News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ပညာရေးဈေးကွက်
Editorial
August 28, 2015
Article
Feature
Top Story
လူတစ်ယောက်အတွက် အခြေခိုင်အောင်တည်ဆောက်ဖို့ လိုအပ်ခဲ့တဲ့ပညာရေးဟာ အရွယ်ငယ်စဉ်ကတည်းက ကင်းကွာလို့မရခဲ့တာ လုပ်ငန်းခွင်ထဲရောက်တဲ့အထိပါပဲ။ အခုဆိုရင် လုပ်ငန်းခွင်ထဲက သူတွေအတွက်လည်း အဆင်ပြေအောင် နိုင်ငံတကာကတက္ကသိုလ်တွေနဲ့ချိတ်ဆက်ပြီး ပြည်တွင်းမှာပဲတက်ရောက်နိုင်အောင် Institution တွေ၊ College တွေ ဖွင့်လှစ်လာတာကို တွေ့ရပါတယ်။ အရင်ကဆို နိုင်ငံရပ်ခြားမှာ ပညာသွားရောက် သင်ကြားသူတွေများသလို နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်နိုင်အောင် အကြံပေးဝန်ဆောင်မှုပေးတဲ့ Agency တွေပိုများခဲ့ပါတယ်။ အခုလို စီးပွားရေးလမ်းကြောင်းဆိုင်ရာတွေ ကောင်းမွန်လာတဲ့အခါ ပြည်တွင်းမှာပဲတက်ရောက်ပြီး Diploma တွေ၊ Degree တွေနဲ့ MBA လိုမျိုး Master ဘွဲ့တွေရရှိလာနိုင်ပါပြီ။ ဒါကြောင့် ဒီလိုတဖြည်းဖြည်းနဲ့ အများအပြားဖွင့်လှစ်လာတဲ့ Higher Educational College တွေနဲ့ပတ်သက်တဲ့ ပညာရေးဈေးကွက်ကို CEO Magazine ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်ပြည့်သီရိသော် Country Manager Lithan University College အရင်တုန်းကဆိုရင်များသောအားဖြင့် နိုင်ငံရပ်ခြားကို သွားရောက်ပြီးကျောင်းတက်ကြတယ်၊ အလုပ်ရှာကြတယ်။ အခုမြန်မာနိုင်ငံအနေအထားကို ကြည့်မယ်ဆိုရင် နိုင်ငံတကာကကုမ္ပဏီတွေ ဝင်ရောက်လာပြီး ရင်းနှီးမြှုပ်နှံကြပြီဆိုတော့ Overseas သွားစရာမလိုဘဲ ပြည်တွင်းမှာပဲ လစာအများကြီးပေးတဲ့ အလုပ်တွေ၊ အခွင့်အလမ်းတွေ အများကြီးရှိလာပါပြီ။ ကိုယ့်မှာသာ အရည်အချင်းတွေပြည့်စုံတယ်၊ သတ်မှတ်ထားတဲ့ Competence တွေရှိတယ်ဆိုရင် နိုင်ငံတကာကဝင်လာမယ့် Expert တွေနည်းတူ နိုင်ငံတွင်းမှာပဲ အလုပ်အကိုင်တွေ ရှာလို့ရမယ်၊ နိုင်ငံတကာပေးတဲ့ လစာတွေအတိုင်းရလာနိုင်မယ်လို့ မြင်ပါတယ်။ ကျွန်မတို့ကျောင်းရဲ့ Overall Education Model က Collaborate Education Model နဲ့ သွားပါတယ်။ ဒီ Education Model မှာ အလုပ်ခွင်မှာ ဒီနေ့ကျောင်းပြီးရင် နောက်နေ့လုပ်ငန်းခွင်ထဲကို တန်းဝင်နိုင်မယ့် Job Ready Professional တွေကို Train ပေးပါတယ်။ Industry တွေ၊ Internship Placement တွေ၊ Praticle Skill တွေ ရအောင် လုပ်ငန်းခွင်ထဲမှာ ဝင်အလုပ်လုပ်ခိုင်းပြီး Job Opportunity တွေ ဖန်တီးပေးတယ်။ Career Placement အတွက်ကို Support လုပ်ပေးပါတယ်။ ဒါတွေက ကျွန်မတို့ကျောင်းရဲ့ Main Focus ပါ။
ဦးအေးကျော် Chief Executive MHR Business Institute နိုင်ငံခြားမှာတက်ရင်တော့ ဝင်ခွင့်သတ်မှတ်ချက်နဲ့ ကျောင်းလခဈေးနှုန်းက သေချာပေါက်များတယ်။ ဘွဲ့ချင်းတူပေမယ့် ကျောင်းရဲ့ဂုဏ်သတင်း ၊ Image ကိုကြည့်ပြီး ကျောင်းလခကွာတယ်။ ဥပမာပြောရရင် အခုဆို ဟားဗတ်တက္ကသိုလ်မှာ ကျောင်းလခက ဒေါ်လာတစ်သိန်းကျော်သွားပြီ။ ဒါပေမဲ့ ဟားဗတ်တက္ကသိုလ်က ဆင်းတဲ့ကျောင်းသားဟာ အလုပ်ဝင်တဲ့အခါ တစ်လကို အနိမ့်ဆုံးဒေါ်လာ ရှစ်ထောင်လောက်ရတယ်။ နိုင်ငံခြားသွားလည်း ဒီဘွဲ့ပဲ၊ ပြည်တွင်းမှာတက်လည်း ဒီဘွဲ့ပဲဆိုပေမယ့် ကွာခြားမှုတွေတော့ ရှိတယ်။ အလုပ်ဝင်တဲ့အခါ ပြည်တွင်းမှာကျောင်းပြီးတဲ့လူနဲ့ နိုင်ငံခြားမှာ ကျောင်းပြီးတဲ့လူဆိုရင် သူတို့ပြီးတဲ့ ကျောင်းပေါ်မူတည်ပြီးတော့ အလုပ်ဝင်တဲ့အခါ လစာအနည်း၊ အများ ကွာသွားတယ်။ လုပ်ငန်းလုပ်သက်မရှိတာချင်းတူရင်တောင် တက်ခဲ့တဲ့တက္ကသိုလ်မတူလို့ လစာမတူဘူး။ စာရင်းမကောက်ထားလို့သာ မသိသာတာ တစ်နှစ်ကို ပြည်ပမှာကျောင်းသွားတက်တဲ့ မြန်မာကျောင်းသားပေါင်း တစ်ထောင်ကျော်ရှိတယ်။
ဒေါ်လှကြူ Consultant STI Myanmar University ပြည်တွင်းမှာပဲတက်တက် ပြည်ပမှာပဲတက်တက် တကယ်အရေးကြီးတာက ကျောင်းသားရဲ့ ကြိုးစားအားထုတ်မှုပဲ။ နိုင်ငံခြားတက္ကသိုလ်က ဘွဲ့လက်မှတ်ကြီးကိုင်ထားပေမယ့် လုပ်ဆောင်တဲ့ Performance တွေက တလွဲဆိုရင် အလကားပဲလေ။ ကျောင်းသားက ကိုယ်ဝါသနာပါတဲ့ ဆေးလိုင်းတို့၊ အင်ဂျင်နီယာလိုင်းတို့ ရွေးမယ်ဆိုရင်တောင် စီးပွားရေးပညာရပ်ကို အနည်းငယ်တော့ သိဖို့လိုတယ်။ ကျောင်းရွေးမယ်ဆိုရင် ကိုယ့်ရဲ့မိသားစုအနေထားနဲ့ချိန်ပေါ့။ တချို့ဆိုအသက်ကြီးမှ MBA ပြောင်းတာတွေရှိတယ်။ ဆရာဝန်ဘွဲ့ကိုယူပြီးမှ MBA တက်ပြီး Marketing ဘက်ကို ပြောင်းလိုက်တဲ့ လူတွေလည်းရှိတယ်။ အခုက ဘဏ်တွေမှာလည်း အလုပ်ကိုင်အခွင့်လမ်းများလာတဲ့အတွက် Field ပြောင်းတဲ့ လူတွေများလာပြီ။ မြန်မာနိုင်ငံက ပညာရေးစနစ်က ဘာတွေပဲဖြစ်နေဖြစ်နေ တကယ်တော်တဲ့ကျောင်းသားက သူတို့လမ်းကို သူတို့ကိုယ်တိုင်ဖောက်သွားတယ်။ အင်္ဂလိပ်စကားပုံ တစ်ခုရှိတယ်လေ။ ‘မင်းအိပ်နေတဲ့အချိန်မှာ မင်းသူငယ်ချင်းကတော့ ကြိုးစားနေတယ်’ တဲ့။
ဒေါ်ခင်နှင်းစိုး College Director and Principal Myanmar Metropolitan College နိုင်ငံတကာမှာ MBA တက်တဲ့သူတွေဟာ နယ်ပယ်အသီးသီးက Working Professionals တွေနဲ့ တွေ့ပြီး လုပ်ငန်းအတွေ့အကြုံတွေ၊ Idea တွေဖလှယ်လို့ရဖို့၊ Networking အသစ်တွေရဖို့အတွက် ရည်ရွယ်ပြီး တက်ကြပါတယ်။ တချို့ဆိုရင် သင်တန်းမှာတွေ့ကြခင်ကြပြီး Idea အသစ်တွေ ရလာရာကနေ လုပ်ငန်းအသစ်တွေပါ ပူးပေါင်းလုပ်သွားကြတာမျိုးတွေ ရှိပါတယ်။ MBA သင်တန်းကို တော်တော်များများက အချိန်ပိုင်းပဲ တက်လေ့ရှိကြပါတယ်။ အချိန်ပိုင်းတက်တော့မှလည်း တကယ့်လုပ်ငန်းခွင်က လူတွေလာမယ်။ ပြီးတော့သူတို့တွေနဲ့ Industry ထဲမှာဖြစ်နေတဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးနိုင်ကြမှာဖြစ်တာကြောင့် အချိန်ပိုင်းတက်တဲ့အရေအတွက်က အချိန်ပြည့်တက်တဲ့ အရေအတွက်ထက် ပိုပြီးတော့များပါတယ်။ မြန်မာပြည်မှာရှိတဲ့ MBA သင်တန်းတွေမှာ အချိန်ပိုင်းလည်းတက်လို့ရတာကြောင့် အလုပ်လုပ်ရင်းနဲ့လည်း ကျောင်းတက်လို့ရတဲ့အပြင် နိုင်ငံခြားမှာထက်စာရင်လည်း ငွေကုန်ကြေးကျ အများကြီးသက်သာလာစေတယ်။ နောက်ပြီး လက်ရှိမှာမြန်မာပြည်ကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေလည်း ဝင်လာနေပြီဖြစ်တာကြောင့် MBA တက်တာဟာ အများကြီးအကျိုးရှိစေပါတယ်။ အခုဆိုရင် နိုင်ငံခြားသွားစရာမလိုတော့ဘဲ မြန်မာပြည်မှာတင် MBA သင်တန်းတွေတက်လို့ ရလာတာကြောင့် လူငယ်တွေအတွက် တအားအကျိုးရှိပါတယ်။
ဒေါ်ပို့ပို့ကြည် Managing Director Myanmar Imperial College အခုအခါမှာ လူငယ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ MBA တက်ဖို့ အခွင့်အရေးတွေရှိလာတာက သူတို့တွေအတွက် ကြောက်ဖို့လည်းကောင်းသလို၊ ကျေနပ်စရာလည်း ကောင်းပါတယ်။ ဘာလို့ကြောက်ဖို့ကောင်းတာလဲဆိုရင် အရင်က ဒီလိုအခွင့်အရေးမျိုးကို လူတိုင်းမရနိုင်တဲ့အတွက် ကိုယ်မရလည်း သိပ်ကိစ္စမရှိဘူးဆိုပေမဲ့ အခုတော့ဒီလိုအခွင့်အရေးကို လူတိုင်းက ရနေတာဖြစ်တဲ့အတွက် ကိုယ်မရရင် ကိုယ်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ နောက်ပြီး MBA တက်ထားတဲ့ လူတစ်ယောက်ဟာ ရေရှည်ကို ပိုကြည့်နိုင်တယ်။ အမြင်လည်း ပိုကျယ်တာကြောင့် လုပ်ငန်းအောင်မြင်ဖို့အတွက်ကို ပိုပြီးလွယ်ကူတယ်ဆိုတာတွေ့ရပါတယ်။
Mr Barry Hayes Senior Lecturer TEMASEK International College ဒီနေ့အချိန်အခါမှာ နိုင်ငံတကာကုမ္ပဏီတွေကလည်း အသီးသီးဝင်လာနေတဲ့အပြင် သူတို့အနေနဲ့ ဝန်ထမ်းရှာဖွေရာမှာလည်း သူတို့ရဲ့လုပ်ငန်းတွေမှာ တိုးတက်အောင်ကူညီပေးနိုင်ပြီး Future Leader တွေဖြစ်ဖို့ အလားအလာရှိတဲ့သူတွေ၊ အရည်အချင်းပိုင်း ဆိုင်ရာမှာ နိုင်ငံတကာအသိမှတ်ပြုတဲ့ Degree (အထူးသဖြင့် MBA) ရရှိထားတဲ့သူတွေကို ဦးစားပေးရှာဖွေလာတာကိုတွေ့ရပါတယ်။ International Practical Skill တွေနဲ့ International Management Subject တွေကိုလေ့လာထားခြင်းအားဖြင့် လိုအပ်တဲ့အသိပညာတွေကိုရရှိပြီး မိမိတို့ဝင်ရောက်လုပ်ကိုင်မယ့် Industry အလိုက် စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေနိုင်မှာပါ။
Dr Jakarin Srimoon Dean of International College University of the Thai Chamber of Commerce (UTCC) မြန်မာကျောင်းသားတွေကိုတွေ့ရတဲ့ အားသာချက်တွေအနေနဲ့က စိတ်အားထက်သန်ပြီး လျင်လျင်မြန်မြန်နဲ့ တက်တက်ကြွကြွ သင်ယူလိုစိတ်ရှိတာကို တွေ့ရပေမဲ့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုအပိုင်းမှာ အားနည်းတာကို မြင်မိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အမြင်၊ အတွေ့ကြုံပိုင်းဆိုင်ရာတွေနဲ့ စိတ်ကူးအကြံဉာဏ်တွေကို ဝေမျှသွားနိုင်တဲ့ အလေ့အကျင့်ကောင်းတွေရရှိဖို့နဲ့ ကိုယ်တိုင်ပါဝင်ဆွေးနွေးလာကြဖို့စတာတွေ အားပေးလုပ်ဆောင်နေပါတယ်။ ဒါမှသူတို့ဘွဲ့ရပြီးတဲ့အခါမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ ပိုပြီး Confidence ရှိလာနိုင်မှာပါ။ အယ်ဒီတာအဖွဲ့
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း