ခရိုနီအရင်းရှင်စနစ် (Crony Capitalism) ဆိုတာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းဦးဆောင် သူတွေရဲ့မိသားစု၊ အပေါင်းအသင်းရောင်းရင်းတွေကို လုပ်ငန်းကန်ထရိုက်တွေ၊ ဘဏ်ချေးငွေတွေ ပေးတဲ့ အလေ့အထ ပါပဲ။ နိုင်ငံရေးအဆက်အသွယ်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကြီးပွားချမ်း သာနေဖွယ်ရှိတဲ့ နိုင်ငံတွေကို ကြည့်ကြပါစို့။
အမေရိကန်နိုင်ငံရဲ့ ရွှေခေတ်လို့ခေါ်ရမယ့် ၁၉ ရာစုနှစ်နှောင်းပိုင်းမှာ ဂျွန်ဒီရောက်က ဖဲလားတို့လို့ သြဇာ တိက္ကမရှိသူဌေးကြီးတွေက စက်မှုထူထောင်၊ ဥစ္စာဓနအကြီး အကျယ်စုဆောင်းမိ၊ နန်းတော်တမျှ အိမ်ကြီးတွေဆောက် ကာ နိုင်ငံရေးသမားတွေကို လာဘ်ထိုးသွားကြတော့တယ်။ ပြီး တော့ တန်ပြန်တုံ့ပြန်ချက်အဖြစ် ၁၉၀၀ ပြည့်နှစ်နဲ့ ၁၉၄၅ ခုနှစ်အကြားမှာ စီးပွားရေးလုပ်ငန်းကြီးတွေကို စည်းမျဉ်း စည်းကမ်းတွေနဲ့ စတင်ထိန်းကိုင်ခဲ့ပြီး လူမှုရေးကယ်ဆယ်မှု ပိုက်ကွန်ကို တည်ဆောက်တယ်။ Chrystia Freeland သူရဲ့ Plutocrat (ဓနသြဇာကြီးသူ) အမည်တပ်စာအုပ် ထဲမှာ တင်ပြတာက မြင်သာထင်သာရှိ လာနေတဲ့ဈေး ကွက် နိုင်ငံများဟာ သူတို့ရဲ့ပထမဆုံးရွှေခေတ်ကိုခံစားနေကြပြီး ချမ်းသာတဲ့နိုင်ငံတွေအဖို့တော့ ဒုတိယရွှေခေတ်တဲ့။ ဒီအခြေ အနေမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေက နှစ် ၂၀ ကြာ လာပြီဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုရဲ့ အကျိုးကျေး ဇူးကို မတန်တဆရရှိထားပြန်တော့ 'ဓနဥစ္စသည်သာ ကိုးကွယ် ရာ' (Mammon) ဆိုတဲ့ နိုင်ငံတော်တည်ထောင်ထားသလို ပါပဲ။
ပိုကောင်းတဲ့ပစ္စည်းကိရိယာလေး၊ ပိုအရသာရှိတဲ့ အဆာပြေစားစရာ၊ ပိုစမတ်ကျတဲ့ ကွန်ပျူတာပရိုဂရမ် တီထွင်လို့ ချမ်းသာလာတာက တစ်ပိုင်းပါ။ ဒါပေမဲ့ ယနေ့ သူဌေးကြီးအများအပြားဟာ ငှားရမ်းခရှာကြံ (Rent-seeking) လုပ်ပြီး ချမ်းသာနေကြတယ်လို့ စွပ်စွဲခံနေရပါ တယ်။ ဒီဝေါဟာရက နိုင်ငံရေးအဆက်အသွယ်တွေကြောင့် ဖြစ်လာတဲ့ ငွေရှာနည်းတစ်မျိုးကို စီးပွားရေးပညာရှင်များ အမည်ပေးထားတာပါ။ ကျယ်ပြန့်ပုံ အတိုင်းအတာကတော့ ပြတ်ပြတ်သားသားလာဘ်ပေးခြင်းမှသည် ပြိုင်ဆိုင်မှုကင်း မဲ့ခြင်း၊ စည်းမျဉ်းစည်းကမ်းကန့်သတ်မှုအားနည်းခြင်း၊ အများပြည်သူရဲ့ ပိုင်ဆိုင်ပစ္စည်း (အက်ဆက်) တွေကို ကုမ္ပဏီတွေ ကို လျော့ဈေး နဲ့ ရောင်းချခြင်းတို့အထိ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက အပေါင်းအသင်းရောင်း ရင်းတွေကို အမြတ်အစွန်းရမယ့် လိုင်စင်၊ ပါမစ်၊ ကန်ထ ရိုက်တွေ ချပေးနိုင်လောက်အောင် တန်ခိုးသြဇာကြီးမားတဲ့ ခေတ်ကာလများမှစလို့ အဆက်အသွယ်ကောင်းသူတွေ ဒီနည်းနဲ့ ကြီးပွားချမ်းသာခဲ့ကြတာကြာလှပါပြီ။ ပညာရပ် ဝေါဟာရအနေနဲ့ 'စီးပွားရေးငှားရမ်းခ' (Economic Rent) ဆိုတာ ပြည်သူတို့ရဲ့လုပ်အား၊ အရင်းအနှီး၊ မြေ (ဒါမှမ ဟုတ် ထုတ်လုပ်မှုအတွက် သွင်းအားစုတစ်ခုခု) တို့ လတ် တလော လည်ပတ်လုပ်ကိုင်နေစဉ်မှာ ယင်းတို့ကို ပေးချေ ဖို့လိုအပ်မယ့်ပမာဏနဲ့ ယင်းတို့ကို ပေးချေတဲ့ ပမာဏအကြား ကွာခြားချက်ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ပြိုင်ဆိုင် မှုရှိတဲ့ လောကမှာ ငှားရမ်းခရှိမှာမဟုတ်ပါ။ ဥပဒေနဲ့ ညီñွတ်၊ ဒါမှမဟုတ် မညီñွတ်ဖြစ်နိုင်တဲ့ ငှားရမ်းခ ရှာကြံခြင်းဆိုင်ရာ မကြာခဏတွေ့ရတဲ့ ဥပမာတွေကတော့ ကာတယ်အဖွဲ့ဖွဲ့ခြင်း၊ ပြိုင်ဘက်နဲ့ ဖောက်သည်တွေကို နစ်နာစေလျက် မိမိစီးပွား ရေးလုပ်ငန်းအကျိုးရှိစေမယ့် ဥပဒေစည်းကမ်းတွေ ပေါ် ထွက်အောင် လွှတ်တော်အမတ်တွေကို စည်းရုံးတာတွေ ဖြစ် ပါတယ်။
သာမန်အမေရိကန်ပြည်သူအများအပြားက အစိုးရ ဟာ ယင်းတို့ထက် (နယူးယောက်မြို့ရှိ) ငွေကြေးလုပ်ငန်း ဗဟိုဈေးကွက်ကို ပိုပြီး ဂရုစိုက်နေတယ်လို့ ယူဆကြတယ်။ တစ်ဖန် ငွေရေးကြေးရေးလုပ်ငန်းက အချို့မန်နေဂျာ အသိုင်းအဝိုင်းက တရုတ်နိုင်ငံဟာ ကြွေးမြီတင် ခရိုနီများ က တည်ဆောက်ထားတဲ့ ကတ်ပြားအိမ်ကြီးပါလို့ မဲ့မဲ့ရွဲ့ရွဲ့ ပြောကြတယ်။
ငှားရမ်းခရှာကြံသူတွေ သောင်းကျန်းခြယ်လှယ် နေကြပြီဆိုတဲ့အဆိုကို စမ်းသပ်ဖို့ The Economist စာ စောင်က ခရိုနီအရင်းရှင်စနစ်အညွှန်းကိန်းကို တီထွင်တယ်။ သူတို့ချဉ်းကပ်နည်းက မော်ဂန်စတန်လေ ရင်းနှီးမြှုပ်နှံမှု စီမံအုပ်ချုပ်ရေးကုမ္ပဏီက Ruchir Sharma ၊ နယူးဒေလီမြို့ ပေါ်လစီသုတေသနစင်တာက ဗိငအင ွညေိ့င နဲ့ Aditi Gandhi အစရှိသူတွေရဲ့ လေ့လာစူးစမ်းမှုတွေအပေါ်ဖြည့် စွက်တည်ဆောက်ထားပါတယ်။ Michael Walton မဂ္ဂဇင်းက အ ချက်အလက်တွေကို အသုံးချကာ ငှားရမ်းခများပြားတဲ့ လုပ်ငန်းတွေမှာ လှုပ်ရှားလုပ်ကိုင်နေကြတဲ့ ကမ္ဘာ့ဘီလီယံနာ တွေရဲ့ စုစုပေါင်းဓနဥစ္စာကို တွက်ချက်၊ ပြီးတော့ ကမ္ဘာ့ ဂျီဒီပီနဲ့ နှိုင်းယှဉ်လိုက်ရင် အတိုင်းအတာစကေးကို ခန့်မှန်းနိုင်ပါသတဲ့။ ရလဒ်တွေ ဖော်ပြပေးထားတဲ့ ၂၃ နိုင်ငံမှာ အကြီးဆုံးဖွံ့ဖြိုးပြီး နိုင်ငံငါးခု၊ အချက်အလက်တွေ စိတ်ချ ရတဲ့ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံ ဆယ်ခုနဲ့ ခရိုနီစနစ်ပြဿနာ ကြီးတယ်လို့ ယူဆရတဲ့ အခြားနိုင်ငံငယ်ရှစ်ခု ပါဝင်တယ်။ အချိုးပိုမြင့်လေ ဆိုးရွားတဲ့ ကရိုနီအရင်းရှင်စနစ် ဒဏ်ခံရဖွယ် ရှိဖို့များလေ ဖြစ်ပါတယ်။
ထည့်သွင်းထားတဲ့စီးပွားရေးလုပ်ငန်းတွေဟာ တစ် ဦးတည်းလက်ဝါးကြီးအုပ်ခံရဖို့ ပျော့ကွက်ရှိတယ်။ ဒါမှမဟုတ် လိုင်စင်တွေလိုအပ်တာ၊ ဒါမှမဟုတ် အစိုးရရဲ့ ပါဝင်ပတ် သက်မှုကြီးမားခြင်းရှိပါလိမ့်မယ်။ ဥပဒေနဲ့ ညီ ညွတ်ခြင်းနဲ့ ပြတ်ပြတ်သားသားလာဘ်ထိုးခြင်းအကြား စည်းဟာရှုပ် ထွေးလှပါတယ်။ ငှားရမ်းခကြီးမြင့်တဲ့ စီးပွားရေးလုပ်ငန်းက ဘီလီယံနာတစ်ဦးဟာ အကျင့်ပျက်ဖို့မလိုဘဲ၊ ဥပဒေနဲ့ မညီñွတ်ဖို့မလိုဘဲ လုပ်ကိုင်ဆောင် ရွက်နိုင်စရာရှိတယ်။ အစိုးရနဲ့ နီးစပ်တဲ့စီးပွားရေးလုပ်ငန်းတွေဟာလည်း အရေးပါ လှပြီး တရားမျတပွင့်လင်းမြင်သာမှုနဲ့ လည်ပတ်လုပ်ကိုင် နိုင်စရာ ရှိပါတယ်။
စန်းပွင့်ပြီးရင်းစန်းပွင့်
ဇယား ၁ ပါ ငှားရမ်းခရှာကဏ္ဍများကို ကြည့်လိုက်ရင် ခေါင်းစပ်တပ်ထားတာက ''အေးအေးဆေးဆေးပဲ'' တဲ့။ ဇ ယား ၂ ကို ကြည့်ပြန်တော့ ၂၁ ရာစုနှစ် စတင်ချိန်ကနေ နောက်ပိုင်းဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ စန်းပွင့် ပြီးရင်းစန်းပွင့်နေပုံကိုတွေ့ရတယ်။ ဘီလီယံနာတွေရဲ့ ဓနဥစ္စာ ကို ဂျီဒီပီရဲ့ ရာခိုင်နှုန်းဖြင့်ဖော်ပြ၊ ကရိုနီကဏ္ဍ ဓနဥစ္စာအရ အဆင့်သတ်မှတ်ထားတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကမ္ဘာ့ ထွက်ကုန်ရဲ့ ၄၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပေမဲ့ ခရိုနီ ဓနဥစ္စာရဲ့ ၆၅ ရာခိုင်နှုန်းကို ဖန်တီးပေးနေတယ်။ မြို့ပြချဲ့ထွင်မှုနဲ့ ရေရှည်စီးပွားရေး စန်းပွင့်မှုကြောင့် မြေနဲ့အဆောက် အအုံဈေးနှုန်းတွေတက်ခဲ့ပြီ။ အဓိကအားဖြင့် တရုတ်နိုင်ငံ ကြောင့် ကုန်စည်တွေ စန်းပွင့်နေရာမှာ ဘရာဇီးကနေ အင်ဒိုနီးရှားအထိ နိုင်ငံတွေမှာ သဘာဝအရင်းအမြစ်ပိုင်ရှင်တွေ ကြွယ်ဝချမ်းသာလာခဲ့ကြပါတယ်။ အချို့ နိုင်ငံတော် ချုပ်ကိုင်မှုကနေ ပုဂ္ဂလိကလက်ကို လွှဲပြောင်းခြင်းတွေဟာ မသင်္ကာစရာ စည်းကမ်းချက်တွေ ပါဝင်နေတယ်။
ဇယား ၂ ခရိုနီအရင်းရှင်စနစ် အñွှန်းကိန်း ကိုကြည့်လိုက်ရင် အရွယ်အစားကြီး စီးပွားရေးနိုင်ငံတွေ အနက် ရုရှားနိုင်ငံအခြေအနေအဆိုးဆုံးလို့ တွေ့ရပါတယ်။ ကွန်မြူနစ်စနစ်မှတစ်ဆင့် အသွင်ကူးပြောင်းရာမှာ ၁၉၉၀ ပြည့်နှစ်များအတွင်း နိုင်ငံရေးအတွင်းလူတွေက သဘာ၀ အရင်းအမြစ်တွေကို ရယူချုပ်ကိုင်ခဲ့ကြပြီး ကုန်စည်ဈေးနှုန်း တွေ တက်လာတော့ လူနည်းစုအသိုင်းအဝိုင်းဝင်တွေ ပိုမို ကြွယ်ဝချမ်းသာ လာကြတယ်။ ပြင်သစ်နဲ့ဂျာမနီနိုင်ငံတို့က တော့ နိုင်ငံတော်အပေါ် နည်းနည်းပဲအားကိုးပြီး အဓိကအား ဖြင့် လက်လီအရောင်းနဲ့ ဇိမ်ခံပစ္စည်းကုန်အမှတ်တံဆိပ် ထုတ် ကုန်များကြောင့် ကြွယ်ဝချမ်းသာလာကြတယ်။
ဇယား ၃ ကရိုနီအရင်းရှင်စနစ်အñွှန်းကိန်းကို ထပ်ရှင်းရင် ဘီလီယံနာဓနဥစ္စာကို ဂျီဒီပီရဲ့ရာခိုင်နှုန်း အဖြစ် ဖော်ပြ၊ ကရိုနီကဏ္ဍဓနဥစ္စာအရ အဆင့်ခွဲခြား သတ် မှတ်ပါတယ်။ ၂၀၀၇ ခုနှစ်အဆင့်ကိုလည်း ဖော်ပြပေးထား တယ်။ ညာဘက်အစွန်ဆုံးကော်လံကတော့ ထုံးတမ်းဓလေ့ များ အားသာချကInstitutional Strength ဖြစ်ပြီး ၁ ဆိုရင် အားအပျော့ဆုံးပါပဲ။
ဇယားကိုကြည့်ရင် အမေရိကန်နိုင်ငံအခြေအနေ ကောင်းမွန်တယ်။ ဂျီဒီပီနဲ့ နှိုင်းရင် ဘီလီယံနာတွေရဲ့ စုစု ပေါင်းဓနဥစ္စာဟာ မြင့်မားတယ်။ ဒါပေမဲ့ ယင်းဓနဥစ္စာအများ စုကို ပွင့်လင်းတဲ့ကဏ္ဍတွေမှာ ဖန်တီးခဲ့ခြင်းပါ။ ဆီလီကွန် တောင်ကြားမှ ထိပ်သီးစွမ်းဆောင်ရှင်တွေဟာ အမေရိကန် စွမ်းအင်ကဏ္ဍဘီလီယံနာများထက် အဆပေါင်းများစွာ ပိုမို ချမ်းသာကြတယ်။ ခရိုနီအñွှန်းကိန်းမှာ အခြေအနေကောင်း တဲ့နိုင်ငံတွေဟာ ဗျူရိုကရေစီ ယန္တရားကောင်းကောင်း၊ ထုံး တမ်းဓလေ့ကောင်းကောင်းတွေ ရှိကြတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အစိုးရစွမ်းဆောင်ရည်ထက်မြက်တိုင်း ယင်းအညွှန်း ကိန်းအခြေအနေမကောင်းပါဘူး။ ဟောင်ကောင်နဲ့ စင်ကာပူမှာ ခရိုနီစီးပွားရေးလုပ်ငန်း ဘီလီယံနာတွေနဲ့ ပြည့်သိပ် နေတာပဲ။ ဒါက ဘာကိုပြဆိုသလဲဆိုတော့ မြေရှားပါးပြီး အဆောက်အအုံတန်ဖိုးမြင့်တက်လာမှုနဲ့ ကလိမ်ကကျစ် အိမ်နီးချင်းနိုင်ငံတွေအတွက် ပို့ကုန်သွင်းကုန် ဝင်ထွက်ရပ်နား ရာ ဆိပ်ကမ်းမြို့များအဖြစ် ရပ်တည်နေခြင်းတို့ပါပဲ။
အံ့သြစရာတစ်ခုက တရုတ်ပြည်မဟာ လာဘ်ပေး လာဘ်ယူအတွက် နာမည်ကြီးပေမယ့် အထက်ပါအညွှန်းကိန်း အခြေအနေကောင်းမွန်ခြင်းပဲ။ အကြောင်းရင်းတစ်ခုက သဘာဝအရင်းအမြစ်နဲ့ ဘဏ်အများစုကို နိုင်ငံတော်က ပိုင်ဆိုင်ခြင်းပါ။ အခြားအကြောင်းရင်းက တရုတ်နိုင်ငံက ပွင့် လင်းတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကျိကျိတက်ချမ်းသာသူ စီး ပွားရေးစွမ်းဆောင်ရှင်တွေ မျိုးဆက်သစ်မွေးထုတ်နေရာမှာe-commerce ကုမ္ပဏီ Alibaba ရဲ့ Jack Ma နဲ့ မြေတူး စက်၊ ဝန်ချီစက်တွေ ထုတ်လုပ်တဲ့ Sany ရဲ့ Liang Wengen တို့ ပါဝင်ကြတယ်။
အခြေအနေအတိုးတက်ဆုံး နိုင်ငံတစ်ခုမှာ အဆင့် ခြောက်ကနေ အဆင့်ကိုးကိုရောက်သွားတဲ့ အိန္ဒိယနိုင်ငံပါ။ မကြာ သေးမီကာလအတွင်းက လာဘ်ပေးလာဘ်ယူ မကောင်းသတင်းတွေနဲ့ နိုင်ငံ့စီးပွားရေး အရှိန်နှေးသွားမှုကြောင့် နိုင်ငံရေးအဆက်အသွယ်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေ အထိနာသွားခြင်းနဲ့ နည်းပညာ၊ ဆေးဝါးနဲ့ စားသုံးသူကုန် ပစ္စည်းပိုင်းဆိုင်ရာလုပ်ငန်းရှင်တွေ စီးပွားတက် လာတာတွေ ကြောင့် ပါပဲ။ ခြားနားနေပုံတစ်ရပ်ကတော့ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှဒေသနိုင်ငံ အများစုဟာ ၂၀၀၇ -၂၀၁၄ ခုနှစ်ကာလအတွင်း အထက်ပါအñွှန်းကိန်း အခြေအနေဆိုးသွားပါတယ်။ အိမ်ခြံမြေနဲ့ သဘာဝအရင်းအမြစ်ကဏ္ဍတွေက သြဇာတိက္ကမ ရှိသူ သူဌေးကြီးတွေကတော့ ပိုမိုကြွယ်ဝချမ်းသာခဲ့ကြ ပါတယ်။
ခရိုနီအညွှန်းကိန်းရဲ့အားနည်းချက်များ
ဒီခရိုနီအညွှန်းကိန်းမှ အားနည်းချက်ကြီးသုံးခုရှိတယ်။ ပထမအချက်မှာ ခရိုနီတိုင်း ယင်းတို့ရဲ့ဓနဥစ္စာကို လူသိရှင်ကြား မထုတ်ပြန်ကြပါ။ သြဇာအာဏာကြီးနိုင်ငံရေးသမား အများအပြား ဓနဥစ္စာကို သူတို့ကိုယ်စား မိတ်ဆွေနဲ့ မိသားစုဝင်တွေကို ထိန်းကိုင်စေခြင်းအားဖြင့် ဖုံးကွယ်ထားကြတယ်။ စိတ်မချရတဲ့ ပိုင်ဆိုင်ပစ္စည်းစာရွက်စာတမ်း တွေက ဘယ်သူက ဘာတွေကိုပိုင်ဆိုင်ကြောင်းကို လူမသိ စေဖို့ ပံ့ပိုးဖုံးကွယ်ပေးတယ်။
ဒုတိယအားနည်းချက်မှာ စီးပွားရေးကဏ္ဍအမျိုး အစားခွဲခြားခြင်းမှာ အကြမ်းထည်ဆန်နေပါတယ်။ ပွင့်လင်း တယ်လို့ အမည်တပ်ထားတဲ့ကဏ္ဍတွေမှာ ငှားရမ်းခရှာ ကြံမှုရှိကောင်းရှိနိုင်တယ်။ နိုင်ငံအချို့မှ ပြိုင်ဆိုင်ခွင့်ဈေး ကွက်တွေကို ဤစာစောင်က ကရိုနီလို့ အမည်တပ်ထားတာလည်းရှိတယ်။
တတိယအားနည်းချက်မှာ ဘီလီယံနာတွေရဲ့ ဓန ဥစ္စာကိုသာ ထည့်သွင်းစဉ်းစားထားခြင်းဖြစ်ပါတယ်။ ငှား ရမ်းခရှာကြံမှုလွန်ကဲတာကြောင့် အလွန်ချမ်းသာသူတွေ၊ ဘီလီယံနာလောက်နီးနီး ဓနဥစ္စာကြွယ်ဝတာတွေရှိနေတယ်။
မျော်လင့်စရာ
ခရိုနီဓနဥစ္စာစန်းပွင့်လာပေမဲ့ အကောင်းမြင်စရာ အကြောင်း တွေ ရှိပါတယ်။ ကုမ္ပဏီတွေ တရားမဝင်ပူးပေါင်း ခြယ်လှယ်မှုတိုက်ဖျက်ရေးစည်းမျဉ်းစည်းကမ်းတွေကို အချို့ သောနိုင်ငံတွေမှာ တင်းကျပ်နေပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ဆက်သွယ်ရေးမှသည် အစားအသောက်အထိ ဝင်ငွေကောင်း တဲ့လက်ဝါးကြီးအုပ်လုနီးနီးလုပ်ငန်းတွေရှိပါတယ်။ ဒါပေမဲ့ အစိုးရက စည်းမျဉ်းစည်းကမ်းနဲ့ထိန်းကာ ပြိုင်ဆိုင်မှု တိုး မြှင့်ပေးရန် ကြံရွယ်လျက်ရှိတယ်။ အိန္ဒိယတရားရေးစနစ်က လည်း အပေါင်းအသင်းရောင်းရင်းတွေကို ဆက်သွယ်ရေး လိုင်စင်တွေ ချပေးခဲ့တယ်လို့ စွပ်စွဲခံဝန်ကြီးတစ်ယောက်ကို ထောင်ဒဏ်အပြစ်ပေးဖို့ ကြိုးစားနေပါတယ်။
အားတက်စရာက ခရိုနီဝါဒဟာ အစွမ်းကုန် သည်အထိ မြင့်မားခဲ့ပြီးဖြစ်ဖွယ်ရှိခြင်းပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ ငှားရမ်းခရှာစီးပွားရေးလုပ်ငန်းတွေက ဘီလီယံနာ တို့ရဲ့ ဓနဥစ္စာဝေစုဟာ ၂၀၀၈ ခုနှစ်မှာ ၇၆ ရာခိုင်နှုန်း ရှိခဲ့ ရာမှ ၅၈ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပါပြီ။ ဒါက တစ် စိတ်တစ်ပိုင်းအားဖြင့် ကုန်စည်ဈေးနှုန်းတွေ ကျဆင်းလာမှု ကို ထင်ဟပ်ပြတယ်။ မြင်သာထင်သာရှိလာတဲ့ဈေးကွက် နိုင်ငံတွေ စီးပွားရေးတိုးတက်နှုန်းနှေးလာ တာကြောင့် ရင်း နှီးမြှုပ်နှံသူတွေ ပိုမိုဇီဇာကြောင်ကာ အုပ်ချုပ်မှုညံ့ပြီး ထင် သာမြင်သာ မရှိတဲ့လုပ်ငန်းတွေကို ရှောင်ကွင်းနေကြပါတယ်။ ခရိုနီကဏ္ဍတွေရှိ စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးနှုန်းဝင်ငွေ အချိုးဟာ ပွင့်လင်းတဲ့ စီးပွားရေးလုပ်ငန်းများအောက် လျော့နေတာ ၁၅ နှစ် ကြာခဲ့ပါပြီ။
အကယ်၍သာ မြင်သာထင်သာရှိလာနေတဲ့ဈေး ကွက်နိုင်ငံတွေမှာ စီးပွားဖွံ့ဖြိုးတိုးတက်မှု တစ်ဖန်ပြန်တက် ရင်တော့ ငှားရမ်းခရှာကြံမှု နောက်တစ်ကြိမ် ပေါက်ကွဲဖြစ် ပေါ်လိမ့်မယ်။ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံများပိုမိုချမ်းသာလာ တဲ့အခါ ခရိုနီစီးပွားရေးလုပ်ငန်းတွေမှာ ဓနဥစ္စာအထူးဖြစ် ထွန်းမှုဝေစုဟာ သဘာဝအလျောက် ကျဆင်းသွားမှာပဲ။ ၁၉၀၀ ပြည့်နှစ်လောက်က အမေရိကန်နိုင်ငံရှိ သြဇာတိက္ကမ ကြီးသူဌေးတွေဟာ ရထားလမ်းတွေ တည်ဆောက်၊ ယင်းလုပ်ငန်း အတွက် ငွေကြေးစိုက်ထုတ်ပေးပြီး ချမ်းသာခဲ့ကြတယ်။ ၁၉၃၀ ပြည့်နှစ်လောက်ကျတော့ သူတို့တစ်တွေ အစားအစာ ထုတ်လုပ်မှု၊ ဓာတ်ပုံရိုက်ပစ္စည်းကိရိယာ၊ လက်လီအရောင်းတို့ ဘက်ခြေဦးလှည့်သွားတော့တယ်။ ဒီအချက်ကို ကမ္ဘာတစ်ဝန်း ခရိုနီတွေ သတိမူသင့်ကြတယ်။
ခင်အောင် (အင်္ဂလိပ်စာ)
Ref : The Economist