စင်ကာပူနိုုင်ငံသည် ကမာ့္ဘငွေကုန်ကြေးကျ အမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရ

singapore Economist Intelligence unit (EIU) မှ ထုတ်ပြန်သော စာရင်းအရ စင်ကာပူနိုုင်ငံသည် ကမ္ဘာ ပေါ်တွင် ငွေကုန်ကြေးကျ တန်ဖိုး အကြီးဆုံုးနိုုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။ယမန်နှစ် အတွင်းအရ ဆဋ္ဌမ နေရာတွင်ရှိခဲ့ပြီး ယခုနှစ်တွင် ဂျပန်နိုုင်ငံမှ တိုကျို၊ အိုဆာကာမြို့တို့ နှင့် တကွ ဆစ်ဒနီ၊ အော့စလို နှင့် မဲလ် ဘုန်းမြို့ တို့ကို ဖြတ်ကျော် ခုန်တက်ကာ ပထမ နေရာသို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ဂျပန်ယန်း ငွေတန်ဖိုး ခိုင်မာမှု ယိမ်းယိုင်ခဲ့မှုကြောင့် ယမန်နှစ်က ပထမ နေရာတွင်ရှိခဲ့သော တိုကျိုသည် နံ ပါတ် ၆ နေရာ သို့ ရောက်ရှိသွားခဲ့သည်။ အစားအသောက်၊ အဝတ်အစား၊ သယ်ယူပို့ဆောင်မှုနှင့် ပြည်တွင်း သုံးစွဲမှုစရိတ် အ၀၀ တို့ကို ယခင်နှစ်များနှင့် နှိုင်းယဉ် ပြပြီး လွန်ခဲ့သော ၁၀နှစ်က စာရင်းတွင် နံ ပါတ် ၁၈ နေရာ၌ ရှိခဲ့သော စင်ကာပူသည် အခွန်အခ မြင့်တက်မှုကြောင့် မော်တော်ကားဈေးနူန်းများလည်း  ကမ္ဘာတွင် အမြင့်ဆုံး ဖြစ်ခဲ့ရကြောင်း၊ မလေးရှားတွင် အမေရိကန်ဒေါ်လာ သုံးသောင်းခွဲရှိသောကားသည် စင်ကာပူတွင် အမေရိကန် ဒေါ်လာ တစ်သိန်း တစ်သောင်း ရှိနေ ကြောင်း EIU က နှိုင်းယှဉ်ပြထားပါသည်။