ဆုံးဖြတ်ချက် ကိုမောင်းနှင်နေတဲ့အားတွေအဖြစ် ပြန်လည်တည်ဆောက်မှု သံသရာအတွင်း သူ့အသင်း ဘယ်နေရာမှာရောက်ရှိနေတယ် ဆိုတာ မျက်ခြည်မပြတ်သလို အချိန်မရွေးအခိုက်အတန့် တစ်ခုမှာ အားကစားသမားတွေက အသင်းအတွက် ထမ်း ဆောင်ပေးနေတဲ့တန်ဖိုးကိုလည်း စူးရှထက်မြက်စွာ သိရှိနေ ပါတယ်။ ဖာဂူဆန်က 'ကျွန်တော့်စိတ်ကူးက လူငယ်အား ကစားသမားတွေ ဖွံ့ဖြိုးပြီးရင်း ဖွံ့ဖြိုးနေပြီးတော့ လူကြီး အားကစားသမားတွေ ချမှတ်ထားတဲ့စံညွှန်းတွေကို လှမ်းမီစေရေးဖြစ်ပါတယ်။ ကျွန်တော် ယုံကြည်တာက အောင်မြင်တဲ့အသင်းတစ်ခုရဲ့ သံသရာစက်ဝန်းဟာ လေးနှစ်မှ ျသာ ဖြစ်နိုင်ပြီးတော့ အပြောင်းအလဲအချို့ လိုအပ်လာပါလိမ့်မယ်။ ဒါကြောင့် အားကစားအသင်းအတွက် သုံး၊ လေးနှစ်စာကြို မြင်ထားပြီး ဆုံးဖြတ်ချက်တွေချနိုင်အောင် အားထုတ်ရပါ တယ်' လိ့ု ဆိုပါတယ်။ ဒါဟာ ထိပ်တန်းခေါင်းဆောင်တွေ မှာပဲ တွေ့ရလေ့ရှိတဲ့ဖာဂူဆန်ရဲ့ အနာဂတ်အမြင် (Vision) စူးရှမှုကို ဖော်ပြနေပါတယ်။  

(၃)     စံသတ်မှတ်ချက် မြင့်မြင့်ထားပါ။  အသင်းဝင်တိုင်း လိုက်နာပါစေ။

ဖာဂူဆန်က သူ့အားကစားသမားတွေကို တန်ဖိုး (Values) တွေကို စွဲမြဲထားစေလိုကြောင်း ဆန္ဒပြင်းပြစွာ ပြောပါတယ်။။ နည်းပညာကျွမ်းကျင်မှုတွေ ရရှိစေရေးအပြင် ဘယ်တော့မှ လက်မြှောက်အရှုံးမပေးဘဲ ကြိုးပမ်းအားထုတ်စွမ်းဆောင်နိုင် အောင် လှုံ့ဆော်ပေးလိုပါတယ်။ အောင်ပွဲခံသူတွေဖန်တီးပေး လိုတဲ့သဘောပါပဲ။ အလုပ်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်နဲ့ စွမ်း အားတွေကို ကလပ်အသင်းတစ်ခုလုံးမှာ ပျံ့နှံ့စေသူဖြစ်ပါ တယ်။ 'ကျွန်တော်မနက်ပိုင်းမှာ ကလပ်ကိုအစောဆုံးရောက် လေ့ရှိပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ မနက် ၇ နာရီ မှာ ကလပ်ကို ကျွန်တော်ရောက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဝန်ထမ်းတော်တော်များများဟာ လည်း ရောက်နှင့်နေတာကို တွေ့ရပါတယ်။ ကျွန်တော် ကလပ်ကိုစောစောလာတာဟာ ကလပ်အောင်မြင်ဖို့အတွက် တစ်ခုခုလုပ်စရာရှိလို့ပဲဆိုတာ ကို သူတို့သဘောပေါက်ကြပါတယ်။ သူတောင် လုပ်နိုင်သေး တာပဲ၊ ငါတို့ ဘာလို့မလုပ်ရမှာလဲဆိုတဲ့စိတ်ဓာတ်မျိုး သူတို့ ဆီမှာ ကိန်းအောင်းသွားပါတယ်' လို့ ဖာဂူဆန်က ပြောပါ တယ်။ ဖာဂူဆန်ဟာ စံနှုန်းသတ်မှတ်ချက်တွေကို ကိုယ်တိုင် စံပြဖြစ်အောင် လိုက်နာတဲ့သူဖြစ်ပါတယ်။ စွမ်းဆောင်ရည်တိုးတက်ဖို့နဲ့ပတ်သက်ပြီး 'လေ့ ကျင့်ချိန်တိုင်းဟာ အရည်အသွေးအတွက်ပါ။ အာရုံစိုက်မှု (Focus) ကင်းမဲ့တာကို ကျွန်တော်တို့ ခွင့်မပြုဘူး။ အား သွန်ရမယ်။ စူးစိုက်ရမယ်။ လျင်မြန်ခြင်း ရှိရမယ်ပေါ့။ တစ် နည်းအားဖြင့် စွမ်းဆောင်မှုမြင့်မားရေးဖြစ်ပါတယ်။ ကျွန် တော့်အသင်းကို အမြဲတမ်းပြောပြတာက မင်းတို့ဘဝတစ် လျောက်လုံး ကြိုးပမ်းလုပ်ကိုင်တာက ပင်ကိုစွမ်းရည်တစ်ခု ပဲလို့။ အားကစား သမားကြယ်ပွင့်တွေဆီကနေ ကျွန်တော် ပိုမိုမျော်လင့်လို့ ပိုမိုကြိုးပမ်းဆောင်ရွက်စေချင်သလို သူတို့ ကလည်း ထိပ်တန်းအားကစားသမားတွေဖြစ်ကြောင်း ပြသကြတယ်'လို့ ဖာဂူဆန်က ပြောပါတယ်။  

(၄) ထိန်းချုပ်ထားတာကို ဘယ်တော့မှ မလွှတ်လိုက်ပါနဲ့

သန်းကြွယ်သူဌေးတွေဖြစ်ကြတဲ့ ထိပ်တန်းကြေးစားဘောလုံး အားကစားသမား သုံးဆယ်လောက်နဲ့ ဆက်ဆံနေရတာဖြစ် ပေမယ့် ဖာဂူဆန်ရဲ့အာဏာနဲ့ထိန်းချုပ်မှုကို အချို့ကစိန်ခေါ် လာရင် သူက ဖြေရှင်း လိုက်လေ့ရှိပါတယ်။ ထိန်းချုပ်မှုကို ခိုင်မြဲတည်တံ့စေရာမှာ အားမာန်နဲ့ တုံ့ပြန်နိုင်ဖို့ လိုအပ်သလို အခြေအနေထိန်းမနိုင်သိမ်းမရမဖြစ်မီ အလျင်အမြန် တုံ့ပြန် ဖို့ကလည်း အရေးကြီးပါတယ်။ 'လိုအပ်ရင် ကမ္ဘာ့အတော်ဆုံးအားကစားသမားကို တောင်အဆက်ဖြတ်ရမှာပဲ။ ကလပ်ရဲ့ရေရှည်အမြင်က တစ် ဦးချင်းပုဂ္ဂိုလ်ထက် ပိုအရေးကြီးတယ်။ မန်ယူကို မဝင်ခင်က တည်းက ကျွန်တော့်ထက် ပြင်းထန်ခိုင် မာတဲ့သူ ဘယ်သူမှ ကလပ်မှာ မရှိစေရဘူး၊ ကလပ်ထဲမှာ မန်နေဂျာဟာ အရေး ပါဆုံးသူဖြစ်ရမယ်လို့ သတ်မှတ်ထားပြီးသားပါ။ ကျွန်တော့် အလုပ်ကို ကျွန်တော်ကောင်းကောင်းလုပ်လို့ အားကစား သမားတွေက ကျွန်တော့်ကိုလေးစားရင် လုံလောက်ပါပြီ။ ကျွန်တော်ဆောင်ရွက်တဲ့ စည်းကမ်းထိန်းသိမ်းရေးခြေလှမ်း တွေဟာ အခက်အခဲဖန်တီးဖို့၊ အာဏာပြဖို့ အခွင့်အလမ်းရှာ ကြံတာမဟုတ်ပါဘူး။ ထိန်းချုပ်နိုင်ရေးနဲ့ အကြောင်းကိစ္စပေါ် ပေါက်တဲ့အခါ အာဏာသုံးရေးဖြစ်ပါတယ်' လို့ ဖာဂူဆန်က ပြောပါတယ်။ ၂၀၀၅ ခုနှစ်မှာ မန်ယူအသင်းရဲ့ကာလကြာ ရှည်အသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့ ရွိုင်ကိန်းဟာ အသင်းဖော် တွေကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့တဲ့အတွက် ဖာဂူဆန် ဟာ ရွိုင်ကိန်းနဲ့မန်ယူအသင်း စာချုပ်ချုပ်ဆိုထားတာကိုဖျက် သိမ်းခဲ့ပါတယ်။ နောက်တစ်နှစ်မှာပဲ မန်ယူရဲ့ထိပ်တန်းဂိုးသွင်း ရှင်ဖြစ်တဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ အရန်ခုံမှာထိုင်နေရတာ များလာတာကို ပေါ်ပေါ်ထင်ထင် မကျေမချမ်းတုံ့ပြန်လာတဲ့ အတွက် ဖာဂူဆန်က သူ့ကိုရီးရဲလ်မက်ဒရစ်အသင်းကို ချက် ချင်း ရောင်းထုတ်လိုက်ပါတယ်။ အသင်းသားတစ်ဦးချင်းက ပုန်ကန်ထကြွတာမျိုးလုပ်လာရင် မိမိအဖွဲ့အစည်းရဲ့ ရေရှည် အကျိုးအတွက်ခေါင်းဆောင်ရဲ့ ထိန်းချုပ်ခွင့်အာဏာနဲ့ အရေး ယူဆောင်ရွက်ဖို့အရေးကြီးတာဆိုတာကို ဖာဂူဆန်ရဲ့ စီမံခန့် ခွဲမှုနည်းလမ်းတွေကနေ သင်ယူမှတ်သားနိုင်ပါတယ်။ [caption id="attachment_13253" align="alignnone" width="720"]article landscape wartermark final20 ၁၉၉၉ ခုနှစ်၊ ချန်ပီယံလိဂ်ဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အသင်းအား အံ့အားသင့်ဖွယ် အနိုင်ယူပြီး အောင်ပွဲခံနေစဉ်[/caption]  

(၅) အခြေအနေအချိန်အခါ နဲ့ အလိုက် အသိပေးပါ

ဖာဂူဆန်ဟာ မညှာမတာ ခိုင်းတတ်သူလို့ နာမည်ကြီးပေမဲ့ အားကစားသမားတွေကို ဆုံးဖြတ်ချက်တွေ အသိပေးလိုတဲ့ အခါအခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့် စကားလုံးတွေ ကို ဂရုတစိုက်ရွေးချယ်ပြောဆိုပါတယ်။ လေ့ကျင့်ချိန်တွေနဲ့ အကြို ကာလပွဲတွေအတွင်း ဖာဂူဆန်နဲ့လက်ထောက်နည်းပြ တို့က အပြုသဘောအချက်တွေကို အလေးထားကြပါတယ်။ အမြဲတမ်း အော်ဟစ်ကြိမ်းမောင်းနေရင် အလုပ်မဖြစ်ဘူးလို့ ဖာဂူဆန်က ပြောပါတယ်။ ဖာဂူဆန်က 'ဝေဖန်ခံရလို့တိုးတက်တဲ့သူက တော် တော်နည်းပါတယ်။ အများစုက အားပေးမှုကို နှစ်သက်ကြပါ တယ်။ တတ်နိုင်သမျ ကျွန်တော့်အားကစားသမားတွေကို အားပေးတိုက်တွန်းတာမျိုးလုပ်ပါတယ်။ ဘယ်ကစားသမား အတွက်မဆို၊ဘယ်လူသားအတွက်မဆို 'Well done' ဆိုတဲ့ စကားထက် ကောင်းတဲ့စကားမရှိနိုင်ပါဘူး' လို့ ဆိုပါတယ်။ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူနိုင်ဖို့နဲ့ပတ်သက်ပြီး 'အဝတ်လဲ ခန်းထဲမှာ အားကစားသမားတွေရဲ့အမှားတွေကို ထောက်ပြ ဖို့၊ အပြစ်ဖော်ဆုံးမဖို့ အရေးကြီးပါတယ်။ ပြိုင်ပွဲပြီးတာနဲ့ နောက်နေ့အထိ မစောင့်ဘဲ ကျွန်တော်ဆောင်ရွက်လိုက်တာပဲ။ ပြီးရင် နောက်ပြိုင်ပွဲကို အာရုံစိုက်လိုက်ပြီ။ အားကစားသမား တစ်ယောက်ကို အမြဲတမ်းဝေဖန်နေလို့ အဓိပ္ပာယ်မရှိဘူး။ ကျွန်တော်တို့အနေနဲ့ လေ့ကျင့်ရေးအချိန်တွေမှာ နည်းစနစ် ကျွမ်းကျင်ပိုင်နိုင်တဲ့ ထိပ်တန်းကစားသမားတွေ ပါဝင်တဲ့ အသင်းတစ်သင်းဖြစ်လာဖို့ ကြိုးစားတည်ဆောက်ပါတယ်။ အသင်းကိုစီမံခန့်ခွဲရာမှာ ခင်ဗျားအနေနဲ့ တအားပျော့ပျောင်း လွန်းရင် အောင်မြင်မှုရနိုင်မှာမဟုတ်ပါဘူး။ တအားပြင်းပြင်း ထန်ထန်ဆက်ဆံပြန်ရင်လည်း ခင်ဗျားရဲ့ကစားသမားတွေက တစ်ချိန်လုံးကြောက်စိတ်ဝင်ပြီး ကောင်းကောင်း စွမ်းဆောင် နိုင်မှာမဟုတ်တော့ဘူး။ အချိန်အခါတွေကိုရွေးချယ်ဖို့ လို အပ်တာမို့ မန်နေဂျာတစ်ဦးအနေနဲ့အချိန်ကိုလိုက်ပြီး ဆရာ ဝန်၊ သင်ကြားပြသူ၊ ဒါမှမဟုတ် ဖခင်လို အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ရတယ်' လို့ ဆိုပါတယ်။  

(၆) အနိုင်ရဖို့ ပြင်ဆင်ပါ

မိမိဘောလုံးအသင်းပြိုင်ပွဲပြီးကာနီးအချိန် ရှုံးနေတဲ့အခါ မန် နေဂျာများစွာက အားကစားသမားတွေရှေ့တက်ပြီး တိုက်စစ် ကစားဖို့ တွန်းအားပေးတတ်ကြပါတယ်။ ဒီချဉ်းကပ်နည်း နဲ့ပတ်သက်ပြီး ဖာဂူဆန်ဟာ သာမန်ထက်ပိုပြီး စိတ်အား ထက်သန်သလို စနစ်တကျလည်းရှိပါတယ်။ သူ့အသင်း အနိုင်ရဖို့ ပြင်ဆင်တဲ့အနေနဲ့ လိုအပ်ရင် ဂိုးတစ်ဂိုးကို ဆယ် မိနစ်၊ ငါးမိနစ်၊ ဒါမှမဟုတ် သုံးမိနစ်အတွင်း သွင်းယူကစား တတ်အောင် မှန်မှန်လေ့ကျင့်ပေးထားပြီးဖြစ်တယ်။ အသင်း ရဲ့အကြိမ်ကြိမ် လေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုတွေနဲ့ နည်း ဗျူဟာတို့က အောင်ပန်းဆွတ်ခူးစေနိုင်တယ်လို့ ဖာဂူဆန်က ဆိုပါတယ်။ ဒါဟာ ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန်မျိုး မှာလက်မြောက်အရှုံးမပေးဘဲ အောင်မြင်မှုရယူနိုင်ဖို့ ကြို တင်လေ့ကျင့်အစီအစဉ်ချထားတဲ့ ဖာဂူဆန်ရဲ့ ထူးခြားတဲ့စီမံ ခန့်ခွဲမှုနည်းလမ်းတစ်ရပ်လို့ ဆိုရမှာပါ။ ဖာဂူဆန်ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆယ်ရာသီကျော်ကာလအတွင်း မန်ယူအသင်းကစားခဲ့တဲ့ ဘောလုံးပွဲတွေရဲ့ နှောင်းပိုင်းအချိန်တွေကို လေ့လာဆန်းစစ် ချက်အရ မန်ယူအသင်းဟာ ပထမပိုင်းပြီးတဲ့အထိ သရေကျ နေတဲ့အခါမျိုးနဲ့ နောက်ဆုံး ၁၅ မိနစ်ကျန်တဲ့အထိ သရေ ကျနေတဲ့အခါမျိုးမှာ အခြားပရီးမီးယားလိဂ်ကလပ်တွေအားလုံးထက် ရလဒ်ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ထားနိုင်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ ဖာဂူဆန်ရဲ့ဘော လုံးပွဲပထမပိုင်းအပြီး တိုက်တွန်းပြောဆိုမှုတွေ (Inspirational Halftime Talks) နဲ့ မှန်ကန်တဲ့နည်းဗျူဟာအပြောင်း အလဲတွေကြောင့်ပါပဲ။ ဖာဂူဆန်က ပြောရာမှာ 'အနိုင်ရဖို့ဟာ ကျွန်တော့် သဘာဝပါ။ ကျွန်တော့်ဘဝမှာ သရေရလဒ်ရအောင်ကစားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဘယ်တုန်းကမှ မကစားခဲ့ပါဘူး။ အကောင်းမြင်၊ စွန့်စားပြီး အရဲစွန့်တာ ကျွန်တော်တို့စတိုင်ပဲ။ ကျွန်တော်တို့ကွင်းထဲရောက်နေတာအနိုင်ရဖို့ဖြစ်ပြီး ထောက် ခံအားပေးသူတွေကလည်း ဒါကို သဘောပေါက်ကြပါတယ်။ ကျွန်တော်တို့အသင်းအားလုံး ဇွဲသန်ပြီး အရှုံးမပေးကြဘူး။ ဒါကြောင့် ဒီ Message ကို အသိပေးအကြောင်းကြားဖို့ ကျွန်တော်ပူပန်စရာမလိုတော့ဘူး'လို့ ပြောပါတယ်။ [caption id="attachment_13259" align="alignnone" width="423"]ဖာဂူဆန် ရုပ်တု အိုးထရက်ဖို့ကွင်းရှိ ဆာအဲလက်စ်ဖာဂူဆန်၏ ရုပ်တု[/caption]

(၇) မျက်ခြေမပြတ် စောင့်ကြည့်အကဲခတ်ပါ

ဖာဂူဆန်ဟာ အသက် ၃၂ နှစ်အရွယ် မန်နေဂျာအဖြစ် စတင်ထမ်းဆောင်စဉ်က အလွန်လက်တွေ့ဆန်ပါတယ်။ တစ်ထစ်ပြီးတစ်ထစ် မန်ယူကိုပြောင်းလဲအောင် လုပ်လာ ပြီး တဲ့နောက် အားကစားလေ့ကျင့်ချိန်တွေကို လက်ထောက် နည်းပြတွေနဲ့ ပိုပြီး ပိုပြီး လွှဲပေးနိုင်ပေမဲ့ လေ့ကျင့်ချိန်မှာ အမြဲရှိနေပြီး စောင့်ကြည့်အကဲခတ်ပါတယ်။ နည်းပြသင်ကြား ခြင်းကနေစောင့်ကြည့်အကဲခတ်ခြင်းကို ပြောင်းလိုက်တဲ့အခါ အားကစား သမားတွေနဲ့ သူတို့ဆောင်ရွက်ချက်တွေကို ပိုမို အကဲဖြတ်နိုင်ခဲ့တယ်လို့ ဖာဂူဆန်က ပြောပါတယ်။ အဓိက သော့ချက်ကတော့ တိုက်ရိုက်ကြီးကြပ်ခြင်းကို အခြားသူတွေ ကိုတာဝန်ပေးပြီး မန်နေဂျာအနေနဲ့ အစစ်အမှန်စောင့်ကြည့် အကဲဖြတ်နိုင်ရေး ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် တာဝန်တွေကို ခွဲဝေပေးခြင်း (Delegation) ဖြင့် ကိုယ်ကိုယ်တိုင် အသေး စိတ်အားလုံးကို လိုက်လုပ်နေ စရာမလိုတော့တဲ့အတွက် အပြင် ကနေ စောင့်ကြည့်အကဲခတ်နိုင်ပြီး မိမိအဖွဲ့အစည်းရဲ့ရေရှည်အနာဂတ် အတွက် ပိုမိုကောင်းမွန်တဲ့စီမံကိန်း တွေကို ချမှတ်နိုင်တဲ့အမြင်မျိုးရရှိ နိုင်တယ်ဆိုတဲ့နည်းလမ်းကို ဖာဂူ ဆန်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ 'ကျွန်တော့်ထိန်းချုပ်မှုကို မပယ်လိုက်ပါဘူး။ ကျွန်တော် ကိုယ်တိုင်နဲ့ ကျွန်တော့်ရဲ့ကြီးကြပ် နိုင်စွမ်းတို့က အမြဲတမ်းရှိနေ တယ်။ အလုံပိတ်နေတဲ့ပူဖောင်း ထဲက ကျွန်တော်ထွက်လိုက်တဲ့ အခါ အသေးစိတ် တစ်သီတစ်တန်းကို အပြင်ကနေ ကြည့်လိုက်ရသလို ဖြစ်သွားတာကြာင့် ပိုမိုသိရှိပြီး ကျွန်တော့်စွမ်းဆောင်မှုအဆင့် ထိုးတက်သွားတယ်။ အရာရာ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ လိုက်မလုပ်တော့ဘဲ ဘေး ကနေ စောင့်ကြည့်အကဲခတ်ခြင်းဟာ ကျွန်တော့်စီမံခန့်ခွဲရေး ကျွမ်းကျင်မှုတွေရဲ့ အလွန်အရေးပါတဲ့အစိတ်အပိုင်းလို့ မြင် လာတယ်' လို့ ဖာဂူဆန်က ပြောပါတယ်။   article portrait watermark final28  

(၈) လိုက်လျောညီထွေဖြစ်အောင် အမြဲပြင်ဆင်ညှိနှိုင်းနေပါ

ဖာဂူဆန်ရဲ့ ၂၅ နှစ်တာမျ မန်ယူသက်တမ်းတစ်လျောက်မှာ ကမ္ဘာ့ဘောလုံးလောက အကြီးအကျယ် ပြောင်းလဲခဲ့ပါပြီ။ ထိပ်တန်းအဆင့်မှာ ကြာမြင့်စွာ ရပ်တည်နေခဲ့သူအဖို့ အပြောင်းအလဲကိုတုံ့ပြန်ဖို့ ခက်ခဲပေမဲ့ ဖာဂူဆန်ရဲ့ ပြောင်း လဲလိုစိတ်ကို နေရာတကာမှာ တွေ့မြင်နေရပါတယ်။ ဘောလုံးကွင်းပြင်ပမှာလည်း ဖာဂူဆန်ဟာ မိမိရဲ့ နောက်ခံဝန်ထမ်းအဖွဲ့ကို တိုးချဲ့ခြင်း၊ နေရောင်ခြည်နည်းတဲ့ မန်ချက်စတာဒေသမှာ အားကစားသမားတွေ အသုံးပြုဖို့  ဗီတာမင်ဒီပေးတွဲ(Vitamin D Booths) တွေတည်ဆောက် ခြင်း၊ နည်းပြတွေကိုထောက်ကူဖို့ အားကစားသိပ္ပံပညာရှင် တွေခန့်ထားခြင်း၊ အားကစားသမားတွေအတွက် အမြင်စွမ်း ရည်တိုင်းတာမှုပညာရှင်တစ်ဦးနဲ့ ယောဂကျင့်စဉ်နည်းပြ တစ်ဦးခန့်ထားခြင်း စတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ 'ကျွန်တော့်မန်နေဂျာ သက်တမ်းတစ်လျောက်   အောင်မြင်စွာ ဆောင်ရွက်နိုင်တဲ့အချက်တစ်ခုက အပြောင်း အလဲကို စီမံခန့်ခွဲခြင်းပဲ။ အပြောင်းအလဲကို လက်ခံခြင်းဖြင့် ယင်းကိုထိန်းချုပ်ရတယ်လို့ ယုံကြည်တယ်။ ဆိုလိုတာတစ်ခု က ခင်ဗျားရဲ့အသင်းသားတွေဟာ သူတို့အလုပ် သူတို့လုပ်နေ ကြမယ်လို့ ယုံကြည်စိတ်ချရပါစေ။ တကယ်လို့ ခင်ဗျားဟာ အသေးစိတ်ကစ နေရာတကာလိုက်လံစီမံနေပြီး သူတို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ်ပြောနေရင်တော့ သိပ်အလုပ်မဖြစ် ဘူး' လို့ ဖာဂူဆန်က ဆိုပါတယ်။ ဆက်ပြီးတော့ သူက 'အရေးကြီးဆုံးအချက်ကတော့ တိုးတက်မှုရပ်တန့်မသွားဖို့ ပါပဲ။ အပြောင်းအလဲမလုပ်လို့မဖြစ်ဘူးလို့ ကျွန်တော်မြင်ခဲ့ ပါတယ်။ ဒါကြောင့် တိုးတက်စေမယ့် နည်းလမ်းမှန်သမျကို စူးစမ်းပြီး မပြတ်တမ်းကြိုးပမ်း ဆောင်ရွက်နေခဲ့ပါတယ်။ ကျွန်တော့်ကိုမောင်းနှင်နေခဲ့တဲ့ ကျွန်တော့်အလုပ်တာဝန်က အနိုင်ရရှိဖို့အဖြစ်နိုင်ဆုံး အခွင့်အလမ်းကို ဖန်တီးပေးရေးပဲ' လို့ ပြောပါတယ်။