ထိထိရောက်ရောက် ရှင်းလင်းတင်ပြတတ်ဖို့

မိမိရဲ့ရောင်းကုန်ပစ္စည်းတွေအကြောင်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုအကြောင်းတွေကို Power Poing အစရှိတဲ့ ဆော့ဖ်ဝဲတွေ အသုံးပြုပြီး လူအများသိသွားအောင် ရှင်းလင်းတင်ပြရာမှာထိရောက်အောင်မြင်စေနိုင်တဲ့ အချက်ဆယ်ချက်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။ article landscape wartermark final  

၁။ ရှင်းလင်းတင်ပြပေးမယ့်အကြောင်းအရာကို သိထားဖို့ လိုတယ်

အဲဒီလို စေ့စေ့စပ်စပ်သိထားရင် အေးအေးဆေးဆေး သက် သောင့်သက်သာ ပြောသွားလို့ရတယ်။ နားထောင်တဲ့ ပရိသတ်က သင်ဟာတကယ်တတ်သိနားလည်တဲ့သူ တစ် ယောက်ဖြစ်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ လာကြတာဖြစ် တယ်။ ဒါပေမဲ့ သင်တတ်သိနားလည်ထားတာတွေကို အား လုံးအိတ်သွန်ဖာမှောက် ပြောချလိုက်တာမျိုး မလုပ်ပါနဲ့။ ပရိသတ်တွေ ခေါင်းရှုပ်သွားနိုင်တယ်။ သူတို့ စိတ်ဝင်စားတဲ့ အချက်သုံးချက်လောက်ဆိုရင် သင့်လောက်ပြီ။ ဒီထက်ပို သိချင်ရင်တော့ မေးပါစေ။  

၂။ သူတို့ကို သိစေချင်တာကဘာလဲ၊ အဲဒါကို ရှင်းရှင်းလင်း လင်းနားလည်သွားအောင် ပြောပါ

ဒါနဲ့ပတ်သက်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက သုံးစွဲ လိုက်နာလာခဲ့တဲ့ အောက်ပါ အချက်သုံးချက်ရှိပါတယ်။ (က)    သင်ပြောချင်တဲ့အကြောင်းအရာကို ပထမဆုံး အစပျိုး ထားပါ။ အကျဉ်းချုပ်ပြောထားပေးဖို့ ဖြစ်တယ်။ (ခ)     အဲဒီနောက် အသေးစိတ် အကျယ်တဝင့် ပြောပါ။ (ဂ)     ပြောပြီးတာတွေကို ဝါကျအနည်းငယ်နဲ့ အကျဉ်းချုံး ပြောပေးပါ။  

၃။ ရုပ်ပုံကားချပ်တွေနဲ့ရှင်းပြပါ

ရုပ်ပုံကားချပ်တွေနဲ့ ရှင်းပြတဲ့အခါ သဘောပေါက်လွယ် လေ့ရှိတယ်။  

၄။ ရုပ်ရှင်မင်းသား၊ မင်းသမီးသာဆိုရင် ပွဲမဝင်ခင် ဇာတ် တိုက်လေ့ကျင့်ထားမှာဖြစ်တယ်

အခုတင်ပြပြောဆို ရတဲ့အလုပ်ဟာလည်း ဒါနဲ့ သိပ်မကွာဘူး။ ဒါလည်း ပွဲ ပဲလေ။ ဒီတော့ လူတွေရှေ့မှာလေ့ကျင့်ထားတာ ပိုကောင်းတာပေါ့။ ဒါမှဘယ်ဟာကတော့ အချိုးပြေတယ်။ ဘယ်ဟာကတော့ဖြင့် အချိုးမပြေဘူးဆိုတာ သိသွားနိုင်တယ်။ အပြင်မှာ အပြောအဆိုကြိုတင်လေ့ကျင့်ထားရင် တကယ်ပြော ရတဲ့အခါ အေးအေးဆေးဆေးရှိမှာဖြစ်သလို  အချက်အ လက်တွေကိုပဲ အလွတ်ပြန်ရွတ်ပြပေးနေတာမျိုးလည်း မဖြစ် နိုင်တော့ဘူး။   article landscape wartermark final5

၅။ ကိုယ်ပြောရမယ့်အခန်းထဲမှာ လေ့ကျင့်ပါ

ကိုယ့် အိမ်မှာ၊ ဒါမှမဟုတ် ကိုယ့်ရုံးခန်းထဲမှာ လေ့ကျင့်လို့ အဆင်ပြေနိုင်ပေမဲ့ တကယ်ပြောရမယ့်အခန်းထဲမှာကျတော့ အဆင်ပြေချင်မှပြေမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ တကယ် ပြောရမယ့်အခန်းထဲဝင်ပြီး အခန်းရဲ့အနေအထား စတာတွေနဲ့ ရင်းနှီးအကျွမ်းဝင်သွားအောင်လုပ်ပါ။ ပရိသတ်တွေ ထိုင် တဲ့ထိုင်ခုံတွေမှာ မိမိကိုယ်မိမိ ပရိသတ်တစ်ယောက်အဖြစ် သဘောထားပြီး ထိုင်ကြည့်ပါ။ ဒီတစ်ခါ တကယ်တမ်း မီး ရောင်အောက်မှာ စကားပြောရပြီဆိုတဲ့အခါကျတော့ ဘယ် နေရာမှာ လမ်းလေးလျှောက်လို့ရတယ်၊ မတ်တတ်ကလေး ရပ်လို့ရတယ်ဆိုတာ သိသွားနိုင်တယ်။ ပြောတဲ့အခါ သုံးရ တဲ့လျှပ်စစ်ပစ္စည်းတွေကိုလည်း စစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့။ လျှပ်စစ်မီးကြိုးပလပ်ပေါက်တွေ လုံလုံလောက်လောက် မရှိ တတ်ဘူး။ ဒါကြောင့် ဆက်သွယ်ဖို့ မီးကြိုးအရှည်တို့၊ မီးလုံးတို့၊ ပြစက်တို့ဆိုတာတွေပါ ယူသွားသင့်တယ်။  

၆။ တစ်ယောက်စာ စကားပြောစင်မြင့်ကို အားမကိုးပါနဲ့

စင်မြင့်ပေါ်မှာ မတ်တတ်ရပ်လက်တင်ပြီး စကားပြောရတာ ထက် လွတ်လွတ်လပ်လပ်ပရိသတ်ကြားထဲ လမ်းလျှောက် ရင်း စကားပြောသင့်ပါတယ်။ စင်မြင့်ပေါ်မှာ ဆိုရင်လည်း တစ်နေရာတည်းမှာနေပြီး ပြောတာထက် နေရာရွှေ့ရွှေ့ပြီး ပြောတာပိုကောင်းတယ်။ ဒါမှပရိသတ်ကို ဆွဲဆောင်နိုင်မှာ ဖြစ်သလို မိမိဟာ သူတို့အတွက်  အလွယ်တကူပြောဆို မေးမြန်းနိုင်သူတစ်ယောက်ပါလားဆိုတာ သူတို့ ယူဆသွား မှာဖြစ်တယ်။ ဆလိုက်ထိုးပြဖို့အတွက် လိုအပ်ရင်Remote Contol ကိုသုံးပါ။  

၇။ ပရိသတ်ကို စကားပြောပါ

တချို့ရှင်းလင်းတင်ပြကြသူတွေဟာ မိမိ တို့အိမ်ကယူလာတဲ့ မှတ်စုတွေကိုပဲ ဖတ်ပြနေတတ်တယ်။ ပိုဆိုးတာကPower Point နဲ့ ထိုးပြထားတာတွေကိုပဲ ဖတ်ပြနေတာမျိုး ဖြစ်တယ်။ သူတို့ကို ဖတ်ပြဖို့မလိုဘူး။ သင်ပြောတာကို ကြားချင်လို့ လာကြတာဖြစ်တယ်။   article landscape wartermark final4

၈။ ဖြည်းဖြည်းမှန်မှန်လေး ပြောရှင်း ပါ

ဖြည်းဖြည်း မှန်မှန်လေးပြောရင်း ပရိသတ်ထဲက သိချင်တာ ရှိရင် ဖြေကြားပေးနိုင်ဖို့လည်း အဆင်သင့်လုပ်ထားပါ။ ဒါကတော့ အမှတ်စဉ် (၁) တုန်းက ပြောခဲ့တဲ့အတိုင်းပါပဲ။ ရှင်းလင်းတင်ပြအပြီး မေးခွန်းမေးခွင့်ပြုပေးပါ။ ကိုယ်က လည်း သူတို့ကိုပြန်မေးဖို့ အသင့်ရှိပါစေ။ ဒါဟာ ရင်းနှီးစေ နိုင်တဲ့ နည်းပဲ။   article landscape wartermark fina2l

၉။ PowerPoint  ကို သုံးတယ်ဆိုရင်တော့

Slide အမျိုးမျိုးကို မြန်မြန်ဆန်ဆန် ပြောင်းလဲသုံးနိုင်အောင် လေ့ကျင့်ထားပါ။  

၁၀။ အစားထိုးဖို့ စီစဉ်ထားပါ

ရှင်းလင်းတင်ပြပွဲအတွက် မမျှော်လင့်တဲ့အခက်အခဲလေးတွေ ရှိတတ်တယ်။ ကိုယ့်ရဲ့ Projector က မီးလုံးပျက်သွား တာမျိုးဖြစ်ဖြစ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းထည့်ထား တဲ့အိတ် မေ့ကျန်ခဲ့တာမျိုးဖြစ်ဖြစ်၊ တွေ့ကြုံရတဲ့အခါ ပွဲမ ပျက်ရအောင် ပြောစရာရှိတာပြောသွားနိုင်အောင် လုပ်ထား ပါ။ လက်တန်းပြောနိုင်ဖို့လိုတယ်။ ဒါမှလည်း ပရိသတ် တွေ လာရကျိုးနပ်မှာဖြစ်တယ်။  

ညွန့်သောင်း