တိုးတက်လာသည့် မြန်မာ့ စီးပွားရေးနှင့် ရှင်းလင်းသည့်ကစားကွင်းစည်းမျဉ်းများ

map_big copy

မြန်မာ့စီးပွားရေးသည် အရှိန်အဟုန်ဖြင့် အဆက်မပြတ် တိုးတက်လျက်ရှိနေရာ ၂၀၁၃ ခုနှစ်အတွက် အမျိုးသား တစ် ဦးချင်GDP  သည် အမေရိကန်ဒေါ်လာ ၈၈၄ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရပြီး၊ ၂၀၁၂ နှင့် ၂၀၁၁ အတွက် ခန့်မှန်းထား ချက်များထက် ၆ ရာခိုင်နှုန်းပိုကြောင်း တွေ့ရှိ ရပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိစာရင်းများအရ မြန်မာ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၄၂ ဘီလီယံခန့် ရှိလာပြီး၊ အဓိကအားဖြင့် စွမ်းအင်၊ ရေနံနှင့်သဘာဝဓါတ်ငွေ့၊ သတ္တုတူးဖော် ရေးနှင့် ကုန်ထုတ်လုပ် ရေးကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြ ကြောင်းတွေ့ရှိရပါသည်။ ဖြစ်ပေါ်နေ သည့် စီးပွားရေးအခြေ အနေကောင်း များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ သည်ဆက်လက်ပြီး ယခုအတိုင်း နိုင်ငံ ရေးတည်ငြိမ်မှု ရှိနေမည်ဆိုပါက စီးပွားရေးသည်လည်း ဆက်လက်ဖွံ့ဖြိုး ဦးမည်သာဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက် လာရေးအတွက် ကောင်းသော အခြေအနေများမှာ နိုင်ငံ့လူဦးရေ ခန့် မှန်းခြေ သန်း ၆၀ ကျော်ခန့်ရှိခြင်း၊ များပြားသော သဘာ၀ သယံဇာတများရှိခြင်း၊ အားသာသည့် ပထဝီအနေအထားရှိခြင်း၊ စီးပွားရေးပိတ်ဆို့ထားမှု အများစုကို ဖယ်ရှားနိုင်လိုက်ပြီဖြစ်ခြင်းနှင့် ကမ္ဘာတွင်ရင်းနှီးမြှုပ် နှံလိုသည့် အဖွဲ့အစည်းများက မြန်မာနိုင်ငံသည် အာရှတွင် နောက်ဆုံး ထွန်းတောက်လာမည့် ဈေးကွက်ဟု ယူဆခြင်းတို့ ကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်အစိုးရသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အားပေးသည့် လုပ်ဆောင်ချက်များစွာ ကိုဆောင် ရွက်လျက်ရှိပါသည်။ ဦးစွာနိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန် အတွက် လိုအပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာစေမည့်ပေါ်လစီများ ကိုချမှတ်ပြီး အားပေးနေ ပါသည်။ နိုင်ငံခြား အရင်းအနှီး နှင့်ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက် မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဤလိုအပ်ချက်ကို သိရှိသဖြင့်လည်း မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ရင်းနှီး မြှုပ်နှံမှုတိုးတက်လာစေရန်အတွက် အားပေးဆောင်ရွက်လျက် ရှိနေပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးသည့် အဓိကပင်မမဏ္ဍိုင်တစ်ခုမှာ ရင်းနှီးမြှုပ်နှံသူတို့အတွက် ထင်သာမြင်သာစေမည့်စည်းမျဉ်း၊ စည်းကမ်းများရှိရန် လိုအပ်ပါသည်။ ကစားကွင်းတစ်ခုနှင့် ပမာပြုလျင် ပါဝင်ကစား မည့်သူများ ရှင်းလင်းစွာ နားလည်နေစေရန် ကစားနည်း၊ စည်းမျဉ်း၊ စည်းကမ်းများသည် ရှင်းလင်းရန် လိုအပ်ပါမည်။ ဤဥပမာနှင့်ပင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ဥပဒေရှု ထောင့်မှ ကြည့်မည်ဆိုလျင် ၁ နိုင်ငံတကာကုမ္ပဏီများအနေ ဖြင့် စက်မှုလုပ်ငန်းဈေးကွက်အတွင်း ဝင်ရောက်ခြင်းကို မည်သည့်ပုံစံဖြင့် မည်သို့ဝင်ရောက်လုပ်ကိုင်ခွင့်ရှိကြောင်း၊ ၂ ဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်ပြီးပါက ယင်းတို့၏လုပ်ငန်းလည်ပတ်ရာ၌ လိုက်နာရမည့် စည်းမျဉ်း၊ စည်း ကမ်းများ၊ ၃ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုလိုက်နာရ မည့် စည်းမျဉ်း၊ စည်းကမ်းများ ပြောင်းလဲသွားမည်မဟုတ်ဟု ထိုက်သင့်သည့် ယုံကြည့်မှုရှိခြင်းနှင့် ၄ စည်းမျဉ်း၊ စည်း ကမ်းနှင့်အညီ ကြီးကြပ်သည့်အခါ မျတမှုရှိခြင်းတို့ ဖြစ်ပါ သည်။ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကစားကွင်း၏ စည်းမျဉ်း၊ စည်းကမ်းများ ရှင်းလင်းပြီး အ များသဘောပေါက်နားလည်စေရန် မပြတ်ကြိုးစားဆောင် ရွက်လျက်ရှိရာ လိုအပ်သည့် ဥပဒေသစ်များ ရေးဆွဲပြဋ္ဌာန်း လျက် ရှိပါသည်။ သို့သော် ဤလုပ်ငန်းစဉ်ကြီးမှာ လွယ်ကူ လှသည် မဟုတ်ပါ။ လမ်းကြောင်းတစ်လျောက်တွင် ဖြတ် သန်းကြုံတွေ့ရမည့် အကွေ့အကောက် အလှည့်အပြောင်း များလည်း ရှိပါမည်။ အခိုင်အမာ တိုးတက်မှုများကို ပြသရမည်ဆိုလျင် အထင်ရှားဆုံးသော တိုးတက်မှုများမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ(FIL)  ၊ အမျိုးသားစီမံကိန်းနှင့် စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၁၁/၂၀၁၃ နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်  (MIC)  မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်နေ့ ဥပဒေ  (FIL)  သည်နိုင်ငံတကာကုမ္ပဏီများက    ဝင်ရောက်လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများနှင့် လုပ်ငန်းအမျိုးအစားများကို အောက်ပါအတိုင်း စာရင်းများခွဲခြားပြီး ဖော်ပြခဲ့ခြင်းသည် အမိန့်ကြော်ငြာစာ၏ အရေးပါသည့် အားသာချက်တစ်ခုဖြစ်ပါသည်။   စာရင်း ၁ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုသည့် စီးပွားရေး လုပ်ငန်း အမျိုးအစားများစာရင်း အဆိုပါစာရင်းတွင် ကာကွယ်ရေးကဏ္ဍ၊ လူသား တို့အား ထိခိုက်မှုဖြစ်စေသည့် ဓာတုဗေဒပစ္စည်းများ ထုတ် လုပ်ခြင်း၊ တင်သွင်းခြင်း၊ ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ လုပ် ငန်းများ၊ လျပ်စစ်ဓာတ်အား ကုန်သွယ်ခြင်း လုပ်ငန်းများ၊ ကျောက်စိမ်းရှာဖွေ/ထုတ်လုပ်ခြင်းလုပ်ငန်းများစသည်တို့ ဖြစ်ပါသည်။ စာရင်း ၂ နိုင်ငံသား/ နိုင်ငံသားပိုင် ကုမ္ပဏီများနှင့် ဖက်စပ် စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများစာရင်း (ဖက်စပ်လုပ်ကိုင်ရာတွင် 'နှစ်ဦး နှစ်ဖက် သဘောတူညှိနှိုင်းသည့်' အချိုးအတိုင်း ဖြစ်ရမည်ဟု ပြုဋ္ဌာန်းထားပါသည်။) ဤစာရင်းတွင် အစားအသောက်နှင့်အဖျော်ယမကာ ထုတ်လုပ်ခြင်း၊ အထွေထွေကုန်ထုတ်လုပ်မှု၊ ကြီးမားသော သတ္တုရှာဖွေ တူးဖော်ခြင်းလုပ်ငန်းများ၊ ထုပ်ပိုးခြင်း၊ လူနေ အိမ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ရောင်းချခြင်း၊ ဆေးရုံလုပ်ငန်းများနှင့် ခရီးသွားလာရေးလုပ် ငန်းများ စသည်တို့ဖြစ်ပါ သည်။ စာရင်း ၃ သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေ တစ်ရပ်ရပ်ဖြင့်ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ် ငန်းအမျိုးအစားများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ဖြင့်ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်း အမျိုးအစားများ၊ ဥပဒေလေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ၊ သင်္ဘောကျင်းလုပ်ငန်းနှင့် ပြည်တွင်းရေ ကြောင်းသွား လာရေးလုပ်ငန်းများတွင် အစိုးရ၏ သီးခြားခွင့်ပြုချက်ဖြင့်သာ ရင်းနှီးမြှုပ်နှံနိုင်ပါသည်။ စာရင်း ၄ အခြားခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွား ရေးလုပ်ငန်းအမျိုးအစားများစာရင်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်၊ သို့မဟုတ် လူမှုရေးထိခိုက်မှုဆန်းစစ်ချက်ရယူရန် လိုအပ်သည့် လုပ်ငန်းများ၊ ဥပမာ- ဆောက်လုပ်ရေးစီမံကိန်း၊ လက်လီရောင်းချ ခြင်းလုပ်ငန်းများတွင် စူပါမားကက်များ (Super Markets)၊ ဈေးဝယ်ကုန်တိုက်ကြီးများ (Shopping Center)  နှင့် စတိုး ဆိုင်ကြီးများ(Department Store)  ကိုသာ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ခွင့်ပြုခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (FIL)  ကိုကြီးကြပ်သည့် အစိုးရ အဖွဲ့အစည်းဖြစ်ရာ အထက်ဖော်ပြပါ ကန့်သတ်ချက်များကို ခြွင်းချက်ဖြင့် ခွင့်ပြုနိုင်သည့် လုပ်ပိုင်ခွင့်အာဏာ လည်း ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အစိုးရတာဝန်ရှိသူများနှင့် ပုဂ္ဂလိကများ ပါဝင်ဖွဲ့စည်းထားပြီး၊ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ အလားအလာကို လိုလားသော၊ ပံ့ပိုးထောက်ခံမှုကို ရယူရန်မျော်လင့်ထားသော်လည်း နိုင်ငံတကာမှ လေ့လာသူများ၏ ထင်မြင်ယူဆချက်မှာ အချို့စီးပွားရေး လုပ်ငန်းများတွင် အစိုးရပေါ်လစီဖြင့် ကန့်သတ်ချက်များ များပြားနေခြင်းသည် ရင်းနှီးမြှုပ်နှံလိုမှုကို အဟန့် အတားဖြစ်စေသည် ဟုဆိုပါသည်။ အစိုးရ၏ ပေါ်လစီအရ တားမြစ်ကန့်သတ် ထားပြီး၊ မြန်မာနိုင်ငံသားများနှင့် နိုင်ငံသားပိုင်ကုမ္ပဏီများ အတွက်သာ ''သီးခြားကန့်သတ်'' ထားသည့်အဓိကကဏ္ဍများမှာ ဘဏ်နှင့်ငွေကြေးဆိုင်ရာလုပ်ငန်းများ (အသေးစား ငွေချေးမှုမှလွဲ၍)၊ အာမခံလုပ်ငန်းအမျိုးမျိုး၊ လျပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပညာရေး၊ မော်တော်ကားရောင်းဝယ်ရေး၊ ကုန်ရောင်းဝယ်မှု (MIC၏ခွင့်ပြုချက်ဖြင့် နိုင်ငံသားနှင့် ဖက်စပ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို  လက်ကားရောင်းဝယ်ဖောက်ကားခြင်းမှအပ)၊ ကုန်စည် ဖြန့်ဖြူးရေး MIC  ၏ပို့ကုန်/သွင်းကုန်လုပ်ငန်းများ၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများ၏ ရည်မှန်း ချက်ထား၍ ဆောင်ရွက်နေသည်ဖြစ်ရာ၊ ဤစီးပွားရေးလုပ်ငန်း နယ်ပယ်များအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများဝင် ရောက်ခြင်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များသည် လာမည့် နှစ်များအတွင်း လျော့ကျသွားလိမ့်မည်ဟု ခန့်မှန်း ရပါသည်။ ဥပမာအားဖြင့် အစိုးရသည် ဘဏ်နှင့်အာမခံ လုပ်ငန်း ကဏ္ဍများတွင် နိုင်ငံခြားဘဏ်နှင့် အာမခံလုပ်ငန်း များ စီမံချက်နှင့်အညီ တစ်ဆင့်ချင်း ဝင်ရောက်လာရေးဆိုင်ရာ အစီအစဉ်များကို ထုတ်ပြန်ကြေညာပြီးဖြစ်ရာ ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊ ဒုတိယအဆင့်တွင် ရုံးခွဲများ ဖွင့်ပြီး အကန့်အသတ်ဖြင့် ဝန်ဆောင်မှုများပြုလုပ် ခွင့်ပေး ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဝန်ဆောင်မှုအပြည့်အ၀ ပေးနိုင် စေမည့်လိုင်စင်များကို နိုင်ငံခြားကုမ္ပဏီများ အား ထုတ်ပေး လိမ့်မည်ဟု မျော်လင့်ရပါသည်။ အစိုးရအနေဖြင့် မကြာသေးမီက အခြားဥပဒေ သစ်များကို ပြဋ္ဌာန်းခဲ့ရာ နိုင်ငံခြားငွေ လဲလှယ်မှု စီမံခန့်ခွဲ ရေးဥပဒေ ၂၀၁၂ ခုနှစ်FEML ဗဟိုဘဏ် (CBM) ၏ထိန်းချုပ်မှုများတင်းကျပ်လွန်းသည့် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းများအက်ဥပဒေ (၁၉၄၇) ကို အစားထိုးဝင်ရောက် လာပါသည်။ ဥပဒေသစ်အရ နိုင်ငံခြားငွေပေး ချေမှုများကို အမျိုးအစားနှစ်မျိုးခွဲခြားထားပြီး တစ်မျိုးသာလျင် ဗဟိုဘဏ် ၏ခွင့်ပြုချက်ကို ရယူရန် လိုပါသည်။ မကြာသေးမီက ၂၀၁၃ ခုနှစ် ဗဟိုဘဏ်ဥပဒေ ကို ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ဗဟိုဘဏ်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ကန့်သတ်မှုများ လျော့လာပြီး ကိုယ် ပိုင်လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပိုမိုများပြားလာသလို နိုင်ငံခြား ငွေလဲလှယ်ရေးအပါအဝင် ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေ ဈေးကွက်တို့တွင်လည်း တာဝန်များ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှိလာပါသည်။ ၂၀၁၃ ခုနှစ်Security Exchange Law  ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ၃၁ ရက်နေ့တွင် နောက်ဆုံးပြဋ္ဌာန်း လိုက်ပါသည်။ ယင်းဥပဒေသည် မြန်မာနိုင်ငံတွင် စတော့ ဈေးကွက် ထူထောင်နိုင်ရေးအတွက် အရေးကြီးသော ဥပဒေ အခြေခံတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံစေရန်အတွက် အရေးကြီး သည့် အပေါင်းလက္ခဏာတစ်ရပ် ဖြစ်ပါသည်။ အခြားအရေးပါသော ခြေလှမ်းတစ်ခုမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ၁၅ ရက်နေ့က မြန်မာနိုင်ငံသည် New York Conventin on the Recognition and Enfrocement of Foreign Arbitral Awards ကို ဝင်ရောက်လာသည့် ၁၄၉ နိုင်ငံမြောက်ဖြစ်ပါသည်။ ဤကဲ့သို့ဆောင်ရွက်နိုင်ခြင်း သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဥပဒေရေးရာ ပြုပြင်ပြောင်း လဲမှုတွင် အရေးပါသောလုပ်ဆောင်ချက်တစ်ရပ် ဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာမှ ကုမ္ပဏီ များသည် ခုံသမာဓိဖြင့် ညှိနှိုင်းဖြေရှင်းမှုကို စင်ကာပူနိုင်ငံ ကဲ့သို့သော ကြားနေတတိယနိုင်ငံတွင် ပိုမိုဆောင်ရွက်လို ကြ၍ဖြစ်ပါသည်။ အထက်ဖော်ပြပါတို့သည် အပြုသဘောဆောင် သည့်ခြေလှမ်းများဖြစ်သည်။ သို့ရာတွင် ပိုမို၍အသေး စိတ် ဆန်းစစ်မည်ဆိုပါက (ဥပမာ-FEMLတွက် နည်း ဥပဒေနှင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းမရှိသေး ခြင်း) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပိုမိုတိုးတက်စေရန် နောက် ထပ်ဆောင်ရွက်မှုများ လိုအပ်သေးသည်ဟု ယူဆသူများ လည်းရှိပါသည်။ အချုပ်ဆိုရပါလျင် မြန်မာနိုင်ငံသည် တစ်နေ့ တခြား မြန်မာနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အားလုံး အတွက် အခွင့်အလမ်းများရှိရာမြေ ဖြစ်လာပြီဖြစ်ပါသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံလိုသူများကို ပိုမိုရှင်းလင်းစွာ သိရှိ စေရန်အတွက် ထပ်မံလုပ်ဆောင်ရန် လိုအပ်သည်များလည်း ရှိပါဦးမည်။ ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်အနေ ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုး တက်မှုကို ဆက်လက်ကြုံတွေ့ နေရမည်ဖြစ်ပါသည်။

ဝီလျံဂရင်း Jr နှင့် ဂျေးမီကက်ဆနိုဗာ

(ဒေါ်ခင်သန္တာ ဘာသာပြန်ဆိုသည်)