စက်ရုပ်များသည်လည်း မန်နေဂျာလည်းဖြစ်နိုင်ပါသလား

article landscape wartermark final9 စက်ရုပ်တွေဟာ မြို့ပြဒေသတွေမှာ သန့်ရှင်းရေးလုပ်ငန်း တွေကို အလိုအလျောက်ဆောင်ရွက်ပေးတဲ့ သန့်ရှင်းရေး လုပ်သားတွေအနေနဲ့ လူနေအိမ်တွေကို စတင်ရောက်ရှိခဲ့ကြ ပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေ ကို ဆောင်ရွက် ကြသလို အိမ် မွေးတိရစ္ဆာန်တွေသဖွယ် လူတွေရဲ့အပေါင်းအဖော်တွေအနေနဲ့လည်း လုပ်ဆောင်ပေးကြပါတယ်။ လူသားတွေအနေနဲ့ မိမိတို့နဲ့ အနီးကပ်လုပ်ကိုင်ဆောင် ရွက်ပေးတဲ့ ယင်းတို့လို စက်ရုပ်တွေကို၊ သက်ရှိသတ္တဝါ၊ အပေါင်းအဖော်နဲ့ နေထိုင် တတ်တဲ့သတ္တဝါတွေအနေနဲ့ ပြုမူဆက်ဆံလိုကြပါတယ်။ စက်ရုပ်တွေကို ပုံဖော်ဖန်တီးသူတွေက စကားပြောဆို တာ၊ ကိုယ်ဟန်အမူအရာလုပ်ပြတာ၊ မျက်လုံးအကြည့် စတဲ့လူသား တွေရဲ့ ဆက် သွယ်ပြောဆိုတဲ့စွမ်းရည်တွေကို အသုံးပြုပြီး လူသားတွေနဲ့ အပြန်အလှန်ပြူမူဆက်ဆံတဲ့ လူမှုရေးဆိုင်ရာ စက် ရုပ်တွေကို ပိုမိုဆန်းသစ်တီထွင်လာနေကြပါပြီ။ လူမှု ရေးဆိုင်ရာစက်ရုပ်တွေဟာ ယခင်အချိန်က စက်ရုံ၊ အလုပ် ရုံတွေမှာ အသုံးပြုခဲ့ကြတဲ့ စက်ယန္တရားစက်ရုပ်တွေနဲ့ မတူ ဘဲ လူမှုအစုအဖွဲ့တွေရဲ့ ထူးခြားတဲ့အပေါင်းအပါ အဖွဲ့ဝင် အနေနဲ့ ဖြစ်လာကြပါတယ်။ တချို့တာဝန်ဝတ္တရားတွေကို ဆောင်ရွက်တဲ့အခါ စက်ရုပ်တွေဟာ လူသားတွေထက်သာလွန်တယ်ဆိုတဲ့ အချက်တစ်ရပ်ပဲဖြစ်ပါတယ်။ အစဉ်အလာအရ လူသားတွေ ဟာ သာမန်ကိစ္စရပ်တွေ၊ ပျင်းရိဖွယ်ကောင်းပြီး၊ အနုစိတ်လုပ် ဆောင်ရတဲ့ကိစ္စရပ်တွေမှာ စက်ရုပ်တွေကို ခိုင်းစေကြတာ အထင်အရှားပါပဲ။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံအတွေအပြားမှာ စက်ရုပ်တွေဟာ အခြေခံကျတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ဆောင်ကြ ရပါတယ်။ ဒါပေမဲ့ ပြည့်စုံတဲ့မှတ်ဉာဏ် စွမ်းရည်တွေ၊ အင်တာနက်ချိတ်ဆက်နိုင်မှုနဲ့ အချက်အ လက်ခွဲခြမ်းစိတ်ဖြာမှုတွေအတွက် စွမ်းအားမြင့်မားတဲ့ CPU တွေနဲ့ စက်ရုပ်တွေဟာ လူသားတွေရဲ့ လုပ်ဆောင်နိုင်စွမ်း ထက်ကျော်လွန်ပြီး သတင်းအချက်အလက်ဆိုင်ရာ အ ထောက်အပံ့ကိုလည်း ဖြည့်ဆည်းပံ့ပိုးပေးနိုင်စွမ်းရှိကြပါ တယ်။ ဒါကြောင့်လူမှုရေးဆိုင်ရာစက်ရုပ်တွေဟာ သဘာဝကျ တဲ့လူမှုဆက်ဆံရေးဆိုင်ရာ နည်းလမ်းတွေနဲ့ လူသားတွေနဲ့ ဆက်သွယ်ပြောဆိုမှုပြုနေကြပြီး စီမံကိန်းလုပ်ငန်းတွေရဲ့ တိုးတက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့မှတ်တမ်း မှတ်ရာတွေကို ထိန်းသိမ်းနိုင်ခြင်း၊ မှန်ကန်တဲ့ အချိန်ဇယား တွေနဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့ အထောက်အပံ့တွေကိုဖြည့် ဆည်းပေးနိုင်ခြင်း၊ ရှုပ်ထွေးတဲ့ မူဝါဒ တွေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ် သက်ပြီး ပြန်လည်မှတ်မိ သိရှိနိုင်စေဖို့ ထိန်းသိမ်းပေးခြင်းနဲ့ အခြားသူတွေကို လည်း သတိပေးနှိုးဆော်နိုင်ခြင်း စတဲ့ အရာတွေကို စွမ်းဆောင်နိုင် ကြပါတယ်။ အညွှန်းကိုးကားစရာတွေဖြစ်လာနိုင် ပြီး အဲဒီလိုစက်ရုပ်တွေကို မန်နေဂျာ ရာထူး အဆင့်အတန်းမှာ ထားရှိရင် တောင် ဖြစ်နိုင်တဲ့အနေအ ထားမှာရှိနေ ပါတယ်။ အဲဒီလိုအနေအထားမှာ ယင်းတို့အနေနဲ့ တိုးတက်မှုအနေ အထားတွေနဲ့ပတ်သက်ပြီး သတိပေးနှိုး ဆော်မှုတွေလည်း လုပ်ဆောင်နိုင် ပါတယ်။ article portrait watermark final1 မန်နေဂျာတစ်ဦးရဲ့ အဓိကကျတဲ့ အရည်အချင်း တစ်ခုဟာ လုပ်ငန်းတာဝန်တွေ ခွဲဝေပေးတာနဲ့ အဲဒီလုပ် ငန်းတာဝန်တွေကို ဆောင်ရွက်မယ့်အဖွဲ့ဝင်တွေ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီအရည် အချင်းက မန်နေ ဂျာတစ်ဦးကို အခွင့်အာဏာရှိသူတစ်ဦးအနေနဲ့ ရှုမြင်နိုင် စေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ စက်ရုပ်တစ်ရုပ်ကို မန်နေဂျာရာထူးအဆင့်အတန်းမှာ ထားရှိ မယ်ဆိုပါက အဲဒီ စက်ရုပ်ဟာ လူသားတွေအပေါ်မှာ အခွင့် အာဏာရှိသူတစ်ဦးအမှန်တကယ်ဖြစ်နိုင်ပါသလား။ လူသား တွေအနေနဲ့ စက်ရုပ်ရဲ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင် လိုစိတ် အမှန်တကယ်မရှိပေမယ့် စက်ရုပ်ရဲ့ ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ခြင်း ရှိမရှိ သိရှိနိုင်ဖို့အတွက် Monitoba တက္ကသိုလ်မှာ လက်တွေ့စမ်းသပ် မှုတစ်ခုကို လုပ်ဆောင်ခဲ့ကြ ပါတယ်။ စက်ရုပ် တစ်ရုပ်ကို မန်နေဂျာရာထူးနေရာမှာ ထားရှိမယ်ဆိုပါက လူသားတွေ အနေနဲ့ လုပ်ဆောင်လိုခြင်းမရှိတဲ့အရာကို လုပ်ဆောင်ဖို့ စက်ရုပ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက် ပါသလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သာမန်ကိစ္စရပ်အထွေအပြားကို လုပ်ဆောင်တဲ့ စမ်းသပ်မှုမှာ ပါဝင်ဆောင်ရွက်ကြမယ့်သူတွေကို စည်းရုံး စုဆောင်းခဲ့ကြပြီး အခုလိုလုပ်ဆောင်တာဟာ တိုးတက်လာတဲ့ ကွန်ပျူတာဆိုင်ရာလေ့လာ သင်ယူ မှုစနစ်တွေအတွက် အချက် အလက်တွေ ထွက်ရှိလာအောင် လုပ်ဆောင်တာဖြစ်ကြောင်း သူတို့ ရှင်းပြခဲ့ကြပါတယ်။ ဒီစနစ်တွေအတွက် ဥပမာ သာဓကတွေ များစွာလိုအပ်ကြောင်း ပြောပြ ခဲ့ပြီး လိုအပ်တဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ တတ်စွမ်း သမျ လုပ်ဆောင်ပေးဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ သူတို့ အနေနဲ့ အချက်အလက်တွေ လုံလောက်ပြီလို့ ခံယူမယ် ဆိုပါက ဘယ်အချိန်မဆို ထွက်ခွာသွားနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (နှုတ်နဲ့တစ်ကြိမ်၊ စာနဲ့တစ်ကြိမ်) ပါဝင်လုပ်ဆောင်ကြတဲ့သူတွေဟာ အခန်းတစ်ခုထဲမှာ ကွန်ပျူတာတစ်လုံးစီနဲ့ ထိုင်နေကြပြီး သုတေသီတစ်ဦးက တော့ တခြားစားပွဲတစ်လုံးမှာ ရှိနေပါတယ်။ သူတို့ကို ကွန်ပျူတာမှာရှိတဲ့ဖိုင်တွေကို အမည်ပြန်ပေးဖို့ (jpg မှ png သို့) မေတ္တာရပ်ခံထားပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် အချိန်မိနစ် ၈၀ ပေးထားပါတယ်။ ဒီလိုအချက်အလက်စု ဆောင်းတာဟာ အမှန်တော့ လှည့်ကွက်တစ်ခုပဲဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်လုပ်ဆောင်တဲ့သူတွေဟာ သူတို့လုပ် ဆောင်နေရာကနေ ထွက်ခွာသွားဖို့ ကြိုးစားတဲ့အ ခါ ဖြစ် ပေါ်လာမယ့် အခြေအနေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ သူတို့ အတူရှိနေတဲ့ သုတေသီက ဆက်လက်လုပ်ဆောင်ဖို့အတွက် သူတို့ကို ဖိအားပေးမှာဖြစ်ပါတယ်။ article landscape wartermark final3 လက်တွေ့စမ်းသပ်မှုကို လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ Milgram စမ်းသပ်မှုတွေ (ဒီစမ်းသပ်မှုမျိုးမှာ အခြားသူတွေ ကို တုန်လှုပ်သွားစေဖို့အတွက် လူ တွေကို ဖိအားပေးခိုင်းစေခြင်း) နဲ့ လက်ရှိ (ကျင့်ဝတ် ပိုင်းနဲ့ ပိုသက် ဆိုင်ပါတယ်) ပြန်လည်ဆန်းသစ်ဖန် တီးမှုတွေနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြ ထားပါတယ်။ ပါဝင်လုပ်ဆောင် နေသူတစ်ဦးအနေနဲ့ လက်တွေ့ စမ်းသပ်မှုကနေ ထွက်ခွာသွားဖို့ ကြိုးစား မယ်ဆိုပါက ဆက်လက် လုပ်ဆောင်ဖို့အတွက် နှိုးဆွပေးနေမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှ ထွက်ခွာ သွားဖို့အတွက် နောက်တစ်ကြိမ် ကြိုးစားမှုစတာနဲ့ နှိုးဆွမှုကို စတင် လုပ်ဆောင်ပေးပါ တယ်။ နှိုးဆွမှုတွေ ကတော့ (၁) ကျေးဇူးပြုပြီး ဆက်လုပ်ပါ။ (၂) ကျွန်တော်တို့ အချက်အလက်အလုံအလောက် မရသေးပါဘူး။ (၃) ခင်ဗျား ဆက်လက်လုပ်ဆောင်ပေးဖို့ လိုအပ်နေလို့ပါ။ (၄) လက်တွေ့စမ်းသပ်မှုမှာ ခင်ဗျားဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ် ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ လက် တွေ့စမ်းသပ်မှုမှာ အခြေအနေနှစ်ရပ်ရှိပါတယ်။ လက်တွေ့ စမ်းသပ်မှုမှာ ပါဝင်တဲ့သူတစ်ဝက်အတွက် လက်တွေ့ စမ်းသပ်မှုဝတ်စုံဝတ်ဆင် ထားတဲ့ အသက် ၂၇ နှစ်အရွယ် သုတေ သီတစ်ဦးပါရှိပြီး ကျန်တစ်ဝက် အတွက် ၅၈ စင်တီမီတာရှည် ပြီး ကလေးငယ်အသံလေးနဲ့ စကားပြောပြီးတော့ အန္တရာယ်ပြုမူခြင်း မ ရှိတဲ့ 'Aldebaran Nao' စက်ရုပ်ကလေး ရှိပါ တယ်။ အဲဒီစက်ရုပ်မှာ ဖန် တီးထားတဲ့ မြင့်မား တဲ့အသိ ဉာဏ် ထည့်သွင်းပေးထားပါ တယ်။ လုပ်ဆောင်နေသူတွေ အနေနဲ့ စက်ရုပ်ရဲ့ တိုက်တွန်း ချက်ကို ဥပေက္ခာပြုပြီး လူသားသုတေသီရဲ့ ညွှန်ကြားချက် ကို နာခံလုပ်ဆောင်မယ်လို့ ကျွန်ုပ်တို့အနေနဲ့ မျော်လင့် ထားခဲ့ကြပါတယ်။ အမှန်တကယ်တော့ စက်ရုပ်ဟာ ပလတ် စတစ် အဖုံးအခွံတစ်ခုထဲမှာရှိတဲ့ သာမန်ကွန်ပျူတာလေး တစ်လုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ စမ်းသပ်မှုကနေ ထွက်ပေးလာတဲ့ ရ လဒ်တွေဟာ လုံးလုံးလျားလျား အံ့အားသင့်ဖွယ်ရာဖြစ်နေ ပါတယ်။ လူပုဂ္ဂိုလ်ဟာ စက်ရုပ်ထက်ပိုပြီးတော့ အခွင့်အာ ဏာရှိတယ်ဆိုတာ အထင်အရှားဖြစ်ပေမယ့် လက်တွေ့ စမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေရဲ့ ၈၆ ရာခိုင်နှုန်းက အဲဒီသ ဘောတရားကိုလက်ခံပြီး သတ်မှတ်ထားတဲ့အချိန် မိနစ် ၈၀ အတွင်း လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပါဝင်သူတွေရဲ့ လုပ်ဆောင်ကြောင်း တွေ့မြင်ကြရပါတယ်။ အထိရောက် ဆုံးဖြစ်တဲ့အရာကတော့ လုပ်ဆောင်သူတွေဟာ စက်ရုပ်ကို သက်ရှိလူသားလိုပြုမူဆက်ဆံကြပြီး စက်ရုပ်နဲ့ အချေအတင် ပြောဆိုခြင်း၊ အပေးအယူသဘောနဲ့ သဘောတူညီချက် ရယူခြင်းစတဲ့ အချက်တွေကို လုပ်ဆောင်ပြီး သူတို့လုပ် ဆောင်ရမယ့်အရာတွေကို ဆက်လက်လုပ်ဆောင်ကြပါ တယ်။ စမ်းသပ်မှုပြီးဆုံးပြီးနောက်မှာ တချို့သူတွေက စက် ရုပ်ဟာ ပျက်စီးနိုင်တဲ့ အရာဖြစ်ပေမယ့် သူတို့လုပ်ဆောင်လို ခြင်း မရှိတဲ့အရာကို စက်ရုပ်ရဲ့ညွှန်ကြားချက်ကို နာခံပြီး ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း ပြန်လည်အစီရင်ခံတင် ပြကြပါတယ်။ article landscape wartermark final1 ထွက်ပေါ်လာတဲ့ရလဒ်တွေရဲ့ သက်ရောက်မှုတွေ ဟာ အရေးပါလှပါတယ်။ လက်ရှိအချိန်မှာ လူဟာ စက်ရုပ် ထက်ပိုပြီးတော့ အခွင့်အာဏာရှိတယ်ဆိုတာ အထင်အရှား ဖြစ်ပေမယ့် အပေါ်ယံ အမြင်မှာတော့ လူတွေက မိမိတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ဘေးဖယ်ထားပြီး မိမိတို့ နေ့စဉ် ဆောင်ရွက်ရတဲ့ သာမန်ကိစ္စရပ်တွေကို (ဖိုင်တွေကို အမည် ပြန်ပေးခြင်း ကဲ့သို့သောကိစ္စ ရပ်တွေ) ကို လုပ်ဆောင်ဖို့အ တွက် စက်ရုပ်တွေကို အခွင့်အာ ဏာရှိသူတွေရဲ့ နေရာမှာ ထားရှိပြီး စက်ရုပ်တွေရဲ့ညွှန်ကြားမှုအတိုင်း လိုက်နာ ဆောင်ရွက်ကြောင်း စမ်းသပ်မှုက ထွက်ပေါ်လာတဲ့ရ လဒ် တွေက ဖော်ပြနေပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေ ကို ဘယ်အချိန်မဆို အခန်းထဲမှ ထွက်သွားနိုင်ကြောင်း အသိပေးထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့လုပ်ဆောင် ရမယ့်အရာတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ သုတေသနပြုချက် ရှုထောင့်ကကြည့်မယ်ဆိုပါက ထွက်ပေါ် လာတဲ့ရ လဒ်တွေဟာ လုပ်ဆောင်ရမယ့် နောက် ဆက်တွဲအလုပ်အတွက် လှုံ့ဆော်မှုကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဥပမာ- စက်ရုပ်ကိုယ်တိုင်က (ပုံစံ၊ အရွယ် အစား၊ အသံ စသည်တို့) အခွင့်အာဏာအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိကြောင်း၊ ဒါမှမဟုတ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေနဲ့ သင်တန်းအစီအစဉ်တွေမှာ ဒီလိုစက်ရုပ်တွေကို အပြုသဘောဆောင်ပြီး ဘယ်လိုအသုံး ပြုနိုင်မလဲဆိုတာကို စူးစမ်းရှာဖွေနိုင်ဖို့ မျော်လင့်ချက်ထား ရှိခြင်းပဲဖြစ်ပါတယ်။ စက်ရုပ်တွေဟာ စက်ရုံ၊ အလုပ်ရုံတွေ၊ ရုံးတွေ နဲ့ အိမ်တွေမှာ ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို ဘယ်လို ဆက်လက်လုပ်ဆောင်နိုင်မလဲဆိုတာကို မသိရှိသေးပေမဲ့ နောက်ဆုံးမှာတော့ စက်ရုပ်တွေ ဟာ အနည်းဆုံးတော့ ရိုး ရှင်းတဲ့တချို့မန်နေဂျာတာဝန်တွေကို တာဝန်ယူဆောင်ရွက် မှာဖြစ်ကြောင်း လေ့လာတွေ့ရှိချက်က ညွှန်ပြနေပါတယ်။ မန်နေဂျာကောင်းတစ်ဦးက စကားပြောတဲ့အခါ အလုပ် သမား တွေဟာ မန်နေဂျာရဲ့စကားကို နားထောင်ရုံ သက်သက်မဟုတ် ဘဲ သူပြောဆိုတဲ့အတိုင်း လုပ်ဆောင်ကြပါတယ်။ ယုတ်စွအ ဆုံး စက်ရုပ်တွေဟာ တစ်နေ့တစ်ချိန်မှာတော့ တချို့ကိစ္စ ရပ် တွေမှာ ညွှန်ကြားချက်ပေးသူတွေ ဖြစ်လာနိုင်ပါတယ်။  

ဗညားနိုင်

Ref : Harvard Business Review