အောက်တိုဘာလ ၁၆ ရက်နေ့က Jasmine Palace Hotel မှာပြုလုပ်ခဲ့တဲ့ Thai-Myanmar Open AEC Market ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို Thai-Myanmar Business Council မှ ကြီးမှူးစီစဉ်တာဖြစ်ပြီး ပွဲမှာ Thai-Myanmar Business Council မှ Chairman Mr Panitarn Pavarolavidya က ပွဲနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး ပွဲကိုတက်ရောက်လာကြတဲ့ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များက သူတို့လုပ်ငန်းများအကြောင်းကို တစ်ဦးချင်းစီရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီပွဲကို ထိုင်းနိုင်ငံမှ လုပ်ငန်းရှင် ၁၁ ဦးနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၁၀ ဦး တက်ရောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှ Food Colors ၊ Swizsi ၊ Sprocket Cam/Drive ၊ Drilling-Thread Cutting Machine ၊ Fashion & Gift ၊ Health Products ၊ Library/Document Storage/ Retail Shelving ၊ Printing/ Artbox ၊ Lift plaforms စတဲ့ အမျိုးမျိုးသောနယ်ပယ်များက လုပ်ငန်းရှင်များပါဝင်ပါတယ်။
ပွဲမှာ ထိုင်းနိုင်ငံမှလုပ်ငန်းများအကြောင်းကို Online ကတစ်ဆင့် လေ့လာနိုင်မယ့် Website ဖြစ်တဲ့ ftiebusiness.com အကြောင်းကိုလည်း အဲဒီနေ့က ရှင်းလင်းပြသခဲ့ပါတယ်။ အဲဒီ Website ဟာ The Federation of Thai Industry ကနေ လွှင့်တင်ထားတာဖြစ်ပြီး မြန်မာနိုင်ငံက လုပ်ငန်းလုပ်ကိုင်လိုသူများအနေနဲ့ အဲဒီ Website ကနေတစ်ဆင့်လေ့လာကာ ဆက်သွယ်လုပ်ငန်း လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ Site ကို ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား ၂ မျိုးနဲ့အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် Google Translate ကိုအသုံးပြုကာ အင်္ဂလိပ်လို ဝင်ရောက်လေ့လာကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။
Ms Suchasinie Kusuma Na Ayudhya
Sales & Marketing Manager
Kusuma Intertrading Co Ltd
အရည်အသွေးကောင်းပြီး ဈေးနှုန်းလည်းသင့်တင့်တဲ့ စက်ပစ္စည်းတွေကို ရွေးချယ်ပြီးတင်သွင်းရောင်းချပါတယ်။ (Magnet Base Power Drilling-Thread Machine) ပုံမှန်ဆိုရင်တော့ ကျွန်မတို့ ဥရောပနဲ့ အမေရိကန်နိုင်ငံ ကနေ မှာယူပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံကနေတစ်ဆင့် ပြန်လည်ဖြန့်ဖြူးပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျွန်မတို့ ပစ္စည်းတွေသုံးတဲ့သူတွေ ရှိနေပါပြီ။ လောလောဆယ်တော့ ရန်ကုန်မှာ ကျွန်မတို့နဲ့ Partner ကုမ္ပဏီ မရှိသေးပါဘူး။ ဘယ်သူတွေနဲ့လက်တွဲလုပ်သွားနိုင်မလဲဆိုတာကို ကျွန်မတို့လာရောက်လေ့လာတာပါ။ ကျွန်မတို့ရောင်းချပေးတဲ့ စက်ပစ္စည်းတွေက ဈေးနှုန်းအားဖြင့် မြင့်တာဖြစ်လို့ မဝယ်ယူခင်မှာ Customer တွေက သေချာလေ့လာမေးမြန်း စစ်ဆေးလေ့ရှိပါတယ်။ ဒါကြောင့် Mechanical လုပ်ငန်းပိုင်းနဲ့ပတ်သက်လို့ အတွေ့အကြုံရှိပြီးသား လုပ်ငန်းမျိုးနဲ့ လက်တွဲလုပ်ချင်ပါတယ်။ ဒါမှလည်း Customer တွေဆီက မေးမြန်းလာတာတွေ၊ ပြဿနာတွေကို ကူညီအဖြေရှာပေးနိုင်တဲ့ ပညာရပ်ဆိုင်ရာ ဗဟုတုတရှိမှာပါ။
Mr Prateep Romfahthai
CEO
LPI Enterprise Co Ltd
www.lpi.co.th
Inventory Document တွေကနေစလို့ Warehousenf Material တွေအတွက်ပါ Storage နဲ့ Retrieval System တွေကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Logistic လိုအပ်ချက်များတဲ့ ကုမ္ပဏီကြီးတွေကို ဝန်ဆောင်မှုပေးလာတာ ၁၅ နှစ်နီးပါးရှိပါပြီ။