ပါရမီ စွမ်းအင်ကုမ္ပဏီရဲ့ Corporate Social Responsibility

၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ပါရမီစွမ်းအင်ကုမ္ပဏီဟာ အဓိက ရေနံနဲ့သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပါရမီစွမ်းအင်ကုမ္ပဏီဟာ အခုလက်ရှိမှာ CSR Project  တွေကို စဉ်ဆက်မပြတ် နေရာဒေသမရွေး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နေတဲ့ CSR Project တွေနဲ့ပတ်သက်ပြီး သိလိုသမျကို ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CEO ဦးကံထွန်း၊ Event Manager ဦးအောင်မြတ်မိုး၊ CSR Manager ဦးအောင်မျိုးရှိန်တို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ [caption id="attachment_14964" align="alignnone" width="370"]ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CEO ဦးကံထွန်း ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CEO ဦးကံထွန်း[/caption] [caption id="" align="alignnone" width="370"]ဥိးအောင်မျိုးရှိန် (CSR Manager) ဥိးအောင်မျိုးရှိန် (CSR Manager)[/caption] [caption id="" align="alignnone" width="370"]ဦးအောင်မြတ်မိုး (Event Manager) ဦးအောင်မြတ်မိုး (Event Manager)[/caption]

ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CSR အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်

မြန်မာပြည်မှာ CSR ဆိုပြီးပြောကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့လူမျိုး၊ ဓလေ့ဖြစ်တဲ့ မင်္ဂလာတရားတော်နဲ့အညီ စီးပွားရေးလုပ်နည်းဆိုတာ ရှိပါတယ်။ မင်္ဂလာတရားတော်နဲ့အညီ စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ့်အတွက်လည်း ပိုက်ဆံရတယ်။ သူများလည်းပိုက်ဆံရတယ်။ ရတဲ့ပိုက်ဆံကလည်း Clean Money၊ Happy Money  ဖြစ်တယ်။ အဲဒီပိုက်ဆံကို တရား တဲ့နည်းလမ်းနဲ့ရှာတယ်။ လုပ်ကိုင်နေတဲ့စီးပွားရေးကလည်း ပတ် ဝန်းကျင်နဲ့ သူတို့ရဲ့လူနေမှုစနစ်ကို အနှောင့်အယှက်မပေးဘူး။ ဒါကို Basic Responsible Business    လို့ခေါ်ပါတယ်။ ဥပမာ-စက်ရုံတစ်ရုံဆောက်မယ်ဆိုရင် စက်ရုံတစ်ရုံမှာ ပါသင့်ပါ ထိုက်တဲ့စံတွေရှိရမယ်။ စက်ရုံရဲ့ အကျယ်အဝန်းက ဘယ် လောက်လဲ (Land to Area Ratio)၊ အလုပ်ချိန် ဘယ်နှနာရီ လုပ်ရမလဲဆိုတဲ့ Human Right  ၊ ဒီအလုပ်သမားတွေ အလုပ် လုပ်တဲ့အချိန်မှာ Safety ဖြစ်ရမယ်ဆိုတဲ့ Strict တွေ ရှိရမှာပါ။ ဒါပြင် စက်ရုံကထွက်လာတဲ့အညစ်အကြေးတွေကို ဘယ်လိုစွန့် မလဲ။ ဒါကို Defensive Responsibility  လို့ ခေါ်တယ်။ အဲဒီ Defensive Responsibility  က ဒီထက်ပိုပြီး မြင့်လာတဲ့အခါ Offensive Responsibility  ဆိုပြီး ဖြစ်လာပါတယ်။ Offensive Responsibility  ဆိုတာက ဒီဒေသမှာ စီးပွားရေး လုပ်လို့ရှိရင် ဒီဒေသကိုလည်း မဖျက်ဆီးဘူး၊ ဒီဒေသက လူတွေကိုလည်း အလုပ်ခန့်မယ်၊ ဒီဒေသကိုလည်း ဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်လုပ်မလဲ။ ဥပမာ- ဒီဒေသမှာရှိတဲ့လူတွေကို ဘယ်လို Train ပေးမလဲ၊ ဒီဒေသမှာ Just in case    ဖြစ်ခဲ့ရင်လည်း ဘယ်လိုတွေလုပ်ပေးကြမလဲဆိုတာတွေ၊ ပညာရေးဟောပြောပွဲ တွေလုပ်တာ၊ ကျောင်းတွေဆောက်တာ၊ Emergency Funding  တွေလုပ်တာ၊ ကျန်းမာရေးကိစ္စ စတာတွေလုပ်တာက Offensive ကိုပြောတာပါ။ ဒီလိုလုပ်တာက Proactive Corporate Social Responsibility  ပါ။ ဒါကို CSR လို့ ခေါ်တာပါ။ Business နဲ့ပတ်သက်တဲ့ CSR က Defensive၊ Offensive ဆိုပြီး ပြီးသွားတယ်။ ပါရမီစွမ်းအင်ကုမ္ပဏီအတွက် CSR ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ  Coporate Responsibility @ Soul  လို့ပြောချင်ပါတယ်။ ရင်ထဲကလာတဲ့ တကယ့်စိတ်ရင်းအတိုင်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဓိပ္ပာယ်ပါ။

အနောက်နိုင်ငံတွေရဲ့ CSR

နောက်တစ်ခုက နိုင်ငံခြားမှာ  Social Entrepreneur    ဆိုပြီးခေါ် တာရှိတယ်။ ချမ်းသာတဲ့လူတွေဆို ကောင်းတာတွေများများ စားနိုင်တယ်၊ ကားတွေထည်လဲစီးနိုင်ကြတယ်။ ဒါပေမဲ့ ဒီကမ္ဘာ ရဲ့ဟိုဘက်အခြမ်း၊ ဒါမှမဟုတ် မိုင်တစ်ရာ၊ နှစ်ရာအတွင်းမှာ ပဲကြည့်လိုက်မယ်ဆိုရင် ထမင်းမစားနိုင်တဲ့ကလေးတွေ၊ မိဘမဲ့ ကျောင်းက ကလေးတွေက ထမင်းစားရပေမယ့် စားတဲ့ထမင်း က ဟင်းမပါဘဲ ငါးပိရယ်၊ ကြက်သွန်ရယ်စားနေရတာတွေရှိတယ်။ တစ်ခါတလေကျတော့ မတူညီတဲ့ဟာတွေ ဖြစ်နေတာပေါ့။ ပိုက်ဆံရှိတဲ့သူတွေကတော့ ထမင်းစားပြီးရင် ပိုသွားတဲ့ဟင်းတွေ ကို ဒီအတိုင်း လွှင့်ပစ်လိုက်ကြတာပဲ။ အနောက်နိုင်ငံမှာ Social Entrepreneur   တွေက ဘယ်လောက်တော်လဲဆိုရင် သူ့ရဲ့ ကုမ္ပဏီကို Table for Two    ဆိုပြီးလုပ်ထားတယ်။ ဘာကြောင့်လဲ ဆိုရင် အဲဒီစားသောက်ဆိုင်ထဲမှာစားလို့ ကျသင့်ငွေကတစ်ရာ ဆိုရင် အဲဒီ တစ်ရာထဲကဟာကို အကန့်တစ်ခုအနေနဲ့ ခွဲထား လိုက်ပြီးတော့ Bill ပေးတာနဲ့ချက်ချင်း မစားနိုင်တဲ့ကလေးက တစ်ပွဲစားလို့ရသွားအောင် စီစဉ်ထားပါတယ်။ အဲဒီအတွေး အခေါ်တွေနဲ့ ထမင်းဆိုင်ဖွင့်ရုံတင်မဟုတ်ဘဲ သူတို့လိုမျိုးလုပ် ချင်တဲ့သူတွေဆိုရင် အဲဒီလူတွေရဲ့ထမင်းဆိုင်က Arrangement  တွေ တောင်းပြီး Join လုပ်နိုင်တယ်ဆိုပြီး ကမ်းလှမ်းလိုက် တယ်။ လူတွေက ကောင်းတာလုပ်ချင်ကြတော့ ဒီလိုမျိုးတွေ လုပ်ရင်းနဲ့ ဒီဘက်ကလူတစ်ယောက်က ထမင်းစားနေတဲ့ အချိန်မှာ ဟိုဘက်မှာ ဗိုက်မှောက်နေပြီး အရိုးဖြစ်နေတဲ့ကလေး က ထမင်းစားနေရတယ်။ လူတွေက သူတို့လိုလူမျိုးတွေကိုပဲ ပိုက်ဆံပေးချင်ကြမှာပေါ့။ ဘာကြောင့်လဲဆိုရင် သူတို့ကို ပေးမယ်ဆိုရင် ဟိုဘက်က ကလေးလည်း ထမင်းစားလို့ရ တယ်။ ကိုယ်လည်း ကုသိုလ်ရတယ်။ အဲဒါကို CSR လို့ ခေါ်တာ မဟုတ်ပါဘူး။ အဲဒါက Social Entrepreneurship  ပါ။ ကျွန်တော် အသက်ကြီးလာရင် အဲလိုပုံစံမျိုးလုပ်သွားမှာ ပါ။  

CSR ဆိုတာ

လူတွေပြောနေတဲ့ CSR ဆိုတာ စိတ်ထဲမှာပါသလားဆိုတာ မသေချာပေမယ့် အဓိက ကျွန်တော်တို့ Corporate အနေနဲ့ ဥပမာ-CSR အနေနဲ့ဆိုရင် သစ်ပင်စိုက်တာက ကျွန်တော်တို့ အလုပ်နဲ့ ဆက်နွှယ်တဲ့ဟာပေါ့။ ကျွန်တော် ရေနံလုပ်ငန်းလုပ် တယ်ဆိုရင် ရေနံရှာတွေ့လို့ရှိရင် ရေနံကထွက်လာတဲ့ပစ္စည်း တွေကို သုံးရင်းနဲ့ Carbon Footprint  တွေ ထွက်လာတယ်။ Carbon Footprint  ဆိုတာ ပစ္စည်းတစ်ခုခုကို ထုတ် လုပ်ရင်းနဲ့ လေထုထဲကို Carbondioxide  ဘယ်လောက် ထုတ်လိုက်လဲဆိုတာရှိပါတယ်။ ထုတ်လိုက်တဲ့ Carbon တွေအကုန်လုံးကို ပြန်စုပ်ဖို့  Carbon Sink  ဆိုတာ လိုပါ တယ်။ Carbon ကနေ Oxygen ပြောင်းဖို့က Carbon Sink  အနေနဲ့ သစ်ပင်တွေလိုပါတယ်။ စက်တွေကဟောင်းနေရင် လည်း Carbon Emmision  ထုတ်လွှတ်မှုတွေ ပိုများနေမယ်။ ဒါကြောင့် ကျွန်တော်တို့စီးပွားရေးမှာဆိုရင် လေထုညစ်ညမ်း စေတဲ့ဟာကို ပြန်လည်ပြီးပြင်ဆင်ပေးတာကိုလည်း CSR လို့ခေါ်တယ်။  

CSR ပြီးရင် Philanthropy

နောက်တစ်ခုက Philanthropy ပါ။ လူမှုရေး၊ စီးပွားရေး တွေကို Bill Gate  တို့လို ပုံစံမျိုးလုပ်နေတာပါ။ Bill Gate တို့လုပ်တာက CSR ထက်မြင့်ပါတယ်။ Philanthropy ကလူသားတွေ ရေရှည်ကောင်းကျိုးအတွက် နိုဘယ်ဆုရှင် လိုဟာမျိုးပါ။ Philanthropy ဆိုတာ ကိုယ်အကျိုးကို မလို လားဘဲနဲ့ တခြားသူတွေကောင်းကျိုး လုပ်တာကိုပြောတာပါ။ CSR ဆိုတဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ မြန်မာပြည်မှာ ရှိတဲ့ ဘယ်ဘာသာနဲ့မဆို ကိုက်ညီတဲ့ မင်္ဂလာတရားတော်နဲ့အညီ လုပ်ကိုင်တယ်ဆိုရင် ဒါက CSR လုပ်တာပါပဲ။ CSR ကို အကျိုးပြုနေတာပါပဲ။ Philanthropy ရဲ့ တစ်စိတ်တစ်ပိုင်း ကို CSR  လို့ ခေါ်တာပါ။ CSR  ဆိုတာ အမြဲတမ်း Substainable  ဖြစ်ရမယ်။ ကိုယ်က CSR Model  ပဲဖြစ်ဖြစ်၊Social Entrepreneurship Model  ပဲဖြစ်ဖြစ်၊ Philanthropy  Model  စတဲ့အဲဒီသုံးခုနဲ့ Engage လုပ်နေတဲ့ Community ကို ပါဝင်နေရမှာပါ။ ကျွန်တော်တို့ လှူလိုက်တယ်ဆိုရင်လည်း Substainable ဖြစ်အောင်လို့ ဒီဟာနဲ့သက်ဆိုင်တဲ့သူတွေက ပါဝင်ပြီး ထိန်းသိမ်းသင့်တယ်။ CSR လုပ်တဲ့ Model မှာ Local Community  ရဲ့ Ownership ဆိုတာပါ ထည့်ပြီး စဉ်းစားရမယ်။ Creative Thinking  အနေနဲ့ စဉ်းစားရင် ဒီသုံးခုစလုံးမှာ ဘာနဲ့ပဲလုပ်နေပါစေ ပေးတဲ့ရည်ရွယ်ချက် တွေ၊ လှူဒါန်းမှုတွေ၊ ပညာတွေက အမြဲတမ်းတည်တံ့ခိုင်မြဲ နေတယ်။ ဒါကကျွန်တော်တို့ရဲ့ ယုံကြည်ချက်ပါ။  

ပါရမီရဲ့ CSR ရည်မှန်းချက်များ

ပါရမီရဲ့ CSR ရည်မှန်းချက်တွေဖြစ်တဲ့ ၂၀၁၅ ခုနှစ်မတိုင်မီ နိုင်ငံတစ်ဝန်းသစ်ပင်ပေါင်း ငါးသိန်းစိုက်ပျိုးနိုင်ရေးနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို ထောက်ပံ့နိုင်စေဖို့ပါ။ ဒီလိုဆောင်ရွက်မှုတွေအားလုံးဟာ ပါရမီရဲ့ စေတနာနဲ့ စွမ်းဆောင်ချက်တွေအပြင် မြန်မာနိုင်ငံရဲ့အနာဂတ် ပျိုးခင်းသစ်တွေဖြစ်တဲ့ မူလတန်းကလေးငယ်တွေ ဘဝအဆင် ပြေစွာ ပညာသင်ကြားနိုင်ရေး၊ မြန်မာ့သဘာ၀ ရေမြေတော တောင်တွေ ပိုမိုစိမ်းလန်းသာယာရေးကိုလည်း အထောက် အကူဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။  

ပါရမီရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ CSR

ပါရမီစွမ်းအင်ကုမ္ပဏီအုပ်စုရဲ့လက်ရှိလုပ်ဆောင်နေတဲ့ CSR လုပ်ငန်းတွေနဲ့ အနာဂတ်စီမံချက်တွေကတော့ ၁။       AEC အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ကျင်းပခြင်း၊ ၂။       ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ထောက်ပံ့ ခြင်း၊ ၃။       သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ၄။       သောက်သုံးရေရရှိရေးကူညီထောက်ပံ့လှူဒါန်းခြင်း၊ ၅။       လိုအပ်သည့်အချိန်များတွင် သီးခြားလှူဒါန်းခြင်းတို့ ဖြစ်ပါတယ်။  

CSR အထူးအစီအစဉ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး လိုက်လံ ထိုးနှံပေး

သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုရဲ့ CSR အထူးအစီအစဉ်အနေနဲ့  ခွေးရူးရောဂါကာကွယ် ဆေးလိုက်လံထိုးနှံပေးတာကိုလည်း ဆောင်ရွက်ထားပါတယ်။ မြန်မာနိုင်ငံမှာက ခွေးလေခွေးလွင့်ပေါများတဲ့အတွက် ထိန်း ချုပ်နိုင်ဖို့ အဆိပ်တုံးပစ်ပြီး သုတ်သင်ရှင်းလင်းတာဟာ ဗုဒ္ဓ ဘာသာတရားတော်နဲ့ ဆန့်ကျင်နေတဲ့အပြင် မြင်ရသူတွေမှာ စိတ်ဆင်းရဲစရာ ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံး ဖြေရှင်းနည်းက အဲဒီခွေးလေခွေးလွင့်တွေကို ခွေးရူးရောဂါကာ ကွယ်ဆေး ထိုးပေးတာနဲ့ သားပေါက်နှုန်းကို ထိန်းချုပ်ပေးတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်တွေက အကြံပြုထားပါတယ်။ ဒီလိုခွေးရူးရောဂါကာကွယ်ဆေးထိုးရာမှာ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့အတူ ပါရမီစွမ်းအင်က ဝန်ထမ်းတွေလည်း အတူတကွ ပါဝင်ခဲ့ကြပါတယ်။  

ကမ္ခရိုက်တံတားသစ်ကို လှူဒါန်းခဲ့

ကျွန်တော့်တို့ဆီလာပြီး အလှူခံရင် ကျွန်တော်တို့က ချက်ချင်း မလှူပါဘူး။ ကျွန်တော်ကဒီ Community ဟာ တကယ်လိုအပ် တာလားဆိုတာ သေချာလေ့လာပြီးတော့မှလှူတာပါ။ ပါရမီ စွမ်းအင်ကုမ္ပဏီအနေနဲ့ ဒေသခံတွေရဲ့ မေတ္တာရပ်ခံချက်အရ ၂၀၁၃ ခုနှစ်၊ မေလမှာ ကရင်ပြည်နယ်၊ ကော့ကရိတ် တောင်ပိုင်းမှာရှိတဲ့ ကျေးရွာငါးခုကို ဆက်သွယ်ထားတဲ့ ကမ္ခရိုက်တံတားသစ်ကို လှူဒါန်းခဲ့ပါတယ်။ အရင်တုန်းက မိုးရာသီမှာ ယာယီဝါးတံတားဟောင်းပေါ်ကနေ အန္တရာယ် ကြီးစွာ ဖြတ်သန်းအသုံးပြုခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ တွေအပါအဝင် ဒေသခံပြည်သူတွေအားလုံးအတွက် အဆင် ပြေခဲ့ပါတယ်။ တံတားကို စတင်လှူဒါန်းကတည်းက Ownership  သဘောမျိုးဖြစ်အောင် သူတို့ကို ကျွန်တော်က စာစီစာကုံး တစ်ပုဒ်စီရေးခိုင်းတယ်။ ဒီတံတားကြီးပြီးရင် သူတို့အနေနဲ့ ခံစားရတာတွေကို စာစီစာကုံးရေးခိုင်းတယ်။ အဲဒီစာစီစာကုံး တွေကိုလည်း တံတားကြီးအပြီးမှာ တံတား မှာကပ်ပေးထား မှာပါ။ ကျွန်တော်ဆိုလိုချင်တာက ဒီတံတားက ပါရမီရဲ့ တံတား မဟုတ်ဘူး။ သူတို့တွေရဲ့တံတားဆိုတဲ့ အတွေးအခေါ်လေး ရသွားစေချင်တယ်။ ရေရှည်ထိန်းသိမ်းရမှာ သူတို့ ဆိုတာ သိစေချင်တာပါ။  

ရှေ့ဆက်လုပ်ဆောင်မယ့်ပါရမီရဲ့ CSR အစီအစဉ်

ပါရမီရဲ့ CSR အစီအစဉ်တွေဟာ လူမှုဘဝတွေ ပိုမိုသာယာ စေဖို့သာမက သဘာဝပတ်ဝန်းကျင်နဲ့လည်း သဟဇာတ ဖြစ်ဖို့ နေထိုင်စောင့်ရှောက်နိုင်ရေး စတာတွေကို ရည်ရွယ် ထားတဲ့အတွက် ဒါတွေကို ကျွန်တော်တို့နဲ့ ဆက်ဆံလုပ်ကိုင် နေရသူတွေကိုပါ အသိပညာမျဝေပေးသွားမှာ ဖြစ်ပါတယ်။ Social Entrepreneurship  ပုံစံနဲ့ Model တစ်ခုကို ထပ်ပြီး Push လုပ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ဟာ စီးပွားရေးအနေနဲ့ Social Entrepreneurship၊ CSR ၊ Philanthropy စတာတွေမှာ မြန်မာနိုင်ငံမှာသာမကဘဲ  Regionally ၊ Globally မှာပါ ကျွန်တော်တို့အဖွဲ့အစည်းကို ကမ္ဘာက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။   [caption id="attachment_14950" align="alignnone" width="720"]ရခိုင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့စဉ် ရခိုင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့စဉ်[/caption] [caption id="attachment_14960" align="alignnone" width="720"]article landscape wartermark final12 ပအို့ဒေသတွင် ရေတွင်းလှူဒါန်းခဲ့စဉ်[/caption] [caption id="attachment_14957" align="alignnone" width="720"]ဘကပညာရေးအတွက် ပါရမီကထောက့်ပံ့ကူညီလျက်ရှိ ဘကပညာရေးအတွက် ပါရမီကထောက့်ပံ့ကူညီလျက်ရှိ[/caption] [caption id="attachment_14977" align="alignnone" width="720"]ဟိုပုံးမြို့ ဘကပညာရေးဆွေးနွေးပွဲအတွက် ပါရမီကပံ့ပိုးကူညီခဲ့စဉ် ဟိုပုံးမြို့ ဘကပညာရေးဆွေးနွေးပွဲအတွက် ပါရမီကပံ့ပိုးကူညီခဲ့စဉ်[/caption] [caption id="attachment_14956" align="alignnone" width="720"]article landscape wartermark final7 2013 AEC Workshop အတွက် ကူညီပံ့ပိုးပေးခဲ့စဉ်[/caption] [caption id="attachment_14959" align="alignnone" width="720"]၂၀၁၄ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်အတွက် ပါဝင်ကူညီ ၂၀၁၄ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်အတွက် ပါဝင်ကူညီ[/caption] [caption id="attachment_14955" align="alignnone" width="720"]ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်းရှိ ကမ္ခရိုက်တံတားသစ်ကို လှူဒါန်းခဲ့ ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်းရှိ ကမ္ခရိုက်တံတားသစ်ကို လှူဒါန်းခဲ့[/caption] [caption id="attachment_14958" align="alignnone" width="720"]ကရင်ပြည်နယ် ဘသာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့စဉ် ကရင်ပြည်နယ် ဘသာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့စဉ်[/caption]