
Sein Gay Har[/caption]
CSR လှုပ်ရှားမှုတွေစတင်ခဲ့တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက်
ကျွန်တော်တို့ ၁၉၈၅ ခုနှစ် လုပ်ငန်းစတင်ကတည်းကနေ အခုအချိန်ထိ အောင်မြင်မှုရလာတာဟာ ကျွန်တော်တို့ရဲ့ ကြိုးစားမှုအပြင် Customer တွေရဲ့ ယုံကြည်အားထားမှုကို ရရှိထားတာကြောင့်ဖြစ်ပါတယ်။ CSR ဆိုတာ Give & Take ဖြစ်ပါတယ်။ Customer တွေအနေနဲ့ ကျွန်တော်တို့ ဆီမှာ လာဝယ်ရုံသက်သက်မဟုတ်ဘဲ Customer တွေကို ကျွန်တော်တို့ကလည်း ဘာအကောင်းဆုံးပြန်ပေးနိုင်မလဲဆို တာကိုစဉ်းစားပြီး CSR ကို ၂၀၁၀ ပြည့်နှစ်လောက်ကစပြီး သေသေချာချာဆွေးနွေး လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ CSR လှုပ်ရှားမှုတွေကို -
(၁) စီးပွားရေးဆိုင်ရာတာဝန်ယူမှု (Economic Responsibility) (၂) တရားဥပဒေပိုင်းဆိုင်ရာတာဝန်ယူမှု (Legal Responsibility) (၃) ကျင့်ဝတ်ပိုင်းဆိုင်ရာတာဝန်ယူမှု (Ethical Responsibility) (၄) ပရဟိတလုပ်ငန်းပိုင်းဆိုင်ရာတာဝန်ယူမှု (Philanthropic Responsiblity) ဆိုပြီး အပိုင်း လေးပိုင်းခွဲထားပါတယ်။စီးပွားရေးဆိုင်ရာတာဝန်ယူမှု
Economic Responsibility အနေနဲ့ Customer တွေလို ချင်တဲ့ပစ္စည်းအမျိုးအစားတွေကို စုံစုံလင်လင်ဖြစ်အောင်နဲ့ ဈေးနှုန်းအသက်သာဆုံးဖြစ်အောင် ရောင်းချပေးပါတယ်။တရားဥပဒေပိုင်းဆိုင်ရာတာဝန်ယူမှု
Leagal Responsibility ကတော့ နိုင်ငံတော်ကချမှတ်ထား တဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ရပ်ကွက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်တဲ့အပိုင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတ်မှတ် ထားတဲ့ Rules & Regulations တွေကို လိုက်နာဆောင်ရွက် တာကလည်း CSR ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ကျင့်ဝတ်ပိုင်းဆိုင်ရာတာဝန်ယူမှု
Ethical Responsibility နဲ့ပတ်သက်ပြီး ပြောရ ရင်တော့ တချို့ဟာက ဥပဒေနဲ့ တိတိကျကျ မပြဋ္ဌာန်းထား ပေမဲ့ မလုပ်သင့်တဲ့အပိုင်းတွေ ရှိပါတယ်။ ဥပမာ- Cust- omer ကို မလေးမစားနဲ့ အထင်သေးပြီး ဆက်ဆံတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး ကျင့်ဝတ်နဲ့ပတ်သက်တဲ့ တာဝန်ယူမှုတွေကိုလည်း စောင့် ထိန်းခြင်းအားဖြင့် CSR လုပ်ဆောင်နေတယ်လို့ ယူဆပါ တယ်။ နောက်ပြီး ဝန်ထမ်းတွေအနေနဲ့ ဗဟုသုတတိုးပွားလာ အောင် စာဖတ်တဲ့အကျင့်ရင့်သန်လာဖို့ရည်ရွယ်ပြီး စာကြည့် တိုက် လုပ်ထားပေးပါတယ်။ပရဟိတလုပ်ငန်းပိုင်းဆိုင်ရာတာဝန်ယူမှု
နောက်ဆုံးအပိုင်းကတော့ ဒီမှာတွင်တွင်ကျယ်ကျယ်ပြောနေ ကြတဲ့ပရဟိတလုပ်ငန်းလှုပ်ရှားဆောင်ရွက်မှု (Philanthropic Responsibility) ဖြစ်တယ်။ ဒါကို ၂၀၁၀ ပြည့်နှစ်မှာ ကျွန်တော်တို့ စပြီးအကောင်အထည်ဖော်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ပထမဆုံး CSR ခြေလှမ်းအဖြစ် စိန်ဂေဟာက ဝန်ထမ်းတွေ၊ မိသားစုဝင်တွေ၊ Customer တွေနဲ့အတူ လူဦးရေးသုံးရာကျော်ပါဝင်ပြီး လှော်ကားအမျိုး သားဥယျာဉ်မှာ ကျွန်တော်တို့ရဲ့ှ Save the Earth Campaign လို့အမည်ပေးထားတဲ့ သစ်ပင်စိုက်ပျိုးပွဲကို ပြုလုပ်ခဲ့ပါ တယ်။ အဲဒါကို ၂၀၁၃ ခုနှစ်ထိ သုံးနှစ်ဆက်တိုက် ပြုလုပ် ခဲ့ပြီး Customer တွေရဲ့ Attention တွေကို ကောင်းကောင်း ရရှိခဲ့ပါတယ်။ တခြားလုပ်ဆောင်မှုအနေနဲ့ သွေးလှူဒါန်းပွဲ ကို ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် နှစ်နှစ်ဆက်တိုက် ပြုလုပ်ခဲ့ ပါတယ်။ ၂၀၁၂ ခုနှစ်မှာ CSR လှုပ်ရှားမှု အသစ်အနေနဲ့ အမေများနေ့ဂုဏ်ပြုအလှူပွဲကို ပြုလုပ်ခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ အမေများနေ့မှာ ဈေးရောင်းမယ်၊ အမှတ်တရပစ္စည်းလေးတွေပေးမယ် စတာတွေပဲ လုပ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ အမေတွေကို ကျေးဇူးဆပ် တဲ့သဘောမျိုးနဲ့ တောင်ဒဂုံမှာရှိတဲ့ ဆည်းဆာရိပ်ဘိုးဘွား ဂေဟာကို သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။ တကယ်ကို လိုအပ်နေတဲ့နေရာမှာ သွားရောက်လှူဒါန်းခဲ့ရတဲ့အတွက် အားလုံးဝမ်းသာပိတိ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ Shopping Centre တွေ အပြိုင်အဆိုင် ဖြစ်လာပြီဆိုရင် Customer တွေအနေနဲ့ Centre တွေက လူ့အဖွဲ့အစည်းကို ပိုပြီးအကျိုးပြုသလဲဆိုတာကို ကြည့်လာကြတော့မှာ ဖြစ်ပြီး အကျိုးပြုနိုင်တဲ့ Centre တွေကိုပဲ ပိုပြီးရွေးချယ်အား ပေးလာကြမယ်ဆိုရင် Customer တွေအနေနဲ့လည်း CSR လှုပ်ရှားမှုမှာ သွယ်ဝိုက်တဲ့နည်းနဲ့ တစ်တပ်တစ်အား ပါဝင်တဲ့သဘော သက်ရောက်မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း အမေများနေ့ဂုဏ်ပြုအလှူပွဲအဖြစ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နောက်ထပ်ထူးခြားတဲ့အစီအစဉ် တစ်ခုအနေနဲ့ Back To School အစီအစဉ်ကို ပြုလုပ်ဖြစ်ခဲ့ပါ တယ်။ ကျောင်းဖွင့်ခါနီးမှာ လှိုင်သာယာမှာရှိတဲ့ အမေ့အိမ် ပညာဒါနကျောင်းကိုသွားရောက်ပြီး ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေ၊ ကျောင်းသုံးပစ္စည်းတွေ၊ ကျောင်း အင်္ကျီတွေနဲ့ စာရေးကိရိယာမျိုးစုံကို Customer တွေက လှူဒါန်းထားတာတွေနဲ့ ပေါင်းစပ်ပြီး သွားရောက်လှူဒါန်းခဲ့ ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဗုဒ္ဓစွယ်တော်ကြွချီလာတဲ့အခါမှာ အများပြည်သူကုသိုလ်ပွားများရရှိအောင်ဆိုတဲ့ရည်ရွယ်ချက် နဲ့ ကျွန်တော်တို့ရဲ့ Centre ခုနစ်ခုမှာ ဘတ်စ်ကားတွေနဲ့ နေ့ စဉ်အခမဲ့ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုပြုလုပ်ပေးခဲ့ပါတယ်။ဆက်လက်လုပ်ဆောင်သွားမယ့်အစီအစဉ်တွေ
ဒီနှစ်မှာလည်း ဒီလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပြီး ဒီထက်ထူးခြားတဲ့အစီအစဉ်တွေလုပ်သွားဖို့ လည်းရှိပါတယ်။ ဥပမာအားဖြင့် ပညာရေးပိုင်းနဲ့ ပတ် သက်တဲ့ CSR လှုပ်ရှားမှုတွေကို ပိုပြီးလုပ်ဆောင်သွားမှာပါ။ နောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရပ်ကွက် အကျိုးပြုရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပိုင်းမှာ သစ်ပင်စိုက် တာအပြင် Recycled Bag တွေ အသုံးပြုတာမျိုးလို Recycling Activities တွေကို လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိပါတယ်။CSR Department ထားမယ့်အစီအစဉ်
နောက်ပိုင်းမှာ CSR နဲ့ပတ်သက်ပြီး Foundation ပုံစံမျိုးနဲ့ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒါပေမဲ့ Foundation ကို မလုပ်ခင်မှာ အဆင်သင့်ဖြစ်နေအောင်လုပ်တဲ့အနေနဲ့ CSR Department ကိုအရင်ဆုံးသီးသန့်ဖွဲ့ဖို့ အစီအစဉ်ရှိပါ တယ်။ [caption id="attachment_9060" align="alignnone" width="720"]






အယ်ဒီတာအဖွဲ့