ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် multiple-entry visas တွေ ထုတ်ပေးပြီး နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးတိုးတက်လာအောင် တစ်ဖက်တစ်လမ်းက ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ Tourism Minister Kobkarn Wattanavrangkul က Prime Minister Prayut Chan-ocha က ဒီအစီအစဉ်ကို ဆက်လုပ်ဖို့ ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း၊ Cabinet ရဲ့ approve ရပြီးတဲ့နောက်မှာ ရက်ပေါင်း ၆၀ ကြာမှာ ဒီအစီအစဉ်က စတင်အသက်ဝင်မှာဖြစ်ကြောင်း သြဂုတ်လ ၅ ရက်နေ့မှာ ပြောကြားခဲ့တာဖြစ်တယ်လို့သိရ့ပါတယ်။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံကို နိုင်ငံပေါင်း ၃၀ ၊ ၄၀ လောက်က visa မလိုဘဲ ဝင်ရောက်ခွင့်ရနိုင်ပြီး၊ တချို့နိုင်ငံတွေကတော့ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရှိတဲ့ single entry visa ရဖို့ ဘတ် ၁၀၀၀ ပေးရတာဖြစ်ပါတယ်။ Kobkarn က အသစ်ခွင့်ပြုပေးဖို့ပြင်ဆင်နေတဲ့ Visa က ဧည့်သည်တွေကို နိုင်ငံအတွင်း တစ်ကြိမ်ထက်ပိုပြီး ဝင်ထွက်ခွင့်ပေးမှာဖြစ်ကြောင်း၊ ဒါက တခြားနိုင်ငံတော်တော်များများမှာ ကျင့်သုံးနေပြီးသားပုံစံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရက ခြောက်လခံ visa အတွက် ဘတ် ၅၀၀၀ ကောက်ခံဖို့ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။ ထိုင်းနိုင်ငံက သူ့ရဲ့နိုင်ငံခြားခရီးသွားတွေဝင်ရောက်နှုန်းကို ဒီနှစ်မှာ ၂၈ ရှိသန်းအထိရောက်ဖို့ မျှော်လင့်ထားတာဖြစ်ပြီး၊ ပြည်တွင်းနဲ့ ဒေသတွင်း ခရီးသွားတွေဆီကနေ ဝင်ငွေအနေနဲ့ ဘတ် ၂.၂ trillion ရရှိဖို့မျှော်မှန်းထားပြီး ဒါက Gross National Product ရဲ့ ၁၀ ရာခိုင်နှုန်းအတိုင်းအတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့လမှာ ခရီးသွားဝင်ရောက်နှုန်း ၂.၆ သန်းရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီအချိန်ကထက် ၃၇ ရာခိုင်နှုန်းတိုးလာတာဖြစ်ပါတယ်။ အဓိက ဝင်ရောက်တဲ့နိုင်ငံသားတွေကတော့ တရုတ်နဲ့ မလေးရှားတို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအစိုးရတို့က နှစ်နိုင်ငံသားတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ လေယာဉ်နဲ့သွားတဲ့အခါမှာ Visa မလိုတော့ကြောင်း၊ ၁၄ ရက်အထိ နိုင်ငံတွင်းမှာနေနိုင်ကြောင်း သဘောတူညီထားခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဗောဒီယားတို့ဟာလည်း မြန်မာနိုင်ငံ၊ နေပြည်တော်မြို့မှာ Ayeyawaddy-Char Phraya-Mekong Economic Cooperation Strategy (ACMECS) အောက်ကနေ ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက် ဘာတွေလုပ်မလဲဆိုတာကိုတွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီနိုင်ငံတွေဟာ Five Countries One Destination ဆိုတဲ့ Campaign စတင်ကာ တခြားနိုင်ငံတွေကို ခရီးသွားနှုန်းမြှင့်တင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ တစ်နိုင်ငံဆီဟာ Tourism Marketing ၊ Product Linkage ၊ Tourist Exchange ၊ Tourism Product Development ၊ Tourism Safety နဲ့ Private Sector Involvement စတာတွေအပါအဝင် area ခုနှစ်မျိုးလောက်ထဲက တစ်ခုစီကို တာဝန်ယူ ဦးဆောင်ကြရမှာဖြစ်ပါတယ်။ ဒီငါးနိုင်ငံဟာ Visa ၊ Transportation တွေအပါအဝင် ခရီးသွားလုပ်ငန်းထဲက Professional တွေ၊ လုပ်ငန်းရှင်တွေအတွက် Capacity Building Program တွေ အဆင့်တိုးမြှင့်လုပ်ဆောင်သွားဖို့၊ ACMECS ဒေသတွင်းမှာ Green နဲ့ Responsible Tourism Campaign တွေပြုလုပ်သွားဖို့တွေကိုလည်း တွဲဖက်လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။