ဖုန်းဖြင့်အလွယ်တကူ ကားအရောင်းအဝယ်ပြုလုပ်နိုင်မယ့် motor.com.mm website မိတ်ဆက်ပွဲ

article landscape wartermark final6 Motor.com.mm website မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၁ ရက်တွက် ရန်ကုန်မြို့ လမ်း ၅၀ ရှိ 50th street bar မှာကျင်းပခဲ့ပါတယ်။ ပွဲမှာ Website ရဲ့ Country Manager Sascha Woelk က website တည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ website ကို အသုံးပြုပြီး အလွယ်တကူကားအရောင်းအဝယ် ပြုလုပ်နိုင်ပုံ တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ Andriod ဖုန်းနဲ့ ကားအရောင်းအဝယ်ပြုလုပ်နိုင်ဖို့အတွက် motor.com.mm ကနေ website ကားရောင်း လိုသူနဲ့ ဝယ်လိုသူတွေကို ကြားခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ Website က ကားအရောင်းအဝယ်ကို ကြားခံဆောင်ရွက်ပေးပြီး ကားရောင်းလိုသူတွေအနေနဲ့ website တွင် Account ဖွင့်ပြီး မိမိစိတ်ကြိုက်ကားတွေကိုု ၆လ အခမဲ့ကြောငြာနိုင်ပြီး ၆လ အထက်ကြော်ငြာမယ် ဆိုရင်တော့ website နဲ့ စာချုပ်ချုပ်ဆိုရမယ်လို့ သိရပါတယ်။ Website မှ မိမိဝယ်ယူလို တဲ့ကားအမျိုးအစားနဲ့ ဈေးနှုန်းကို အကြံ ဉာဏ်ရယူနိုင်ပြီး ကားမော်ဒယ်အနေနဲ့ 1990 မော်ဒယ်မှ နောက်ဆုံးပေါ် မော်ဒယ်များထိ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒီ website အနေနဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ ရုံးခွဲများရှိကြောင်းနဲ့ ပထမဦးဆုံး website ကို အသုံးပြုသူတွေအတွက် ကံစမ်းမဲအစီအစဉ် ရှိကြောင်းလည်းသိရှိရပါတယ်။   article portrait watermark final9 article portrait watermark final   article landscape wartermark final4