News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ဆန်းသစ်တီထွင်ခြင်း Innovation
Editorial
August 26, 2015
Management
သစ်ဆန်းသောအကြံဉာဏ်အတွေးအခေါ်သစ်များဖြင့် ဈေးကွက်တွင်ကျယ်အောင် လုပ်ဆောင်ခြင်း ယခုအခါ Innovation ဝေါဟာရမှာ စီမံခန့်ခွဲမှုတွင် ခေတ်စားနေသောအတွေးနှင့် အကြံပေးမှု ဖြစ်နေသည်။ နည်းပညာနှင့် ခေတ်၏အသစ်အသစ် ဖြစ်ထွန်းမှုများကြောင့် သစ်ဆန်းမှုမှာ မဆုံးနိုင်ဖြစ်နေသည်။ Innovation သည် Invention မဟုတ်ပါ စဉ်ဆက်မပြတ်တိုးတက်မှုရှိခြင်းသည် Innovation Michael Porter ပြောခဲ့သော အဓိကယှဉ်ပြိုင်မှုနည်းနှစ်ခုမှာ ဈေးနှုန်း (Price) နှင့် မတူထူးခြားမှု (Differentiation) ဖြစ်ရာ Innovation မှာ အင်အားအကောင်းဆုံး မတူထူးခြားမှုဟု ဆိုနိုင်မည်ဖြစ်သော်လည်း အတွေ့အကြုံအရ အကျိုးအမြတ်ရမည်ဟု တစ်ထစ်ချ မဆိုနိုင်ပေ။ Innovation မှာ Invention နှင့် အဓိပ္ပာယ်ထပ်တူ မဟုတ်ပါ။ တီထွင်မှုတစ်ခုကို ဈေးကွက်တွင် ရောင်းကုန်အဖြစ် အောင်မြင်မှ Innovation ဖြစ်သည်။ Innovation ဖြစ်ရန် လူတို့၏ အပြုအမူနှင့်သဘောကို ပြောင်းလဲစေရမည်။ အဖွဲ့အစည်းတစ်ခုအတွင်း တီထွင်မှုအတွေးအခေါ်တစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှသာ Innovation ဖြစ်ပေါ်သည။် Innovation ရှိနိုင်ရန်မှာ အမြဲတစေလို စမ်းသပ်မှုရှိရန်လိုသည်။ တစ်နည်းအားဖြင့်ဆိုရလျင် အစဉ်မပြတ် တိုးတက်မှုရှိခြင်းပင်ဖြစ်သည်။
သေးငယ်လွန်း၍ အရေးမပါနိုင်ဟု အတွေးမှား သေးငယ်လွန်း၍ အရေးမပါနိုင်ဟု ယူဆထားသည်များမှ Innovation ဖြစ်လာနိုင်သည်ကို သတိမမူ ဖြစ်တတ်ကြသည်။ မန်နေဂျာများအနေဖြင့် Innovation ကို ဗျူဟာကျရမည်၊ အရေးပါရမည်ဟု သဘောထားခြင်းကြောင့် ပြောင်းလဲရန် အခွင့်အရေးများ ဆုံးရှုံးတတ်ပါသည်။ တီထွင်ဖန်တီးလေ့ရှိသူများ၊ တီထွင်ဖန်တီးလေ့ရှိသောအဖွဲ့များသည် လွတ်လပ်မှုကိုနှစ်သက်ပြီး ဆက်ဆံရေးပုံစံ ကွဲပြားသူများ ဖြစ်တတ်သည်။ သစ်ဆန်းတီထွင်မှု၏ အကျိုးမှာ ချက်ချင်းရလေ့မရှိပေ။ ထို့အပြင် မိမိတစ်ဦးတည်းခံစားရမည် မဟုတ်ဘဲ Innovation ဖြစ်ပေါ်ရန် တွဲဖက်လုပ်ကိုင်ရသူများပါ ဝေမျှခံစားကြရတတ်ပါသည်။ ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ဓ (ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ
Posted On August 30, 2022, By Editorial
ဒီစာကိုမဖတ်ပါနဲ့
Posted On August 7, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း