ပထမအကြိမ် မလေးရှားနိင်ငံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲ ၂၀၁၆

HealthMalaysia1

Malaysia Healthcare Travel Council (MHTC) မှ ဦးဆောင်ပြီး မလေးရှားနိင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေ၊ ဆေးရုံတွေ၊ မြန်မာနိင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ အသေး၊ အလတ်စားလုပ်ငန်းတွေနဲ့ အတူတကွ ပူးပေါင်းပြီး ပထမအကြိမ် မလေးရှားနိင်ငံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန်မြို့ရှိ၊ မြန်မာပလာဇာမှာ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ ပွဲကို မလေးရှားနိင်ငံမှာရှိတဲ့ ဆေးရုံတွေ၊ ခရီးသွားအေဂျင်စီတွေ၊ ပီနန်းပြည်နယ် ခရီးသွားမြှင့်တင်မှုအဖွဲ့၊ ပီနန်းပညာရေးစင်တာ၊ မလေးရှားခရီးသွားလုပ်ငန်း မြှင့်တင်ရေးအမှုဆောင်အဖွဲ့ (ဘန်ကောက်) နဲ့ မြန်မာနိင်ငံရှိ လုပ်ငန်းတွေလည်း ပါဝင်ပြသခဲ့ပါတယ်။

HealthMalaysia2

RebaccNyi

ဒေါ်ရေဗက္ကာညီ

တာဝန်ခံ

မလေးရှားကျန်းမာရေးစောင့်ရှောက်မှုခရီးသွားကောင်စီ (မြန်မာပြည်ရုံးခွဲ)

မလေးရှားနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲ ကျင်းပဖြစ်တဲ့ရည်ရွယ်ချက် . . .

အဓိကရည်ရွယ်ချက်ကတော့ ကျွန်မတို့ မလေးရှားကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားကောင်စီက ဦးစီးပြီးတော့ မလေးရှားနိုင်ငံရဲ့ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပညာရေးအပိုင်းတွေကို မြန်မာပြည်သူပြည်သားတွေ လာပြီး မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

မလေးရှားကျန်းမာရေး စောင့်ရှောက်မှုခရီးသွားကောင်စီ (မြန်မာပြည်ရုံးခွဲ)က ပေးနေတဲ့ဝန်ဆောင်မှုများ . . .

ကျွန်မတို့ မလေးရှားကျန်းမာရေး စောင့်ရှောက်မှုခရီးသွားကောင်စီ (မြန်မာပြည်ရုံးခွဲ) အနေနဲ့ ဆရာဝန်တွေက လူနာတွေကို အခမဲ့ဆွေးနွေးအကြံပြုပေးတာ၊ ဆေးရုံကို သွားရောက်မကုသသေးခင် လူနာရဲ့ ရောဂါရာဇဝင်တွေနဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို မလေးရှားနိုင်ငံရှိ လူနာနဲ့သက်ဆိုင်တဲ့ အထူးကုဆရာဝန်တွေဆီ ပေးပို့ အကြံဉာဏ်တောင်းပေးတာ၊ ဆေးကုသရာမှာလည်း ကုန်ကျမယ့် ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်ပေးတာ၊ မလေးရှားနိုင်ငံမှာရှိတဲ့ ဆေးရုံတွေက အထူးကုဆရာဝန်တွေနဲ့ သွားရောက်ပြသနိုင်ဖို့ ကြိုတင်ရက်ချိန်းယူပေးတာ၊ မလေးရှားနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ စတဲ့ သံရုံးဆိုင်ရာလုပ်ငန်းတွေ လွယ်ကူလျင်မြန်မှုရှိစေဖို့ အခမဲ့ ဝန်ဆောင်မူပေးတာ၊ လူနာနဲ့မိသားစုဝင်တွေ သွားလာနေထိုင်ရေး အဆင်ပြေလွယ်ကူစေဖို့ ဆေးရုံအနီးအနားမှာရှိတဲ့ တည်းခိုလိုတဲ့ဟိုတယ်တွေမှာ ကြိုတင်စီစဉ်ပေးတာ၊ လေဆိပ်ရှိ MHTC အထူးဧည့်သည်နားနေခန်းက တစ်ဆင့် မိမိပြသလိုတဲ့ ဆေးရုံ၊ ဒါမှမဟုတ် ဟိုတယ်ကို လွယ်ကူစွာသွားလာနိုင်စေဖို့ စီစဉ်ပေးထားတာနဲ့ ဆေးရုံတိုင်းမှာ မြန်မာစကားပြန်များ ထားရှိပေးတာ စတဲ့ ဝန်ဆောင်မူတွေကို ဆောင်ရွက်ပေးနေပါတယ်။

ဒီပြပွဲမှာ လုပ်ငန်းပေါင်း ဘယ်နှခုလာရောက်ပြသပါသလဲ . . .

ဒီပြပွဲမှာ မလေးရှားဆေးရုံ ခြောက်ရုံ၊ မလေးရှားခရီးသွား လုပ်ငန်းနှစ်ခု၊ ကျွန်မတို့ မလေးရှားကျန်းမာရေး စောင့်ရှောက်မှု ခရီးသွားကောင်စီ (မြန်မာပြည်ရုံးခွဲ) နဲ့ တွဲဖက်လုပ်ဆောင်နေတဲ့ ခရီးသွားလုပ်ငန်းသုံးခုနဲ့ ပီနန်းပညာရေးစင်တာ စတဲ့လုပ်ငန်းအသီးသီးက ပါဝင်ပြသခဲ့ပြီး ပြခန်းပေါင်း ၁၃ ခန်းရှိပါတယ်။

ဒီပွဲကနေ အဓိကပေးချင်တဲ့ Message . . .

အဓိကကတော့ မလေးရှားနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုက တခြားနိုင်ငံတွေနဲ့လည်း ရင်ပေါင်တန်းနိုင်နေပါပြီ။      နောက်ပြီး အားသာချက်ကတော့ ဈေးသက်သာတာပါ။

ဆက်သွယ်နိုင်မယ့် လိပ်စာ . . .

အခန်း ၈၊ မြေညီထပ်၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉ -၉၇၂၇၀၆၂၄၈ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

JohnnyGoh

Johnny Goh

Marketing Manager

SENTRAL COLLEGE PENANG

ဒီပွဲကိုလာရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက် . . .

ဒီပွဲကိုလာရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက်ကတော့   မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေကို ပညာရေးဆိုင်ရာ အခွင့်လမ်းကောင်းတွေ ရရှိစေဖို့ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနဲ့ပီနန်းကြား ပညာရေးဆိုင်ရာ မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။

ပီနန်းပညာရေးစင်တာမှာ ဘယ်ဘာသာရပ်တွေကို အဓိကထား သင်ကြားပေးလဲ . . .

ကျွန်တော်တို့ ပီနန်းပညာရေးစင်တာမှာတော့ အဓိကအနေနဲ့ ကောလိပ်သုံးခုရှိပါတယ်။ အဲဒါကတော့ DISTED College ၊ MEDICAL College ၊ SENTRAL College တို့ဖြစ်ပါတယ်။ ဒီကောလိပ်သုံးခုမှာတော့ ဆေးဘက်ဆိုင်ရာ ဘာသာရပ်၊ အိုင်တီဘာသာရပ်၊ Accounting ဘာသာရပ်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်နဲ့ အင်္ဂလိပ်ဘာသာစကား စတာတွေကို သင်ကြားပေးနေပါ တယ်။ Vocational ၊ Foundation ၊ Professional ၊ Certificate ၊ Diploma ၊ Bachelor Degree နဲ့ Post Graduate Programme တွေဆိုပြီး Programme မျိုးစုံကို ရွေးချယ်နိုင်ပါတယ်။ Financial Aids တွေလည်း ရရှိနိုင်ပါတယ်။

ဒီပီနန်းကောလိပ်က မြန်မာကျောင်းသားတွေအတွက် ဘယ်လိုမျိုးဝန်ဆောင်မှုတွေ ပေးပါသလဲ . . .

ကျွန်တော်တို့ ပီနန်းကောလိပ်အနေနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးပါတယ်။ နောက်ပြီးတော့ မြန်မာကျောင်းသားတွေအနေနဲ့ ပီနန်းမှာနေထိုင်ရတာကျေနပ်နှစ်သက်မယ်လို့ထင်ပါတယ်။ သင်ကြားပေး မယ့်ဘာသာရပ်တိုင်းအတွက် စာတွေ့ရော၊ လက်တွေ့ပါ သင်ကြားပေးတယ်။

KhinNyeinChan

ဒေါ်ခင်ငြိမ်းချမ်း

Marketing Officer

Embassy of Malaysia (Trade Section)

Embassy of Malaysia (Trade Section) ရဲ့ အခန်းဏ္ဍာကို ပြောပြပေးပါ . . .

အဓိကကတော့ ကုန်သွယ်ရေးပေါ့။ မြန်မာနိုင်ငံကနေ Importer လုပ်ပြီး မလေးရှားနိုင်ငံကနေ ပစ္စည်းတင်သွင်းချင်တယ်။ နောက်ပြီးတော့ မလေးရှား ရင်းနှီးမြုပ်နှံမှု (Investment) တွေကိုရှာပြီး ကိုယ့်လုပ်ငန်းတိုးတက်ဖို့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ချင်တယ်ဆိုရင် ကျွန်မတို့က ကြားကနေ ကုန်သွယ်ရေးလုပ်ပေးရတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ မလေးရှားနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေကို ချိတ်ပေးရတာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကုမ္ပဏီအမျိုးအစားအားလုံးကို ကုန်သွယ်ရေး လုပ်ပေးပါတယ်။ Chemical နဲ့ ဆိုင်တဲ့ ပစ္စည်းတွေ၊ ကတ္တရာခင်းတဲ့ ကုန်ပစ္စည်းတွေ၊ ပရိဘောဂပစ္စည်း ၊ စားသုံးဆီ ၊ ဘီစကွတ်စတဲ့ လုပ်ငန်းအသီးသီးတွေ ပါဝင်ပါတယ်။ ဒါပြင် မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ လုပ်ငန်းလုပ်ချင်တယ်ဆိုရင် ကျွန်မတို့က ကုန်သွယ်မှုတွေလုပ်ပေးပါတယ်။

ဒီပွဲကိုလာပြဖြစ်တဲ့ အဓိကရည်ရွယ်ချက် . . .

ကျွန်မတို့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ဘာသာလုပ်တာထက်စာရင် သူများနဲ့လိုအပ်သလို ပူးပေါင်းပြီးလုပ်တာမျိုးတွေ၊ မြန်မာနိုင်ငံအတွင်းမှာပဲ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းတွေကို မလေးရှားက ကုမ္ပဏီတွေကို တင်သွင်းတာမျိုးတွေ လုပ်စေချင်တာပါ။ မြန်မာနိုင်ငံအနေနဲ့ Import လုပ်တာမျိုးတွေကို ပြုလုပ်စေချင်တာ အဓိကရည်ရွယ်ချက်ပါ။

အယ်ဒီတာအဖွဲ့